Thursday, July 15, 2010

၁၉၉ဝ အာဇာနည်နေ့တိုက်ပွဲနဲ့'တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ'


 

မောင်ကျောင်းသား


 

(၁)


 


 

၁၉၈၈ခုနှစ် ၊ ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူတွေကိုနိုင်ငံရေးနိုးကြားမှုဖြစ်စေခဲ့သလို အထူးသဖြင့် ကျောင်းသားတွေရဲ့ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ခွပ်ဒေါင်းစိတ်ဓါတ် ရှင်သန်ခိုင်မြဲစေခဲ့ပါတယ် ။


 

၁၉၆၂ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်မှာ နေဝင်းနဲ့စစ်ဝါဒီတွေရဲ့ဖျက်ဆီးမှုခံရပြီးကထဲက တိုးတိုးတိတ်တိတ်ပဲ ဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာပြန်လည် ဖွဲ့စည်းပေါ်ထွက်လာခဲ့ပါတယ် ။


 

ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလဲကောင်းကောင်းနားမလည်ကြသေးပဲ မဆလလက်ကိုင်ဒုတ်လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှု ကနေ ပါဝင်လာကြတာသာဖြစ်တဲ့အလျောက် တစ်ဦးနဲ့တစ်ဦး ထင်ပေါ်ကျော်ကြားလိုမှုတွေအားပြိုင်ကြရင်း စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ ကျောင်းသား အဖွဲ့စည်းမျိုးစုံဖြစ်သွားပါတယ် ။


 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(မကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ)၊အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ)စတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၊ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးစတဲ့ပါတီဝင်တွေအဖြစ် အဖွဲ့စည်းအမျိုးမျိုးပေါ်လာတာပါ ။ တောခိုဖြစ်သွားတဲ့ကျောင်းသားတွေကတော့ ကျောင်းသားတပ်မတော်(ABSDF) လို့ ဖွဲ့စည်း နိုင်ခဲ့ပါတယ် ။


 

မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ)တွေလဲ နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ် ၊ ပထမပိုင်း အကသ/ရန်ကုန်တိုင်း နဲ့ အကသ/ရန်ကုန်ခရိုင် ဆိုပြီးနှစ်ဖွဲ့ကွဲပါတယ် ၊ နေလင်းအကသနဲ့မင်းဇင်/သီဟအကသဆိုပြီးခေါ်ကြပါတယ် ၊ ၁၉၉ဝ ကျတော့ ကိုယ်ဘာသာပဲဦးဆောင်ချင်တဲ့ မောင်ကျောင်းသားတို့က အဲဒီနှစ်ဖွဲ့လုံးကခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကိုထပ်ဖွဲ့ပါတယ် ၊ ဒါပေမဲ့ အကသတွေ ဘယ်နှစ်ဖွဲ့ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ အတူညှိနှိုင်းလုပ်နိုင်ခဲ့ပါတယ် ။


 

အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမဲ့အလုပ်တွေကိုလုလုပ်ကြတာပါ ၊ သေမဲ့လမ်း ကိုလုလျှောက်ကြတာပါ ၊ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်ကလေးတွေက မိဘတွေပေးတဲ့မုန့်ဘိုးလေးတွေ လမ်းစရိတ်လုပ် ၊ ကိုယ့်ပုဆိုးအင်္ကျီရောင်းပေါင် ၊ တချို့လဲမိသားစုပစ္စည်းထုခွဲပြီး ရတဲ့ငွေလေးရန်ပုံငွေလုပ် ၊ စာထုတ် အခန်းအနားလုပ်,လုပ်ကြ ရတာပါ ။ ပြည်သူတွေတီးတဲ့လက်ခုတ်သံတွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွားရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခတရား ရဲ့ပဉ္စလက်တောအုပ်မှန်း သိသိနဲ့ လုတိုးဝင်ကြတာပါ ။


 

အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်)တရားမဝင်အသင်းအဖွဲ့ဖြစ်တာကြောင့် ကိုယ်ပိုင်ရုံးနေရာ မရှိပါဘူး ၊ လူ့ဘောင်သစ်ရုံး ၊ NLDရုံး ၊ ဖဆပလ ရုံး ၊ စတဲ့ နေရာခွင့်ပြုပေးတဲ့ပါတီရုံးတွေမှာပဲ အဆင်ပြေသလိုရုံးလုပ်ရတာပါ ၊ မောင်ကျောင်းသားတို့ကိုတော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်သာမျက်စောင်း ထိုး(အခုရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် 'အနာဂတ်ကိုငါတို့ပိုင်ထားသည်'လို့ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦးက နေရာပေးထားပါတယ် ။


 

မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ဖွဲ့စည်းတဲ့အခန်းအနားကို ၁၉၉ဝခု ဇွန်(၉)ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးရုံးမှာပဲ ကျင်းပခဲ့တာပါ၊ တက်လာတဲ့ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော်(ဥက္ကဌ) ၊ ဗဟိန်း(အထွေထွေအတွင်းရေး မှုး) ၊ တရုပ်ဇေယျာဝင်း(တွဲဘက်အတွင်းရေးမှုး) ၊ နိုင်အောင် ၊ ဝင်းနိုင် (တရုပ်လေး) နဲ့ စန္ဒာအေးသွင်(စည်းရုံး/ဝါဒဖြန့်) ၊ ထွန်းဇော်မိုး(ခေါင်းကြီး) နဲ့မောင်ကျောင်းသား(သတင်း/ပြန် ဆက်)၊ တရုပ်ကြီးနဲ့ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ် ။ နာမည်ကျန်ခဲ့သူများ သည်းခံကြပါကုန် ။


 

အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလဲ နိုင်ငံရေးအပေါ်စိတ်ဝင်စားမျှော်လင့်နေကြတာပါ ၊ မောင်ကျောင်းသားတို့ အင်အားသုံးယောက်လောက်ဆို တရားဟောပွဲတစ်ပွဲဖြစ်ပါတယ် ။ ကားဂိတ် ,ဈေး, ပလက်ဖေါင်းပေါ်ကလဘက်ရည်ဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေလက်ခုတ်ဝိုင်းတီး ၊ လူတွေအာရုံစိုက်တဲ့အခါ တရားဟော,နည်း ကိုသုံးကြပါတယ်၊ ဖမ်းရအောင်လာနေပြီဆိုရင်လဲ ပြေးကြပါတယ် ၊ စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးစောမောင်နဲ့ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေး ခဲ့ရင် မိမိတို့ပေးခဲ့တဲ့ ဆန္ဒမဲတွေအတွက် တိုက်ပွဲဝင်ကြဘို့ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ ဖမ်းထားတဲ့ကျောင်းသားတွေကိုမလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာ မဟုတ်ဘူးဆိုတာတွေ ပြည်သူကြားမှာလိုက်ပြီးဟောပြောကြပါတယ် ၊ ကြေငြာချက်/လှုံ့စော်စာ တွေကို ချရေးပြီး အားလုံးသဘောတူပြီးရင် တစ်ယောက်တစ်စောင်ကူးရေးရပါတယ် ၊ အိမ်အလုပ်အဖြစ် လူတစ်ယောက်ကို အနည်းဆုံးဆယ်စောင်စီလက်ရေးမူနဲ့ကူးခဲ့ပါဆိုတာမျိုး ကိုယ်စီတာဝန် ယူကြ တဲ့အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့ ကြေငြာချက်/လှုံ့ စော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ် ၊ လူထုကြားမှာ သတင်းစကားအပြန့်လွယ်ဆုံးနေရာကို ဈေးလို့ နားလည်သဘော ပေါက်ကြပြီး ဈေးတွေကိုဦးတည်ဖြန့်ဝေပါတယ် ၊ နေ့ခင်း၁၂နာရီကျော်ဈေးနားချိန် ဈေးဘန်းတွေဈေးဆိုင်တွေပေါ် စာရွက်ခေါက်လေးတွေ လုပ်ပြီး လိုက်ထားတာမျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကိုရှောင်နိုင်ခဲ့ပါတယ် ။ အသက်စွန့်/အဖမ်းခံ/တောထဲရောက်သွားကြတဲ့ ကျောင်းသားတွေကိုသစ္စာရှိသော အားဖြင့် 'စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှ တို့တတွေကျောင်းတက်မည်'ဆိုတာကို ခံယူ ရပ်တည်ခဲ့ကြပါတယ်။ (ဒီအကြောင်းတွေ ပြန်ပြောပြနေတဲ့ ရည်ရွယ်ချက်က ခုလက်ရှိလျှို့လျှို့ဝှက်ဝှက် လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွစေဘို့သာဖြစ်ပါတယ် ။)့


 

အာဇာနည်နေ့နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ် ၊ 'တော်လှန်ရဲသူ ၊ အောင်ပွဲယူသည် ၊ ပြည်သူ့သားကောင်း ၊ တို့ခွပ်ဒေါင်း' ဆိုတဲ့ ကဗျာထဲက စာသားကိုဖြတ်ညှတ်ပြင်လုပ်ပြီး အာဇာနည်နေ့ဆောင်ပုဒ်လုပ်ရအောင် ၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြရအောင် ဆုံးဖြတ်ချက်ချကြပါတယ် ။


 


 

ဒီလိုနဲ့ 'တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ' ဆိုတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်လာခဲ့ပြီး အဲဒီဆောင်ပုဒ်နဲ့ လက်ကမ်းစာစောင်တွေထုတ် ၊ စတစ်ကာတွေလဲလုပ်ခဲ့ ကြပါတယ် ။


 


 


 

(၂)


 


 


 

အဲဒီနေ့(၁၉၉ဝခု၊ဇူလိုင်လ၊၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးကလူငယ်တွေနဲ့အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက် စုဝေးကြပါတယ် ၊ ဖိတ်ခေါ်ထားမှုအရရောက်လာတဲ့ ကျောင်းသားတွေ ၊ တခြားအကသ အဖွဲ့ဝင်တွေ၊ဝိုင်းအုံကြည့်နေကြတဲ့ပြည်သူတွေ အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့ ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်းလျှောက်ချီတက်ရုံဆိုတာကနေ အလံကိုင်သီချင်းဆို ချီတက်မယ် တိုင်ပင် ကြပါတယ် ။


 


 


 

ပြဿနာက တရားဝင်နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးကလူငယ်တွေပါပဲ ၊ သူတို့ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလဲဝတ်ထား သေးတော့ ထင်းထင်းကြီးဖြစ်နေတော့ တချို့ကကန့်ကွက်ကြပါတယ် ၊ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့ကရှင်းပြစည်းရုံးပါတယ် ၊ 'က္ဆွန်တော်တို့က အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုဘို့သွားမှာဖြစ်တယ်၊ အာဏာပိုင်တွေက လူငါးယောက်ထက်ကျော်ပြီိးစီတန်းမလှည့်ဘို့ပြောတယ် ၊ က္ဆွန်တော်တို့မကျော်ဘူး ၊ ငါးယောက်စီ တန်းပြီး လျှောက်ကြမယ် ၊ အလံမထောင်ရဘူးပြောထားတယ် ၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ် ၊ ကြွေးကြော်သံမတိုင်ရဘူးပြောထား တယ် ၊ မတိုင်ဘူး သီချင်းဆိုမယ် ၊ဒီလောက်တော့ က္ဆွန်တော်တို့ရဲရင့်မှဖြစ်မယ် ၊က္ဆွန်တော်တို့အခွင့်အရေးကိုက္ဆွန်တော်တို့ကိုယ် တိုင်ဆုတ်ကိုင်ရဲမှ ရမှာဖြစ်တယ် ၊ က္ဆွန်တော်တို့ ဦးဆောင်ပါမယ် ၊ ဖမ်းရင်ပစ်ရင်ထွက်မပြေးပဲ က္ဆွန်တော်တို့ရှေ့ကနေခံပါမယ်' ဆိုတော့မှ နောက်ကနေလိုက်တန်းစီ ပါလာကြပါတယ်။


 


 


 

အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံကပါမလာကြဘူး ၊ အစီစဉ်ထဲမပါလို့ပဲ ကျန်နေခဲ့တာလား ၊ ဘာကြောင့်လဲ တော့မမှတ်မိတော့ဘူး ၊ တိုက်ပွဲဖေါ်ပါမယ်ဆိုတော့မှ အလံမပါဘူးတဲ့ ၊ မောင်ကျောင်းသားနဲ့ဇေယျာဝင်း ၊ နိုင်အောင်တို့ ကောက်ခါငင်ခါစီစဉ်ကြည့်တော့ အဆင်ပြေချင်တော့ အနားဝန်းကျင် (ရွှေဂုံတိုင်လမ်းဆုံ) တဝိုက်က အလံလုပ်ရောင်းတဲ့ဆိုင်တွေချည်းပဲလေ ၊ ဒါပေမဲ့ အာဇာနည်နေ့မို့ဆိုင်တွေကပိတ်ထားကြတာ ၊ တမင်ကိုကူညီချင်တဲ့တဆိုင်က အဖြူရောင်တစ်စတော့ ရှိတယ်၊ကိုယ်ဘာသာ လိုသလိုဖြတ်သုံးဆိုပြီးပေးလိုက်တော့ အနေတော်အလံဆိုက်ဖြတ်လိုက်ကြပြီး ဘယ်သူဘယ်ကနေရှာလိုက်မှန်းမသိတဲ့ နှုပ်ခန်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာဝင်းလား) တယောက်က ခွပ်ဒေါင်းပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတစ်ခု ဖြစ်သွားတော့တာပါပဲ ။


 


 


 

ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလိုဖြန့်ကိုင်လိုက်တယ်၊သိန်းထွန်းကျော် ,ဗဟိန်း, တရုပ်ကြီးတို့ကရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြတယ် ၊ လက်ခုတ်တွေတဖြောင်းဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ် ၊ စထွက်ထွက်ခြင်း ပေလေးငါးရာမှမရောက်သေးဘူး ၊ တဘက်ယာဉ်ကြောမှာ စစ်ကားနှစ်စီးလာရပ်ကြည့်နေတယ်၊ဟန့်တားတာတော့မလုပ်ပါဘူး ၊ မောင်ကျောင်းသားတို့လဲ ခပ်တည်တည်ပဲ ကိုယ့်လာအား ပေးတဲ့ပြည်သူတွေလိုပဲသဘောထား သီချင်းကိုအားမာန်အပြည့်ဆိုပြီးဆက်ချီတက်ကြတာ ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေတောင် တက်တက်ကြွကြွဖြစ်ကုန်ကြပါတယ် ။ စန္ဒာအေးသွင် ,ကိုစိုးကြီး,နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေက ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေကို 'တော်လှန်ရဲသူအောင်ပွဲယူအာဇာနည်တို့မူ' ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြတယ်။


 


 


 

'ဗမာပြည်ဆိုင်ရာကျောင်းသားသမဂ္ဂတို့သည် ရာဇဝင်တွင်လောက်ပေသည် ၊ တော်လှန်ရာတွင် ရှေ့ကပင်ဦးစီးချီ သက်စွန့် ကြိုးပမ်းထမ်းရွက်ခဲ့ပေပြီ'တဲ့ ၊ ဟိန်းထွက်နေတဲ့ကျောင်းသားသမဂ္ဂသီချင်းသံနောက်ကို ပြည်သူတွေပါ တစစလိုက်ပါလာကြ ပါတယ် ၊ အခု M3 စားတော်ဆက်ရှေ့ ၊ အာဇာနည်ကုန်းဘက်ကို ချိုးမကွေ့ခင်နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ ၊ အကသ ကျောင်းသားတွေ ၊ NLD လူငယ်တွေ အုပ်လိုက်ကြီးတွေ့လိုက်ရပါတယ် ၊ သူတို့ပါ လက်ခုတ်တွေ ဝိုင်းတီးပြီး ကျောင်းသားသမဂ္ဂ သီချင်းဝိုင်းဆိုလိုက်ကြတာ ၊ အာဇာနည်ကုန်းပေါ်က စောင့်ကြပ်နေတဲ့စစ်သားတွေရင်ထဲတောင် တခုခုနက်နက်ရှိုင်းရှိုင်းခံစား ရမှာအသေအချာပါပဲ ။


 


 


 

တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး ၊ ကျောင်းသားတိုင်းညီညွတ်ကြပါတယ် ၊ အာဇာနည်ကုန်းပေါ်ကြည့်လိုက်တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ၊ မောင်ကျောင်းသားရဲ့လက်ထဲကို တယောက်က ဗကသရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံစစ်စစ် ကို ဝါးလုံးတပ်ပြီးသားလာပေးတယ် ၊ ဖျင်းကနဲဆူတက် သွားတဲ့စိတ်က မျက်စေ့ထဲဘာမှမမြင်တော့ပဲ အာဇာနည်ကုန်း အနီရောင်ကြီးသာပေါ်နေသလိုပါပဲ ၊အလံကိုဝှေ့ရမ်းပြီး အာဇာနည်ကုန်းပေါ်အပြေးတပိုင်း တက်ချ သွားတော့ ကျောင်းသားအုပ်ကြီးလဲ သီချင်းသံပြိုင်ဆိုလိုက်ပါလာတာ ဘယ်အာဏာရှင်မှမတားပါဘူး ၊ တားတား,ပစ်ပစ် အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အာဇာနည်အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ဆုံးဖြတ်ထားကြတာပါပဲ။


 


 


 

အေးစက်မာကျောတဲ့ မျက်နှာသေလုံခြုံရေးတွေရဲ့ရှေ့မှာ ၊ တဖျတ်ဖျတ်ရိုက်နေတဲ့ သီတင်းဌာနတွေနဲ့စစ်ထောက်လှမ်းရေးတွေ ရဲ့ကင်မရာတွေအောက်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်၊မောင်ကျောင်းသားလက်ထဲက ခွပ်ဒေါင်းအလံကို တရုပ်ကြီးကလှမ်းယူလိုက်တယ် ၊ သူ့လက်ထဲက အော်လံကို လှမ်းပေးတယ် ၊ (ဗခသနဲ့ မျိုးဆက်သစ်လူငယ့်အားမာန်လူငယ့်တပ်ဦးပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်း အရေးတော်ပုံ၂နှစ်ပြည့်အခန်းအနားနဲ့ 7July (၂၈)နှစ်ပြည့် အခန်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်အောင်အခန်းနားမှုးလုပ်ခဲ့တော့ ထန်းတက် လက်မှတ်ရတာထင်ပါရဲ့။)


 


 


 

ရင်ထဲမှာကျေနပ်နေတယ်၊ဒါ ကျောင်းသားသတ္တိကိုပြရတဲ့ တိုက်ပွဲတစ်ပွဲပဲ ၊ မင်းတို့ကိုငါတို့မကြောက်ဘူးဆိုတာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကိုပြနေရတာ ၊ မင်းတို့ဘာတားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကို။ တွေးရင်း ကျောင်းသားအုပ်ဘက်လှည့်တချက်အော်လိုက်တယ် ၊ 'ကျောင်းသားကျောင်းသူ မိဘပြည်သူအပေါင်းတို့ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကြီးတွေကို အလေးပြုဘို့ ကျေးဇူးပြုပြီးငြိမ်ပေးကြပါ ၊'


 

သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား……အလေး….ပြု ။


 



 

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေး……ပြု ။


 



 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းကျဆုံးခဲ့သော အာဇာနည်အပေါင်းတို့အား…. အလေး…..ပြု။


 



 

ဒီမိုကရေစီရေးတိုက်ပွဲများအတွင်းကျဆုံးခဲ့ရသော ရဟန်းရှင်လူသူရဲကောင်းအပေါင်းတို့အား…..အလေး…ပြု ။


 



 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဌာန်ဆိုမယ်၊ အားလုံးလိုက်ဆိုပါ …။


 

က္ဆွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးများအတွက် အာဏာရှင်တို့၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြသော ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့၏ လေးစား ဖွယ်ရာစွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏ ။


 

အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိမ်းသောအားဖြင့် က္ဆွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာအဓိဌာန်ပြုပါ၏….. ။ခိုင်မာစွာအဓိဌာန်ပြုပါ၏ ……..။ ခိုင်မာစွာအဓိဌာန်ပြုပါ၏ ………။


 

အားလုံး…ခေတ်သစ်ကမ္ဘာမကြေ သီချင်း..စဆို …။


 

ကမ္ဘာမကြေဘူး…ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…တော်လှန်ရေး..ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသော…….


 

သြော်..သူရဲကောင်းတို့ရေ…အာဇာနည်တွေနေတဲ့တိုင်းပြည့်………ရဲရဲတောက် တို့ဗမာပြည်..။


 

ကိုယ်တော်မှိုင်း…ရာဇဝင်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ့ ……သ္ခင်အောင်ဆန်း…နိုင်ငံတော်လဲသွေးစွန်းခဲ့ပြီ အဖရေ့ ……


 

သြော်..လုပ်ရက်ကြပေ….ပေတရာပေါ်မှာပြည်သူအလောင်းတွေ့ ….အတုန်းရုန်းထပ်လဲပြိုကာနေ…..,။


 


 


 

မောင်ကျောင်းသားသီချင်းဆိုရင်းအံကြိတ်မိတယ် ၊ လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားမိတယ် ၊အသားတွေတဆတ်ဆတ်တုန်နေပြီး တစ်ကိုယ်လုံးကြက်သီး ဖြန်းဖြန်းထနေတယ် ၊ မောင်ကျောင်းသား သိတယ် ၊ တချို့သီိချင်းအော်ဆိုရင်းမျက်ရည်တွေကျနေကြတယ် ၊ ခုတောင်..ဒီစာကိုရေးနေရင်းပြန်သတိရပြီး ရင်ထဲမှာစို့လာရင်း မျက်ရည်ဝဲမိပါတယ် ။


 


 


 

အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ် ၊ ပြီးတော့ ရွှေဂုံတိုင်ဘက်ကိုပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ် ၊ တချို့လဲ ဆက်လျှောက်သွားပြီး တာမွေအဝိုင်းထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ် ။


 


 


 

အဲဒီနောက်မှာ ဗခသ အဖွဲ့ဝင်တွေအတော်များများအဖမ်းခံရပါတယ် ၊ ဂန္ဒီမှာ NLD ကိုဝန်းရံရေးဆိုပြီး ဆော်သြလှုံ့စော်မှုတွေ ၊ဆန္ဒပြပွဲငယ်တွေ ၊စာဝေစာဖြန့် လှုပ်ရှားမှုတွေလုပ်ကြပြီး နောက်ပိုင်း ဗခသအဖွဲ့ဝင်တွေသာမက တိုက်ပွဲဝင်အခြေခံပညာကျောင်းသားထုတစ်ရပ်လုံးရော ၊ ဗကသ ကျောင်းသားတွေပါ တဖြည်း ဖြည်းအဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှုတွေအားပျော့သွားခဲ့ရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေပြောခဲ့သလိုပါပဲ။


 


 


 

'အမိမြေလွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်……။'


 


 


 

(၃)


 


 


 

အဲဒီဖြတ်သန်းခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိပြုမိတာလေးတွေ ၊ လက်ရှိခေတ်နဲ့ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ် ၊ အဲဒါကတော့ ကနဦးတိုက်ပွဲကို ကျောင်းသားကပဲအစပြုတယ်ဆိုတာပါ ၊ ကျောင်းသားတွေက စုစည်းလွယ်ပါတယ် ၊ နောက်ဖြစ်ထက် လတ်တလော ကိစ္စကိုသာ သွေးဆူဖြေရှင်းကြသော ဖိရင်ကြွထိရင်ချတတ်သော ငယ်ရွယ်သူများဖြစ်သည့်အလျောက် နိုင်ငံရေးနားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ မတရားမှုမြင်တွေ့ရာကနေ တွန်းလှန်အံတုမှာကျောင်းသားတွေသာဖြစ်ပါတယ် ။


 


 


 

ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ ၊ လူတွေကို တရိတ္ဇာန်တွေလို လက်နက်ပြခြိမ်းခြောက်အုပ်ချုပ်ထားတော့ ကျောင်းသားပဲဖြစ်ဖြစ် ၊ပြည်သူပဲဖြစ်ဖြစ် ဝတ်ကျေ တန်းကျေတော့ ကြောက်ပြကြရတာပါပဲ ၊ ရင်ထဲတွေမှာတော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ ၊ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သားရဲရင့်တဲ့ ဦးဆောင်မှုပါပဲ ၊ ဗမာပြည်သူပြည်သားတွေက တကယ်တမ်းအကြောက်ကြီးသူတွေမဟုတ်ပါဘူး ၊ ရှေ့ကအစလေးပဲလိုနေတာပါ ။ ကျောင်းသားကဖြစ်ဖြစ် ၊ သံဃာကဖြစ်ဖြစ် သတ်သတ်ရိုက်ရိုက်ဖမ်းဖမ်း(ရေကုန်ရေခန်း) ငါတို့ရှေ့ကခံမယ် ၊ ဒီမတရားတဲ့ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆိုတာမျိုး ဦးဆောင်ပြရင် လူထုတိုက်ပွဲတွေပေါ်ပေါက်လာမှာပါ ။


 


 


 

ခေတ်အခြေအနေတွေပြောင်းတယ်ဆိုပေမဲ့ တကယ်တမ်းက လွန်ခဲ့တဲ့နှစ်၂ဝနဲ့အတူတူပါပဲ၊ သဏ္ဍာန်အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘဝကဖိနှိပ်ခံ ဘဝတွေသာပါပဲ ၊ပြည်သူတွေဆင်းရဲမွဲတေမှု ၊တိုင်းပြည်ခ္ဆွတ်ခြုံကျမှုက ပိုဆိုးလာတာပဲ ရှိပါတယ် ၊ ဒါကြောင့်ပြည်သူတွေရဲ့ စစ်အာဏာရှင်တွေအပေါ် မကျေနပ် စိတ်က လျော့ကျသွားတာတော့မဟုတ်ပါဘူး ၊ ကြံ့ဖွတ် ,စွမ်းအားရှင် ,မီးသတ် ,ရဲ နဲ့လုံထိန်းအင်အားပိုသုံးထားပြီး ကြောက်လောက်အောင်နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ် ၊ ထဆန့်ကျင်တဲ့ကျောင်းသားကိုတော့ လက်ခုတ်တီးအားပေးမှာပါပဲ ၊ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ၊လက်ရေးမူနဲ့ ဝိုင်းရေးဝိုင်းဖြန့်နည်း တွေ၊လူထုအားကိုးပြီး ကြံ့ဖွတ်/ရဲ အခြေအနေကြည့်ပြီး စည်းရုံးလှုံ့စော်တဲ့နည်းတွေ ဟာ ခုထိလုပ်လို့ရနေတဲ့နည်းတွေဖြစ်ပါတယ်။


 


 


 

ခေါင်းဆောင်မှုမှာ ငယ်တာကြီးတာ ပြဿနာမဟုတ်ပါဘူး၊ရဲဝံ့မှု နဲ့ရိုးသားမှုသာအဓိကဖြစ်ပါတယ် ၊မောင်ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေ ကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအကျင်းရှိခဲ့ပေမဲ့ ဗကသ လိုကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့်ပေးပြီးဝိုင်းထိမ်းသွားတဲ့အခါ ဖေါ်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ ။


 


 


 

့အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာဥပဒေသတ်မှတ်တာတွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ၊ အချုပ်အချယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရတရစ်ရုန်းရမှာက လွတ်မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်၊ ဖြစ်ပါ့မလားတွေးပူနေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ ၊ အာဇာနည် စိတ်ဓါတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉ဝအာဇာနည်နေ့တိုက်ပွဲနဲ့ 'တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ' ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက် ရပါတယ် ။


 


 


 

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ


 

မောင်ကျောင်းသား


 


 


 

,ae
htcsdefcgESifhtvGefxif[yfudkufnDaeygIxyfqifhul;,lwifjyvdkufyga-umif;?


 

á 88tvGrf;ajytjzpf


 

rdk;oD[atmif

No comments: