Wednesday, June 10, 2009

News from Ye Yit Canada

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားသူကို တက္ကသိုလ်မှာ ဆုငွေထုတ်
2009-06-10
ရန်ကုန် ရွှေပြည်သာမှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပို့စကဒ် ဝေတဲ့သူကို ဖော်ထုတ် သတင်းပေးရင် ဆုငွေ ၅ သောင်းပေးမယ်လို့ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နီလာသိန်းက ဇွန်လ ၉ရက် မနေ့က ဆုငွေထုတ်တဲ့ အကြောင်း ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူ တချို့က RFA ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ကွန်ပျူတာတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဓာတ်ပုံပါ ပို့စကဒ်တွေနဲ့ စာတွေ ဖြန့်ဝေခဲ့ပြီးနောက် အခုလို ဆုငွေထုတ်လိုက်တာလို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတဦးက အခုလို ပြောပြပါတယ်။
ကျောင်းသား။ ။ 'ဟုတ်တယ်၊ ဆုငွေထုတ်လိုက်တယ်၊ ပါချုပ်ကိုယ်တိုင် ထုတ်လိုက်တာ။ စာရွက်စာတမ်းတွေ ကျောင်းမှာ ဝေတယ် ပြောတယ်လေ။ အဲဒါနဲ့ သူတို့ကတော့ ဒီ ပါမောက္ခကိုယ်တိုင်ကတော့ ဒီ စာရွက်စာတမ်း ဝေတဲ့သူတွေကိုပေါ့၊ သတင်းပေးနိုင်မယ်ဆိုရင် ဆုငွေ ငါးသောင်း ပေးမယ်ပေါ့။ အဲဒါကို ကျောင်းသားထု ကြားထဲမှာ အဲလိုမျိုး ပြောထားတယ် အစ်ကို။ ကျောင်းသားတွေကတော့ ဘာပြောမလဲ ကျောင်းသားတွေကတော့ ရယ်ကြတာပေါ့။ အပြင်မှာတောင်မှ ဒီ တိုက်တလုံး၊ ကားတစီးရတယ်ပေါ့။ ငါးသောင်း နည်းတယ်ပေါ့။ ဟာသကြီး ဖြစ်နေတာ၊ မကြုံဖူးဘူးလေ။ သိတယ်မဟုတ်လား။ လူဆိုးလူမိုက်တွေလည်း မဟုတ်ဖူး။ တခါမှလည်း မကြုံဖူးဘူး။ တကဲ့ အပြောင်အပြက်ကြီးလို ဖြစ်နေတယ်။'
အခုလို ဆုငွေထုတ်တယ်ဆိုတဲ့ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူယုံလို့ သတင်းထွက်နေတဲ့ ဝန်ကြီး ဦးအောင်သောင်းနဲ့ နီးစပ်ပတ်သက်သူလို့ ကျောင်းသားကျောင်းသူတွေက ပြောဆိုပါတယ်။
အခုလို စာဝေသူကို ဖမ်းနိုင်ဖို့ သတင်းပေးတဲ့သူကို ဖမ်းမိဖို့ ကျပ်ငွေ ၅ သောင်း ဆုကြေးထုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နီလာသိန်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရတဲ့အတွက် အခု အချိန်အထိတော့ အတည်ပြု မေးမြန်းနိုင်ခြင်း မရှိပါဘူး။
all in attachments



--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။

No comments: