Wednesday, July 29, 2009

E news

အခုကျွန်တော်တို့ ဆီမှာ gmail တွေ gtalk တွေမရတာ၁ပတ်ကျော်လောက်ဖြစ်နေပါပြီ။ တစ်ချို့ကလည်း ဘန်းလိုက်တယ်ပြောကြတယ်။ တစ်ချို့ကြတော့ bluecoat စမ်းတယ်လည်းပြောတယ်။ bluecoat ကို စတပ်ကတည်းက ၀ယ်ထားတာမဟုတ်ဘဲ ငှားစမ်းပြီး အခုအဆင်မပြေလို့ပြန်ဖြုတ်နေတာလို့လည်းပြောကြတယ် ။ စုံနေတာပါပဲ။ အဲဒီအချိန်မှာ bagan user တွေက ဆော်ဒီ proxy နဲ့သုံးလို့ရနေပေမယ့် MPT သမားတွေအတွက်ကတော့ freedom, freegate, ultrasurf တွေနဲ့ကျော်သုံးရပါတယ်။ တစ်ချို့လည်း im sites တွေကနေသုံးကြပါတယ်။
အဲ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ဆီကနေသတင်းတစ်ခုကြားမိပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်းသေချာမသိဘူးနော်။ နိုင်ငံရေးမကင်းတဲ့ နာမည်ကြီး blogger တွေနဲ့ သူတို့ လိုချင်နေတဲ့သူတို့ လိုက်နေတဲ့ သင်္ကာမကင်းဖြစ်နေတဲ့သူတွေရဲ့ gmail password သိချင်လို့ ခဏပိတ်ထားပြီး သူတို့ဘက်ကနေ im sites အသစ်တွေကို ဖြန့်နေတယ်လို့ပြောပါတယ်။ အဲဒီ im sites တွေကနေတဆင့် လိုချင်တဲ့ password တွေကိုယူပြီး သူတို့လိုချင်တဲ့ အချက်အလက်တွေကို ခြေရာခံလိုက်ဖို့စီစဉ်နေတယ်လို့ပြောပါတယ်။ အဲဒါကြောင့် im sites တွေကို အထူးသတိထားသုံးဖို့ နဲ့ စိတ်ချရတဲ့ im sites တွေကိုပဲသုံးဖို့ တိုက်တွန်းလိုပါတယ်။
ကောလဟာလဖြစ်လို့ သေချာ/မသေချာမပြောတတ်ပေမယ့် အန္တရာယ်ကိုတော့ သတိထားကြစေချင်ပါတယ်။ဆော်ဒီproxyက212.93.193.83/73/72port443တဲ့ဗျာ

No comments: