နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ပြီး ကမ္ဘာ့ကုလ သမဂ္ဂအစည်း အဝေးတစ်ခုကို တက်ရောက်လာ ခဲ့ပါတယ်။ အစည်းအဝေး ပြီးသွားပြီ ဖြစ်ပေမယ့် တိန့်ရှောင်ဖိန်တို့ အဖွဲ့ဟာ တရုတ်ပြည် မပြန်နိုင်သေးဘဲ ကုလ သမဂ္ဂမှာ သောင်တင်နေတယ်။ မင်းရွှေမောင် ဘာကြောင့်ပါလိမ့်။ တခြားအကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ဝယ်ဖို့ အပြန်စရိတ် မရှိလို့ ဖြစ်ပါသတဲ့။ တရုတ် ဘဏ်စနစ် တစ်ခုလုံးမှာ လေယာဉ်လက်မှတ်ဖိုး ပေးစရာ ငွေမရှိ သေးလို့ ခေတ္တခဏ နယူးယောက် မြို့မှာ စောင့်ဆိုင်းနေခဲ့ကြရတာပါ။ ၁၉၇၈ ခုနှစ်မှာ တရုတ်ပြည်ရဲ့ ဘဏ္ဍာရေးစနစ် - Financial System အခြေအနေဟာ ပိုတောင်ဆိုးရွား သွားသေးတယ်။ အဲဒီတုန်းက တရုတ် ဘဏ္ဍာရေး စနစ်ဆိုတာ အဖွဲ့အစည်း တစ်ခုပဲ ရှိတယ်။ ပြည်သူ့ဘဏ် - People's Bank လို့ခေါ်တယ်။ ဘဏ်ရုံးချုပ်က ဘဏ္ဍာရေးဝန်ကြီး ဌာန အဆောက်အအုံရဲ့ တစ်နေရာမှာ ဖွင့်လှစ်ထားရှိတယ်။ ဝန်ထမ်းဦးရေ စုစုပေါင်း ၈ဝ ပဲရှိတယ်။ ပိစိကွေး ညောင်စေ့လေးက ဧရာမ ညောင်ပင်ကြီး ဖြစ်လာသလို တစ်ချိန်က အသေးအမွှား တရုတ် ဘဏ္ဍာရေး စနစ်ဟာ အခုတော့ ကမ္ဘာကြီးကိုတောင် ခါးစောင်းတင်ထားနိုင်တဲ့ ဧရာမ ဘဏ္ဍာရေး စနစ်ကြီး ဖြစ်နေပါပြီ။ တရုတ်ဗဟိုဘဏ်ရဲ့ လက်ထဲမှာ သုံးနိုင်တာထက်တောင် ပိုပြီး အမေရိကန် ဒေါ်လာတွေ တောင်ပုံရာပုံ ရှိနေတယ်။ တကယ်တော့ ဒါဟာ တိန့်ရှောင်ဖိန်ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်။ သူ့ရဲ့ အရင်းရှင် ဝါဒနီ - Red Capitalism ဖြစ်တယ်။ သူ့ကို ဆက်ခံခဲ့တဲ့ သမ္မတ ကျန်ကျယ်မင်း - Jiang Zemin နဲ့ ဝန်ကြီးချုပ် ကျူရုန်ကျီ - Zhu Rongji တို့ကလဲ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ အပြောင်းအလဲတွေကို အရှိန်အဟုန် ပြင်းပြင်းနဲ့ လုပ်ကိုင်ခဲ့ကြတယ်။ ဒါကြောင့် ၁၉၈ဝ နှစ်များ အတွင်းမှာ တရုတ်ဘဏ္ဍာရေး စနစ်ဟာ အတော်ကြီး ရုပ်လုံးပေါ်လာခဲ့တယ်။ အဲဒီနှစ်များတွင်း ဘဏ် လုပ်ငန်း ၂ဝ၊ ဘဏ္ဍာထိန်း ကုမ္ပဏီ -Trust Company ၇၄၅ ခု၊ အာမခံ စာချုပ်လုပ်ငန်း - Securities Firm ၃၄ နဲ့ အပေါင်ဆိုင် - Pawn Shop ၁၈ဝ ဖန်ဆင်းဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမယ့် ၁၉၉ဝ နှစ်များ အတွင်းမှာ ဒေသန္တရ အစိုးရ အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း ရာနဲ့ချီပြီး ပိတ်သိမ်းခဲ့တယ်။ ကွမ်တုန်းပြည်နယ်က Guangdong International Trust & Investment Corporation-GITIC အဖွဲ့ကြီးလဲ ဖျက်သိမ်းတဲ့အထဲ ပါသွားတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံမှာ ဒုတိယ အကြီးဆုံး ဘဏ်မဟုတ်တဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းကြီး ဖြစ်တယ်။ ဒီလို ဖျက်သိမ်းမှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့တဲ့အတွက် တရုတ် ပြည်ရဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆုံးရှုံးမှုတွေ ကြီးမားခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးကြောင့် အလုပ်အကိုင် အတော်များများလဲ ပျောက်ကွယ်သွားတယ်။ ကွမ်တုန်း ပြည်နယ်မှာ စီးပွားရေး လုပ်ငန်းတွေ နှေးကွေးသွားတယ်။ ဟိုင်နန်ကျွန်း - Hainan Island စီးပွားရေး ရပ်တန့်သွားတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်တယ်။ ကန့်လန့်ခံနေတဲ့ အဖွဲ့အစည်းတွေ၊ ဝန်ကြီး ဌာနတွေကို ဖြိုဖျက်ပစ်တယ်။ လိမ်ညာစားသောက်နေကြတဲ့ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင် ချပစ်တယ်။ ဒီလို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့ ခေတ်သစ် စီးပွားရေး အဆောက်အအုံဟာ တစ်စစီ တစ်ခုစီ ရုပ်လုံးပေါ်လာပါတော့တယ်။ အရုဏ်ကျင်း ပြီးတဲ့နောက် အရှေ့မိုးကုပ် စက်ဝိုင်းမှာ နီရဲတဲ့ နေဝန်းကြီး တဖြည်းဖြည်းနဲ့ ထွက်ပေါ်လာသလိုပါပဲ။ စတော့၊ ဘွန်း- Bond နဲ့ ကုန်စည်ဈေးကွက်တွေ ဖြစ်ထွန်းလာတယ်။ အက်ဆက်စီမံခန့်ခွဲမှုနဲ့ ချေးငွေ စိစစ်မှု - Credit Analysis တွေ တွေ့မြင်လာကြရတယ်။ ဒီလို ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးတွေဟာ ၂ဝဝ၅ နဲ့ ၂ဝဝ၆ ခုနှစ်တွေမှာ အထွတ် အထိပ်ရောက်လာခဲ့တယ်။ ဒါပေမယ့် ဒီလို အချိန်အခါမှာ ကျန်ကျယ်မင်းနဲ့ ကျူရုန်ကျီတို့ တာဝန်မှ အနားယူ သွားကြပြီး ဖြစ်တဲ့အပြင် ဒုတိယ ဝန်ကြီးချုပ်ဖြစ်တဲ့ ဟွမ်ကျွီး - Huang Ju ကလဲ သိပ်ပြီးနေမကောင်းလို့ အိပ်ရာထဲ လဲနေတဲ့အချိန်ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်း ဆောင်ကြဉ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ မရှိတော့ နောက်တက်လာတဲ့ ခေါင်းဆောင်သစ်တွေ လက်ထက်မှာ ပြောင်းလဲမှု အရှိန်သေသွားတယ်။ ငွေကြေးကို နှုန်းရှင်မျှောဖို့- Floating Currency တွန်းအားပေးမှု လျော့နည်း သွားတယ်။ တရုတ်ပြည်ရဲ့ အရင်း ဈေးကွက်ထဲကို အပြည်ပြည် ဆိုင်ရာမှ ဝင်ရောက်မလာရအောင် အဟန့် အတားတွေ လုပ်လာကြတယ်။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို အစစ်အမှန် စီးပွားရေး လုပ်ဆောင်တဲ့ အဖွဲ့ အစည်းတွေအဖြစ် ပြောင်းလဲဖို့ အစီ အစဉ်ဟာ လုံးဝ ပျောက်ကွယ်သွား တယ်။ အစောပိုင်း တရုတ်ခေါင်းဆောင်တွေဟာ ဘဏ္ဍာရေး စနစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် ပြုပြင်လိုကြတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် တရုတ်ပြည် စီးပွားရေး အကြီးအကျယ် တိုးတက်လာခဲ့တယ် ဆိုပေမယ့် ဘဏ္ဍာရေးစ နစ်မှာ ပြုပြင် ပြောင်းလဲစရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်ရှိနေသေးတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် နောက်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးထက် လူမှုရေး ပန်းတိုင်ဘက်သို့ ဦးတည်လိုကြတယ်။ ဒါကို သမ္မတ ဟူကျင်တောင် - Hu Jintaq က သဟဇာတဖြစ်ပြီး လိုက်ဖက်တဲ့ လူ့ဘောင်အဖွဲ့အစည်း - Harmonious Society လို့ ကင်ပွန်း တပ်ခဲ့တယ်။ တရုတ်ပြည်ဟာ တိုးတက်လာတယ်။ ဒါပေမယ့် တိုးတက်မှုဟာ ကွက်တိကွက်ကျား ဖြစ်နေတယ်။ ဆင်းရဲသားများနဲ့ ချမ်းသာသူများ အကြား ဝင်ငွေမညီမျှမှု ကြီးမားလာတယ်။ ဝင်ငွေမညီမျှမှုကြောင့် လူမှုရေး မတည်မငြိမ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဘဏ္ဍာရေးစနစ် ပြုပြင် ပြောင်းလဲရေးထက် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်လို့ မြင်လာကြတယ်။ ဒီအမြင်ကြောင့် နောက်ပိုင်းခေါင်းဆောင်တွေဟာ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးကို ရပ်ဆိုင်းပစ် လိုက်ကြတော့တယ်။ ဒါနဲ့ ဆက်စပ်ပြောရရင် တရုတ်နိုင်ငံဟာ ဘယ်တော့မှ ကမ္ဘာကို တံခါးဖွင့် မပေးခဲ့ဘူးလို့ ဆိုနိုင်တယ်။ တရုတ်ပြည်မှာ လာရောက်ပြီးလုပ် ကိုင်နေကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ တရုတ်ပြည်တွင်း ဘဏ္ဍာရေး အက်ဆက်မှာ ပိုင်ဆိုင်မှုဟာ မဖြစ်စလောက် နှစ်ရာခိုင်နှုန်းပဲ ရှိတယ်။ တရုတ်ပြည်တွင်း ကဏ္ဍရဲ့ အစွန်အဖျားမှာ လုပ်ငန်းလုပ်ဆောင် နေကြရခြင်းသာ ဖြစ်တယ်။ တရုတ်ပြည်ဟာ သူ့ရဲ့ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းပစ်ခဲ့မှုဟာ တစ်နည်းပြောရရင် အကျိုးဖြစ်ထွန်း ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဘာကြောင့် လဲဆိုတော့ ၂ဝဝ၈ ခုနှစ် အမေရိကန် ဘဏ္ဍာရေး ကပ်ဘေးကနေ တရုတ်ဘဏ်တွေ လွတ်ကင်းခဲ့လို့ဖြစ်တယ်။ အနောက်နိုင်ငံတွေဆီက အဆိပ်သင့် ကြွေးမြီတွေ တရုတ်ဘဏ္ဍာရေး စနစ်ထဲကို ရောက်မလာခဲ့ဘူး။ ပြီးတော့ အန္တရာယ်ကို ဖုံးကွယ်ထားတတ်တဲ့ အနောက်နိုင်ငံတွေရဲ့ အန္တရာယ် ကြီးမားတဲ့ လုပ်ထုံးလုပ်နည်းတွေလဲ တရုတ်ဆီ ရောက်မလာခဲ့ဘူး။ အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေးစနစ်နဲ့ ထဲထဲဝင်ဝင် မဆက်ဆံမိတာ တရုတ်တို့အတွက် ကံကောင်းတယ်လို့ ဆိုနိုင်တယ်။ အနောက်နိုင်ငံတွေမှာလို အန္တရယ်ကို ဖြန့်ဝေ - Distribution of Risks တဲ့ စနစ်မျိုး မရှိပေမယ့် တရုတ်နိုင်ငံမှာလဲ သူ့နည်းသူ့ဟန်နဲ့ အန္တရာယ် ဖြန့်ဝေမှု ရှိတယ်။ ဒါကတော့ အန္တရာယ်ကို နိုင်ငံပိုင် ဘဏ်တွေကနေ အခြားသော နိုင်ငံပိုင်အဖွဲ့ အစည်းတွေဆီ လျှို့ဝှက်တဲ့နည်း လမ်းတွေနဲ့ ဖြန့်ဝေပေးခြင်း ဖြစ်တယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ ကြွေးဆပ်နိုင်အား - Solvency ကို ကမ္ဘာရဲ့ အမြင်မှာ ပင်ကိုအတိုင်း မမြင်ရဘဲ ရွဲ့စောင်းကြီး မြင်တွေ့နေရတယ်။ နိုင်ငံတော်ရဲ့ အကြွေးကို အပြည်ပြည်ဆိုင်ရာ စံနဲ့ ယှဉ်ထိုးကြည့်ရင် သိပ်ပြီးနည်းတယ်လို့ ထင်ရတယ်။ အတိအကျ ပြောရမယ်ဆိုရင် နိုင်ငံတော်ကြွေးက စုစုပေါင်း ပြည်တွင်း ထွက်ကုန် - Gross Domestic Product -GDP ရဲ့ ၂ဝ ရာခိုင်နှုန်းပဲ ရှိ တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ပေးရန်တာဝန် အားလုံးကို စုပေါင်း ထည့်သွင်းတွက်ချက်ရင် GDP ရဲ့ ၇၆ ရာခိုင်နှုန်းလောက်အထိ မြင့်တက် ကြီးမားလာနိုင်တယ်။ ဒီထက် ကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ ပြဿနာက တရုတ်ပြည်ရဲ့ စနစ်ဟာ သူ့အတွင်းမှာပဲ သူ့ဟာသူ ကုန်သွယ်မှုလုပ်ပြီး လည်ပတ်နေတယ်။ ပြည်ပနဲ့က နည်းနည်းပါးပါးပဲ လုပ်တယ်။ တရုတ်ဟာ ပေးရန်တာဝန်များ Liabilities နဲ့ ဈေးနှုန်းသတ် မှတ်ခြင်း-Pricing တို့ကို ပြင်ပပုဂ္ဂိုလ် များ မတွေ့မမြင်ရအောင် ဖုံးကွယ် လျှို့ဝှက်ထားတယ်။ ဈေးကွက်ထဲမှာ အခြားတစ်စုံတစ်ရာက ဈေးနှုန်း သတ်မှတ်ပေးတယ်လို့ မရှိနိုင်ဘူး။ ဒါကြောင့်ဈေးကွက်အတွင်း စွမ်းရည် ပြည့်ဝတဲ့ အရင်းခွဲဝေမှု အားနည်း နိုင်တယ်။ ဘဏ္ဍာရေး နယ်ပယ်မှာ အလွန်အကျွံဖြစ်မှုတွေ ကြီးထွားလာ နိုင်တယ်။ တကယ်တော့ တရုတ်အရာရှိ ကြီးတွေဟာ ဒီအားနည်းချက်တွေကို မြင်တယ်။ ဒါပေမယ့် ပြဿနာဖြေ ရှင်းရာမှာ အခြားသော အချက်အလက်တွေကို ထည့်သွင်းစဉ်းစား နေကြရတဲ့အတွက် လွှတ်ထားကြရတယ်။ တရုတ်ပြည်မှာ ငွေပေးငွေယူနဲ့တကွ ငွေကို ကွပ်ကဲ ထိန်းကျောင်းတဲ့ အလုပ်ဟူသမျှကို နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခု မဟုတ် အခြား တစ်ခုက ပြုလုပ်တယ်။ တရုတ်နိုင်ငံမှာက အစစအရာရာကို တရုတ်ကွန်မြူနစ် ပါတီက ကြီးစိုးလွှမ်းမိုးထားတယ်။ စက်ရုံ၊ အလုပ်ရုံနဲ့ ဌာနတိုင်းမှာ ကွန်မြူနစ် ကလာပ်စည်း အဖွဲ့အစည်းတွေ ရှိတယ်။ နိုင်ငံခြားသားတွေ တရုတ်ပြည် လာရောက်ပြီး စက်ရုံ အလုပ်ရုံတွေ ဖွင့် လှစ်ရင်လဲ ကလာပ်စည်းတွေ ဖွဲ့စည်း ခွင့်ပြုကြရတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ဝါဒ သိပ်ပြီးရေပန်း မစားတော့ပေမယ့် တရုတ်ခေါင်းဆောင် တွေအနေနဲ့ ပါတီကို ဖက်တွယ်ထားတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်ပိုင်းက ခေတ်ကုန်သွားပြီဖြစ်တဲ့ ကွန်မြူနစ် ဝါဒနေရာမှာ အမျိုးသားရေး ဝါဒနဲ့ အစားထိုးဖို့ ကြိုးပမ်းနေကြတယ်လို့ အချို့က ထင်မြင်ယူဆကြတယ်။ ဘာပဲပြောပြော နှစ် ၃ဝ ကာလအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ အံ့သြကုန်နိုင်ဖွယ် ဖြစ်ပါတယ်။ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအတွင်း တိုးတက် နေခဲ့တာပါ။ တရုတ်ပြည်ရဲ့GDP ဟာ အမေရိကန်ဒေါ်လာ ငါးထရီလီယံ ဝန်းကျင်မှာရှိတယ်။ မကြာသေးမီက ကြေညာချက်အရ ၂ဝ၁ဝ ပြည့်နှစ် တိုးတက်မှုနှုန်းက ၁ဝ.၃ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရတယ်။ တကယ်တော့ တရုတ်ခေါင်း ဆောင်တွေဟာ နှစ်ပေါင်းများစွာ ဆက်တိုက် အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်လာခဲ့တဲ့ စီးပွားရေး တိုးတက်မှုကို အရှိန်သတ် ဘရိတ်အုပ်ဖို့ ကြိုးပမ်းလျက် ရှိတယ်။ အရှိန်ပြင်းစွာနဲ့ စီးပွားရေး တိုးတက်လာခဲ့တဲ့ အတွက်ကြောင့် ငွေဖောင်းပွမှု - Inflation ဟာ တစ်နှစ် ၃.၆ ရာခိုင်နှုန်းနဲ့ မြင့်တက်လာနေတယ်။ ငွေဖောင်းပွမှုကို လီနင် - Lenin က အဖျက် အမှောင့်အင်အားစုအဖြစ် ရှုမြင်သလို ဘောဂဗေဒ ပညာရှင် ကိန်းစ် - Keynes ကလဲ အရင်းရှင်ဝါဒရဲ့ အကျိုးစီးပွားတွေကို အင်ဖလေးရှင်းက ဖျက်ဆီးပစ်နိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် တရုတ်အစိုးရက ငွေဖောင်းပွမှုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တိုက်ဖျက်ပစ်ဖို့ မောင်းတင်ထား တယ်။ စီးပွားရေး တိုးတက်မှုကို နှေးကွေးစေလိုတဲ့ ဦးတည်ချက်နဲ့ မနှစ်က နှောင်းပိုင်းကာလမှာ တရုတ် ဘဏ္ဍာရေးဌာနက ဘဏ်တိုးနှုန်းတွေကို မြှင့်တင်ခဲ့တယ်။ သုံးနှစ်ကာလ အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း မြှင့်တင်ခဲ့ခြင်း ဖြစ်တယ်။ ဘဏ်တွေရဲ့ အရန်ငွေ ထားရှိမှုကိုလဲ မြှင့်တင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဘဏ်တွေရဲ့ ထုတ်ချေးငွေ နှေးကွေးသွားစေဖို့ ဖြစ်တယ်။ ဒါပေမယ့် အခြား တစ်ဘက်မှာ အိမ်ရာမြေ ဈေးနှုန်းတွေ ထောင်တက်လာနေပြီး စားသောက်ကုန် ဈေးနှုန်းကလဲ ရှစ်ရာခိုင် နှုန်း မြင့်တက်လာနေတယ်။ ဒါက တရုတ်ပြည်တွင်းပြဿနာဖြစ်တယ်။ ပြည်ပမှာ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာက တကယ်လို့ တရုတ်စီးပွားရေးဟာ အမှန်တကယ် နှေးကွေးသွားခဲ့ရင် တရုတ်ဈေးကွက်များကို တင်ပို့ ရောင်းချနေကြတဲ့ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ သြစတြေးလျက လုပ်ငန်းရှင်တွေ ရုတ်တရက် စီးပွားရေး ထိခိုက်သွားနိုင်တယ်။ Ref: The Economist : Dec 11, 2010. မှတ်ချက်။ ။ တရုတ်ဘာသာ အသံထွက်ကို ဆရာကြီး ဦးမောင်မောင်လှိုင်(အပ်စိုက်ကု)ရဲ့ တရုတ်ဘာသာ အသံထွက် အနီးစပ်ဆုံး ဖြစ်စေချင် စာအုပ်လေးပါ နည်းနာအတိုင်း ကြိုးပမ်းထားပါသည်။ လွဲချော်ခဲ့လျှင် စာရေးသူ၏ အမှားသာ ဖြစ်ပါသည်။ |
Thursday, February 17, 2011
ခေတ်သစ်တရုတ် ဘဏ္ဍာရေး စနစ်
ဘုန်းတော်ကြီးကျောင်း ဖြိုဖျက်ခံရ၍ ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးခန့် ကော့စ်ဘဇားတွင် ဆန္ဒပြ
Thu, February 17, 2011 5:16:22 PM
ဘုန်းတော်ကြီးကျောင်း ဖြိုဖျက်ခံရ၍ ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးခန့် ကော့စ်ဘဇားတွင် ဆန္ဒပြ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအား ဒေသခံ ဘင်္ဂလီ မွတ်ဆလင်များက ၀င်ရောက် ဖြိုဖျက်မူကို ကန့်ကွက်သည့်အနေဖြင့် ယနေ့နံနက်က ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါး ကော့ဘဇားမြို့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ဦးဆောင် လူပ်ရှားသူ တစ်ဦး ဖြစ်သူ ကိုကျော်ဇောအောင်ကလည်း “ ကျွန်တော်တို့ ဒီကနေ့ ဆန္ဒပြရတာ အတိုင်းအတာထိ တစ်ခုထိ အောင်မြင်မူ ရရှိတယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာဝင်တွေသာမက ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေလည်း ကျွန်တော်တို့နဲ့ အတူ ၀င်ရောက်ပြီး ဆန္ဒပြတယ်။ ထောက်ခံ အားပေးမူတွေကိုလည်း ရရှိပါတယ်။ ပီးရင် ကျွန်တော်တို့ လိုလား တောင်းဆိုတဲ့ အချက်တွေကိုလည်း အထက် အာဏာပိုင်တွေကို စာရေးပြီး တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

“ အထက်အာဏာပိုင်တွေက ဘယ်လို သဘောထားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီကျောင်းတော်ကို ပြန်လည် ထိန်းသိမ်းရေး အတွက် ဌာနဆိုင်ရာတွေရဲ့ အကူအညီမပါဘဲနဲ့ ပြုလုပ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ ဘာသာရေး အစွန်းရောက်တွေက အားကြီးနေတဲ့ အတွက် ဘယ်သူမှ သူတို့ကို မပြောရဲဘူး။ ပြောရင်လည်း ရိုက်တာ ပုတ်တာ ညှဉ်းပမ်းနှိပ်စက်တာတွေလည်း ရှိတဲ့ အတွက် ဖြစ်ပါတယ်။”
၎င်းပြင်သူက “ ဒီလို လုပ်နေတာကို သက်ဆိုင်ရာ အစိုးရက ကာကွယ် မပေးနိုင်ရင် အကြင် အကြင် လူနည်းစုတွေ အနေနဲ့ ဒီနိုင်ငံမှာ ရှေ့ဆက် နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
ဆန္ဒပြပွဲကို ကော့ဘဇားခရိုင် DC ကော်မရှင်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြပြီး နံနက် ၁၀ နာရီခွဲမှာ စတင်ကာ ၁၂ နာရီထိ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့
ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ်
ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။
၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည်ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။
ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။
အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး(ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများသာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။
သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားသက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင် တရားဝင် ရုပ်သိမ်းလိုက်သည်။
စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း SSPP ပါတီကို ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ဌာနများအလိုက် ဖွဲ့စည်းထားရာ ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်ပန်ဖ တာဝန်ယူထားသည်ဟု ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“စစ်တပ်က စစ်ရေးတခုထဲနဲ့ သွားလို့ မရတော့ဘူး။ စည်းရုံးရေး၊ နိုင်ငံရေးသဘောတရားရေး၊ မျိုးချစ်ပြည်ချစ် စိတ်ဓာတ်တွေ အခြေခံဖို့ နိုင်ငံရေးဦးဆောင်အဖွဲ့ တခုရှိရမယ်ဆိုပြီး အရင်က SSPP ကို ပြန်ဖော်ထုတ်တယ်။ တခြား နိုင်ငံရေး မဟာမိတ်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆက်ဆံနိုင်ဖို့ တပ်ပေါင်းစုအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ အပြန်အလှန် ကူညီနိုင်ဖို့ ဖွဲ့လိုက်တယ်လို့ ကြားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။
စစ်အစိုးရက လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပြောင်းရေး ဖိအားပေးလာသဖြင့် တိုင်းရင်းသား အဖွဲ့များကို အင်အားစုကြီးတခု၊ ဆုံချက်တခုအဖြစ် တည်ဆောက်နိုင်ကြောင်း ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။
မည်သူမဆိုလွတ်လပ်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ စိတ်ဝင်စားရင် ဒီနေရာ ကိုနှိပ်ပါ။
--
လေးစားစွာဖြင့်
အေးနန္ဒာအောင်
http://www.lanpyakye.org
http://www.lanpyakye.com
http://nandarnihon.blogspot.com/
One Died, Four Injured in Hnaring Car Accident
17 February 2011: An elderly woman was killed and four other passengers seriously injured in a road accident when a car skidded off the road tumbling down the hill yesterday near Hnaring village of Thantlang Township in Chin State.
The accident occurred around 12:30 in the afternoon on the 'locally constructed' road about 5 miles away from Hnaring village while a private jeep owned by a local businessman Pu Mawng Khin was reportedly turning around a zigzag.
"The elderly woman who was reported dead on the spot is named Pi Pa Bee, believed to be in her fifties. Four passengers are in critical conditions and it is claimed that there is little hope for them," a local resident near Hnaring village told Chinland Guardian.
With the help of a local non-governmental organisation, CAD (Country Agency for Rural Development), local villagers have been actively involved over the past two years in re-constructing the car roads in the Lautu area, with Hnaring being located in the central part and the biggest village.
"Despite enormous efforts made by the local villagers with CAD's contributions, the road situations in our area is still very bad and travelling is not safe at all. The government hasn't done anything to improve our transport and communication systems," said one of the Lautu locals.
About 75 percent of Chinland, one of the poorest and most isolated states in Burma, is hilly and mountainous, according to CAD. Communication is very difficult and only a few villages can be accessed by car during the rainy reason.
The accident occurred around 12:30 in the afternoon on the 'locally constructed' road about 5 miles away from Hnaring village while a private jeep owned by a local businessman Pu Mawng Khin was reportedly turning around a zigzag.
"The elderly woman who was reported dead on the spot is named Pi Pa Bee, believed to be in her fifties. Four passengers are in critical conditions and it is claimed that there is little hope for them," a local resident near Hnaring village told Chinland Guardian.
With the help of a local non-governmental organisation, CAD (Country Agency for Rural Development), local villagers have been actively involved over the past two years in re-constructing the car roads in the Lautu area, with Hnaring being located in the central part and the biggest village.
"Despite enormous efforts made by the local villagers with CAD's contributions, the road situations in our area is still very bad and travelling is not safe at all. The government hasn't done anything to improve our transport and communication systems," said one of the Lautu locals.
About 75 percent of Chinland, one of the poorest and most isolated states in Burma, is hilly and mountainous, according to CAD. Communication is very difficult and only a few villages can be accessed by car during the rainy reason.
“ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ ၊ ၂၁ ရာစုပင်လုံသို့ ”http://www.niknayman-niknayman.co.cc/

သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသူ/သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း အတုယူစရာတစ်ခုပင်ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာသနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာ သာသာနာ၏ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။
သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့် အခြားသောနိုင်ငံ သံရုံးများမှ သံရုံးဝန်ထမ်း (မြန်မာသံရုံးဝန်းထမ်းများမပါ) တို့မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြစေကာမူ ရဟန်းသံဃာတော်များကို ဦးစားပေးအလေးထားကြသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို့ ပညာရှိ သူတော်ကောင်းတို့၏ မြေပေါ်နေရာမျိုးမှာ နအဖစစ်အုပ်စုလို လူရိုင်းများ အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လာရောက်ပြီး တာဝန်ထမ်းဆောင်ကြသော သံရုံးမှ ၀န်ထမ်းပုဂ္ဂိုလ်များ၏ ရိုင်းစိုင်းသည့် အမူအရာများကား ကာယကံရှင်များကိုယ်တိုင်က မရှက်တတ်ပေမယ့် ရှက်တတ်သူများအဖို့ တွေးမကြည့်ဝံ့စရာပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၀၉ ခုနစ်ဝန်းကျင်မှ စ၍ ပတ်စ်ပို့ (အခြားနိုင်ငံသားများမြင်လျှင် နှာခေါင်းရှုံ့ခံနေရသော ) အဟောင်းများကို Electronic Scan သို့ ပြောင်းလဲရမည့် အခြေနေသို့ ရောက်ရှိခဲ့သည်မှာလည်း အများသိပင်ဖြစ်ပေသည်။ ဆိုလိုသည်ကား နိုင်ငံတကာရှိ Immigration များကို ဖြတ်သန်းသည့်အခါ အချိန်မကြာရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။
ပြည်ပတွင်နေထိုင်ကြသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာ မရှိမဖြစ်ဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအနေဖြင့် ဒေါ်လားစား၍ လုပ်ပေးသည်ဖြစ်စေ အခမဲ့လုပ်ပေးသည်ဖြစ်စေ သံရုံးနှင့်ဆက်သွယ်ပြီး ပတ်စ်ပို့သက်တမ်းတိုင်းခြင်း အသစ်လုပ်ခြင်း စသည်များကို လုပ်ဆောင်ကြရသည်။
ထိုသူများထဲမှာ သီရိလင်္ကာတွင် ပညာသင်ကြားနေကြသည့် စာသင်သားသံဃာတော်များလည်း အပါအ၀င်ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက ပတ်စ်ပို့ သက်တမ်းတိုးသည့်ကိစ္စများကို အခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ နှစ်များအတွင်းမှာတော့ ပတ်စ်ပို့သက်တမ်းတိုးသည်နေရတွင် Electronic Scan အဖြစ်သို့ အသစ်ပြောင်းလဲ သတ်မှတ်ပြီး အခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ကောက်ခံခဲ့သည်။ သို့သော်လည်း မြန်မာသံရုံးမှ ဒေါ်လာစားများ ပြုလုပ်ပေးသည့် E ပတ်စ်ပို့တော်တော်များများမှာ နိုင်ငံတကာရှိ immigration များဖြတ်သန်းသည့်အခါတွင် scan ဖတ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ယင်းကဲ့သို့ အခက်ခဲပြဿနာများကို သံရုံးသို့သွား၍ တင်ပြသည့်အခါ ငွေမျက်နှာတစ်ခုကိုသာ ရှုတတ်သူများနည်းတူ တဖက်သူ၏ နောက်ဖြစ်လာသည့် အခက်ခဲများကို ဖြေရှင်းမပေးတော့ပဲ တာဝန်မဲ့သူတို့ ပြောဆိုလေ့ရှိသည့်စကားအတိုင်း ပြန်ပြောလေ့ရှိသည့်စကားမှာ “ဒါတွေက ပြဿနာ မရှိပါဘူး သုံးလို့ရပါတယ်” ဟု ပြန်ပြောပါသည်။ ယင်းလုပ်ရပ်များက မိမိတို့ကိုယ်မိမိ တာဝန်ရှိသူများအဖြစ် ခံယူထားပြီး တာဝန်ယူစိတ်မရှိသူ တာဝန်မဲ့သူများ၏ သရုပ်သကန်ကို မိမိတို့ကိုယ်တိုင် ဖော်ပြနေသည်။
ယင်းဖြစ်စဉ်ကြီးက မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတစ်လျှောက်တွင် အထူးအဆန်းတော့ မဟုတ်ပါပေ။ စစ်ဘုရင် စစ်အဏာရှင်တို့၏ ကျင့်ဝတ်များစွာထဲက တစ်စိတ်မျှသာဖြစ်လေသည်။ နိုင်ငံတကာမှ လူယဉ်ကျေးတို့၏ စံနှုန်းသတ်မှတ်ချက် လူမှုဆက်ဆံရေးများကို စစ်အာဏာရှင်တို့၏ စနစ်အတွင်း သင်ကြားပြသပေးမှု ကိုယ်ပိုင်အသိစိတ်ဖြင့် ကြိုးစားမှုကင်းဆိတ်နေတာကြောင့် နိုင်ငံတကာလူအသိုင်းအ၀ိုင်းအတွင်းရှိ လူယဉ်ကျေးမှု စံနှုန်းတို့ဖြင့် တိုင်းတာသည့်အခါ အဝေးတစ်နေရာတွင်ပြတ်ကျန်ရစ်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ယင်းကဲ့သို့ ပုဂ္ဂိလ်တို့အတွက် ကိုးကွယ်ရာဘာသာတစ်ခုသီးခြားမရှိပေ။ အာဏာရှိသူနဲ့ အာဏာရှင်တို့သည်သာ မိမိတို့၏ ကိုးကွယ်ရာအစ်အဖြစ် မှတ်ယူထားလေ့ရှိကြပေသည်။
နိုင်ငံကူးလက်မှတ်အဟောင်းမှ ခေတ်မှီ နိုင်ငံတကာအဆင့်မှီ နိုင်ငံကူးလက်မှတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည် ဆိုသော်လည်း ဖော်ပြပါ ချွတ်ယွင်းချက်များကြောင့် ယခင်အဟောင်းနှင့် အသစ် ထူးခြားချက်ဆိုသည်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ပေးရခြင်းမျှသာဖြစ်တော့သည်။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ကြသူ မြန်မာသံဝန်ထမ်းများအကြား ဖြစ်စဉ်ကြီးတစ်ခုမှာလည်း မိမိတို့နိုင်ငံသား အခက်ခဲတွေ့ရှိပါက အကူအညီပေးဖို့ထက် မြန်မာနိုင်ငံသား၏ သွေးနဲ့ ခြွေးနဲ့ ရင်းပြီးလုပ်ထားရသည့် လုပ်အားခထဲမှ ဘယ်လို ညှစ်ယူရမည်နည်း ဆိုသည်ကလည်း တစ်ခုအပါဝင်ဖြစ်လေသည်။ သီရိလင်္ကာတို့လို နိုင်ငံများတွင် တာဝန်ထမ်းဆောင်ရမည်ဟု အမိန့်ကျလာသည့်နေ့တွင် သံရုံးဝန်ထမ်းအချို့က ငါတော့ သွားပါပြီ ပိုက်ဆံမရနိုင်တဲ့ နေရာကို ရောက်ရပြီပေါ့ဟု ညဉ်းညူမှုတွေ ရှိခဲ့သည်ဟုလည်း ကြားရပါသည်။
အခကြေးငွေသတ်မှတ်လိုက်သည့်အတွက် ၄င်းတို့သတ်မှတ်ချက်များအတိုင်း တန်ရာတန်ကြေး ပေးပြီးပြန်သော်လည်း ကိစ္စတစ်ခုက လွယ်ကူစိတ်ချမ်းသာစွာ ပြီးစီးသွားသည်တော့မဟုတ်ပေ။ သံရုံးသို့ သံဃာများ သွားရောက်သည့်အခါများတွင်လည်း ၄င်းတို့၏ ဆက်ဆံရေးသည်ကား သီရိလင်္ကာနိုင်ငံသားတို့ မြင်ပါက ဤသံရုံးက ၀န်ထမ်းများသည် ဗုဒ္ဓဘာသာပါဟု ပြောပြပါ မည်သူယုံမည်မဟုတ်ပေ၊ အချိန်မကြာသင့်ပဲ အချိန်ကြန့်ကြာအောင်လုပ်ခြင်း အာဏာရှင်တို့ထုံးစံအတိုင်း အာဏာပညာပြခြင်းစသည့် ကိစ္စများကိုလည်း ရင်ဆိုင်ကြရလေ့ရှိတတ်ပါသေးသည်။
နိဂုံးချုပ်အနေဖြင့် စာရေးသူ၏ ဆန္ဒနှင့် ဖြစ်သင့်သည်မှာ ပတ်စ်ပို့များ scan ဖတ်မရသည့် ကိစ္စကို အချိန်မှီ ပြန်လည်ပြင်ဆင်ပေးရေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံများအနေဖြင့် မိမိတို့နိုင်ငံရိုးရာနှင့် ဘာသာယဉ်ကျေးမှုများကို လက်တွေ့ကျင့်သုံးမှုဖြင့် ပြသကြဖို့ တိုက်တွန်းလိုက်ရပါသည်။
သောတုဇနဘိက္ခု။
http://www.niknayman-niknayman.co.cc/
(၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ တွင် “ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ကြပါစို့ ၊ ၂၁ ရာစုပင်လုံသို့ ” စာတန်းပါ ကပ်ခွာစာရွက်များနှင့် လက်ကမ်းစာရွက်များအား ရန်ကုန်မြို့ တွင် ဝေငှခဲ့ကြကြောင်း သိရှိရပါသည်။
(ပေးပို့ လာသော ဗမာ့ကျောင်းသားလူငယ်များအား ကျေးဇူးတင်ရှိပါသည်)။










အပြည့်ဖတ်မည်... ပြန်ချုံ့မည်...
(ပေးပို့ လာသော ဗမာ့ကျောင်းသားလူငယ်များအား ကျေးဇူးတင်ရှိပါသည်)။
အပြည့်ဖတ်မည်... ပြန်ချုံ့မည်...

သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသူ/သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း အတုယူစရာတစ်ခုပင်ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာသနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာ သာသာနာ၏ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။
သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့် အခြားသောနိုင်ငံ သံရုံးများမှ သံရုံးဝန်ထမ်း (မြန်မာသံရုံးဝန်းထမ်းများမပါ) တို့မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြစေကာမူ ရဟန်းသံဃာတော်များကို ဦးစားပေးအလေးထားကြသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို့ ပညာရှိ သူတော်ကောင်းတို့၏ မြေပေါ်နေရာမျိုးမှာ နအဖစစ်အုပ်စုလို လူရိုင်းများ အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လာရောက်ပြီး တာဝန်ထမ်းဆောင်ကြသော သံရုံးမှ ၀န်ထမ်းပုဂ္ဂိုလ်များ၏ ရိုင်းစိုင်းသည့် အမူအရာများကား ကာယကံရှင်များကိုယ်တိုင်က မရှက်တတ်ပေမယ့် ရှက်တတ်သူများအဖို့ တွေးမကြည့်ဝံ့စရာပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၀၉ ခုနစ်ဝန်းကျင်မှ စ၍ ပတ်စ်ပို့ (အခြားနိုင်ငံသားများမြင်လျှင် နှာခေါင်းရှုံ့ခံနေရသော ) အဟောင်းများကို Electronic Scan သို့ ပြောင်းလဲရမည့် အခြေနေသို့ ရောက်ရှိခဲ့သည်မှာလည်း အများသိပင်ဖြစ်ပေသည်။ ဆိုလိုသည်ကား နိုင်ငံတကာရှိ Immigration များကို ဖြတ်သန်းသည့်အခါ အချိန်မကြာရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။
ပြည်ပတွင်နေထိုင်ကြသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာ မရှိမဖြစ်ဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအနေဖြင့် ဒေါ်လားစား၍ လုပ်ပေးသည်ဖြစ်စေ အခမဲ့လုပ်ပေးသည်ဖြစ်စေ သံရုံးနှင့်ဆက်သွယ်ပြီး ပတ်စ်ပို့သက်တမ်းတိုင်းခြင်း အသစ်လုပ်ခြင်း စသည်များကို လုပ်ဆောင်ကြရသည်။
ထိုသူများထဲမှာ သီရိလင်္ကာတွင် ပညာသင်ကြားနေကြသည့် စာသင်သားသံဃာတော်များလည်း အပါအ၀င်ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက ပတ်စ်ပို့ သက်တမ်းတိုးသည့်ကိစ္စများကို အခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ နှစ်များအတွင်းမှာတော့ ပတ်စ်ပို့သက်တမ်းတိုးသည်နေရတွင် Electronic Scan အဖြစ်သို့ အသစ်ပြောင်းလဲ သတ်မှတ်ပြီး အခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ကောက်ခံခဲ့သည်။ သို့သော်လည်း မြန်မာသံရုံးမှ ဒေါ်လာစားများ ပြုလုပ်ပေးသည့် E ပတ်စ်ပို့တော်တော်များများမှာ နိုင်ငံတကာရှိ immigration များဖြတ်သန်းသည့်အခါတွင် scan ဖတ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ယင်းကဲ့သို့ အခက်ခဲပြဿနာများကို သံရုံးသို့သွား၍ တင်ပြသည့်အခါ ငွေမျက်နှာတစ်ခုကိုသာ ရှုတတ်သူများနည်းတူ တဖက်သူ၏ နောက်ဖြစ်လာသည့် အခက်ခဲများကို ဖြေရှင်းမပေးတော့ပဲ တာဝန်မဲ့သူတို့ ပြောဆိုလေ့ရှိသည့်စကားအတိုင်း ပြန်ပြောလေ့ရှိသည့်စကားမှာ “ဒါတွေက ပြဿနာ မရှိပါဘူး သုံးလို့ရပါတယ်” ဟု ပြန်ပြောပါသည်။ ယင်းလုပ်ရပ်များက မိမိတို့ကိုယ်မိမိ တာဝန်ရှိသူများအဖြစ် ခံယူထားပြီး တာဝန်ယူစိတ်မရှိသူ တာဝန်မဲ့သူများ၏ သရုပ်သကန်ကို မိမိတို့ကိုယ်တိုင် ဖော်ပြနေသည်။
ယင်းဖြစ်စဉ်ကြီးက မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတစ်လျှောက်တွင် အထူးအဆန်းတော့ မဟုတ်ပါပေ။ စစ်ဘုရင် စစ်အဏာရှင်တို့၏ ကျင့်ဝတ်များစွာထဲက တစ်စိတ်မျှသာဖြစ်လေသည်။ နိုင်ငံတကာမှ လူယဉ်ကျေးတို့၏ စံနှုန်းသတ်မှတ်ချက် လူမှုဆက်ဆံရေးများကို စစ်အာဏာရှင်တို့၏ စနစ်အတွင်း သင်ကြားပြသပေးမှု ကိုယ်ပိုင်အသိစိတ်ဖြင့် ကြိုးစားမှုကင်းဆိတ်နေတာကြောင့် နိုင်ငံတကာလူအသိုင်းအ၀ိုင်းအတွင်းရှိ လူယဉ်ကျေးမှု စံနှုန်းတို့ဖြင့် တိုင်းတာသည့်အခါ အဝေးတစ်နေရာတွင်ပြတ်ကျန်ရစ်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ယင်းကဲ့သို့ ပုဂ္ဂိလ်တို့အတွက် ကိုးကွယ်ရာဘာသာတစ်ခုသီးခြားမရှိပေ။ အာဏာရှိသူနဲ့ အာဏာရှင်တို့သည်သာ မိမိတို့၏ ကိုးကွယ်ရာအစ်အဖြစ် မှတ်ယူထားလေ့ရှိကြပေသည်။
နိုင်ငံကူးလက်မှတ်အဟောင်းမှ ခေတ်မှီ နိုင်ငံတကာအဆင့်မှီ နိုင်ငံကူးလက်မှတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည် ဆိုသော်လည်း ဖော်ပြပါ ချွတ်ယွင်းချက်များကြောင့် ယခင်အဟောင်းနှင့် အသစ် ထူးခြားချက်ဆိုသည်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ပေးရခြင်းမျှသာဖြစ်တော့သည်။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ကြသူ မြန်မာသံဝန်ထမ်းများအကြား ဖြစ်စဉ်ကြီးတစ်ခုမှာလည်း မိမိတို့နိုင်ငံသား အခက်ခဲတွေ့ရှိပါက အကူအညီပေးဖို့ထက် မြန်မာနိုင်ငံသား၏ သွေးနဲ့ ခြွေးနဲ့ ရင်းပြီးလုပ်ထားရသည့် လုပ်အားခထဲမှ ဘယ်လို ညှစ်ယူရမည်နည်း ဆိုသည်ကလည်း တစ်ခုအပါဝင်ဖြစ်လေသည်။ သီရိလင်္ကာတို့လို နိုင်ငံများတွင် တာဝန်ထမ်းဆောင်ရမည်ဟု အမိန့်ကျလာသည့်နေ့တွင် သံရုံးဝန်ထမ်းအချို့က ငါတော့ သွားပါပြီ ပိုက်ဆံမရနိုင်တဲ့ နေရာကို ရောက်ရပြီပေါ့ဟု ညဉ်းညူမှုတွေ ရှိခဲ့သည်ဟုလည်း ကြားရပါသည်။
အခကြေးငွေသတ်မှတ်လိုက်သည့်အတွက် ၄င်းတို့သတ်မှတ်ချက်များအတိုင်း တန်ရာတန်ကြေး ပေးပြီးပြန်သော်လည်း ကိစ္စတစ်ခုက လွယ်ကူစိတ်ချမ်းသာစွာ ပြီးစီးသွားသည်တော့မဟုတ်ပေ။ သံရုံးသို့ သံဃာများ သွားရောက်သည့်အခါများတွင်လည်း ၄င်းတို့၏ ဆက်ဆံရေးသည်ကား သီရိလင်္ကာနိုင်ငံသားတို့ မြင်ပါက ဤသံရုံးက ၀န်ထမ်းများသည် ဗုဒ္ဓဘာသာပါဟု ပြောပြပါ မည်သူယုံမည်မဟုတ်ပေ၊ အချိန်မကြာသင့်ပဲ အချိန်ကြန့်ကြာအောင်လုပ်ခြင်း အာဏာရှင်တို့ထုံးစံအတိုင်း အာဏာပညာပြခြင်းစသည့် ကိစ္စများကိုလည်း ရင်ဆိုင်ကြရလေ့ရှိတတ်ပါသေးသည်။
နိဂုံးချုပ်အနေဖြင့် စာရေးသူ၏ ဆန္ဒနှင့် ဖြစ်သင့်သည်မှာ ပတ်စ်ပို့များ scan ဖတ်မရသည့် ကိစ္စကို အချိန်မှီ ပြန်လည်ပြင်ဆင်ပေးရေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံများအနေဖြင့် မိမိတို့နိုင်ငံရိုးရာနှင့် ဘာသာယဉ်ကျေးမှုများကို လက်တွေ့ကျင့်သုံးမှုဖြင့် ပြသကြဖို့ တိုက်တွန်းလိုက်ရပါသည်။
သောတုဇနဘိက္ခု။
http://www.niknayman-niknayman.co.cc/
17, 02, 2011
လူငယ်ကွန်ယက် နှင့် ဗမာပြည်နိုင်ငံရေး အပြောင်းအလဲ
လူငယ်လူမှုကွန်ယက်တွေ စတင်ဖေါ်ဆောင်နေခဲ့တာ ကောင်းမွန်တဲ့ အခြေအနေတစ်ခုထိရောက်လာနေပြီလို့ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်စုကြည် ၏ ဦးဆောင်မှုကြောင့် သာ ဒီအခြေအနေထိရောက်လာခဲ့တာပါ။ ဒီ ကွန်ယက်တွေကနေ ဘာတွေလုပ်နိုင်သလဲ၊ ဗမာပြည် နိုင်ငံရေးကို ဒီမိုကရေးစီ ရေစီးကြောင်းပေါ်ဘယ်အခြေအနေထိဆွဲတင်သွားမလဲ၊ ဘယ်လောက်ထိပြောင်လဲအောင်လုပ်နိုင်မလဲ ... မလဲဆိုတဲ့မေးခွန်တွေအပြင် ဘာလိုအဖွဲ့အစည်းမျိုးလည်ဆိုတာကအစ မေးလာနေကြပါတယ်။
ပြည်တွင်း နဲ့ ပြည်ပမှာ အချိပ်အဆက်တွေ ပိုလို့ လုပ်ဆောင်နေတဲ့ အခြေအနေလည်ဖြစ်ပေါ်လာနေပါတယ်။
လက်ရှိအနေအထားကတော့ အားလုံးက မျော်မှန်ထားတာထက်ပိုပြီး ကွန်ယက်ကို ဦးဆောင်ဖွဲ့စည်းခြင်းဟာ အချိန်တိုအတွင်းမှာ တိုးတက်များပြားလာနေပါတယ်။ အခြားတစ်ဖက်မှာ လည် အမှန်တကယ်လိုအပ်တဲ့ ကွန်ယက်ဖွဲ့ စည်းမှုပုံစံ နဲ့ စနစ်ကျမှုကအစ အရေးပါတဲ့လုပ်ဆောင်ချက်ကိုသာ အကောင်အထည်ဖေါ်မိဖို့ကို အာရုံစိုက်မှု နည်းနေသေးတာကို တွေ့ရပါတယ်။
ကွန်ယက်ကို ဖွဲ့ပြီးလို့ အချင်ချင်း ဆက်သွယ်မှုရရုံနဲ့ မပြီးပါဘူး။ ကွန်ယက်လုပ်ရှာမှု နဲ့ စနစ်ကျတဲ့ လည်ပတ်မှုတွေဖြစ်ပေါ်လာအောင် အချင်ချင်းတိုင်တိုင်ပင်ပင်ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ပိုလို့ ကျစ်လစ်ခိုင်မာအောင် ကြိုစားလာကြဖို့လိုပါတယ်။ လူမှုရေးကိစ္စတွေ လုပ်ရင်က နာလည်မှု၊ ယုံကြည်မှု တည်ဆောက်ကာ ကွန်ယက်နည်းစနစ်အတွက် ဖွဲ့စည်းမှုခိုင်မာအောင် လိုအပ်သလို ပြုပြင်ပြောင်လဲခြင်တွေလုပ်သင့်ပါတယ်။
နိုင်ငံရေးအသွားအလာကို နည်းမှန်လမ်းမှန် ပိုမိုသိရှိပြီး စနစ်တကျမျှဝေဖို့လည်လိုအပ်နေပါတယ်။ မလိုအပ်တဲ့ဆောင်ရွက်ချက်တွေနည်းနိုင်သမျှနည်းအောင် ဂရုစိုက်လုပ်ဆောင်သင့်ပါတယ်။ ကွန်ယက်အပေါ်မှာ ယုံကြည်ချက်ကို အပြည့်အ၀ထား နိုင်အောင်ကြိုးစားကြပါ။
လက်ရှိမိမိနဲ့ ဆက်သွယ်နေတဲ့ ကွန်ယက်အဆက်အသွယ်အပြင် အခြားပိုလိုခိုင်မာတဲ့ ကွန်ယက်တွေဆီကိုလည် ရှာဖွေချိပ်ဆက်ထားဖို့လိုပါတယ်။ အချို့သော အဖွဲ့အစည်းတွေက နိုင်ငံရေး နဲ့ လူမှုရေးမှာ အမှန်တကယ် စွမ်းဆောင်နိုင်တဲ့ ကွန်ယက်လှုရှာသူတွေကိုသာ ကြိုဆိုမှာပါ။ သာမာန်လုပ်ဆောင်ချက်တွေကို ပုံမှန်လုပ်ကိုင်နေရုံနဲ့ ကိစ္စမပြီနိုင်ပါ။ ဒီအပြင် ကွန်ယက်ရဲ့ အားနည်းတဲ့အပိုင်ကို မိမိဖာသာ ဆွဲယူသွားသလိုဖြစ်နေပါလိမ့်မယ်။
ကွန်ယက်ရဲ့ အားကောင်းတဲ့ အခြေအနေမှာရှိတဲ့ အဖွဲ့အစည်းတွေက သာ ကွန်ယက်လှုရှာမှုကိုထိထိရောက်ရောက် နဲ့ ဒီမိုကရေးစီ နိုင်ငံရေး အတွက် အမှန်တကယ် တိုတက်အောင်လုပ်လာနိုင်ပါလိမ့်မယ်။ အားကောင်းတဲ့ကွန်ယက်စနစ်ကို အကောင်ဆုံးကြိုးစားဖေါ်ဆောင်ကြပါ။
၁၇၊၂၊၂၀၁၁
Please visit www.cc4fb.org to find out detail and the Programme.
The anniversary panel will bring together organizers of the International Tribunal on Crimes against Women of Burma, members of the Burmese community, and scholars to reflect on the achievements of the Tribunal and of the larger "people's tribunal" phenomenon.
ပြည်တွင်း နဲ့ ပြည်ပမှာ အချိပ်အဆက်တွေ ပိုလို့ လုပ်ဆောင်နေတဲ့ အခြေအနေလည်ဖြစ်ပေါ်လာနေပါတယ်။
လက်ရှိအနေအထားကတော့ အားလုံးက မျော်မှန်ထားတာထက်ပိုပြီး ကွန်ယက်ကို ဦးဆောင်ဖွဲ့စည်းခြင်းဟာ အချိန်တိုအတွင်းမှာ တိုးတက်များပြားလာနေပါတယ်။ အခြားတစ်ဖက်မှာ လည် အမှန်တကယ်လိုအပ်တဲ့ ကွန်ယက်ဖွဲ့ စည်းမှုပုံစံ နဲ့ စနစ်ကျမှုကအစ အရေးပါတဲ့လုပ်ဆောင်ချက်ကိုသာ အကောင်အထည်ဖေါ်မိဖို့ကို အာရုံစိုက်မှု နည်းနေသေးတာကို တွေ့ရပါတယ်။
ကွန်ယက်ကို ဖွဲ့ပြီးလို့ အချင်ချင်း ဆက်သွယ်မှုရရုံနဲ့ မပြီးပါဘူး။ ကွန်ယက်လုပ်ရှာမှု နဲ့ စနစ်ကျတဲ့ လည်ပတ်မှုတွေဖြစ်ပေါ်လာအောင် အချင်ချင်းတိုင်တိုင်ပင်ပင်ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ပိုလို့ ကျစ်လစ်ခိုင်မာအောင် ကြိုစားလာကြဖို့လိုပါတယ်။ လူမှုရေးကိစ္စတွေ လုပ်ရင်က နာလည်မှု၊ ယုံကြည်မှု တည်ဆောက်ကာ ကွန်ယက်နည်းစနစ်အတွက် ဖွဲ့စည်းမှုခိုင်မာအောင် လိုအပ်သလို ပြုပြင်ပြောင်လဲခြင်တွေလုပ်သင့်ပါတယ်။
နိုင်ငံရေးအသွားအလာကို နည်းမှန်လမ်းမှန် ပိုမိုသိရှိပြီး စနစ်တကျမျှဝေဖို့လည်လိုအပ်နေပါတယ်။ မလိုအပ်တဲ့ဆောင်ရွက်ချက်တွေနည်းနိုင်သမျှနည်းအောင် ဂရုစိုက်လုပ်ဆောင်သင့်ပါတယ်။ ကွန်ယက်အပေါ်မှာ ယုံကြည်ချက်ကို အပြည့်အ၀ထား နိုင်အောင်ကြိုးစားကြပါ။
လက်ရှိမိမိနဲ့ ဆက်သွယ်နေတဲ့ ကွန်ယက်အဆက်အသွယ်အပြင် အခြားပိုလိုခိုင်မာတဲ့ ကွန်ယက်တွေဆီကိုလည် ရှာဖွေချိပ်ဆက်ထားဖို့လိုပါတယ်။ အချို့သော အဖွဲ့အစည်းတွေက နိုင်ငံရေး နဲ့ လူမှုရေးမှာ အမှန်တကယ် စွမ်းဆောင်နိုင်တဲ့ ကွန်ယက်လှုရှာသူတွေကိုသာ ကြိုဆိုမှာပါ။ သာမာန်လုပ်ဆောင်ချက်တွေကို ပုံမှန်လုပ်ကိုင်နေရုံနဲ့ ကိစ္စမပြီနိုင်ပါ။ ဒီအပြင် ကွန်ယက်ရဲ့ အားနည်းတဲ့အပိုင်ကို မိမိဖာသာ ဆွဲယူသွားသလိုဖြစ်နေပါလိမ့်မယ်။
ကွန်ယက်ရဲ့ အားကောင်းတဲ့ အခြေအနေမှာရှိတဲ့ အဖွဲ့အစည်းတွေက သာ ကွန်ယက်လှုရှာမှုကိုထိထိရောက်ရောက် နဲ့ ဒီမိုကရေးစီ နိုင်ငံရေး အတွက် အမှန်တကယ် တိုတက်အောင်လုပ်လာနိုင်ပါလိမ့်မယ်။ အားကောင်းတဲ့ကွန်ယက်စနစ်ကို အကောင်ဆုံးကြိုးစားဖေါ်ဆောင်ကြပါ။
၁၇၊၂၊၂၀၁၁
The Impact of People's Tribunals: Reflecting on the International Tribunal on Crimes against Women of Burma
When: 12:30-2pm, March 3, 2011
Where: 519 YRT, York University
Toronto
Organized by the Centre for Refugee Studies and the York Centre for Asian Research, York University
Organized by the Centre for Refugee Studies and the York Centre for Asian Research, York University
Please visit www.cc4fb.org to find out detail and the Programme.
I hope many of you will be able to attend the above mentioned anniversary panel discussion at York University, Toronto to mark the first anniversary of the International Tribunal on Crimes against Women of Burma which convened in New York.
| Htay Tint |
ကောင်းကင်မှာ အပြာသွေး ထွေးညိုနေတဲ့  ဂွမ်းသားဆိုင်
စိတ်အစဉ်ကို ခရီးနှင်ကြည့်လိုက်တော့
အစက ထွက်လာတဲ့  နေရာလည်း အဆုံးပါဘဲလား
အော် သံသရာဆိုတာများလား
တပတ်လည်တယ်ပြောပြော နှစ်ပတ်လည်တယ်ဆိုဆို
အစကနေရာကို တနေ့ ပြန်ရောက်နေတယ် ။
အို တော်လှန်ေ၇း ခရီးသည်ကြီး
အရင်က ရဲရဲတောက် သွေးအနီတွေ ကာလတွေ ရှည်ကြာလို့ 
ဝါဒ ကာလာတွေ ရောလိုက်လို့ အပြာတွေ ဖြစ်ကုန်ပြီ။
စည်းစိမ်တွေအောက်မှာ သွေးအပြာဘဝနဲ့ 
တမေ့တမောအိပ်မိခဲ့တယ် ။
ဦးလေးကြီး ထတော့လေတဲ့ 
ငါ့နှလုံးသားငါ့ရင်ပတ် တခါးကို
သာသာလေး ခေါက်လိုက်တဲ့ အသံ
ငါ့ဘဝင်မှာ ဗဟို စည်ကြီး တီးလိုက်သလို
ရိုက်ခတ်လိုက်ပြီ ။
ကျွန်တော်တို့ စစ်အစိုးရကို ဆန္ဒပြပြီး ပြန်လာတာတဲ့
ကြည့်လိုက်တော့
လက်တောက်လောက်လေး အမွေးတောင်စုံရဲ့ လား
သားတို့ သမီးတို့ ရယ် ။
ဒီအရွယ်က ပညာသင်ရမဲ့ အရွယ်
ငါတို့ တုံးကလို စာသင်ခန်းကို
ခံတပ်လုပ်အာဏာရှင်ကို တော်လှန်ကြပြန်ပြီ။
ငါ့ရဲ့ ရင်မှာ လှိုင်းတွေ ဖြစ်ခဲ့တယ် ။
ငါ့ရဲ့ သွေးတွေ ဆူဝေခဲ့တယ် ။
သားအရွယ် သမီးအရွယ်မို့ 
သားတို့ သမီးတို့ 
မင်းတို့ ရဲ့  အားမာန်ကို
ကောင်းကင်မှာ မြင်နေရပြီ ။
အပြာရောင်ထဲမှာ ရဲရင့်တဲ့  သွေးတွေ
ကောင်းကင်ထဲက သွေးမုန်တိုင်း
skyblood ဆိုပါလား
စိတ်အစဉ်ကို ခရီးနှင်ကြည့်လိုက်တော့
အစက ထွက်လာတဲ့  နေရာလည်း အဆုံးပါဘဲလား
အော် သံသရာဆိုတာများလား
တပတ်လည်တယ်ပြောပြော နှစ်ပတ်လည်တယ်ဆိုဆို
အစကနေရာကို တနေ့ ပြန်ရောက်နေတယ် ။
အို တော်လှန်ေ၇း ခရီးသည်ကြီး
အရင်က ရဲရဲတောက် သွေးအနီတွေ ကာလတွေ ရှည်ကြာလို့ 
ဝါဒ ကာလာတွေ ရောလိုက်လို့ အပြာတွေ ဖြစ်ကုန်ပြီ။
စည်းစိမ်တွေအောက်မှာ သွေးအပြာဘဝနဲ့ 
တမေ့တမောအိပ်မိခဲ့တယ် ။
ဦးလေးကြီး ထတော့လေတဲ့ 
ငါ့နှလုံးသားငါ့ရင်ပတ် တခါးကို
သာသာလေး ခေါက်လိုက်တဲ့ အသံ
ငါ့ဘဝင်မှာ ဗဟို စည်ကြီး တီးလိုက်သလို
ရိုက်ခတ်လိုက်ပြီ ။
ကျွန်တော်တို့ စစ်အစိုးရကို ဆန္ဒပြပြီး ပြန်လာတာတဲ့
ကြည့်လိုက်တော့
လက်တောက်လောက်လေး အမွေးတောင်စုံရဲ့ လား
သားတို့ သမီးတို့ ရယ် ။
ဒီအရွယ်က ပညာသင်ရမဲ့ အရွယ်
ငါတို့ တုံးကလို စာသင်ခန်းကို
ခံတပ်လုပ်အာဏာရှင်ကို တော်လှန်ကြပြန်ပြီ။
ငါ့ရဲ့ ရင်မှာ လှိုင်းတွေ ဖြစ်ခဲ့တယ် ။
ငါ့ရဲ့ သွေးတွေ ဆူဝေခဲ့တယ် ။
သားအရွယ် သမီးအရွယ်မို့ 
သားတို့ သမီးတို့ 
မင်းတို့ ရဲ့  အားမာန်ကို
ကောင်းကင်မှာ မြင်နေရပြီ ။
အပြာရောင်ထဲမှာ ရဲရင့်တဲ့  သွေးတွေ
ကောင်းကင်ထဲက သွေးမုန်တိုင်း
skyblood ဆိုပါလား
German TV STATION ARD Interview with Daw Su (part_ 1)
| Daw Su with ARD-1 [HQ]German TV STATION ARD Interview with Daw Su (part_ 1) |
German TV STATION ARD Interview with Daw Su (part_ 2)
| Daw Su with ARD 2 [HQ] German TV STATION ARD Interview with Daw Su (part_ 2) |
- သင်္ကြန်ဗုံးကွဲမှု ဖမ်းခံရသူကို စစ်ခွေးတိုက်ပို့ပြီး မိသားစုနဲ့ တွေ့ခွင့်ပိတ်ထားတဲ့အပေါ် အထက်အဆင့်ဆင့်စာတင်
- မြန်မာပိုစ်
- 7 day
Posted: 16 Feb 2011 06:45 PM PST ကိုဖြိုးဝေအောင်ကို ဖေဖေါ်ဝါရီလ ၄ ရက်ကတည်းက အင်းစိန်ထောင် စစ်ခွေးတိုက်မှာတိုက်ပိတ်ထားတာေ ဥပဒေကို ချိုးဖောက်တယ်ဆိုလို့ရှိရင် အခုလို တိုက်ပိတ်တာ ဘာမှပြောစရာမရှိဘူး။ ကျနော်တို့မေးတဲ့အချိန်မှာ ဘာလို့ပိတ်လဲဆိုတော့ စည်းကမ်းချိုးဖောက်တယ်လို့ပြော ကိုဖြိုးဝေအောင်ရဲ့ညီ ဒေါက်တာထက်ဝေအောင်ပြောသွားတာပါ။ ကိုဖြိုးဝေအောင်ရဲ့အမှုရုံးချိန် ကျနော်တို့ အမှုတွဲအပြည့်အစုံ ကူးခွင့်မရတဲ့ကိစ္စရယ်၊ နောက် မိသားစုဝင်ခွင့်မရတဲ့ကိစ္စရယ်၊ နောက် တရားသူကြီးရဲ့ လုပ်တာကိုင်တာတွေကို မကျေနပ်လို့ ရုံးပြောင်းပေးဖို့ကိစ္စရယ် သုံးခုကို တရားရုံးချုပ်မှာ ကြားနာပြီးအမိန့်ချတဲ့အခါကျတော့ ၂လ ၃ လလောက်နာသွားတာပေါ့။ ကျနော်ဒီနေ့ပဲ စာတင်လိုက်တယ်။ မိသားစုတွေ့ခွင့်မပေးဘူးဆိုရင် ကျနော့်ကို သူ့ရှေ့နေအနေနဲ့ တွေ့ချင်တယ်။ ကျနော့်ကို အကျိုးအကြောင်းရှင်းပြပါ။ ရှင်းပြမှ ကျနော်မိသားစုကို ရှင်းပြလို့ရမှာပေါ့။ မနက်ဖန်တွေ့လို့ရမလား သဘက်ခါတွေ့လို့ရမလားဆိုတာ ထောင်ပိုင်ကြီးရဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့။ ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးပြောသွားတာပါ။ ဒီနေ့မှာလည်း ကိုဖြိုးဝေအောင်ကို ရုံးထုတ်ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးမယ်လို့ သိရပါတယ်။ ကိုဖြိုးဝေအောင်လိုပဲ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ် ခိုင်ကျော်မိုးနဲ့ ကိုကျော်ဝင်းတို့ဟာလည်း တိုက်ပိတ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ သိရပါတယ်ဗျာ။ phyo wai aung |
Posted: 16 Feb 2011 06:41 PM PST |
Posted: 16 Feb 2011 06:35 PM PST |
Wednesday, February 16, 2011
သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂတ်ရေးမို့ပါ အပိုင်း(၂)
Posted: 15 Feb 2011 06:40 AM PST ပီဒီအက်ဖ်ဖိုင် ပြဿနာရှိနေတဲ့အတွက် အ အက္ခရာ နေရာမှာ A ဖြစ်နေတာကို အ ဟုပြင်ဖတ်ပေးကြပါရန် စာရေးသူကိုယ်စား အညာနွေမှ မေတ္တာရပ်ခံပါသည်။သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၂) (ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။) မတူတဲ့ နောက်ခံ အဖွဲ့အစည်းများ ခေါင်းဆောင်တယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ယာဉ်ရထားလို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်း တွေရဲ့ စည်းရုံးရေးကျစ်လစ်မှု၊ တည်ဆောက်မှုနဲ့ အဖွဲ့ဝင်တွေရဲ့ရည်မှန်းချက်အပေါ် သန္နိဋ္ဌာန်ခိုင်မာမှုတွေက လည်းအရေးပါတဲ့အချက်တွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တို့ဗမာအစည်းအရုံး၊ဘီအိုင်အေနဲ့ နောက်ဆုံး ဖဆပလအဖွဲ့တွေကို ဦးဆောင်မှုပြုခဲ့တယ်။ ပြည်သူ့ရဲဘော်အဖွဲ့ကလည်း ရှိသေးတယ်။ ဘီအိုင်အေနဲ့ ဖဆပလဆိုတာ သူကိုယ်ဦးဆောင် ထူထောင်ခဲ့တာဖြစ်တယ်။ ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးသဘောတရားတွေကို လုံလုံလောက်လောက် လေ့လာဆည်းပူးထားရုံ မက သန္နိဋ္ဌာန်ခိုင်မာတဲ့ လူငယ်လူရွယ်တွေက ဦးဆောင်တယ်။ အဖွဲ့ဝင်များ ဆိုတာကလည်း သင်တန်းပေး လေ့ကျင့်ထားတဲ့ လူတွေဖြစ်တယ်။ အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ် စည်းကမ်းတကျ လိုက်ပါဆောင်ရွက်တဲ့ အလေ့အကျင့်ရှိတဲ့သူတွေ ဖြစ်တယ်။ နောက် အရေးပါတဲ့ အားသားချက်က လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့နိုင်ငံရေး ( Body Politic) အားကောင်းချက်ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ဦးဆောင်နေကြသူတွေဟာ အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းပုံအတိုင်း စနစ်တကျ တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်။ ကွဲလွဲတဲ့ အမြင်တွေ ရှိကြပေမယ့် အရေးတော်ပုံနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ တဦးရဲ့စိတ်ဓာတ်ကို တဦးက ယုံကြည်တယ်။ တယောက်နဲ့ တယောက် အားနည်းချက် အားသာချက်ကို အပြန်အလှန် သိကြတယ်။ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ အနစ်နာခံစိတ်ရှိကြတယ်။ ပြည်သူ့ရဲဘော်က စစ်ရေးပုံစံအဖွဲ့အစည်းဖြစ်ပြီး ဘီအိုင်အေကတော့ စစ်တပ်သက်သက်ဖြစ်တယ်။ တို့ဗမာအစည်းအရုံးနဲ့ ဖဆပလဟာ ဗဟို ခရိုင် မြို့နယ်ကစလို့ ကျေးလက်ရပ်ရွာတွေအထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အထက်အောက် ဆက်စပ်ပြီး စနစ်တကျ လှုပ်ရှားနိုင်တယ်။ ခေါင်းဆောင်ရဲ့ အဆုံးအဖြတ်နဲ့ စကားအတိုင်း တဖွဲ့လုံး၊ အဖွဲ့ဝင် တရပ်လုံးကတဆင့် လူထုတွေပါ မြန်မြန်ဆန်ဆန် ဟန်ချက်ညီ လှုပ်ရှားနိုင် တယ်။ ဦးတည်ချက်အတိုင်း ရွေ့လျှားနိုင်တယ်။ ကိုယ့်တပ်တွေကို ရှေ့နောက် လိုရာရွှေ့လျှား စစ်ကစားနိုင်တဲ့ စစ်သူကြီးတယောက်လို ခေါင်းဆောင်က အမိန့်ပေး လှုပ်ရှားနိုင်တယ်။ ဒီလိုအင်အားစုတွေရဲ့ ကျောထောက်နောက်ခံ ရထားတာကြောင့် ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ပြန်ဝင်လာတဲ့ နယ်ချဲ့အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို မထိရဲမတို့ရဲ ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ် အောင်ဆန်းရဲ့စကားကို လေးစားလက်ခံ အသိအမှတ်ပြုလာရတယ်။ ဗိုလ်ချုပ်ကို သတ်ဖို့ကြံတဲ့ အင်္ဂလိပ်နယ်ချဲ့ ဂျပန်အဝင်မှာ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နယ်ချဲ့အစိုးရဟာ သူတို့ မဟာရှက်တော်ကွဲခဲ့ရတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးပြီး အာဃာတထားပါတယ်။ ဗိုလ်ချုပ်တို့ ဘီအိုင်အေတပ်နဲ့ ဝင်လာပြီး မော်လမြိုင်ကိုသိမ်းတဲ့ အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာတို့ကို မျက်ကွယ်မှာ သေဒဏ်ပေးခဲ့ပါတယ်။ နယ်ချဲ့အစိုးရ ပြန်ဝင်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကို လူသိထင်ရှား ရုံးတင်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ ပြန်ဝင်လာ လာခြင်း ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်နဲ့ အတူ မော်လမြိုင်မြို့ကိုသိမ်းစဉ်ကဖြစ်ခဲ့တဲ့ သူကြီးတယောက်ကိုသတ်မှုနဲ့ စွဲချက်တင် ဖမ်းဝရမ်း ထုတ်ခဲ့ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ စစ်ရေးအရ လိုအပ်လို့ အမိန့်ပေးတယ်လို့ မကြောက်မရွံ့ ဝန်ခံပါတယ်။ ဒီအမှုကို စွဲချက်တင်တာက ဒေါ်မန်စမစ်ရဲ့စက္ကူဖြူအစိုးရခေါင်းဆောင်ဆာပေါ်ထွန်းဖြစ်ပြီးသက်သေက သခင်ထွန်းအုပ်ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ပေမယ့် ချက်ချင်းမဖမ်းရဲကြပါဘူး။ ပြည့်သူ့ရဲဘော်အဖွဲ့၊ ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းနောက်က ဗမာလူထုကြီးကို စိုးရွံ့နေကြပါတယ်။ အဲဒီ့အချိန်က အရှေ့တောင်အာရှ မဟာမိတ်တပ်များ စစ်ဦးစီးမှူး မောင့်ဘက်တန်နဲ့ အစိုးရအဖွဲ့ဝင် အချို့က ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရင် ဗမာလူထု ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲသွားမယ်လို့ သတိပေးခဲ့ကြတယ်။ အဲဒီအချိန်မှာ သခင်သန်းထွန်းက ဘုရင်ခံ အစိုးရခေါင်းဆောင် ဆာပေါ်ထွန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ ကျန်ုပ်စွန့်စားခန်းဆိုတဲ့ စာအုပ်ထဲကအချက်တချို့ကို အင်္ဂလိပ်လိုပြန်ပြီး အင်္ဂလန်က လေဘာပါတီခေါင်းဆောင် တွေဆီကိုပို့ပြီး ထောက်ပြခဲ့ပါတယ်။ ဆာပေါ်ထွန်းက (၁၉၄၄) မှာ သူ့ရဲ့ ကိုယ်ရေး အတ္တပ္ပတ္တိစာအုပ်တအုပ် ထုတ်ခဲ့တယ်။ အဲဒီထဲက ဂျပန်ဝင်လာစက လူစုကွဲလာတဲ့ ဗြိတိသျှစစ်တပ် အရာရှိနဲ့ စစ်သား (၁၅) ယောက်ကို သတ်ဖြတ်ခဲ့တဲ့အကြောင်း တိတိကျကျ ဂုဏ်ယူဝံ့ကြွား ရေးပြထားတယ်။ ဒီအချက်တွေကို အင်္ဂလိပ်လိုပြန်ပြီး သခင်သန်းထွန်းက ဘုရင်ခံဒေါ်မန်စမစ်ဟာ ဗြိတိသျှစစ်သား(၁၅) ယောက် ကို သတ်ဖြတ်ခဲ့တဲ့လူကိုတော့ နန်းရင်းဝန်ခန့်ပြီး ဗမာသူကြီးတယောက်ကို သတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်တာဟာ မမျှတတဲ့အကြောင်း လေဘာခေါင်းဆောင်တွေဆီကို စာရေးခဲ့တယ်။ ဒီအရေးဟာ ဗြိတိသျှပါလီမန်အထိ ရောက်သွားပြီး လေဘာပါတီအမတ်တွေက မေးခွန်းထုတ် ကန့်ကွက်ကြတယ်။ ဒေါ်မန်စမစ်ရဲ့လုပ်ရပ်တွေဟာ မရိုးသားတဲ့အပြင် ဗမာပြည် ဆူပူအောင် လုပ်သလိုဖြစ်နေ တယ်လို့ ရှုတ်ချခဲ့ကြတယ်။ ဒါကြောင့် ဒေါ်မန်စမစ်ရဲ့ အကောက်ကြံမှု ပေါ်သွားပြီး ကျမ်းမာရေး အကြောင်း ပြချက်နဲ့ ဘုရင်ခံရာထူးက ပြန်ခေါ်(Recall)ရုတ်သိမ်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် စွဲဆိုထားတဲ့ အမှုကို လည်း ရုတ်သိမ်းခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ စေ့စပ်ဆွေးနွေးလာရတဲ့အထိ ဖြစ်လာတယ်။ ဒါဟာ ဗိုလ်ချုပ်ကို ကျောက်ထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းများနဲ့ ဒီအဖွဲ့ဝင်တွေရဲ့ လူထုကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းတွေကြောင့်ဖြစ်တယ်။“ရရင်ရ မရရင် ချမယ်”လို့ ရဲရဲတောက်စိန်ခေါ်နိုင်ခဲ့တာ ဖြစ်တယ်။ အကာအကွယ်မဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုအချက်အလက် ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ မရှိပါဘူး။ မရသေးဘူးလို့ ဆိုချင်ပါတယ်။ အောင်ပွဲခံနိုင်ဖို့ အချက်အလက်ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ ဖြစ်လာအောင် အားလုံး ဝိုင်းဝန်းတည်ဆောက်ကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိစ္ဆာသန်းရွှေနဲ့စစ်အာဏာရှင်တွေရဲ့ ကမ္ဘာသိ အကောက်ကြံလုပ်ကြံမှုတွေ ကိုခံခဲ့ရတယ်။ အကြောင်းကံကောင်းထောက်မလို့ ဒီနေ့အထိ သက်ရှင်ထင်ရှား ဦးဆောင်မှုပေးနိုင်နေသေးတာ ဖြစ်တယ်။ ဒီပဲယင်းကိစ္စကတော့ အဆိုးရွားဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်မာဆုံး လုပ်ကြံမှုကြီးဖြစ်တယ်။ ဒီအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ပေး ကာကွယ်သွားခဲ့ကြတဲ့ ပြည်သူတွေ၊ ရဟန်းသံဃာ တွေ၊ ပါတီဝင်အမျိုးသမီး၊ အမျိုးသားတွေကို လေးလေးနက်နက် ဦးညွတ်ပါတယ်။ ဂုဏ်ပြုပါတယ်။ တစုံတရာ အထောက်အကူပြုသွားကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကိုလည်း လေးစားတန်ဘိုးထားပါတယ်။ ဒီနေ့အထိ လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သန်းရွှေရဲ့ယုတ်မာပက်စက်တဲ့ အန္တရာယ်ကို အကာကွယ်မဲ့ ရင်ဆိုင်နေ ရဆဲဖြစ်တယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ကျောထောက်နောက်ခံ နိုင်ငံရေး အင်အားစုဆိုတာမှာ အင်အယ်လ်ဒီ ပါတီက အဓိကပဲ ဖြစ်တယ်။ မြေအောက် ကျောင်းသားလူငယ်များနဲ့ အနိုင်ရ တိုင်းရင်းသားပါတီတချို့ရှိတယ်။ လောက်လောက်လားလား ကျောထောက်နောက်ခံ မရှိပါဘူး။ လက်နက်ကိုင်အဖွဲ့များနဲ့ နယ်ခြား အဖွဲ့အစည်း များဆိုတာကလည်း စက္ကူပေါ်မှာပဲ ကျောထောက်နောက်ခံ ပေးနိုင်ကြတယ်။ အဓိကဖြစ်တဲ့ အင်န်အယ်လ်ဒီ အကြောင်းပြောရင်လည်း ဆရာမင်းသိင်္ခရဲ့ ကောက်ချက်ကိုပဲ သတိရမိတယ်။ သူက “NLD ဆိုတာ အောင်ဆန်းစုကြည်ဆိုတဲ့ မိုင်းကိုင်စက္ကူနဲ့ ချိုးထားတဲ့ မီးပုံပျံကြီးလိုပဲ။ မဆလမှိုင်းတွေနဲ့ ဖောင်းကားနေတာ၊ ဘယ်ရောက်လို့ ဘယ်နေရာ ကျမယ်မသိဘူး” လို့ဆိုတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။ တကယ် အသက်ပေးသွားကြတဲ့ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့သလို ဒီနေ့အထိလည်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသူတွေ ရှိပါသေးတယ်။ သို့သော်လည်း (၈၈) အရေးအခင်းပြီးစ ဖွဲ့စည်းစဉ်ကတော့ ဆရာမင်းသိင်္ခပြောတဲ့အတိုင်းပါပဲ။ တချို့ထိပ်ပိုင်း ခေါင်းဆောင်တွေဆို စစ်အာဏာရှင်စနစ် အုဋ္ဌ်မြစ်ချခဲ့တဲ့သူတွေ ဖြစ်နေတယ်။ လူထုအတွက် စစ်အာဏာရှင်စနစ်ကို တကယ်မတိုက်ရဲတဲ့ (မတိုက်ချင်တာလည်း ဖြစ်နိုင်ပါတယ်) သတ္တိကို လွန်ခဲ့တဲ့ အနှစ်(၂၀)က သက်သေပြသွားခဲ့ပါပြီ။ စကားကြုံ ဖြည့်ပြောရရင် သန်းရွှေက ပါတီတွေမှတ်ပုံတင်ဖို့ အမိန့်ထုတ်လိုက်တာနဲ့ နောက်တနေ့မနက်မှာ လူမမာ အိပ်ယာပေါ်ကထလာပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ပြောခဲ့တဲ့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေဟာ ပါတီက သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မြေးမလေး တွဲကူပြီး ကြိုတင်မဲ ပေးခဲ့တယ်လို့ ကြားလိုက်မိသေးတယ်။ ရန်သူစစ်အုပ်စုက ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ခေါင်းဆောင်တွေကို အပျော့အမာ ခွဲခြားကိုင်တွယ်တယ်။ အပျော့ကိုဖဲ့ထုတ်ပြီး၊ အမာကိုချေမုန်းတယ်။ တကယ်တိုက်မယ့် ပြည်သူ့တိုးတက်ရေး ပါတီတို့၊ မန္တလေးက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုတို့၊ ကျောင်းသားပါတီ လူ့ဘောင်သစ်တို့ကို အပြတ် အသတ် ခြေမုန်းသလို အနိုင်ရတဲ့ NLD ထဲမှာလည်း တကယ်တိုက်မယ့်သူ တိုက်ရဲသူတွေကို တိတိကျကျ ဖော်ထုတ်ပြီး ဖိနှိပ်တယ်၊ ဖမ်းဆီးတယ်၊ တချို့ ထောင်ထဲမှာတင် ရိုက်သတ်ပစ်တယ်။ နောက်ဆုံးလက်ကျန် ခေါင်းဆောင်ပိုင်းဆိုတာ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာရှင်အလိုကျ ပါတီကထုတ်ခဲ့တဲ့ အထိ တိုက်ပွဲဝင်စိတ်ဓာတ် ချွတ်ခြုံကျသွားခဲ့တယ်။ ပါတီတရားဝင် ဆက်လက်ရပ်တည်ရေးက အရေးကြီးတယ် လို့ အကြောင်းပြခဲ့တယ်။ ကျွန်တော်တို့ အားလုံးကလည်း ဟုတ်သလိုလို ထင်ယောင်မှား ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပါတီ၊ ဒီလိုအင်အားစုတွေကို အမှီပြုထားရတဲ့ ဒေါ်စုအတွက်တော့ ခွေးကျိုးနဲ့ ယုန်လိုက်၊ နွားပိန်မနဲ့ ယာထွန် သလိုပါပဲ။ အချိန်ကုန် လူပန်းတာ အဆန်းမဟုတ်ပါဘူး။ တူညီတာက ရိုးသားမှု အထက် တင်ပြခဲ့တာတွေက ဒေါ်စုနဲ့ သူ့ဖခင် ဗိုလ်ချုပ်တို့ ဦးဆောင်ခဲ့ရတဲ့ ကျင်လည်ခဲ့ရတဲ့ ဝန်းကျင်နဲ့ ကျောထောက်နောက်ခံ ပြုခဲ့ရတဲ့ နိုင်ငံရေးတွေ မတူခြားနားချက် တချို့ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြားမှာ တူညီချက်တခုရှိပါတယ်။ နိုင်ငံရေးလောကထဲမှာ ရှာပါးတဲ့ အရည်အသွေးတခု ဖြစ်ပါတယ်။ ပြည်သူအပေါ်မှာ ရိုးသားဖြောင့်မတ်တဲ့ စိတ်နေစိတ်ထားနဲ့ စေတနာဖြစ်ပါတယ်။ နိုင်ငံရေးသမား အများစုဟာ သူတို့ကိုယ်သူတို့ သူရဲကောင်းလိုလို၊ သူတော်စင်လိုလို၊ ကယ်တင်ရှင်လိုလို၊ ပညာရှင်လိုလို သန်ရာသန်ရာ ဂိုက်ဖမ်းကြတယ်။ လူထုကို ဟန်ဆောင်ကြတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာနဲ့ အဖွဲ့အစည်းရဲ့အရေး၊တိုင်းပြည်ရဲ့အရေးတို့ ယှဉ်လာရင် မသိမသာနဲ့ ကိုယ်ရေးကိုယ်တာ အရေးကို ယိမ်းယိုင်သွားကြတယ်။ အစုအဖွဲ့တခုမှာ နေရာရလာရင် သူလုပ်လို့ ဒီအဖွဲ့ဖြစ်တည်နေသယောင်၊ သူဦးဆောင်လို့ ဒီအဖွဲ့အလုပ်ဖြစ်နေသယောင် ထင်တတ်ကြတယ်။ ဒီအဖွဲ့ရှိနေလို့ ဒီနေရာရှိတယ်၊ ဒါကြောင့် ဒီနေရာမှာ သူဦးဆောင်ခွင့်ရခဲ့ကြတာကို မေ့ပစ်တတ်ကြတယ်။ တိုင်းပြည်အာဏာရလာရင်တော့ ပိုပြီးဆိုးတယ်။ သူတို့ခေါင်းဆောင်လို့၊ သူတို့အုပ်ချုပ်လို့ ဒီတိုင်းပြည်ကြီး ဖြစ်လာသယောင်၊ တည်ငြိမ်သယောင် ဟိတ်ထုတ်ကြတယ်။ ပြည်သူတွေရဲ့ကျေးဇူးရှင်ကြီးတွေ ဂိုက်ဖမ်းလာကြတယ်။ ဗမာပြည်အာဏာရ ခေါင်းဆောင် အဆက်ဆက်ဟာ ဒီလိုဘဝင်ရူးတွေချည်းလို့ ပြောရမလိုပါပဲ။ အိမ်ရှင်ဂိုက်ဖမ်းပြီး ပိုင်ရှင်အစစ် လူထုကို အိမ်ငှားလိုဆက်ဆံတယ်။ ဓားမနောက်ပိတ်ခွေလို ကျင့်ကြံကြတယ်။ တိုင်းပြည်ပြိုကွဲမယ့်အရေး ကြောင့် မလွှဲမရှောင်သာလို့ တာဝန်ယူထားရပါတယ်လို့ တပြောတည်းပြောနေတဲ့ စစ်အာဏာရှင်တွေက အဆိုးဆုံး အရှက်မဲ့ဆုံးပဲ။ လူထုသာ ပဓာန တကယ့် ပကတိအရှိတရားက လူထုရှိလို့ တိုင်းပြည်ရှိတယ်။ တိုင်းပြည်ရှိလို့ အုပ်ချုပ်မှု (အာဏာ) ရှိတယ်။ အစိုးရ ဆိုတာလည်းရှိတယ်။ အစိုးရရှိလို့ တိုင်းပြည်၊ လူထုရှိလာရတာ မဟုတ်ဘူး။ ပကတိ အခြေခံတရားဖြစ်တဲ့ လူထုကြားက ကူးလူးဆက်ဆံရေးကို ချောမွေ့အောင် စောင့်ကြည့် ထိန်းညှိဖို့ အုပ်ချုပ်ရေးတို့၊ အစိုးရတို့ ပေါ်လာရတာဖြစ်တယ်။ စစ်တပ်တို့၊ ရဲတို့၊ တရားရုံးတို့ ဆိုတာလည်း အစိုးရက လူထုပေးထားတဲ့ တာဝန်တွေကို ဖြည့်ဆီးပေးဖို့ လူထုက အပ်နှင်းထားတဲ့ ယန္တယားအဆောင်အယောင်တွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီဟာတွေကို ပြည့်သူ့ဝန်ထမ်း၊ ပြည့်အစေခံလို့ ခေါ်ကြတာပဲ။ ဒါပေမဲ့ ခေတ်အဆက်ဆက်က ဗမာပြည် နိုင်ငံရေးသမား အများစုကတော့ အာဏာကို ရရာနည်းလမ်း နဲ့ယူဖို့ အားထုတ်ခဲ့ကြသလို ရလာပြန်ရင်လည်း လူထုအပ်နှင်းထားတဲ့ စစ်တပ်၊ ရဲ စတဲ့ ယန္တယားတွေကို သုံးပြီး အာဏာတည်မြဲဖို့ လုပ်ကြတယ်။ လူထုအမြင်အတွေး လွဲအောင် လုပ်ကြတယ်။ လူထု သဘောဆန္ဒတွေကို ဖိနှိပ်တယ်။ ဒီနေ့ ဗမာပြည် ရင်ဆိုင် ခံစားနေရတဲ့ ဒုက္ခသုက္ခအပေါင်းဟာ နိုင်ငံရေးသမားတွေရဲ့ ဒုစရိုက်မှု ဖြစ်တဲ့ လူထုဆန္ဒကိုစော်ကားပြီး ပကတိအရှိတရားတွေကနေ သွေဖီဖောက်ပြန်မှုရဲ့ အကျိုးရလာဒ်ဖြစ်တယ်။ အကြောက်တရား ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေကိုယ်တိုင် ဒီဒုက္ခ သုက္ခတွေက မလွတ်ကင်းပါဘူး။ ဗမာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ ထူထောင်ချင်ရင် နိုင်ငံရေးလောက မှာ ဒီလိုတဲ့ အတွေးအမြင်တွေနဲ့၊ အမူအကျင့်တွေကို ကင်းစင်အောင် လုပ်ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လူထုသာလျှင် ပဓာနဆိုတဲ့ ပကတိ အရှိတရားကို လက်ခံယုံကြည်ကြတယ်။ ဒါကြောင့် လူထုအပေါ်မှာ ရိုးသားပွင့်လင်းကြတယ်။ ဟန်မဆောင်ဘူး၊ ကယ်တင်ရှင်ဂိုက်၊ တန်ခိုးရှင်ဂိုက် မဖမ်းဘူး။ လူထုကြီးကိုယ်တိုင်က နိုးကြားတက်ကြွကြဖို့ပဲ လှုံ့ဆော် စည်းရုံးတယ်။ လူထုသဘောဆန္ဒကိုပဲ ဦးစားပေးတယ်။ လူထုအပေါ် ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူထုသာပဓာန အယူအဆနဲ့ လူထုအားကို ယုံကြည်တာကြောင့် လူထုနိုင်ငံရေးလုပ်ဖို့ စစ်တပ်ရာထူးကို စွန့်ခဲ့တယ်။ တခြားခေါင်းဆောင် တွေလို စစ်တပ်ကို လုပ်ကိုင်တုတ်လုပ်ပြီး နိုင်ငံရေးလုပ်ဖို့ စိတ်ကူးထဲတောင် မထည့်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖက်ဖက်က ချိနဲ့နေတဲ့ နောက်ခံအင်အားစုတွေနဲ့ စစ်အုပ်စုကို ဦးဆောင်ရင်ဆိုင်နေတာ ဖြစ်တယ်။ သူ့အသက်ဘေး အကောက်ကြံမှုတွေကိုလည်း အကာအကွယ်မဲ့ ရင်ဆိုင်နေရာသေးတယ်။ တော်ရုံလူဆိုရင် တနည်းမဟုတ်တနည်းနဲ့ တိုက်ပွဲကို စွန့်ခွာသွားမှာပဲ။ တချို့ သူ့ပါတီဝင် ခေါင်ဆောင်တွေ စစ်ကျွန်ရွေးကောက်ပွဲဝင်ပြီး တိုက်ပွဲကို စွန့်ခွာသွားကြတာ လက်တွေ့ပဲ။ သူကတော့ ရန်အန္တရာယ်များတဲ့ တိုက်ပွဲမှာ ဆက်လက်ဆက်ရပ်တည် ဦဆောင်မှုပေးနေဆဲဖြစ်တယ်။ ဒါကို ထူးကဲတဲ့လူရည်လူသွေးတို့ အသိအမှတ်မပြုလို့ မရပါဘူး။ ဒါကလည်း သူ့ဖခင်လိုလူထုနိုင်ငံရေးနဲ့ လူထု အားကို မမှိတ်မသုံ ယုံကြည်မှုကြောင့် ဖြစ်ပါတယ်။ လူထုအပေါ် ထားတဲ့ စေတနာလိုလည်း ပြောနိုင်ပါတယ်။ ဒူးမထောက်တဲ့ သူရဲကောင်း အင်ပြည့်အားပြည့်နဲ့ တပွဲထိုး အောင်ပွဲရအောင် ဦးဆောင်ရတာက လွယ်ကောင်းလွယ်နိုင်ပါတယ်။ ဒါပေမယ့် ဖိနှိပ်အား ပြင်းလွန်းလှတဲ့ ရန်သူကို နှစ်ကာလရှည် ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ နောက်လိုက်အဖွဲ့ဝင်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို မပျက်စီးအောင် ထိန်းသိမ်းရတာဟာ အလွန်ခက်ခဲတဲ့ အရာ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောင်ပြောင်မြောက်မြောက် ထမ်းဆောင်နေပါတယ်။ မူပေါ်မှာ ကြံ့ကြံ့ခံရင်း ရပ်တည်နေတယ်။ လူထုအပေါ်မှာ ရိုးသားပွင့်လင်းစွာနဲ့ ရပ်တည်နေတယ်။ လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းအချက်အပေါ်မမှိတ်မသုံယုံကြည်မှုကိုအချက်များစွာက သက်သေပြနေတယ်။ စစ်အုပ်စုဟာ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ ထောက်လှန်းရေးယန္တယားတွေက တဆင့်ဒီအချက်ကိုသိနေတယ်။ ဒါကြောင့်ဒေါ်စုရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်နေရတာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီပိန်ပါးပါး အမျိုးသမီးတယောက်ကို အရေးတယူပြုစရာ အကြောင်းမရှိပါဘူး။ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ် လွှတ်ထားလိုက်ရုံပါပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေတွေအပေါ် သူ့ကို တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မျှော်လင့်အားကိုးနေသူ တွေကတော့ ဘဝင်ကျမှာမဟုတ်ပါဘူး။ နားလည်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သမိုင်းတဖြတ်အမြင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်အရည်အချင်းမရှိဘူး၊ တာဝန်မကျေဘူးဆိုရင် ဒါဟာ တရားမဲ့တဲ့ ကောက်ချက်ဖြစ်တယ်။ သမိုင်းအမြင်ခေါင်းပါးတဲ့ မှတ်ချက်ဖြစ်တယ်။ နှိုင်းယှဉ်လို့ မရတာကို နှိုင်းယှဉ်တာဖြစ်တယ်။ တန်ဘိုးညှိလို့မရတာကို တန်ဘိုးညှိတာဖြစ်တယ်။ ပြီးတော့ ဗမာပြည်နိုင်ငံရေးကို တွက်တဲ့အခါ ကိုယ့်ထက် နှစ်တရာကျော်မက ရှေ့ရောက်နေတဲ့ စနစ်နဲ့ ပုံစံတွေက စံပေတံတွေနဲ့ တိုင်းပြီး တည်ကိန်းဘယ်လောက်ရှိလို့ မြောက်ကိန်းဘယ်လောက်ရှိရင် ဘယ်ကာလမှာ ရလာဒ်ဘယ်လောက် ဖြစ်ရမယ် လို့ သတ္ထုချလို့ မရပါဘူး။ နိုင်ငံရေးဆိုတာ လက်တွေ့ဆောင်ရွက်ရတဲ့ အနုပညာဆန်တဲ့ ဝိဇ္ဇာပညာ (Politic is an Art of Practice) လို့ ဆိုကြတယ်။ လူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေလို့ ဖြစ်တယ်။ ဘက်အသီးသီးက လူတွေရဲ့ အတွေးအကြံ၊ အမူအကျင့်၊ ပြောင်းလဲရွေ့လျှားနေတဲ့ ပတ်ဝန်းကျင်နဲ့ အပြန်အလှန် ရုန်းကန်းလှုပ်ရှားနေတဲ့ အခြေအနေတွေကြားမှာ အချိန်နဲ့တပြေးညီ ကိုယ့်ရည်မှန်းချက်ကို ပေါက်မြောက်အောင် လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တယ်။ အထူးသတိပြုရမှာက နိုင်ငံရေးမှာ ဘယ်အရာမှ ပုံတူကူးလို့ မရဘူးဆိုတာပဲ ဖြစ်တယ်။ သင်္ခန်းစာယူလို့ရတယ်၊ နမူနာယူလို့ရတယ်။ အားလုံးမှာ တာဝန်ရှိတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ တန်ခိုးရှင်မဟုတ်ပါဘူး။ လူပဲဖြစ်ပါတယ်။ လူပီပီ အမှားလည်းကင်းမှာ မဟုတ်ပါဘူး။ ဥပမာ။ ။ (၈၈) ပြီးစ ပါတီတွေဖွဲ့ကြတော့ လူတွေကို မစီစစ်ဘဲ လက်ခံ (သို့မဟုတ်) လက်တွဲခဲ့တယ်။ ရန်သူကို တကယ်မတိုက်ရဲသူတချို့ ခေါင်းဆောင်နေရာ ရောက်လာကြတယ်။ ဗိုလ်အောင်ကြီးဆို ပါတီထဲက တကယ်တိုက်မယ့်သူတွေကို မြင်ပြီး အစောကြီးတည်းက ပါတီက ထွက်ပြေးသွား တယ်။ သူလိုပဲ မိန်းမခြင်ထောင်ထဲကနေ ရန်သူ့စခန်းကို ဝိုင်းထားပြီလို့ အထက်ကို သတင်းပို့တတ်တဲ့ မဆလ စစ်ဗိုလ်ဟောင်းတွေလည်း ပါသေးတယ်။ ဒါကိုလည်း အချိန်ဆိုတဲ့ ရေစီးရဲ့ တွန်းတိုက်မှုကြောင့် ဖြစ်တယ်လို့ နားလည်မှုပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း မှားတတ်တဲ့ အမှားဖြစ်ပါတယ်။ ပြီးတော့ စိန်ကဲ ကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်ပါတယ်။ ဒီတော့ ခေါင်းဆောင်မှုလည်း ဝေဘန်ရေးက မကင်းလွတ်သင့်ပါဘူး။ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ခေါင်းဆောင်မှုရဲ့ အမှားအမှန်ဟာလည်း တိုက်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်တတ်လို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အားလုံးရဲ့ အကြံအဉာဏ်တွေကို လိုချင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုကို ဝေဘန်တယ်၊ အကြံပြုတယ်ဆိုတာ လူကြီးလူကောင်းလို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ ကျိုးကြောင်းပြ ရှင်းလင်းဖို့လိုပါတယ်။ နာမည်ဝှက်တွေနဲ့ အမှားတွေကိုချည်း အပုပ်ချသလို နင်ဘဲငဆ လူသိရှင်ကြားပြောရင် ရန်သူကို အလုပ်အကြွေးပြုရာ ရောက်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင် အဆုံးအဖြတ်တခုဟာ ခေါင်းဆောင်နဲ့ နောက်လိုက်တွေကြားက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း အခြေခံပါတယ်။ ဗျူဟာကြောင့် ရှုံးရင် ခေါင်းဆောင်ရဲ့ တာဝန်ဖြစ်ပြီး၊ အကောင်အထည်ဖော်မှုကြောင့်ရှုံးရင် နောက်လိုက်တွေရဲ့တာဝန်ဖြစ်ပါတယ်။ အနှစ်(၂၀) ကျော် တိုက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP စတဲ့ ခေါင်းဆောင်တွေပြောတာကို အထူးသဖြင့် ကျနော်တို့ ပြင်ပအင်အားစုတွေ ကြေငြာချက်ထုတ် ထောက်ခံတာထက်ပိုပြီး ဘာများအကောင်အထည် ဖော်ခဲ့ကြပါသလဲ။ ဒေါ်စုတို့ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို လက်မခံလို့ စစ်အုပ်စု အကြပ်အတည်းဖြစ် သွားအောင် ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြပါသလဲ။ ခေါင်းဆောင်တွေ အဖမ်းခံရတဲ့အချိန်၊ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားတဲ့အချိန်တွေမှာ မြို့တမြို့ကို သိမ်းပြခဲ့ကြသလား။ ဗုံးတလုံး ဖောက်ပြခဲ့ကြသလား။ နအဖရုံးတခုခု (သို့မဟုတ်) ပြည်ပက သံရုံးတခုခုကို လုပ်ငန်းတွေ ရပ်တန့်သွားအောင် ဘာတွေလုပ်ပြခဲ့ကြသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒါတွေက ခေါင်းဆောင်တွေ ညွန်ကြားမှ လုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဒီအနှစ်(၂၀)ကျော် ကြာတဲ့အထိအောင်ပွဲကို မရောက်နိုင်သေးဘူးဆိုတာ ကျနော်တို့ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးလို့ မလုပ်သင့်ပါဘူး။ လမ်းမဆုံးသေးတဲ့ ဒီမိုကရေစီ (သို့မဟုတ်) နအဖအရှုံး ဒီကနေ့အခြေအနေဟာ ဒီမိုကရေစီအင်အားစုတွေဘက်က အောင်ပွဲကို အရောက်မလှမ်းနိုင်သေး သလို အာဏာရှင်များဘက်လည်း ဒီမိုကရေစီအင်အားစုတွေကို အပြီးသတ် မချေမုန်းနိုင်သေးတဲ့ အခြေအနေ ဖြစ်တယ်။ အာဏာကိုဆုပ်ကိုင်ထားတဲ့ လက်တဆုပ်စာ အာဏာရှင်တွေ လူထုတိုက်ပွဲတွေကို အနှစ်(၂၀) ကြာ တဲ့အထိ အပြီးသတ် မချေမုန်းနိုင်တာကလည်း တနည်းအားဖြင့် သူ့ရဲ့အရှုံးလို့ ဆိုရမှာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာ၊ ဘဏ္ဌာစတဲ့ ယန္တယားလက်နက်တွေကို ကိုင်တွယ်အသုံးချပြီး နှိမ်နင်းတဲ့ ကြားက လူထုရဲ့ ဆန့်ကျင်အာခံမှုတွေကို အေးငြိမ်းသွားအောင် မလုပ်နိုင်တဲ့ အဖြစ်ပါ။ လက်နက်နဲ့ အုပ်ချုပ်သူတွေက လက်နက်မဲ့ အုပ်ချုပ်ခံတွေကို အနှစ်(၂၀)ကျော် အစွမ်းကုန် ဖိနှိပ်တဲ့အကြားက အာခံမှုတွေ ဆက်လက် ရှိနေသေးတာဟာ စစ်အုပ်စုရဲ့ အရှုံးလို့လည်း ပြောနိုင်ပါတယ်။ ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင်ဒုတိယခေတ်(၁၉၆၂- ၁၉၈၈) ဟာ ဗကပနဲ့ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေတဲ့ကြားက နိုင်ငံတကာမှာ ပုံမှန်ဝင်ထွက်သွားလာရင်း သက်တောင့်သက်သာ အုပ်ချုပ်သွား ခဲ့တယ်။ တတိယစစ်အာဏာရှင်များခေတ် နဝတ/နအဖတို့ကတော့ ဗကပတို့လည်းပြိုကွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အများစုတို့လည်း အပစ်အခတ် ရပ်စဲထားတာတောင် အုပ်ချုပ်ရေးဟာ အမြဲတမ်း ယိမ်းထိုးလှုပ် ခတ်နေတယ်။ မျက်ကလဲဆန်ပြာဖြစ်နေရတယ်။ သူ့တပ်တွင်းမှာကိုပဲ ဖြုတ်ထုတ်ချုပ်တွေ ဖြုတ်ထုတ်သတ်တွေ ခဏခဏ လုပ်နေရတယ်။ အောက်ခြေတပ်တွေ ထင်ရာကြဲနေတာကိုလည်း ဒီတိုင်းကြည့်နေရတယ်။ (၁၉၉၅) ခုနှစ် နောက်ပိုင်းကစလို့ စစ်အုပ်စုရဲ့ ပြည်တွင်းအုပ်ချုပ်ရေး အာဏာစက်ဟာ သိသိသာသာ ကျဆင်းလာတယ်။ နိုင်ငံတကာမှာကတော့ ဆိုစရာတောင် မရှိဘူး။ နောက်ဆုံး ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ နယ်ခြားစောင့်တပ်လုပ်ဖို့ ဆိုတာတောင် မလုပ်နိုင်၊ မလုပ်ရဲတဲ့ အခြေအနေဖြစ်တယ်။ ဒီလို စစ်အုပ်စုရဲ့ နိုင်ငံရေးအာဏာစက်တွေ ယုတ်လျော့ကျဆင်းလာတာဟာ ပြည်တွင်း လူထုတိုက်ပွဲတွေကို အာရုံစိုက်နေရလို့ ဖြစ်ပါတယ်။ လူထုရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ၊ ဒီမိုကရေစီလိုလားတဲ့ ရပ်တည်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP နဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တို့ရဲ့ ဒီမိုကရေစီရေး မူအပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ချက်တွေကြောင့် ဖြစ်တယ်။ သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ကြနဲ့ ဒီနေ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရတခုကို သူ့စိတ်တိုင်းကျ ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာသဏ္ဍန်အရသာ ပြောင်းလဲမှုဖြစ်တယ်။ အနှစ်သာရကတော့ ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ ဒီမိုကရေစီတိုက်ပွဲထဲက မခိုင်တဲ့ ခေါင်းဆောင်တချို့ကို ဖျားယောင်းရွေးကောက်ပွဲဝင်စေပြီး လူထုကို မျက်လှည့်ပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီအရေး လူထုတိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် မလုပ်ဆောင်နိုင်ပါဘူး။ ဒီမိုကရေစီအရေး ပန်းတိုင်ကို ဦးတည်နေတဲ့ ဗမာပြည်နိုင်ငံရေး ရေစီးကြောင်းကို တားဆီးနိုင်ခြင်း မရှိပါဘူး။ ဒီလို လူထုတိုက်ပွဲဝင် စိတ်ဓာတ်တွေ ဆက်လက်ရှင်သန်စေတဲ့ အချက်အလက်တွေထဲမှာ ခေါင်းဆောင်မှုက အဓိကခန်းမှာ ပါဝင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဒီနေ့အရေးတကြီး လက်ငင်းတာဝန်ဟာ ဒီခေါင်းဆောင်မှုရဲ့ နိုင်ငံရေးသိက္ခာ၊ လူထုယုံကြည်ထောက်ခံမှုနဲ့ သြဇာကို ဖြိုဖျက်ရေး ဖြစ်ပါတယ်။ ဗမာပြည် နိုင်ငံရေးလောကမှာ သူတို့ အခန်းကဏ္ဍကို မှေးမှိန်ယုတ်လျော့စေရေးနဲ့ နောက်ဆုံး ချေဖျက်ရေးဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဒီခေါင်းဆောင်မှု ဖြိုဖျက်ရေး မအောင်မြင်ယင် ခေါင်းဆောင်တွေကို ပြန်ဖမ်း အမှုဆင် ထောင်ချတဲ့နည်းနဲ့ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ မကြာခင်လေးကမှ မိတ်ဆွေတယောက် ပို့လာတဲ့ အောင်ထက်အမည်ခံ နေဝင်းမောင်ရဲ့ စာတစောင်ဖတ်လိုက်ရပါတယ်။ အမဲလိုက်ခွေးရဲ့ မုဆိုးအချက်ပြ ဟောင်သံတခုလိုပါပဲ။ စာက ရေးယူပိတ်ဆို့ရေးနဲ့ ပါတ်သက်လို့ NLD ရဲ့ ကျေငြာချက်ကို ရှုတ်ချထားတယ်။ တရားခံအဖြစ် ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းကို အပြစ်ပုံချထားတယ်။ ဒါဟာ ဒီခေါင်းဆောင်တွေကို ဖမ်းဖို့ အချက်ပြထားတာဖြစ်တယ်။ ဒါကြောင့် ဒီလိုတိုက်ပွဲကာလမှာ ခေါင်းဆောင်မှုကို ဝေဘန်တယ်ဆိုတာ အလွန်အန္တရာယ်များပါတယ်။ ရန်သူကို အားပေးသလို ဖြစ်သွားတတ်ပါတယ်။ လိုအပ်စွာ ဝေဘန်မှု ပြုကြရင်လည်း သင့်တင့်လျှောက်ပတ်တဲ့ နည်းနာလမ်းကြောင်းအတိုင်းသာ ဖြစ်သင့်ပါတယ်။ စင်ပေါ်တက် ငါးစိမ်းသည်ရန်တွေ့သလို မဖြစ်သင့်ပါဘူး။ ပြီးတော့ ဟိုနိုင်ငံ၊ ဒီနိုင်ငံက အဖြစ်အပျက်တွေကြည့် သမိုင်းစာအုပ်ကလေး တအုပ်နှစ်အုပ်ဖတ်ပြီး ဝေဘန်ချက်ပေး၊ ကောက်ချက်တွေပေး ဆိုတာလည်း မဖြစ်သင့်ပါဘူး။ သမိုင်းတဖြတ်အမြင်နဲ့ ကောက်ချက်တွေချ၊ ဟောကိန်းတွေထုတ်၊ လမ်းညွန်ချက်တွေပေးနေတာဟာ တိုင်းပြည်အနာဂါတ်အတွက် အကျိုးထက် အဆိုးက ပိုများတတ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။ ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com) ၁၅.၂.၂၀၁၁ __._,_.___ Attachment(s) from Kyaw Than 2 of 2 File(s) |
ပြည်သူ့ဘက်က အပြတ်လိုက်မယ်၊ တပ်မတော် ကြားနေပါ
(မိုးမခရဲ့ စာပဒေသာ - ပြန်လည်ဆန်းသစ်ခြင်း ကဏ္ဍမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထောက်တော် လှအောင်တို့ရဲ့ အင်တာဗျူးကို တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။ ပုံကို မိုးမခမှ ယူပါတယ်။)မေး ။ ။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေအောင်ပွဲ ခံမယ်လို့ ယုံကြည်ပါသလား။
ဖြေ ။ ။ မုချအောင်မြင်ရမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေဟာ အမှန်တရားဘက်က ရပ်တည်နေကြတာပဲ။ အမှန်တရားဟာ အောင်မြင်ရမှာပဲပေါ့။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာ ပြည်သူတွေ ရှိနေတယ်လို့ ယုံကြည်သလား။
ဖြေ ။ ။ ပြည်သူတွေနဲ့အတူတူ ကျမရှိနေတာပါ။ ကျောင်းသူကျောင်းသားကလေးတွေနဲ့ အတူ ကျမရှိနေတာပါ။ အခု အရေးအခင်း မပြီးမချင်း ကျောင်းသူကျောင်းသားကလေးတွေနဲ့ အတူတူ ကျမနေမယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်ဖို့ စီစဉ်ထားသလဲ။
ဖြေ ။ ။ ပြည်သူတွေ စည်းကမ်းရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စည်းကမ်းရှိဖို့ ကျမဆက်လက် နှိုးဆော်မယ်။ စည်းကမ်းရှိတယ်ဆိုတာ တကယ်တော့ ဒီမိုကရေစီပါပဲ။
မေး ။ ။ ဒီကနေ့ ပြည်သူ့အုံကြွမှုကြီးမှာ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ စည်းကမ်းရှိတယ်လို့ မြင်ပါသလား။
ဖြေ ။ ။ စည်းကမ်းပိုပိုပြီး ရှိလာပါတယ် ကျမထင်တယ်။ အစက စည်းကမ်းမရှိဘူး။ အခု ပြည်သူလူထုက ပိုပိုပြီးနားလည်လာတယ်။ အနောက်မုခ်မှာကျမ လူထုစည်းဝေးပွဲကြီးလုပ်ပြီးတဲ့အချိန်ကစလို့ “စည်းကမ်းရှိပါ” ဆိုတဲ့ လှုံ့ဆော်မှုကလေးတွေ ထွက်လာတယ်။ အဲဒါ သိပ်ပြီးတော့ ကောင်းပါတယ်။ ဒါလေးတွေနဲ့ လူထုကို သတိပေးနေတဲ့ သဘောပါပဲ။ နောက် ကျမ optimistic ဖြစ်သလားတော့ မသိဘူး။ ဒီအရေးအခင်းတွေကြောင့် နောင် မြန်မာတွေ ပိုပြီး စည်းကမ်းရှိသွားမယ်လို့ မျှော်လင့်တယ်။
မေး ။ ။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ သိကိုဆိုးရွားနေတယ်။ ဒီအခြေအနေကို ထိန်းသိမ်းဖို့ စစ်တပ်က အာဏာသိမ်းဦးမယ်ဆိုရင် တိုင်းပြည် ဘာဖြစ်သွားမယ်ထင်သလဲ။
ဖြေ ။ ။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ တစ်ခါလဲဖြစ်ခဲ့ပြီးပြီ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒကိုပြောနေတာပဲ။ ကျနော်မေးတာက စစ်တပ်က အာဏာသိမ်းရင် တိုင်းပြည်ဘာဖြစ်မယ်ထင်သလဲ။ ပြည်တွင်းစစ်ဖြစ်သွားမယ်ထင်သလား။ သွေးချောင်းစီးသွားမယ်ထင်သလား။
ဖြေ ။ ။ သိမ်းတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပုံမျိုးနဲ့ စစ်တပ်က အာဏာသိမ်းမှာလဲ။ လူထုဆန္ဒကို လိုက်လျောချင်လို့ သိမ်းမှာလား။ ဒါဆိုရင် ပြဿနာမဟုတ်ဘူး။ လူထု ဆန္ဒကို အတိုက်အခံ လုပ်ဖို့ သိမ်းမယ်ဆိုရင်တော့ သိပ်ကို ပြဿနာတက်သွားမယ်ထင်တယ်။ ဆရာကောမထင်ဘူးလား။
မေး ။ ။ ကျနော်က မေးခွန်းထုတ်ဖို့လာတာပါ။
ဖြေ ။ ။ ဒါတော့ဘယ်တရားမလဲ။ ကျမပြန်မေးတာကိုလဲ ဖြေရမှာပေါ့။ လက်ရှိအစိုးရ အာဏာတည်မြဲဖို့ အတွက် လူထုရဲ့ဆန္ဒကိုအတိုက်အခံလုပ်ဖို့အတွက် စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် သွေးချောင်းစီးသွားလိမ့်မယ်။ ကျမ အဲဒါကိုပဲ စိုးရိမ်နေတာပါ။ ပြည်သူလူထုက ခံခဲ့ရပြီးဖြစ်ပေမယ့် ထပ်မကွဲစေချင်ဘူး။
မေး ။ ။ ဗိုလ်ချုပ်ဟောင်း အောင်ကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတင်ဦးတို့ လူထုအစည်အဝေးပွဲမှာပြောသွားတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရပါသလဲ။
ဖြေ ။ ။ ဗိုလ်ချုပ်ဟောင်းတင်ဦးရဲ့ မိန့်ခွန်းကိုတော့ မဖတ်လိုက်ရဘူး။ ဗိုလ်ချုပ်အောင်ကြီး မိန့်ခွန်းကိုတော့ ဖတ်လိုက်ရတယ်။ သူပြောတာနဲ့ ပြည်သူလူထု ခံစားရတာနဲ့ နည်းနည်းကွဲနေတယ်။ အဲဒါကို ပြည်သူလူထုဘက်က မကြိုက်နိုင်စရာအကြောင်းရှိနေတယ်လေ။ ကျမကတော့ တပ်မတော်နဲ့ ပြည်သူလူထု ကြားမှာ စိတ်ဝမ်းမကွဲစေချင်ဘူး။ ကျမပြောချင်တာက ပြည်သူလူထုဘက်က ခွင့်လွှတ်လိုက်ပါ။ ခံရတဲ့ဘက်က ခွင့်လွှတ်ရတာကိုး။ ပြည်သူလူထုက တပ်မတော်အပေါ်ဘယ်တုန်းကမှ မပြစ်မှားခဲ့ပါဘူး။
မေး ။ ။ ဒီကနေ လူထုအုံကြွမှုပြဿနာမှာ တပ်မတော် အနေနဲ့ ဘယ်နေရာမှာ နေသင့်တယ်လို့ ယုံကြည်ပါသလဲ။
ဖြေ ။ ။ တပ်မတော် ကြားနေပါ။ ရှုပ်ထွေးနေတဲ့အခြေအနေမို့ လူထုဘက်လည်းမပါနဲ့။ တိတိကျကျ ကြားနေပါ။ အစိုးရဘက်လည်း မပါနဲ့။ အစိုးရနဲ့လူထု ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြပါလိမ့်မယ်။ ဒီတပ်မတော်ဟာ ဖေဖေစတင်တည်ထောင်ပြီး ပြုစုပျိုးထောင်ခဲ့တာပါ။ ဘယ်တပ်ဖွဲ့ တပါတီ၊ ဘယ်တစုံတယောက်ရဲ့ တပ်မှ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့တပ်ပါ။ ပြည်သူတွေရဲ့တပ်ပါ။ တပ်မတော်ဟာ ပြည်သူ့အတွက်သား ဖြစ်စေရမယ်လို့ ဖေဖေ တဖွဖွပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ တပ်မတော်အနေနဲ့ တိတိကျကျ ကြားနေပါလို့ ကျမအတိအလင်း ပြောချင်ပါတယ်။
မေး ။ ။ ကိုယ်တိုင်ခေါင်းဆောင်ပြီး ပါတီဖွဲ့မလား။
ဖြေ ။ ။ မဖွဲ့ဘူး။
မေး ။ ။ သူများဖွဲ့ထားတဲ့ ပါတီကိုရောဝင်မလား။
ဖြေ ။ ။ မဝင်ဘူး။
မေး ။ ။ ဒီမိုကရေစီခေတ်ဝန်ကြီးချုပ်ဟောင်းဦးနုတို့ဖွဲ့တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) ကိုရောဝင်မလား။
ဖြေ ။ ။ လုပ်နေတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျမကိုဝင်ဖို့ မကမ်းလှမ်းပါဘူး။ ကျမကလည်း ဝင်ဖို့ စိတ်မကူးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါတီဆန်သွားမှာစိုးလို့ပါ။ ပါတီတခုကိုဝင်ပြီး နိုင်ငံရေးလုပ်တာမျိုးကို ကျမ မယုံကြည်ဘူး။ ကျမက စာပေနဲ့ ပဲမွေ့လျော်နေချင်တယ်။ စာပေသမားတွေ၊ အနုပညာရှင်တွေနဲ့ပဲ ပေါင်းသင်းနေချင်တယ်။
မေး ။ ။ သူတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားသလဲ။
ဖြေ ။ ။ ဒီမိုကရေစီတိုက်ပွဲ ပိုအောင်မြင်မယ်ဆိုရင် ကျမထောက်ခံရမှာပေါ့။
မေး ။ ။ သူတို့ကြောင့် ပိုအောင်မြင်မယ်ထင်သလား။
ဖြေ ။ ။ အဲဒါတော့ ကျမ မပြောနိုင်သေးဘူး။ သူတို့ဖွဲ့တာ တရက်ပဲ ရှိသေးတာကိုး။ ပန်းတိုင် တခုပဲရှိတယ်။ အဲဒီပန်းတိုင်ဟာ ဒီမိုကရေစီရရှိရေး ပန်းတိုင်ဖြစ်တယ်။ သူတို့ ဘာလုပ်နေတယ်ဆိုတာ ကျမသေသေချာချာ မသိရသေးဘူး။ ဒါကြောင့် ပြောရတာ နည်းနည်းတော့ခက်ပါတယ်။
မေး ။ ။ ပြည်သူတွေ ဆင်နွှဲနေတဲ့ ဒီမိုကရေစီရေးတိုက်ပွဲ အောင်မြင်ပြီးသည်အထိ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ နေမှာလား။
ဖြေ ။ ။ နေမှာပေါ့။
မေး ။ ။ နောင်လဲနေမှာလား။
ဖြေ ။ ။ လုပ်နိုင်တဲ့အထိနေမှာပေါ့။ ကလေးတွေ ပညာရေးပြီးသည်အထိတော့ ဟိုမှာနေပေးဖို့ လိုပါတယ်။ ကျမ အသုံးကျနေတယ်ဆိုရင်တော့ မြန်မာပြည်မှာနေမယ်။
မေး ။ ။ တသက်လုံး အသုံးကျနေမယ်ဆိုရင်ကေ။
ဖြေ ။ ။ တသက်လုံးနေမှာပေါ့ဆရာရယ် ဒါပေမယ့် တခြားအသုံးကျတဲ့လူတွေရှိပါတယ်။ ကျမတယောက်တည်းမဟုတ်ပါဘူး။ ဒီတယောက်တည်း ရှိမှဖြစ်မယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်စေချင်ဘူး။ မနေဘူးလို့ ကျမပြောတာက မြန်မာပြည်မှာ မနေဘူး လို့ပြောတာမဟုတ်ဘူးနော်။ နိုင်ငံရေး လောမှာ မနေဘူးလို့ ပြောတာ။
မေး ။ ။ နိုင်ငံရေးဆက်လုပ်ဖို့ နည်းနည်းမှ ရည်ရွယ်ချက်မရှိဘူးလား။
ဖြေ ။ ။ မလုပ်ပဲ နေလို့ရရင် မလုပ်ချင်ဘူး။ ဒီနိုင်ငံရေးလောကထဲမှာ သိပ်မနေချင်ဘူး။ ဆရာလည်းသိပါတယ်။
မေး ။ ။ မလုပ်ရင်မဖြစ်တော့ဘူး ဆိုရင်ကော။
ဖြေ ။ ။ တိုင်းပြည်အတွက် မလုပ်ဖြစ်ဘူးဆိုရင်လုပ်မယ်။ လုပ်ရင် တသက်လုံးလုပ်မယ်။ မိန့်ခွန်းပြောတာမျိုးတော့ သိပ်ဝါသနာမပါဘူး။
မေး ။ ။ ဒီမိုကရေစီရေးတိုက်ပွဲမှာ ပြည်သူတွေ ဒီထက်ပိုပြီး အုံကြွလာအောင် လှုံ့ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိသလား။ ဥပမာ ရုံးတွေ အလုပ်ရုံတွေ စက်ရုံတွေရှေ့မှာ၊ ရပ်ထဲ ရွာထဲမှာ မိုက်ကရိုဖုန်းကိုင်ပြီး လှုံ့ဆော်တာမျိုး။
ဖြေ ။ ။ ရည်ရွယ်ချက် မရှိပါဘူး။ အားလုံးပြည့်ဝသွားပြီလို့ ကျမထင်ပါတယ်။ ပြည်သူဘက်က အားကြီးနေပါပြီ။ ဒီအားကို စနစ်တကျ သုံးဖို့ပဲ လိုပါတော့တယ်။ ကျမကအဲဒါကိုပိုပြီး အရေးထားပါတယ်။ အားကတော့ကြီးပါရဲ့ အဲဒီအားကို မထိန်းနိုင်ရင် ပေါက်ကွဲသွားရင် ပြည်သူကိုပြန်ထိမယ်။ ပြီးတော့ ဆရာရယ် ဘလောက်ကြာကြာရုန်းကန်ရဦးမယ်ဆိုတာလဲ မသိနိုင်သေးဘူး။ အားမွေးထားပြီ စနစ်တကျ လုပ်သွားသင့်တယ်လို့ ကျမထင်ပါတယ်။ ပြည်သူတွေခြေကုန်လက်ပန်းကျသွားမှာ ကျမ စိုးရိမ်တယ်။ အခုတောင် ကျမတို့အတော် ပင်ပန်းနေကြပါပြီ။
မေး ။ ။ ကိုယ့်ကိုယ်ကို ညှာနေတာလား။
ဖြေ ။ ။ မညှာပါဘူး။ အားမွေးနေတာပါ။ နည်းနည်းကလေး ခြေလှမ်းမှားသွားတာနဲ့ရန်မယ်ရှာပြီး ပြည်သူကို ရန်လုပ်လာလိမ့်မယ်။ အဲဒါမျိုးကို ကျမစိုးရိမ်နေတာပါ။ ပြည်သူ့ဆန္ဒမြန်မြန်ပြည့်ဝမှ တိုင်းပြည်သက်သာမယ်။ ကြာလေ တိုင်းပြည်နာလေပဲ။ ဒါကြောင့် အားမွေးနေတာပါ။
မေး ။ ။ အားမွေးနေတာဟာ အချိန်ဆွဲနေတာနဲ့ မတူဘူးလား။ အချိန်ဆွဲနေရင်သွေးအေးမသွာနိုင်ဘူးလား။
ဖြေ ။ ။ သွေးမအေးပါဘူး။ သွေးပူတုန်းလုပ်တာ စစ်မှန်တဲ့ တကယ့်သတ္တိ မဟုတ်ဘူး။ သွေးအေးအေးနဲ့လုပ်မှ တကယ့်သတ္တိပါ။
မေး ။ ။ အုံကြွနေတဲ့ ပြည်သူတွေမှာ ဘယ်လို အရည်အချင်းရှိသင့်တယ်ထင်သလဲ။
ဖြေ ။ ။ ကျမရဲ့ သဘောကတော့ ပြည်သူလူထုဟာ လိုအပ်လိုဝုန်းခနဲ့ ထလုပ်စရာရှိရင် အသင့်အနေအထားမှာ ရှိရမယ်။ ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်လည်း ရပ်လို့ရတဲ့ control power ရှိဖို့လိုပါတယ်။ ရှိလည်း ရှိစေချင်ပါတယ်။
မေး ။ ။ ၂၆ နှစ်ကျော်ကာလအတွင်း ဝန်ထမ်းတွေ အတော် အကျင့်ပျက်သွားတာသတိထားမိသလား။
ဖြေ ။ ။ ဘယ်လိုဟာမျိုးလဲ။
မေး ။ ။ လာဘ်ပေးလာဘ်ယူ ကိစ္စ၊ ရုံးတွေမှာ လာဘ်ထိုးနိုင်မှ ကိစ္စဝိစ္စပြီးတဲ့ကိစ္စ။
ဖြေ ။ ။ သိပါတယ်။ ကျမက အခုလူထု တောင်းဆိုမှုတွေထဲ ဝင်လာကတည်းက စည်းကမ်းရှိရမယ်၊ ညီညွှတ်ရမယ်လို့ ကြွေးကြော်ခဲ့တယ်။ ဒီနှစ်ခု မရှိရင် ဘာမှ လုပ်လို့မရဘူး။ ရှေ့မဆက်နိုင်ဘူး။ စည်းကမ်းရှိရှိ ညီညီညွှတ်ညွှတ်နဲ့ လူတွေရဲ့ စိတ်ကို ပြောင်းပစ်ရမယ်။ လာဘ်ပေးလာဘ်ယူကို ကျမသိပ်မှန်းတယ်။ ဒီတိုင်းပြည်မှာ လက်ဖက်ရည်ဖိုးမပေးရင် ဘာအလုပ်မှ မဖြစ်တော့ဘူး။ ကျမကတော့ တောင့်ခံတယ်။ ၁ နှစ်မှ တခါလာတဲ့ လူဆိုတော့ လက်ဖက်ရည်ဖိုး မပေးဘူး။ အလုပ်တော့ ဖြစ်ပါတယ်။
မေး ။ ။ ဒါတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကိုးဗျ။
မေး ။ ။ ကျနော်တို့ချင်း မတွေ့ပဲ ၃ ရက်အတွင်း ဘာတွေထူးခြားပါသလဲ။
ဖြေ ။ ။ အစကတော့ ပြည်သူလူထုနဲ့ အစိုးရကြားမှာ negotiator လုပ်ဖို့ ကျမကြိုးစားခဲ့ပါတယ်။ အခုတော့မရတော့ဘူး။ ပြည်သူလူထုဘက်က အပြတ်ရပ်လိုက်ပြီ။ ပြည်သူလူထုဘက်ကို အပြတ်လိုက်တောမယ်။
မေး ။ ။ ပါတီထောင်မှာလား။
ဖြေ ။ ။ မထောင်ပါဘူး။ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တာပါ။
မေး ။ ။ ကိုအောင်ဆန်းဦးအခု ဘယ်မှာလဲ။
ဖြေ ။ ။ အမေရိကန် ပြည်ထောင်စုမှာပါ။
မေး။ ။ သူပြန်လာဖို့ အစီအစဉ် ရှိသလား။
ဖြေ ။ ။ မရှိပါဘူး။
မေး ။ ။ ဟိုတလောတုန်းက သူ့အသံသွင်း တိတ်ခွေထွက်တယ်ဆိုတာတို့ ဗန်ကောက်က တဆင့် အသံလွှင့်တယ် ဆိုတာတို့ မြန်မာပြည်သူလူထုကို ပန်ကြားစာ သူက ထုတ်တယ်ဆိုတာတွေကော။
ဖြေ ။ ။ တခုမှ မဟုတ်ပါဘူး။ ဘယ်သူတွေ လျှောက်လုပ်တယ်ဆိုတာ မသိပါဘူး။ ကိုကိုဦးသာ ပြန်လာမယ်ဆိုရင် ပြည်သူတွေ ပိုအားတက်မယ်ထင်ပြီး လျှောက်လုပ်နေကြသလားတော့ မသိဘူး။ မဟုတ်မမှန် လုပ်ကြံတာမျိုးဖြစ်နေလို့ ကျမ သဘောမတူဘူး။ ဗန်ကောက်ကလွှင့်တယ်ဆိုတဲ့ အသံဆရာကြားလိုက်မှာပေါ့။ အဲဒါ ကိုကိုဦးရဲ့အသံ လုံးဝမဟုတ်ဘူး။ နိုင်ငံခြားကအကူအညီတွေယူပြီး ပြန်လာမယ်ဆိုတာမျိုး လုပ်ကြံတာ ကျမလုံးဝ လက်မခံနိုင်ဘူး။ မြန်မာနိုင်ငံက မြန်မာတွေရဲ့ အရေးကို မြန်မာတွေပဲ လုပ်ရမှာပေါ့။
မေး ။ ။ နိုင်ငံခြားရောက်တဲ့ မြန်မတွေ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်ကြဘူး။ ပြန်ခွင့်မရကြဘူး။ ဒီအပေါ်ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကိုယ့်တိုင်းပြည်အပေါ်မှာ အမှန်တယ် သံယောဇဉ်ရှိတယ်။ ချစ်တယ်ဆိုရင် ပြန်လာကြပါစေ။ ဒါပေမယ့် မှန်တာပြောရရင် တချို့စီးပွားရေးကို ရှေ့တန်းတင်ပြီး ထွက်သွားသူတွေကတော့ တမျိုးပေါ့။ တချို့ကတော့ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကို ပြန်မလာနိုင်ကြဘူး။ ပြန်မလာနိုင်သူုတိုင်းကို တိုင်းပြည်မချစ်ဘူးလို့တော့ မပြောနိုင်ဘူး။
မေး ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးက ပြုတ်ကျကျန်နေခဲ့ပြီလို့ နိုင်ငံခြားစာစောင်တခုမှာ ရေးတာ ဖတ်လိုက်ရဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ သူများခြေလှမ်းတလှမ်းလှမ်းရင် ကျနော်တို့က ၄၊ ၅၊ ၆ လှမ်းလှမ်းမှ တန်ကာကျမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုအအခြေအနေက ခြေလှမ်း ၃၊ ၄၊ ၅ ရာလှမ်းမှ ဖြစ်နိုင်ပါတော့မယ်။ ဒါကြောင့် နိုင်ငံခြားမှာ ရှိတဲ့ မြန်မာတွေရဲ့ အတတ်ပညာတွေ အတွေ့အကြုံတွေကို အသုံးချရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားပါသလဲ။
ဖြေ ။ ။ အသုံးချနိုင်ရင် ကောင်းတာပေါ့။ တိုင်းပြည်အပေါ်စေတနာ ထားတဲ့ လူဆိုရင် ဆွဲခေါ်နေစရာမလိုဘူး။ သူတို့ဘာသာ ပြန်လာပြီး လုပ်ကြပါလိမ့်မယ်။ တခုတော့ရှိပါတယ်။ ၂၆ နှစ်လုံးလုံးနိုင်ငံခြားမှာ နေပြီး အခုမှနေရာ လာယူကြတယ်လို့ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေထဲက ပြောချင်သူ တချို့တလေရှိကောင်းရှိပါလိမ့်မယ်။ အဲဒီလို ဝေဖန်လာရင် သူတို့အနေနဲ့ သဘောပေါက် နားလည်ဖို့ လိုပါလိမ့်မယ်။ ကျမကတော့ စေတနာရှိရင် ဘယ်သူမဆို ပြန်လာစေချင်ပါတယ်။ အဲဒါကို အမြင်မမရှင်းရင် ပြဿနာ ပေါ်လာနိုင်ပါတယ်။
မေး ။ ။ လက်ရှိ အစိုးရဖယ်ပေးပြီး ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ပေးဖို့ လူထုအုံကြွမှုကြီးက တောင်းဆိုနေပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ဖယ်မပေးဘူးလို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ ဖယ်မပေးရင် ဖယ်ပေးအောင် ပြည်သူလူထုက လုပ်ရမှာပေါ့။ ပြည်သူလူထုမှာအင်အားရှိနေပြီပဲ။
မေး ။ ။ ကျောင်းသူကျောင်းသားတွေအပေါ် ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ သိပ်ရိုးသားတယ်။ သိပ်တော်တယ်။ ဒီမိုကရေစီကို အရမ်းမြတ်နိုးတယ်။ အပြတ်သားဆုံး၊ အတက်ကြွဆုံးတိုက်ပွဲဝင်နေတယ်။
မေး ။ ။ ပြည်သူလူထုကို ဘာပြောချင်သေးလဲ။
ဖြေ ။ ။ စည်းကမ်းရှိပါ။ ညီညွှတ်ပါ။ ဒီမိုကရေစီဦးတည်ချက် မပျောက်ပါစေနဲ့လို့ အလေးနက်ပြောချင်ပါတယ်။
Subscribe to:
Posts (Atom)


