Sunday, March 20, 2011

ထိုင်းအာဏာပိုင်များက မြန်မာသံဃာ ၈ပါး ဖမ်းဆီး လူဝတ်လဲ

Friday, March 18, 2011

ထိုင်းအာဏာပိုင်များက မြန်မာသံဃာ ၈ပါး ဖမ်းဆီး လူဝတ်လဲ


(မတ်လ ၁၈၊၂၀၁၁)
ဘန်ကောက်မြို့ဖက်ကဆင် လမ်းရှိ ၀တ်တလုံးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးကြသည့်မြန်မာသံဃာ
များအနက်ပတ်စပို့ မရှိသည့် သံဃာ ၈ပါးတို့ အား ထိုင်းအာဏာပိုင်များက ယမန် နေ့ ကဖမ်းဆီးပြီးလူဝတ်လဲကာ
IDC တွင်ဖမ်းချုပ်ထားကြောင်းသိရှိရသည်။
ဘန်ကောက်မြို့ ဖက်ကဆင် ၆၂လမ်း၊ဖြတ်လမ်း(၁) ဂျလန် ၁၃ ရှိဝတ်တလုံး ဘုန်းတော်ကြီးကျောင်း အား မတ်လ
၁၇ နံနက် ၄နာရီအချိန်က ထိုင်းအာဏာပိုင်များက စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့သဖြင့်
ပတ်စပို့မရှိသည့် မြန်မာသံဃာ ၈ပါးတို့ အားလူဝတ်လဲပြီးIDC (Immigration detention Center)အချုပ်ခန်း
သို့ပို့ဆောင်ခဲ့သည်။ဖမ်းဆီးခံရသည့်သံဃာတော်များမှာဦးကေသရ၊ဦးမလသာရ၊ဦးက၀ိန္ဒ၊ဦးဝသုန္ဒ၊ဦးဉာနိန္ဒ၊
ဦးသုဒသနနှင့်ဦးဇောတိက အမည်တူ ၂ပါး တို့ ဖြစ်ကြသည်။အသက် ၆နှစ်အရွယ်ခန့် ကိုယ်ရင်ငယ်တစ်ပါးကိုမူ ကျောင်း၌ပင်ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါကျောင်းမှ စာသင်သား မြန်မာသံဃာတော် ဦးတေဇက“အဖွဲ့ စုံကလာဖမ်းတာပါ ဒီကျောင်းမှာ ပတ်စပို့
နဲ့ မှနေထိုင်လို့ ရမယ့်သဘောပေါ့၊ ခုဖမ်းမိတဲ့ကိုယ်တော်တွေထဲမှာ တစ်ပါးက တောင်ပေါ်သားကဒ်ရှိတယ်၊
ငါးပါးက ထိုင်းသာသနာ့မှတ်ပုံတင်ရှိတယ်၊နှစ်ပါးကUN ကဒ် ရှိကြတယ်။တကယ့်ဘုန်းကြီးသိက္ခာနဲ့ အညီနေ
ထိုင်ကြတဲ့ပုဂ္ဂိုလ်တွေပါ၊လူဝတ်လဲလိုက်တဲ့အတွက် ဦဇင်းတို့ စိတ်မကောင်းဘူး၊ဒီနေ့ လ၀ကအချုပ်ခန်းIDC
ကိုဦးဇင်းတို့ သွားတွေ့ တယ်၊အာဏာပိုင်တွေကို နယ်စပ်ကို မြန်မြန်ပြန်ပို့ ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု
မိန့် တော်မူသည်။


လက်ရှိဖြစ်ပေါ်နေသောထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တင်းမာနေချိန်မှာ ဒီဝတ်တလုံးကျောင်းကို ကမ္ဘောဒီယားဘုန်းတော်ကြီးတွေ အုပ်စုလိုက် ၀င်ထွက်သွားလာမှုများနှင့်အစည်းဝေးလုပ်ကြခြင်းများအားတော်ကြီးကျောင်း
လုံခြုံရေးအဖွဲ့ တွေနှင့်ထိုင်းအာဏာပိုင်များက သဘောမတွေ့ သောကြောင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း မြန်မာသံဃာတော်များကမိန့်တော်မူကြသည်။ကမ္ဘောဒီယားသံဃာများအဖမ်းမခံရခြင်းမှာ ၄င်းတို့ ထိုင်းဘာသာစကားကိုနားလည်ကြသူများဖြစ်ကြသဖြင့် ရှောင်တိမ်းချိန်ရကြသည်ဟုဆိုသည်။ ပြီးခဲ့သည့်လက ဘုန်းကြီးအကျင့်နှင့်မညီညွတ်သဖြင့် ကမ္ဘောဒီးယား သံဃာ၅ပါးတို့ အား လူဝတ်လဲပြီး နေရပ်သို့ ပြန်လည်ပို့ ဆောင်ခဲ့ကြောင်းလည်း သိရှိရသည်။

အမည်မဖေါ်လိုသည့်နောက်မြန်မာသံဃာတော်တစ်ပါးက“အလယ်ကျောင်းဆောင်ကြီးအောက်ထပ်မှာ ကျောင်းရှိသံဃာတော်တွေကို စုဝေးထိုင်ခိုင်းပြီးလာရောက်စစ်ဆေးတဲ့  တောမော လို့ ခေါ်တဲ့ ထိုင်းလ၀က နဲ့ထိုင်းရဲတွေက ဘုရားဆင်းတုတော်နားမှာ ဖိနပ်မချွတ်ပဲလုပ်နေတာတွေကို မြင်ရတော့ ဦးဇင်းတို့ တော်တော် စိတ်မကောင်းဖြစ်ကြရတယ်၊ဗုဒ္ဓဘာသာတွေမဟုတ်သလိုပဲ၊တရားခံတွေကိုဆက်ဆံသလိုပဲတကာကြီး၊
ခုအဖမ်းခံရတဲ့သံဃာတွေဆိုလည်းစာသင်တဲ့သံဃာတွေလို ပတ်စပို့ မရှိပေမယ့်နေထိုင်ခွင့်ရှိကြတာပဲ ကျောင်းမှာ နေခွင့်မပြု လည်းအခြားမှာနေခွင့်ရှိရမှာပေါ့ ဒီလိုလူဝတ်လဲဖို့  တော့ မကောင်းဘူး၊ဘုန်းကြီး
စစ်တွေပါ ” ဟုစိတ်မကောင်းစွာမိန့် တော်မူသည်။
ထိုင်းလ၀က ကစစ်ဆေးပြီးသံဃာတော်များအား ထမင်းဗူးနှင့်သောက်ရေဆက်ကပ်ခဲ့သည်။
ဘုန်းတော်ကြီးကျောင်းတွင် စာသင်သားမြန်မာအပါး ၁၇၀ ၀န်းကျင် သီတင်းသုံးနေထိုင်ကြသည်။ ကျောင်းဝင်းထဲမှာရွှေ့ပြောင်းမြန်မာအလုပ်သမား တွေ စုပေါင်းလှူဒါန်းထားသောကျောင်းဆောင် ၈ဆောင်ရှိသည်။
ကျောင်းတွင် ဘန်ကောက်မြို့ နှင့် မဟာချိုင်မြို့တို့မှ မြန်မာအလုပ်သမားများ က ၀ါဆိုသင်္ကန်း၊ကထိန်နှင့် အခြားအလှူအတန်းများပါ အမြဲလုပ်လေ့ရှိသည်။ ယခင်နှစ်က သင်္ကြန်ပွဲ ကို မြန်မာနိုင်ငံမှာကဲ့သို့ ယိမ်အကများဖြင့် စည်စည်းကားကား ကျင်းပခဲ့သည်။ယခုနှစ်တွင်လည်းကျင်းပ ရန် စီစဉ်နေကြကြောင်းသံဃာတော်တစ်ပါးကမိန့် သည်။
ဝတ်တလုံးကျောင်းထိုင်ဆရာတော် ဘုရားကြီး ပရပမာဗေဓိ ဒိန်စုဒိန်ဒရော က“မြန်မာရဟန်းတော်တွေဟာ
ဗုဒ္ဓ၀ိနည်းတော်နဲ့ အညီနေထိုင်ကျင့်ကြံကြတယ်၊စာလည်းအထူးကြိုးစားကြတယ်၊မြန်မာတွေ လာပြီးတော့ လှူဒါန်းကြတာတွေ ဟာသာဓုခေါ်စရာအထူးကောင်းပါကြောင်း ” ကျောင်းဆောင်သစ်ရေစက်ချပွဲ
တွင်မိန့် တော်မူခဲ့သည်။
ဝတ်တလုံးဘုန်းတော်ကြီးကျောင်းတွင်မြန်မာအပါအ၀င် ကမ္ဘောဒီယား၊လာအို၊ဗီယက်နာမ်၊ဘင်္ဂလားဒေ့ခ်ျ၊နီပေါ နှင့်အခြားနိုင်ငံများအပါအ၀င်စုစုပေါင်း (၉)နိုင်ငံတို့ က စာသင်သံဃာရော အခြားသံဃာများအပါး လေးရာကျော်လောက်
သီတင်း နေထိုင်ကြသောကျောင်းဖြစ်သည်။ဘန်ကောက်မြို့တွင်ပညာတော်သင် နိုင်ငံခြားသားများအားလက်ခံသည့် တစ်ခုတည်းသောဘုန်းတော်ကြီးကျောင်းဖြစ်သည်။

No comments: