Thursday, July 30, 2009

လေးစားအပ်တဲ့ Global Action for Burma တွင် ပူးပေါင်းပါဝင်ထားသော အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များခင်ဗျား

---------- Forwarded message ----------
From: shwesin htun
Date: Jul 30, 2009 5:43 PM
Subject: လေးစားအပ်တဲ့ Global Action for Burma တွင် ပူးပေါင်းပါဝင်ထားသော အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များခင်ဗျား
To:

လေးစားအပ်တဲ့ Global Action for Burma တွင် ပူးပေါင်းပါဝင်ထားသော အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များခင်ဗျား

နေ့စွဲ ၀၇-၃၀-၂၀၀၉

ကျနော်တို့အနေဖြင့် အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ကြေငြာချက်ကို ၀၇-၃၀-၂၀၀၉ ကြာသာပတေးနေ့မှာ စတင်ကြေငြာလိုက်ပြီဖြစ်တယ်။ သတင်းဖေါ်ပြချက်များကို ကျနော်တို့ ဆက်ပြီးပေးပို့သွားမယ် ဖြစ်ပါတယ်။

ဒီနေရာမှာ နအဖ အင်တာနက် သတင်းမီဒီရာများကနေတဆင့် ကျနော်တို့ရဲ့ လုပ်ရပ်များကို ချက်ခြင်း တန်ပြန်ကောင်တာလိုက်လာခဲ့ပါတယ်။ သို့ဖြင့်ပါ၍ ကျနော်တို့ အင်းအားစုများ အနေဖြင့် ရှေ့မှာ နအဖ၏ မီဒီရာများ သတ်လျှိုသွေးခွဲလုပ်ဆောင်မှုများ


ကြုံလာနိုင်ဖွယ်ရှိနေနိုင်တယ်လို့ ယူဆထားတဲ့ အတွက်ကြောင့် ကျနော်တို့ အချင်းချင်းအကြားမှာ ပွင်းလင်းရင်းနှီးမှုများနှင့် လက်တွဲလုပ်ဆောင်သွားနိုင်ဘို့ လေးနက်တဲ့ ဆန္ဒများကိုလည်း လေးစားစွာဖေါ်ပြအပ်ပါတယ်။

ကျနော်တို့အားလုံးရဲ့ အရှေ့မှာ ဆက်လက်လုပ်ဆောင်ရမဲ့ လုပ်ငန်းများ အသင့်စောင့် နေမယ်ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ လုပ်ငန်းစဉ် ၁၊၂၊၃၊ နဲ့ ၄ ကို တချိန်တည်း တပြိုင်တည်း အကောင်အထည်ဖေါ်နိုင်ဘို့ အရေးတကြီးလိုအပ်တဲ


အခြေအနေတွေလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ကျနော်တို့ အနေနဲ့ ကျနော်တို့၏ အဖွဲ့ဝင်များ ခေါင်းဆောင်များအာလုံးထံမှ အကြံအဥာဏ်အား၊ လူအား၊ အပါအဝင် နောက်ဆုံး ရှေ့တန်းတိုက်ပွဲဝင်ကျောင်းသားအဖွဲ့အစည်းများအတွက်


ငွေအားများလည်း လိုအပ်လာမဲ့ အခြေအနေများ ရှိနေပါတယ်။




ကျနော်အနေနဲ့ အခု လတ်တလော နအဖ ၏ အင်တာနက်မီဒီရာများမှ တန်ပြန်ကောင်တာ (လင့်) များကိုလည်း ပေးပို့လိုက်ပါတယ်။




http://www.youtube.com/watch?v=qQpv7K6JiEE

http://www.kyaymon.eu.mn/

http://www.mirror.it.mn/

http://www.mirror.dom.ir/

လေးစားစွာဖြင့်

ရွှေစင်ထွန်း

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

No comments: