Tuesday, July 20, 2010

0ufwkwfauG;avm´

မော်စံပြကျေးရွာပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်းသောရောဂါဖြစ်ပွားနေ

တောင်ကုတ်၊ ဇူလိုင် ၁၄- တောင်ကုတ် မြို့၏မြောက်ဘက် သုံးမိုင်အကွာ ရန် ကုန်-ကျောက်ဖြူကားလမ်းပေါ်ရှိ မော် စံပြကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ များနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာအုပ်စု များတွင် အိမ်မွေးဝက်နှင့် တိရစ္ဆာန်အချို့ ၌ ထူးဆန်းသောရောဂါတစ်ခု ဖြစ်ပွား နေကြောင်း သိရသည်။
    ရောဂါဖြစ်ပွားသော ၀က်များ တွင် ကိုယ်အပူရှိန်မြင့်မားပြီး သွားလာ လှုပ်ရှားခြင်း လုံးဝမလုပ်နိုင်သည့်အပြင် မတ်မတ်ရပ်၍ပင်မရကြောင်း တွေ့ရ သည်ဟုဆိုသည်။
    ''ဇူလိုင် ၈ရက်နေ့က ကျွန်တော့် အိမ်က၀က်တွေထဲက တစ်ကောင်သေ သွားတယ်။ ဒီရွာ တစ်ရွာတည်းမှာပဲ ၀က်အကောင်၂၀လောက် သေသွားခဲ့ ပြီ''ဟု ရွှေမော်ရွာမှ ထမင်းဆိုင်ပိုင်ရှင် ကိုခင်လှက ပြောသည်။
    ''၀က်တွေရောဂါဖြစ်တာ ဘာ ရောဂါလဲတော့ ကျွန်တော်တို့မသိပါဘူး။ ဒီနှစ်ထဲမှာ လူတွေ လူတိုင်းနီးပါးပဲ ဂျပန်တုပ် ကွေး ချီကင်ကာညာဖြစ်ကြတယ်။ ၀က် တွေကို ဆက်ကူးသွားတယ်ထင်တာပဲ။ ၀က် တွေရဲ့ ရောဂါလက္ခဏာကလဲ လူတွေရဲ့ ချီကင်ကာညာလက္ခဏာနဲ့ တူတယ်လေ။ ၀က်အတော်များများပဲ သေကုန်ပါပြီ။ တချို့ လူတွေက ၀က်နေမကောင်းဘူးထင်တာနဲ့ အသားပေါ်ပြီး ရောင်းဖို့ကြံစည်ကြတယ်။ ကျွန်တော်တို့က ခွင့်မပြုပါဘူး။ ချက်ချင်းပဲ မြှုပ်နှံခိုင်းပါတယ်''ဟု လမူးမော်စံပြကျေး ရွာမှ ရယက ဥက္ကဋ္ဌဦးမြင့်ဌေးကပြောသည်။
    မော်စံပြကျေးရွာအနီးပတ်ဝန်း ကျင်ရှိ ဘူးရွှေမော်၊ လိပ်ကုန်းဘောင်၊ ပု  တုန်းကိုင်း၊ ရကာကြီး၊ သူငယ်၊ ပဒါ စသည့် ရွာများရှိ ၀က်များတွင်လည်း ယင်းထူးဆန်း သည့် ရောဂါတစ်မျိုးဖြစ်ပွားလျက်ရှိသည်။
     တောင်ကုတ်မြို့နယ်အတွင်း မအီမြို့မှကျေးရွာများအပါအ၀င် ဒေသတွင်း ရွာများတွင် ယခင်ရှိပြီး မွေးမြူရေးဝက်များ အပြင် မကွေးတိုင်းအတွင်းမှ မော်တော် ဆိုင်ကယ်များနှင့် လာရောက်ရောင်းချသော ၀က်သားပေါက်များကိုလည်း စီးပွားဖြစ်မွေး မြူကြကြောင်း၊ ၀က်ငယ်တစ်ကောင်လျှင် ကျပ် သုံးသောင်းဝန်းကျင်ဈေးရှိသည်။
    သက်ဆိုင်ရာမှ ကွင်းဆင်းကုသ ပေးခြင်း၊ ရှင်းလင်းခြင်းနှင့် အခြားလုပ်ငန်း အတွက် +    မတည်ငွေထုတ်ပေးခြင်းတို့ ပြုလုပ် ပေးလျှင် ကောင်းမည်ဟု မော်စံပြကျေးရွာ စာကြည့်တိုက်ကော်မတီဝင် လူငယ်တစ်ဦး က ပြောသည်။
    ''နယ်ရွာတွေနဲ့ မြို့ပေါ်က ၀က် တွေကို ၀ယ်ပြီးတော့ မြို့ပေါ်မှာ ခဏစု ထားတတ်တယ်။ မကြာမကြာတော့ ဘင်္ဂ လားနဒီဦးစက်ရုံနေရာမှာ ထားတာတွေ့ဖူး တယ်။ ရာသီဥတုပူတဲ့နေ့တွေဆိုရင် ကား ပေါ်တင်ပြီးတဲ့ ၀က်တွေကို မြို့စွန်က အများ သုံးရေကန်ဖြစ်တဲ့ ရဲနန္ဒာကန်မှာ ၀က်ရေ တိုက်ရေချိုးလုပ်တယ်။ ညဘက်တွေပေါ့။ ခုလို ၀က်တွေ နေမကောင်းဖြစ်နေတာ ရန် ကုန်ကိုလဲ ပို့ခွင့်မပြုသင့်ဘူး''ဟု ရဲနန္ဒာကန် အနီးတွင် နေထိုင်သူ မထသလိုင်းခွဲမှ ဦး ချစ်မြတ်က ပြောသည်။

The Yangon time &efukefwkd if;rSul;,laz:jyonf?

No comments: