Lin Htein | 3:21pm Mar 29 |
ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို
2011-03-29
ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာ အီးမေးလ်တွေကနေတဆင့် ပြည်တွင်း ပြည်ပ မြန်မာတွေကြားမှာ ပျံ့နှံ့ ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီစာကို ရန်ကုန်မြို့အခြေစိုက် NLD ရုံးချုပ်ကနေ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကနေတဆင့် ဖြန့်ဝေပေးဖို့ ရေးသားပေးပို့တဲ့ဟန်နဲ့ ဖြန့်ဝေနေတာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက တရားဝင် ရပ်တည်ခွင့်မပြုတော့ပေမဲ့ ဆက်လက် ရပ်တည်နေသလို လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်နေတဲ့ အတွက် အဖက်ဖက်ကနေ ထိုးနှက်လာနိုင်တဲ့အခြေအနေပေါ်မှာလည်း မျက်ခြေမပြတ်ဘူးလို့ ဆိုပါတယ်။
ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ NLD နဲ့ ပြည်သူလူထုအကြား၊ သတင်းဌာနတွေအကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်မှုတွေ တွေ့ရှိခဲ့လာရင် NLD သတင်းနဲ့ ပြန်ကြားရေးကို တရားဝင် မေးမြန်းနိုင်ကြသလို၊ ပြန်ကြားရေးဌာနကလည်း အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
2011-03-29
ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာ အီးမေးလ်တွေကနေတဆင့် ပြည်တွင်း ပြည်ပ မြန်မာတွေကြားမှာ ပျံ့နှံ့ ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီစာကို ရန်ကုန်မြို့အခြေစိုက် NLD ရုံးချုပ်ကနေ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကနေတဆင့် ဖြန့်ဝေပေးဖို့ ရေးသားပေးပို့တဲ့ဟန်နဲ့ ဖြန့်ဝေနေတာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက တရားဝင် ရပ်တည်ခွင့်မပြုတော့ပေမဲ့ ဆက်လက် ရပ်တည်နေသလို လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်နေတဲ့ အတွက် အဖက်ဖက်ကနေ ထိုးနှက်လာနိုင်တဲ့အခြေအနေပေါ်မှ
ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ NLD နဲ့ ပြည်သူလူထုအကြား၊ သတင်းဌာနတွေအကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်မှုတွေ တွေ့ရှိခဲ့လာရင် NLD သတင်းနဲ့ ပြန်ကြားရေးကို တရားဝင် မေးမြန်းနိုင်ကြသလို၊ ပြန်ကြားရေးဌာနကလည်း အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

Lin Htein | 3:12pm Mar 29 |
ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို
2011-03-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။
တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။

My-individual Rights | 1:30pm Mar 29 |
လေးစားခံရတာနဲ့ ကြောက်ရွံ့ခံရတာကို စစ်သားတွေ ခွဲခွဲခြားခြား မသိသေးဘူး...
ပြည်တွင်းစစ်လုံးဝ ရပ်ဆိုင်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး။
ပြည်တွင်းစစ်လုံးဝ ရပ်ဆိုင်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး။
![]() | BURMA SOLDIER - (in Burmese) JOIN THE CLANDESTINE RELEASE INTO BURMA
|

San Maung | 4:33am Mar 29 |
အစိုးရပြောင်းပြီတဲ့
ဒီနေ့မှာ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဆိုင်းဘုတ်တွေဖြုတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုတဲ့ ဆိုင်းဘုတ်တင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၃၀.၃.၂၀၁၁ နေ့ နံနက် ၈း၅၅ မိနစ်မှာ တပြိုင်တည်း ပြောင်းလဲမယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေကိုတော့ ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ လက်ရှိဥက္ကဋ္ဌတွေကိုပဲ ပြန်လည်ခန့်ထားမှာဖြစ်ပြီး လွှဲ ပြောင်းပုံကတော့ လက်ရှိ ရယက အဖွဲ့ဝင်များကိုဖယ်ရှားမယ်၊ အဆိုပါအဖွဲ့ဝင်များက လက်ရှိဥက္ကဋ္ဌကိုပဲ စာရင်းဇယား လွှဲပြောင်းပေးအပ်၊ အာဏာလွှဲပြောင်းမှာဖြစ်လို့ ပြည်သူတွေကို လှည့်စားတဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။
လက်ရှိအဖွဲ့ဝင်တွေကလည်း ပြည်သူများဆီက မတရားရယူပြီး ချမ်းသာနေတဲ့ ဥက္ကဋ္ဌတွေကိုတော့ ပြန်လည်ခန့်ထားပြီး သူတို့ကို ဖယ်ပစ်လို့ မကျေမနပ်ဖြစ်နေကြတယ်။ ကြံ့ဖွံ့ပါတီမှာ အာဏာလိုချင်သူတွေကလည်း ၁၈ နှစ်လုံးလုံး ဘာခိုင်း ခိုင်း ကိုယ့်စရိတ်ကိုယ်စား လုပ်ပေးခဲ့တာ၊ အခု သူတို့က ကိုယ့်အခြေအနေကိုယ်သဘောပေါက်ပြီး ပါတီက သူတို့အပေါ် သစ္စာမရှိဘူး၊ သစ္စာမရှိတဲ့ပါတီက ထွက်မယ်ဆိုတဲ့ အသံတွေလည်း ဆူညံနေပါတယ်။
သစ္စာဆိုတာနားမလည်ဘဲ အာဏာရူးတဲ့သူတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်ပါတီဆိုတာ သူတို့ အသိနောက်ကျတယ်ထင်ပါ တယ်။ လက်ရှိ ဥက္ကဋ္ဌတွေကတော့ သူတိုကရှာဖွေထားတဲ့ ငွေထဲက တဦးကို သိန်း ၂၀ လောက်ကုန်တယ်လို့ သိရပါ တယ်။ မယက ဥက္ကဋ္ဌကြီးနဲ့ ကြံ့ဖွံ့အတွင်းရေးမှူးကို ပေးရတဲ့စရိတ်၊ ဂေါက်ရိုက်ဖို့ပေးရတဲ့ စရိတ်၊ မယက ဥက္ကဋ္ဌ အိမ် ဆောက်ဖို့ ထောက်ပံ့ရတဲ့စရိတ်တွေနဲ့ဆို ဒီနေရာလေးရဘို့ သိန်း ၃၀ လောက်ကုန်တယ်လို့ ၆၊ ၈၊ ၉၊ ၃၊ ကျောင်းကုန်း ကျေးရွာနဲ့ ၁ ရပ်ကွက်ဥက္ကဋ္ဌ တွေက ညည်းနေတာကို ပြည်သူတွေကြားမှာ ပြောစရာ သတင်းတခု ဖြစ်နေပါတယ်။
ဒါပေမယ့် ၁ နှစ်မရှာရပါဘူးရယ်လို့ ကြုံးဝါးနေကြပြန်တော့ ပြည်သူတွေခမျာ လန့်ဖြန့်ပြီး သူတို့ကို ပြောင်းလဲမှုတွေလုပ် ပေးမယ်လို့ နိုဝင်ဘာ ၇ ရက်မတိုင်မီက ရွေးကောက်ပွဲအနိုင်ရဖို့ ကတိတွေပေါ့ပေါ့ပေးသွားတဲ့ ကြံ့ဖွံ့ပါတီကို သူတို့မှာ ပေါ များစွာရှိတဲ့ တခုတည်းသောမေတ္တာပဲ ပို့နေကြောင်းပါ။
ပြည်သူတွေခမျာ မပြီးသေးတဲ့ တ၀က်တပျက်လမ်းတွေပေါ်မှာ ၀မ်းရေးအတွက် မနည်းရုန်းကန်နေချိန်မှာ ရွှေပြည်သာ က အမတ်တွေနဲ့ ကြံ့ဖွံ့ပါတီလူကြီးမင်းများက အခွင့်အရေးတွေတောင်းပြီး မြေကွက်တွေ၊ အိမ်တွေ၊ လုပ်ငန်းတွေနဲ့ အ ဆင်ပြေနေကြောင်းပါ။ ဒါပေမယ့် မကြာခင်မှာပဲ ကြံ့ဖွံ့ပါတီက အခွင့်အရေးသမားတွေနဲ့ မမျှတမှုကြောင့် ခံပြင်းနေ တဲ့ အောက်ခြေပါတီဝင်များအကြား တင်မာမှုတွေရှိနေတာကတော့ အသေအချာပါပဲ ခင်ဗျာ။
ရန်ကုန်သားတဦး
၂၉ မတ်လ ၂၀၁၁
Share via မောင်ပါလ
ဒီနေ့မှာ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဆိုင်းဘုတ်တွေဖြုတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုတဲ့ ဆိုင်းဘုတ်တင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၃၀.၃.၂၀၁၁ နေ့ နံနက် ၈း၅၅ မိနစ်မှာ တပြိုင်တည်း ပြောင်းလဲမယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေကိုတော့ ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ လက်ရှိဥက္ကဋ္ဌတွေကိုပဲ ပြန်လည်ခန့်ထားမှာဖြစ်ပြီး လွှဲ ပြောင်းပုံကတော့ လက်ရှိ ရယက အဖွဲ့ဝင်များကိုဖယ်ရှားမယ်၊ အဆိုပါအဖွဲ့ဝင်များက လက်ရှိဥက္ကဋ္ဌကိုပဲ စာရင်းဇယား လွှဲပြောင်းပေးအပ်၊ အာဏာလွှဲပြောင်းမှာဖြစ်လို့ ပြည်သူတွေကို လှည့်စားတဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။
လက်ရှိအဖွဲ့ဝင်တွေကလည်း ပြည်သူများဆီက မတရားရယူပြီး ချမ်းသာနေတဲ့ ဥက္ကဋ္ဌတွေကိုတော့ ပြန်လည်ခန့်ထားပြီး သူတို့ကို ဖယ်ပစ်လို့ မကျေမနပ်ဖြစ်နေကြတယ်။ ကြံ့ဖွံ့ပါတီမှာ အာဏာလိုချင်သူတွေကလည်း ၁၈ နှစ်လုံးလုံး ဘာခိုင်း ခိုင်း ကိုယ့်စရိတ်ကိုယ်စား လုပ်ပေးခဲ့တာ၊ အခု သူတို့က ကိုယ့်အခြေအနေကိုယ်သဘောပေါက်ပြီ
သစ္စာဆိုတာနားမလည်ဘဲ အာဏာရူးတဲ့သူတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်ပါတီဆိုတာ သူတို့ အသိနောက်ကျတယ်ထင်ပါ တယ်။ လက်ရှိ ဥက္ကဋ္ဌတွေကတော့ သူတိုကရှာဖွေထားတဲ့ ငွေထဲက တဦးကို သိန်း ၂၀ လောက်ကုန်တယ်လို့ သိရပါ တယ်။ မယက ဥက္ကဋ္ဌကြီးနဲ့ ကြံ့ဖွံ့အတွင်းရေးမှူးကို ပေးရတဲ့စရိတ်၊ ဂေါက်ရိုက်ဖို့ပေးရတဲ့ စရိတ်၊ မယက ဥက္ကဋ္ဌ အိမ် ဆောက်ဖို့ ထောက်ပံ့ရတဲ့စရိတ်တွေနဲ့ဆို ဒီနေရာလေးရဘို့ သိန်း ၃၀ လောက်ကုန်တယ်လို့ ၆၊ ၈၊ ၉၊ ၃၊ ကျောင်းကုန်း ကျေးရွာနဲ့ ၁ ရပ်ကွက်ဥက္ကဋ္ဌ တွေက ညည်းနေတာကို ပြည်သူတွေကြားမှာ ပြောစရာ သတင်းတခု ဖြစ်နေပါတယ်။
ဒါပေမယ့် ၁ နှစ်မရှာရပါဘူးရယ်လို့ ကြုံးဝါးနေကြပြန်တော့ ပြည်သူတွေခမျာ လန့်ဖြန့်ပြီး သူတို့ကို ပြောင်းလဲမှုတွေလုပ် ပေးမယ်လို့ နိုဝင်ဘာ ၇ ရက်မတိုင်မီက ရွေးကောက်ပွဲအနိုင်ရဖို့ ကတိတွေပေါ့ပေါ့ပေးသွားတဲ့ ကြံ့ဖွံ့ပါတီကို သူတို့မှာ ပေါ များစွာရှိတဲ့ တခုတည်းသောမေတ္တာပဲ ပို့နေကြောင်းပါ။
ပြည်သူတွေခမျာ မပြီးသေးတဲ့ တ၀က်တပျက်လမ်းတွေပေါ်မှာ ၀မ်းရေးအတွက် မနည်းရုန်းကန်နေချိန်မှာ ရွှေပြည်သာ က အမတ်တွေနဲ့ ကြံ့ဖွံ့ပါတီလူကြီးမင်းများက အခွင့်အရေးတွေတောင်းပြီး မြေကွက်တွေ၊ အိမ်တွေ၊ လုပ်ငန်းတွေနဲ့ အ ဆင်ပြေနေကြောင်းပါ။ ဒါပေမယ့် မကြာခင်မှာပဲ ကြံ့ဖွံ့ပါတီက အခွင့်အရေးသမားတွေနဲ့ မမျှတမှုကြောင့် ခံပြင်းနေ တဲ့ အောက်ခြေပါတီဝင်များအကြား တင်မာမှုတွေရှိနေတာကတော့ အသေအချာပါပဲ ခင်ဗျာ။
ရန်ကုန်သားတဦး
၂၉ မတ်လ ၂၀၁၁
Share via မောင်ပါလ

Arc Read | 2:27am Mar 29 |
တနင်္သာရီတိုင်းတောင်ပိုင်းအစွန်း ရေပြင်အနီးကို ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်လာရန်ရှိနေပါတယ်။ ဒီကနေ့မနက် တိုင်းတာချက်တွေအရ မုန်တိုင်းဖြစ်ဖို့ ပဏာမ လိုအပ်တဲ့ ခရုပတ်တိမ်စွယ်တန်းတွေ စဖြစ်လာတာကိုတွေ့ရပါတယ်။ နောက်(၁၂) နာရီအတွင်း မုန်တို်င်းငယ်တစ်ခုဖြစ်လာနို င်ပါတယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေ သတိထားဖို့လိုပါတယ်။ တနင်္သာရီကမ်းလွန်ပင်လယ်၊ ကိုကိုးကျွန်း၊ မွန်ကမ်းလွန်ပင်လယ်တွေလည်း သတိထားဖို့လိုပါတယ်။ MCCW အနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်(Close Watch) အဆင့်မှ နှိုးဆော်အဆင့် (Alert) ကို မြှင့်တင်လိုက်ပြီဖြစ်ပါတယ်။ MCCW
By: Network For Green Myanmar
By: Network For Green Myanmar
နယ်စပ်မှာ စစ်တိုက်နေတဲ့ အဖွဲ့အစည်းတွေက အားလုံးသဘောတူပြီး ဒီလိုတောင်းဆိုရင်တော့ တမျိုးပေါ့။ နိုင်ငံတကာ တပ် တွေဝင်တိုက်ပေးပါလို့ဆိုတာက ကိုယ်တွေ ညံ့ရာကျပါတယ်။
မြန်မာပြည်အခြေအနေဟာ အာဖဂန်၊ အီရပ်၊ လစ်ဗျားတို့နဲ့ အခြေအနေမတူပါဘူး။ အာဖဂန်တာလီဘန်က ၉-၁၁ မှာ ဝေါထ ရိတ်စင်တာကို တိုက်လို့၊ ဆဒမ်ဟူစိန်က အမေရိကန်နဲ့ အနောက်ကမ္ဘာကို အကြိမ်ကြိမ်ခြိမ်းခြောက်လို့၊ ကဒါဖီကလည်း အမေ ရိကန်ကိုခြိမ်းခြောက်လို့၊ ကဒါဖီဟာ ကုလသမဂ မှာ လွန်ခဲ့တဲ့နှစ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မိန့်ခွန်းရှည်ကြီး ပြောခြင်ရာ ပြောတဲ့အတွက်သူ့ကို သူ့အာရပ်ကမ္ဘာကပါ အမြင်ကပ် ကြည့်မရတာတွေကြောင့်၊
နောက်ပီး သူ့ကိုဆန့်ကျင်သူတွေက မြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေချိန် ကဒါဖီတပ်က လေကြောင်းနဲ့သူ့ပြည်သူတွေကို မိုက်မိုက် ကန်းကန်းတိုက်တဲ့အတွက်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတပ်တွေကဝင်တာပါ။ နောက်တခုက ဒီမိုကရေစီ တတိယလှိုင်း အလာမှာ ကျန်ရစ်နေသေးတဲ့ အာရပ်ကမ္ဘာကို ပြောင်းလဲစေဖို့၊ လစ်ဗျားကို အနောက်ကတပ်တွေတပ်စွဲမိပြီဆိုရင် အပြောင်း အလဲလိုတဲ့ တခြားအာရပ်နိုင်ငံက အာဏာရှင်တွေကိုလည်း ခြိမ်းခြောက်ထားပြီးသားဖြစ်ရာကျတယ်။ ဒါကြောင့် ဝင်တိုက်ပေး တာဖြစ်တယ်။
အခုဟာက ကိုကိုယ်တိုင်က မြို့သိမ်းတိုက်ပွဲဆင်နွဲဖို့နေနေသာသာ နယ်စပ်နားတောင်ကပ်မနိုင်သေးဘဲ နိုင်ငံတကာတပ် တွေကို ဝင်တိုက်ပေးဖို့ တောင်းဆိုတာတော့ ကိုယ်တွေ ညံ့ရာကျပါတယ်။
အမေရိကန်ဝင်တိုက်ပေးလိုက်ရုံနဲ့ ပြည်တွင်းစစ်က ပြီးသွားဦးမှာ ဟုတ်ချင်မှဟုတ်မယ်၊ အာဖဂန်လို၊ အီရပ်မှာလိုလေ လစ်ဗျားလည်း လာအုန်းမယ်။ အဲဒီလိုဆက်ရှိနေရင် ပြည်သူတွေနာဦးမယ်။
အကောင်းဆုံးက နိုင်ငံခြားတပ်တွေ ဝင်တိုက်ပေးပါဆိုတာထက်ကို နယ်စပ်မှာတိုက်နေတဲ့ အဖွဲ့တွေကို နိုင်ငံတကာက စစ်ရေးအကူအညီ ( ငွေကြေး၊လက်နက်၊ သင်တန်း) တွေပေးပါလို့ တောင်းဆိုတာက သဘာဝကျတယ်လို့ထင်ပါတယ်။
လေးစားလျှက်
တိုင်းချစ်ပြည်ချစ်
ဝင်းမောင်
မျိုးချစ်မြန်မာများခင်ဗျား ယခင် အင်္ဂလိပ်လိုရေးသားဖြန့် ဝေထားသောpetition ကိုအမေရိကန်နိုင် ငံမှသာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ထို့ ကြောင့်နိုင်ငံတကာမှပါဝင်လက်မှတ်ရေးထိုးနိုင်ရန် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်ထပ်မံဖြန့် ဝေလိုက်ပါသည်။ယခင်petition တွင်လက်မှတ်ရေးထိုးပေးခဲ့ကြ သူများအနေနှင့်လည်းယခု petition တွင်ထပ်မံရ်ျ လက်မှတ်ရေးထိုးပေးကြပါရန်မေတ္တာရပ် ခံ အပ်ပါသည်။ မျိုးချစ်မြန်မာများခင်ဗျား မြန်မာပြည်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကိုမိမိတို့ ကိုယ်ကျိုးအတွက် ရောင်းချ ဖြုန်းတီး ဂုတ်သွေးစုတ်နေသော စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူလူထုကြီးတရပ်လုံး ကိုလူမှုဒုက္ခဆင်းရဲတွင်းသို့ နက်ရှိုင်းစွာပို့ ဆောင်ပေးနေသည့်အဓိကအကြောင်းတရားကြီးဖြစ်သည် ထိုစနစ်ဆိုးကြီးသည်မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြစ်တွယ်လျှက်ရှိပြီး မြန်မာပြည်သူတို့ ၏ အသက် သွေးချွေးတို့ ကို မြိန်ယှက်စွာစတေးရ်ျ စစ်အာဏာရှင်တို့ ၏ တကိုယ်ကောင်းဝါဒ ကိုသာတဖက် သတ် အားပေးကူညီလျှက်ရှိခဲ့ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတပစ္စည်းများလုံးပါးပါးသွားရမည့်အခြေအနေသို့ ကျရောက်သွားမည့် အန္တရယ်ရှိသလို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကို ဦးဆောင်ဦးရွက်ပြုမည့် တန်ဖိုးရှိသည့်လူသားအရင်း အမြစ်များဖြစ်သည့် ပညာတတ် လူငယ်များကမ္ဘာ့ အဆင့်မီ ထွန်းကားလာရေးကိုလည်း မတရား ဥပဒေများဖြင့် အင်တာနက်သုံးစွဲမှုများကိုပိတ်ပင်တားဆီးလျှက်ရှိသလို အရပ်သားပညာရေး ဘတ် ဂျက်ကို နည်းပါးစွာသတ်မှတ်ထားခဲ့ပြီးစစ်အသုံးစရိတ်များကိုသာတိုင်းပြည်ဝင်ငွေ၏ လေးပုံတပုံကို မိုက်ရိုင်းစွာလျာထားသတ်မှတ်ထားခဲ့သည်။ ပြည်သူလူထုဘ၀တိုးတက်ရေးကိုမကြည့်ဘဲ မိမိတို့  အာဏာတည်မြဲရေးကိုသာစောင်းပေးရ်ျပြုလုပ်နေသောစစ်အာဏာရှင်ဆိးု တစု အား တွန်းလှန်ရန် မှာ ကုလသမဂ္ဂသဘောတူညီမှုဖြင့်နိုင်ငံခြားတပ်များ စစ်ရေးအရ၀င်ရောက် ဖြေရှင်းမှသာမြန်မာ ပြည်သူများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရ်ျ ကြောက် လန့်ကင်းကွာလွတ်လပ်သောလူသားများ အဖြစ်နေထိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ ကြောင့် အချိန်မနှောင်းခင် ကုလသမဂ္ဂသဘောတူညီမှုဖြင့် နိုင်ငံခြားတပ်များမြန်မာနိုင်ငံသို့  အမြန်ဆုံးဝင်ရောက်ပြီး လစ်ဗျားတွင်နေတိုးတပ်ဖွဲ့ များက ကာဒီဖီတပ်ဖွဲ့ များ ရဲ့ သတ်ဖြတ်မှုများကို တားဆီးသကဲ့သို့ နအစစ်အစိုးရ ၏ ဖိနိပ်မှုများ ကို တားဆီးရန် နှင့် မြန်မာပြည်သူများ၏ လူ မှု ဒုက္ခကို ကယ်တင်ရန်အတွက်တောင်းဆိုမှုကို သဘောတူလက်မှတ်ထိုးကြရန်အထူး လို အပ်နေ ပါသည်။ အမေရိကန်နိုင်ငံနှင့်ဥရောပနိုငံများသည် မြန်မာ့အရေးကို စစ်ရေးအရ၀င်ရောက်ရန်လက်တွန့်  နေသည်မှာ၎င်းတို့ ကိုကျူးကျော်သူများအဖြစ်မြန်မာပြည်သူများကမြင်မည်ကို စိုးရိမ်နေရ်ျဖြစ် ပါသည်။၎င်းစစ်ရေးအရ၀င်ရောက်မှုသည် မြန်မာပြည်သူများကို လူသားခြင်းစာနာသောအားဖြင့် စစ်ကျွန်ဘ၀မှ လွတ်မြောက်လာစေရန် ကူညီခြင်းအဖြစ် မြန်မာပြည်သူများက လိုလိုလားလား ဖိတ်ခေါ်ကြောင်းသိလျှင် ၄င်းတို့ အနေနှင့် ပြတ်သားစွာလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ မစိုးရိမ်ဆရာတော်ကြီး မကွယ်လွန်မီ နယူးယောက်မြို့ တွင်တွေ့ စဉ်က”အကယ်ရ်ျ အမေရိကန် ရေတပ်ကြီး ဗမာပြည်ကိုချီတက်မည်ဆိုလျှင်သဘောင်္ဦးခန်းမှာ သာသနာ့အလံစိုက်ထူပြီး ငါလိုက်မယ်ကွ”ဟုမိန့် ဆို ဘူးပါသည်။ မြန်မာနိုင်ငံရှိ ဗုဒ္ဒဘာသာခေါင်းဆောင်ဆရာတော်ကြီးကပါလိုလားနေသောနိုင်ငံခြားတပ်များ ၀င်ရောက်လာစေလိုမှုကို ဗုဒ္ဒဘာသာရဟန်းတော်များကပါ သာသနာ့ပြန့် ပွားရေးကိုရည်စူးရ်ျ လက်မှတ်ရေးထိုးကူညီကြပါရန်ပန်ကြားအပ်ပါသည်။ ယနေ့ ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ သတင်းမှောင်ချရ်ျ လိမ်ညာလှည့်စားကာ ပြည်သူတို့ ကိုဖိနှိပ်အုပ်ချုပ်နိုင်သောခေတ်သည်နေ၀င်ခဲ့ပြီဖြစ်သည်။ထို့ ကြောင့်မြန်မာပြည်သူ ပြည်သားများတိုင်းပြည်ချစ်စိတ်၊တာဝန်သိစိတ်နှင့် လက်မှတ်ရေးထိုးကြပါရန်ပန်ကြားအပ်ပါသည်။ ၈၈ မျိုးဆက်ကျောင်းသားများ, မျိုးချစ်မြန်မာများ |
No comments:
Post a Comment