Wednesday, July 28, 2010

jrefrmhxHk;wrf;tpOftvmt&/bk&ifudkowfedKifolubk&ifjzpfedKifonf?


 

rowfedKifygu/rdrdtoufudkay;qyf&wwfonf?


 

atmifedKifolrsm;uordkifudka&;xdk;umol&Jaumif;tmZmenftjzpfarmfuGef;xdk;cJh-uonf?


 

,QKvuf&SdtcsdefYacG;om;oef;a&$ ujynfol htm%mudktwif;a&mt"rRygppfwyfudktoHk;cs_yD;

rawmfrw&m;jyKusifhaeay_yD?rnfolurSvdkvm;jcif;r&SdbJ,QKESifhaemifwcsdefwGif‚if;wdk hrSedKifiHawmff

tm; rawmfrw&m;jyKusifhedKif&eftpdpOf}uD;pGmvkyfaqmifae}uayjyD?

jrefrmhtmZmenfrsm;onf


 

rdwfaqG 0/o/vol,kwf acG;om;oef;a&$ ESiftaygif;tygwdk htm;awG h&mocFsKdef;"g;rqdkif;bJokwfoifa&;onf/

igwdk h.arG;&mygordkif;ay;wm0efjzpfayonf?igwdk haoewfajymif;udkjynfol h&efolppftkyfpkzufudkvSnfh_yD;igwdk h

wm0efausyGsef-uygpdk h?

နေပြည်တော်က အာဏာသိမ်းတော့မဲ့ သတင်းထွက်နေပြီ
 

Wednesday, July 28, 2010


ဗိုလ်ချုပ်သန်းရွှေတို့ ၈၄ ဦး နေပြည်တော်က ထွက်ခွါသွားကြပြီးတဲ့နောက်မှာ နေပြည်တော်မှာ အစည်းအဝေးတရပ်ကို လျှို့ ဝှက်ထိုင်ကြတယ်လို့ သိရတယ်။ နေပြည်တော်တိုင်းမှူး ဝေလင်းက ဗိုလ်ချုပ်မှူးကြီးကို အိန္ဒိယနိုင်ငံက ဒီမိုကရေစီအတိုက်အခံတွေ ။ အိန္ဒိယနိုင်ငံသားတွေ ဆန္ဒပြနေတာကို ဆွေးနွေးကြတယ်။ဒီ့နောက်မှာ သူတော်စင်မဟတ္တမဂန္ဒီကြီးရဲ့ အုဌ်ဂူကို ဆုတောင်းအမျှဝေပေးဖို့ရာမှာ စစ်ယူနီဖေါင်းနဲ့ ဂါဝရမပြုရခြင်းအကြောင်းများကို ဆက်ပြီးဆွေးနွေးကြတယ်လို့ သိရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိတ်ကြားတဲ့အတွက် စစ်ယူနီဖေါင်းနဲ့သာ အခန်းအနားနဲ့ ကြိုဆိုရာမှာ အခုလို ဒိမိုကရေစီနိုင်ငံက တိုက်ပုံအင်္ကျီနဲ့ တက်ရောက်စေတာဟာ ၂၀၁၀ ပြီးရင် သမ္မတ ဦးသန်းရွှေအဖြစ် နိုင်ငံတကာကိုပါ အသိပေးခြင်းမျိုးလားဆိုပြီး ဝေဖန်ကြတယ်လို့လဲ သိရတယ်။
တိုင်းမှူးဝေလင်းဟာ အရင်က ဗိုလ်ချုပ်ကြီးခင်ညွန့်လို လက်စောင်းထက်သူဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ဖြစ်တယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခြေအနေတွေကို ပြောင်းလဲသွားစေတဲ့ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နိုင်ငံတကာမှာ သိက္ခာကျလောက်အောင် ဆန္ဒပြခြင်း၊ကန့်ကွက်ခံရခြင်းများကို ခံရခြင်းအတွက် နေပြည်တော်ကဗိုလ်မှူးတွေက တော်တော်ကလေး စိတ်ပျက်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုင်းမှူးဝေလင်းကို အာဏာသိမ်းဖို့ တိုက်တွန်းကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း မစ္စတာသပ်ဆင်ရှင်နာဝပ်ကို ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ် အာဏာသိမ်းယူခဲ့တဲ့ဖြစ်ရပ်တွေ ရှိနေခဲ့တာမို့ ထိုင်းနိုင်ငံက ဗိုလ်ချုပ်တွေနဲ့လဲ ဆက်သွယ်ကမ်းလှမ်းနေတယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ ရန်ကုန်မှာဖြစ်နေတဲ့ ပိဋကတ်တိုက်ပြသနာကိုလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူလာမှ ရှင်းမယ်၊ လွှတ်ပေးထားလိုက်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့  တော်ဝန်ဦးကိုလေးက အာဏာသိမ်းမှုကို ညွှန်ကြားနေခြင်းဖြစ်ပြီး နေပြည်တော်မှ ဦးကောင်းမြတ် ဆိုသူလဲ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဦးကောင်းမြတ် ဆိုသူဟာ ဘယ်သူလဲ ဆိုတာကို ခုအချိန်ထိ စုံစမ်းလို့ မရသေးဘူးလို့ ဆိုပါတယ်။
သျှမ်းပြည်တပ်မတော် ( မြောက်ပိုင်း ) ကလဲ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့ မဖြစ်နိုင်သေးလို့ နယ်စပ်ဒေသတင်းမာမူဖြစ်နေချိန် အခုလို အာဏာ သိမ်းမှူတွေ ပြုလုပ်မဲ့ သတင်းတွေ ကြားနေရတာကြောင့် ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်က နေပြည်တော်သို့ စစ်ကြောင်းများဖြင့် ဆင်းသွားပြီလို့လဲ ကြားသိရပါတယ်။ ဗိုလ်မှူးအောင်သန်းထွဋ်ဟာ နေပြည်တော်တိုင်းမှူးဝေလင်းနဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပဏာမစားသူဖြစ်ကြောင်း အခြားစစ်ဖက်ဆိုင်ရာသတင်းရပ်ကွက်များက ဆိုပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ နေပြည်တော်မှာ အာဏာသိမ်းမှူဖြစ်မဲ့အကြောင်းကို အရိပ်အမြွက် သိကုန်နေကြပြီး တပ်မတော်အတွင်း ပေါက်ကွဲမူတွေကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ကုန်မလား ဆိုပြီး စိုးရိမ်နေကြပါတယ်။
တိုင်းနှင့် ပြည်နယ်အဆင့်ထိကို နေပြည်တော်က အာဏာသိမ်းမှူသတင်းတွေ ခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၏ နေအိမ်အနီးတ၀ိုက်မှာ လုံခြုံရေးများ ချထားတယ်လို့
နိုင်ငံရေးရပ်ကွက်တွေက လာတဲ့သတင်းအပေါ် ကိုးကားနေကြပါတယ်။ ဦးတင်ဦးဟာ အရင်က ကာကွယ်ရေးစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူမို့ အခုလို တပ်တွင်းပုန်ကန်မှုဖြစ်ပြီး တိုင်းမှုးဝေလင်းက အာဏာသိမ်းရန် အစည်းအဝေးထိုင်ပြီး ကြိုးပမ်းနေခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစုံတရာဖြေကြားဖို့ ငြင်းဆိုကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံကို ၅ ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်း တိုင်းမှူးတွေ နဲ့ စစ်တိုင်းမှူးတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေး ဆွေးနွေးကြရာမှ အခုလို ပြသနာကြီးထွားသွားရခြင်းဖြစ်ကြောင်း သတင်းထွက်ပေးနေပါတယ်။ ဒါပေမဲ့ ရွေေးကာက်ပွဲကော်မရှင်က နေပြည်တော်ရဲ့ တပ်တွင်းပြသနာများကို ပြည်သူတွေနှင့် နိုင်ငံတကာက မရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာတော့မယ် ဆိုပြီး အသံတွေထွက်ပေးနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ် တလျှောက်လုံးဘာမှ ထုတ်ဖေါ်မပြောဘဲ နေခြင်းကိုကြည့်ပြီး သိသာနိုင်ပါတယ်။ နေပြည်တော်က အာဏာသိမ်းရန်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းမှူးဝေလင်းကတော့ အခုအချိန်ထိ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ နေရာယူထားကြောင်း ကြားသိရပါတယ်။
http://www.humanright-myanmar.com/2010/07/beaking-news.html
ကိုကနေဒါမြန်မာပေးပို့ပါသည်။


 


 

jynfol


 


 

     

No comments: