Saturday, February 6, 2010

2010 ခုနှစ်ရဲ့ ချစ်သူများနေ လူငယ်တို့အတွက် အမှတ်တရ




စစ်ကိုကျော်လွန် အချစ်နဲ.ပျော်ရွင်ရအောင် အချစ်စစ်ကို ဖန်တီးခဲ့တာက ဘုန်းတော်ကြီး ဗာလင်တိုင်းစ်
ချစ်လှချည်ရဲ့လို့ ပါးစပ်က တဖွဖွဟနေတဲ့ ချစ်သူတွေအတွက်………
အချစ်ကို မုန်းခဲ့တဲ့ ရောမဘုရင်လို ရက်စက်တဲ့ အာဏာရှင်တွေအတွက်……
အချစ်နှင့် ပတ်သက်ပြီး မဆုံးဖြတ်ရသေးတဲ့ ဒဿနိကအချစ်ပညာရှင်တွေ အတွက်….
နှင်းဆီရဲ့ အလှတွေကို ထင်းစည်းတွေကြားမှာ မီးပြာချခဲ့သူတွေ အတွက်……..
ဘုန်းကြီးနဲ့ ချောကလက်တွဲဖက်ခဲ့တဲ့ သမိုင်း မသိသူတွေ အတွက်……
မျိုးဆက်သစ်တို့ရေ
ဘုန်းဘုန်းစံ မင်းတို့တတွေ သိစေချင်တာက ချစ်တတ်ဖို့ပါ
ရက်စက်တဲ့ နှလုံးသားမျိုးတွေဟာ လူအညွန့်တုံးစေတယ်၊
ဘုန်းဘုန်းတို့ချစ်တဲ့ အချစ်မျိုးတွေကို ကမ္ဘာတခုလုံးက ဗာလင်တိုင်စ်ပါတဲ့၊
ဒါပေမဲ့ အာဏာမက်တဲ့ စစ်ဘီလူးတွေက ဒို့ကိုတော့ အချစ်ရှုးလို့ ဆိုကြပေမယ်၊
ဒါပေမဲ့ကွယ် ရက်စက်သူတွေ ဖြစ်စေအုန်း ဘုန်းဘုန်းနှလုံးက စစ်သားတွေကို မမုန်းနိုင်ဘူး၊
ဘယ်လိုပင် ထောင်ထဲထည့်စေအုန်း ဒို့တတွေနှလုံးသားက ငြင်းပွားစရာမရှိ၊
ကိုယ်ရဲ့သွေးသား ပြည်သူ့စစ်သား ဦးနှောက် တဒေါင့်မှာ ဘုန်းဘုန်တို့ မေတ္တာတရားကို နားလည်မှာပါ၊
ချစ်တတ်သူတို့ရေ
အာဃတကြီးမုန်းမာန်ထားရတာ ကိုရောသူပါ မောလှပါတယ်
တောကလိုပဲ မာန်မာနတွေခ၀ါချ မျှတတဲ့ မဇ္ဈိမလမ်းစဉ်ကို စကြရအောင်၊
ဟန်ဆောင်တတ်သူတို့ရေ
ဟန်ဆောင်ချစ်လဲ မကောင်း၊ သံရောင်ဟစ် အမှန်ခြစ်မိတဲ့ ဟန်ဆောင်တဲ့ အရင်းအမြစ်က
ပါတီတွေထောင် အချစ်တွေကိုလဲ ပေါင်၊ပြည်သူကို တန်ဘိုးမထားတတ်တဲ့ စစ်ဝါဒီကောင်တွေမှာ
ဟန်ဆောင်သူအချင်းချင်း ချစ်ပါတယ်ကြိုက်ပါတယ် အတင်းအဖျင်းစကားတွေဖွလဲ၊
ပြည်သူတွေရဲ့ အချစ်စစ်ကို ဒင်းတို့ရမှာ မဟုတ်ပါဘူး၊၊
ဘုန်းတော်ကြီး ဗားလင်တိုင်းစ်ကိုလဲ ကြည်ညိုသဗျ၊
ကျုပ်တို့ရွာက စောဝေသတ္တိကိုလဲ အလေးထားတယ်၊
ကျုပ်ရေးချလို့ အီးမေးရခဲ့ရင်လဲ
ကျုပ်ကိုနားလည်ပေးနိုင်သူက ဘိုမလဲမဟုတ် ညိုမြလဲ မဟုတ်ပါ
တကယ်တော့ အချစ်ကိုဆန့်ကျင်သူဟာ သူတော်စင် မဟုတ်ပါလားလို့……….


ချစ်ခြင်းများစွာခြင့် ၂၀၁၀မှာ အချစ်တွေအားလုံး ရှင်သန်နိုင်ကြပါစေ

ဘုန်းဘုန်းစံ
အမေရိက


No comments: