Saturday, March 5, 2011

မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား ဖော့ဝိန်းမြို့ ၊ အင်ဒီယားနား၊ ၂၀၁၁ မတ် ၅-၆ ရက်

Message from Daw Aung San Suu Kyi
To the International Burmese Democratic Forces Conference, Fort Wayne, Indiana,
March 5-6, 2011

It is according to personal principle as well as with party policy, that I'll try as much as possible to address gatherings of peoples from Burma. I understand that in this gathering there are also friends of Burma committed to our movement for democracy through a belief in democratic values and human rights.
Although many people here have taken up, residence, abroad either temporarily or permanently, I know that majority of them are still bound to our country by ties of love and loyalty. It is these ties of love and loyalty which I'm urging them to commit themselves to this movement for democracy.
I would like to focus on the concept of commitment. Commitment means an undertaking, a pledge, and how genuine a commitment is. It depends on how strong it is, how binding it is. There are many of us who have bound themselves to the movement of democracy for life, everything that they do, all their thoughts, all their efforts are bound to the movement for democracy. I know that it is too much to ask that everybody should be so totally committed but I would like everybody to be committed to the extent that they can forge unity from out of many diverse views. That is inevitable and in any gathering. In Burma today, we are at across road. There are many who would like to believe that the path to democracy has opened up and there are others who believe that this path is a false one that it is meant to deceive and to stop a genuine path from being opened. So, we must all look at the situation with care. We must all commit ourselves to seeing the truth. We must all examine what is really happening in Burma today and to do this we need commitment. We need unity. If we cannot be united in our efforts then victory will be further away than we wish it to be.
The more united we are, the sooner we will achieve our goal. This is not something. That is new. That is something that people have known for ages past. Unity is strength. Unity lies at the basis of all victories. So, addressing all of you today, I would like to urge as I have been urging time and again that out of diversity you should be able to forge unity that you should be able to understand that although your views may not always to coincide, your desire for genuine democracy in Burma is one and the same for every one of us. If we can be committed to this one idea of unity, strength out of unity and using this strength is to gain genuine democracy for Burma. Then I think we will be able to do a great service to all the people of our country who have been longing for change in the right direction. So change in the right direction is what we must all work towards, what we must all call for. We do not want change, for the sake of change. We want change for the sake of progress and if there is no progress, what ever superficial change there might be, it's of no use to our people at all. I would like to take the opportunity to thank all those friends of Burma who have stood by us staunchly throughout the years. The years that have grown into decades and yet their commitment have not wavered with such friends as these, we are obliged to be stronger in our own commitment. So may I take the opportunity to say that all of us who wish Burma to see a happier day, when we are all united in our commitment to genuine democratic values should be united in small matters as far as possible that we need to achieve our great ends as quickly as possible. And may I also take the opportunity to wish all of you well in all that you are doing to help us. Thank you very much.

မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား ဖော့ဝိန်းမြို့ ၊ အင်ဒီယားနား၊ ၂၀၁၁ မတ် ၅-၆ ရက်


ယခုလိုပြောချင်တာကတော့ ကျမရဲ့ ကိုယ်ပိုင်အတွေးအခေါ်လဲဖြစ် ကျမ ပါတီရဲ့ပေါ်လစီလဲဖြစ် တဲ့ အကြောင်းအရာများကိုကျမတတ်နိင်သ၍ ယခုစုဝေးနေတဲ့ မြန်မာပြည်သူပြည်သားများကိုပန်ကြားချင်ပါတယ်။  ကျမနားလည်မှုအရ ယခုကဲ့သို့
မြန်မာများစုဝေးရာတွင် ကျမတို့ရဲ့ နိုင်ငံကိုစိတ်ဝင်စားတဲ့  မိတ်ဆွေများလည်း တက်ရောက်တယ်လို့ ကျမနားလည်ပါတယ်။
ယင်းလူများအနေဖြင့် ကျမတို့ နိုင်ငံဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးရရှိရေးတို့ အတွက် စိတ်ဝင်စားစွာကြိုးစားအားထုတ်နေကြသောသူများပါဝင်တယ်လို့ ကျမသိရပါတယ်။
 ကျမသိရသလောက် ယခုတက်ရောက်လာသောသူများထဲတွင် မိမိနိုင်ငံပြင်ပမှာ ယာယီအဖြစ် သို့ မဟုတ် အမြဲတမ်းအဖြစ် ပြောင်းရွှေ့ နေထိုင်သူများဖြစ်ပြီး
သူတို့အနေနဲ့ လဲ မြန်မာနိုင်ငံကောင်းစားရေးကို မေတ္တာနဲ့  သစ္စာထား ရှေ့ရှူနေတယ်လို့လဲ သိရပါတယ်။ ဒါကြောင့်လဲဘဲ ကျမမေတာရပ်ခံချင်တာက မြန်မာနိုင်ငံအတွက်
ရှေ့ဆက်လက်ပြီး ခိုင်မာစွဲမြဲစွာနဲ့ တာဝန်ယူကြိုးစားစေလိုပါတယ်။ ကျမအနေနဲ့  အာရုံစိုက်ချင်တာကတော့ ခိုင်မာစွဲမြဲစွာနဲ့ တာဝန်ယူလုပ်ကိုင်မှုဆိုတာကိုဘဲဖြစ်ပါတယ်။ ခိုင်မာစွဲမြဲစွာ တာဝန်ယူလုပ်ကိုင်တယ်ဆိုတာ မိမိရည်ရွယ်ကတိပြုထားတာကို အကောင်အထည်ဖေါ်လုပ်ဆောင်ခြင်းဘဲဖြစ်ပါတယ်။ ပြီးတော့ စစ်မှန်တဲ့ တာဝန်ယူမှုဖြစ်ဖို့ ဆိုတာ ဘယ်လောက်ခိုင်မာသလဲဆိုတာပါဘဲ။
ကျမတို့ တတွေမှာ မြန်မာ့ဒီမိုကရေစီအရေးကို ဘ၀နဲ့  ပေးဆပ်ပြီး လုပ်ဆောင်နေကြတဲ့ ပုဂိုလ်တွေရှိကြပါတယ်။ ဘာဘဲလုပ်လုပ် သူတို့ တတွေရဲ့  လုပ်ဆောင်မှုတွေဟာ မြန်မာ့အရေးနဲ့  ပတ်သက်နေကြပါတယ်။ လူတိုင်းလူတိုင်း မြန်မာ့အရေးကို လုပ်ဆောင်ဖို့ ဆိုတာ ကြီးလေးတဲ့တာဝန်ဆိုပေမယ့် ကျမကတော့ ခိုင်မြဲစွာတာဝန်ယူလုပ်ဆောင်ပေးကြဖို့ ကိုဘဲ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးက တာဝန်ယူလုပ်ဆောင်တယ်ဆိုရာမှာ ကွဲပြားတဲ့အမြင်များရှိနေတဲ့လောကကိုလက်ခံပြီး ညီညွတ်ရေးကို မဖြစ်မနေတွန်းလုပ်ဖို့ လိုနေပါတယ်။
ယခုအချိန်မှာ  ကျမတို့ရဲ့မြန်မာနိုင်ငံသည် အရေးကြီးသော လမ်းဆုံလမ်းခွသို့ရောက်နေပြီ
ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုရှိလာပြီဆိုတာကို ယုံကြည်နေသူများရှိနေသလို၊ ဒီဖြစ်ပေါ်နေတဲ့အခြေအနေဟာလည်း ပွင်းလင်းမှုနဲ့  မှန်ကန်မှု မရှိသူများရဲ့  လှည့်ဖြားမှု တွေနဲ့  စစ်မှန်တဲ့ လုပ်ရပ်တွေအပေါ် တားဆီးဖို့ ဘဲလို့  ယုံကြည်နေသူများလည်းရှိနေပါတယ်။ ဆိုတော့ ကျမတို့ အားလုံးဟာ ဒီလိုအနေအထားတွေကို တာဝန်သိသိ သတိရှိရှိနဲ့  အမှန်တရားကို ကြည့်ရပါ့မယ်။ အမှန်တရားကို မြင်ဖို့ ဆိုတာ ခိုင်မာတဲ့တာဝန်ယူမှုနဲ့  ညီညွတ်မှုလိုအပ်ပါတယ်။ ဒါတွေမှမရှိဘူးဆိုရင် ကျမတို့ အားလုံးအတွက် အောင်မြင်ခြင်းဆိုတာ ဝေးသထက်ဝေးသွားမှာ ဖြစ်ပါတယ်။ ညီညွတ်မှု ပိုအားကောင်းလေ အောင်မြင်ခြင်းအတွက် ပိုမြန်ဆန်လေဘဲဖြစ်ပြီး ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။ ဒါဟာ အသစ်အဆန်းလည်းမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကတည်းက လူတွေဟာ ညီညွတ်ခြင်းသည်ခွန်အားဆိုတာ သိခဲ့နားလည်ခဲ့ကြတာတွေပါ။ အောင်မြင်ခြင်းအားလုံးရဲ့  အခြေခံဟာ ညီညွတ်ခြင်းဘဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းဘဲ ကျမအနေနဲ့  ဒီကွဲပြားတဲ့ အမြင်တွေဟာ ရှိနေမှာဖြစ်ပြီး ဒီမိုကရေစီရရှိရေးဆိုတာကတော့ အားလုံးရဲ့  တသားတည်းရှိတဲ့အမြင်ဘဲဖြစ်တယ်ဆိုတဲ့အတွက် ဒီညီညွတ်ရေးဆိုတာကို တွန်းလုပ်ဖို့ ဆိုတာကိုဘဲ ပြောချင်ပါတယ်။ ဒီညီညွတ်ရေးဆိုတာကို ရရှိဖို့ နဲ့  ညီညွတ်ရေးရဲ့  ခွန်အားကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့  ဆိုတာကိုလုပ်ရင်တော့ နိုင်ငံသားအာလုံးလိုချင်တမ်းတတဲ့ မှန်ကန်တဲ့ ပြောင်းလဲမှုကို လုပ်ပေးခြင်းဘဲဖြစ်ပါလိမ့်မယ်။ မှန်ကန်တဲ့ပြောင်းလဲမှုကို ကျမတို့ အားလုံးက တောင်းဆိုရုံသက်သက်မဟုတ်ဘဲ တိုးတက်မှုရှိဖို့ လည်းလိုအပ်ပါတယ်။ တိုးတက်မှုမရှိတဲ့ ပြောင်းလဲမှုကတော့ အတုအယောင်သာဖြစ်ပြီး ကျမတို့ နိုင်ငံသားအားလုံးအတွက် ဘာမှ အသုံးမတည့်တဲ့ ပြောင်းလဲမှုဘဲဖြစ်ပါတယ်။ အခုလိုအခမ်းအနားမှာ ကျမတို့ နဲ့  အတူရပ်တည်ပြီး မြန်မာအရေးကို နှစ်ပေါင်းများစွာ ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ နှစ်ပေါင်းများစွာကနေ ဆယ်စုနှစ်တွေဖြစ်လာပါပြီ။ သို့ သော်လည်း ဒီပုဂိုလ်တွေကတော့ ဇွဲမလျော့စတမ်း လုပ်ဆောင်ရာမှာ ကျမတို့  အားလုံးကလည်း တာဝန်သိသိတာဝန်ရှိရှိနဲ့  ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံသားအားလုံးက ပျော်ရွှင်စရာကောင်းပြီး ဒီမိုကရေစီအနှစ်သာရနဲ့  ညီညွတ်မှုရှိတဲ့ အနာဂတ်ကို မြင်ရမှာဖြစ်ပါတယ်။ သေးငယ်တဲ့အစ ညီညွတ်မှုရှိအောင်လုပ်မှသာ ခိုင်မြဲတဲ့အနာဂတ်အတွက် ပိုမိုကောင်းမွန်မှာပါ။ ကျမအနေနဲ့  ဒီလိုရရှိတဲ့အခွင့်အရေးမှာ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကျန်းမာပါစေ။

No comments: