Sunday, May 15, 2011

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ်


 

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် အပိုင်း (၈)

E-mail Print PDF

ဗုဒ္ဓဘာသာမှာ ဆည်းကပ်စရာ သုံးပါးဆိုတဲ့ သရဏသုံးပါး ရှိပါတယ်။ ဘုရား တရား သံဃာပါ။ ဒီသုံးပါးထဲမှာ အဓိကမဏ္ဍိုင်က တရားဖြစ်ပါတယ်။ တရားကို အကြောင်းပြုပြီး ဘုရားနဲ့ သံဃာ
ပေါ်လာရတာ ဖြစ်လို့ပါ။ တရားကို စတင်တွေ့ရှိ ဟောပြောသူက ဘုရားဘွဲ့ထူးကို ရပါတယ်။ တရားကို ဖြန့်ချီဟောကြားသူတွေက သံဃာတွေ ဖြစ်ပါတယ်။

တရားကို စတင်တွေ့ရှိဟောညွှန်ခဲ့တဲ့ ဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့ပါတယ်။ ယခုအချိန်မှာ သက်ရှိထင်ရှား မရှိတော့ပါဘူး။ မြတ်ဗုဒ္ဓ မရှိတော့တဲ့ အချိန်ကစပြီး တရားဖြန့်ချီ ဟောကြားရေး ဟာ သံဃာ့တာဝန် လုံးလုံး ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ ဆည်းကပ်စရာ သရဏဂုံက ဗုဒ္ဓခေတ်ကလို သုံးပါး မဟုတ်တော့ဘဲ နှစ်ပါးပဲ ရှိတော့တယ်လို့ပင် တချို့က ပြောတတ်ကြပါတယ်။

တကယ်လက်တွေ့မှာ ဗုဒ္ဓဘာသာဝင်တွေအတွက် တရားသိဖို့ ဆည်းကပ် ရမယ့်သူကလည်း သံဃာပဲ ရှိနေတာ အမှန်ပါ။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ တရားဓမ္မကို ကိုယ်တိုင် ကျင့်သုံးရရှိပြီးတဲ့ ဆရာတော် သံဃာတော်များရဲ့ ဟောပြောလမ်းညွှန်မှုနောက်ကို လိုက်ပြီး တရားသိသူ တရားရှိသူများဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။

တကယ်လို့သာ မြန်မာနိုင်ငံသားများဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီး တရားရှိသူ တရားသိသူတွေ ဖြစ်လာကြရင်ဖြင့် အာဏာရှင်စနစ်ဆိုတာဟာ နေလာနှင်းပျောက် ဆိုသလို ချုပ်ငြိမ်း ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ တရားသိသူ တရားရှိသူများအနေနဲ့ အကြောက်အမက် လျော့ပါး ပျောက်ကွယ်သွားပြီ ဖြစ်တဲ့အတွက် အကြောက်အမက်နဲ့ သက်ဆိုးရှည်နေတဲ့ အာဏာရှင်စနစ်ဟာ လောင်စာမရှိတဲ့ မီးလို ခဏမဆိုင်း ငြိမ်းပျောက်သွားမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အာဏာရှင်တွေရဲ့ ထင်သလိုချယ်လှယ်နေမှုကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေ မချိမဆန့်ခံနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ်က အလွန်အားကောင်းနေဆဲ ဖြစ်ပြီး တရားနဲ့ မတရားမှာ မတရားက အနိုင်ရနေဆဲပါ။ အာဏာရှင်စနစ်ရဲ့ အောက်မှာ ဗုဒ္ဓဘာသာဟာ ခုတုံးလုပ်ခံနေရဆဲ တလွဲအသုံးချခံနေရဆဲပါ။

စစ်အာဏာရှင်စနစ်က ဗုဒ္ဓဘာသာကို ထင်သလိုအသုံးချနေနိုင်တဲ့ အခြေအနေက စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များက ဗုဒ္ဓဘာသာရဲ့ လမ်းပြရှေ့ဆောင် ရဟန်းသံဃာတော်များရဲ့ အထက်မှာ ရှိနေတာကို ရည်ညွှန်းပြသနေတာပါပဲ။

ဗုဒ္ဓဘာသာက အာဏာရှင်စနစ်အောက် ရောက်နေတဲ့ ကိစ္စမှာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ရှေ့ဆောင်များဖြစ်ကြတဲ့ သံဃာတော်များမှာလည်း တာဝန်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

ပထမဆုံးအချက်အနေနဲ့ပြောရရင် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ သံဃာရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဖို့ အဆင်သင့်ရှိနေပါလျက်နဲ့ သံဃာက မှန်ကန်တဲ့ လမ်းညွှန်မှုကို မပေးတဲ့အချက် ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ သံဃာကိုယ်တိုင် အာဏာရှင်ရဲ့ လက်အောက်ကို အရောက်ခံလိုက်တဲ့ အချက်ပါ။ သံဃာအဖွဲ့ကို အကြီးအမှုးလုပ်တဲ့ သံဃာနာယကတချို့က စစ်အာဏာရှင်ကို ချီးမွမ်းထောက်ခံ ပြောနေ သည်အထိ လွဲချော်လာတဲ့အချက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက လူတွေကျင့်ဖို့အတွက် မဂ္ဂင်ရှစ်ပါးကို ဟောညွှန်ခဲ့ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရခြင်းရဲ့ ရည်မှန်းချက် ပန်းတိုင်က အကြောက်အမက်များ ကင်းဝေးရေး ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ လူသားများအဖြစ်သို့ ရောက်ရှိရေး ဖြစ်ပါတယ်။ ရဲရင့်တဲ့ လွတ်မြောက်လူသားများအဖြစ်သို့ ရောက်ရှိရေး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ ပြည်သူလူထုကျင့်ကြံအားထုတ်ဖို့အတွက် ဘယ်လို တရားတွေကို သံဃာအများစုက ဟောညွှန်နေ ပါသလဲ။ ဒါနပြုရင် နောက်ဘ၀မှာ စည်းစိမ်ချမ်းသာတွေကို ခံစားရမယ်ဆိုတာတွေကို ဟောနေပါတယ်။ ဒါနမပြုရင် နောက်ဘ၀မှာ ငရဲပြည်ရောက်မယ့်အကြောင်း၊ ဆင်းရဲမွဲတေမယ့်အကြောင်းတွေ ဟောနေပါတယ်။ ဒါနမှုကြောင့် စည်းစိမ်ချမ်းသာတွေရပြီး ယစ်မူးပျော်ပါးနိုင်တာတွေကို အားကျအောင် ဟောနေပါတယ်။ ဥစ္စာဓန ချို့တဲ့မှုကို ယခင်ဘ၀က ဒါနမပြုခဲ့ခြင်းရဲ့ အကျိုးဆက် ဖြစ်တယ်ဆိုပြီး အပြစ်တစ်ခု ကျူးလွန်ထားသလို ထင်မြင် လာအောင် ဟောနေပါတယ်။ ဗုဒ္ဓဘာသာကို စည်းစိမ်ချမ်းသာ ရရှိရေးအတွက် လမ်းညွှန်တဲ့ဘာသာလို့ ယူဆ လာအောင် ဟောနေကြပါတယ်။

ဒါတွေကို ဟောပြောခြင်းအားဖြင့် နာကြားရသူတွေအဖို့ လွတ်လပ်မှုက အရေးမကြီးတော့ဘဲ ငွေကြေး စည်းစိမ်က အရေးကြီးလာတယ်။ အကျင့်သီလက အရေးမကြီးဘဲ ဒါနက အရေးကြီးလာပါတယ်။ စည်းစိမ်ချမ်းသာကို မက်မောတမ်းတတဲ့ စိတ်တွေ တဖွားဖွားပေါ်လာပြီး စည်းစိမ်ချမ်းသာရှင်တွေကို ဦးညွှတ်တဲ့စိတ်တွေ အားကျတဲ့ စိတ်တွေ ၀င်လာတယ်။

ဒီလိုနဲ့ အကြောက်အမက်တွေ တိုးလာတာနဲ့အတူ စည်းစိမ်ချမ်းသာရှိတဲ့ အာဏာရှင်တွေကို ရိုကျိုးတဲ့ စိတ်တွေ လည်း ၀င်လာပါတယ်။ ကိုယ်ကိုယ်တိုင် အာဏာရှင်ဖြစ်ချင်တဲ့ စိတ်တွေလည်း တလျှမ်းလျှမ်း ပေါ်လာပါတယ်။ ဗုဒ္ဓဘာသာဝင်များဖြစ်ရက်နဲ့ အလွန်စက်ဆုပ်စရာ ကောင်းတဲ့ အာဏာရှင်စနစ်ကို ထောက်ခံ မိရက်သား ဖြစ်နေကြပါတယ်။ ဒါနအတွက် ဆုတောင်းဆုပေး လုပ်တဲ့အခါ လူမင်းစည်းစိမ် ၊ နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်း စည်းစိမ်တွေ ခံစားရပါစေ ဆိုတာတွေဟာ အာဏာရှင်စနစ်ကို ပံ့ပိုးပေးနေတဲ့ ဆုတောင်းတွေပဲ ဖြစ်ပါတယ်။

ပိုဆိုးတာကတော့ သည်လိုဟောကြားချက်တွေကြောင့်  အများပြည်သူဟာ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာကို အဖြေမရှာတတ်တော့ဘဲ မျက်စိလည်သွားရတာပါ။ လက်တွေ့ ရင်ဆိုင်ခံစားနေရတဲ့ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ဆင်းရဲ တွေဟာ အာဏာရှင်စနစ်ကြောင့် ဖြစ်ပွားလာတာလို့  အမှန်မမြင်နိုင်တော့ဘဲ အရင်ဘ၀က ဒါနမပြုခဲ့ခြင်း ရဲ့ အကျိုးဆက်တွေလို့  တလွဲမြင်ကုန်တာပါ။

တကယ်တော့ အကြောက်အမက် တိုးပွားရေးတရားများကို ဟောညွှန်နေခြင်းဟာ မြန်မာနိုင်ငံသားများကို အာဏာရှင်စနစ်ထဲ ပိတ်မိနေအောင် လုပ်ခြင်းနဲ့ အတူတူပါပဲ။

ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများလောက် ရဟန်းသံဃာတော်များကို လေးစားရိုသေတဲ့လူမျိုး တော်တော် ရှားပါလိမ့်မယ်။ ရိုသေလေးစားတဲ့အဆင့်ကို ကျော်လွန်ပြီး ကိုးကွယ် အားထားတဲ့ အဆင့်ကိုပင် ရောက်နေပါပြီ။ ဒါကြောင့် သံဃာတော်များကိုသာ အရိပ်ကြည့်နေပြီး သံဃာတော်ရဲ့ အလိုအတိုင်း လိုက်နာဖို့ အဆင်သင့် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံသားများ  ကြည်ညိုအားထားနေတဲ့ သံဃာတွေရဲ့ အထွတ်အခေါင် သံဃာ့နာယကက ဘယ်လိုစကားမျိုးတွေကို ပြောနေပါသလဲ။

သံဃာအစည်းအဝေးတခုမှာ သံဃာ့နာယကလုပ်သူက  လက်ရှိအစိုးရဟာ မင်းကောင်းမင်းမြတ် ဖြစ်တဲ့ အကြောင်း ၊ သာသနာကို အလွန်အားပေး ထောက်ပံ့တဲ့အကြောင်း  ၊ သည်အစိုးရလက်ထက်မှာ သာသနာတော် အလွန်ထွန်းကား စည်ပင်ကြောင်း ပြောနေပါတယ်။ ဒီစကားကို တက်ရောက်လာတဲ့ ရဟန်းသံဃာတွေက သာဓုခေါ်ပါတယ်။

ဒီလိုပြောကြားချက်ကြောင့် ဘာဖြစ်လာမလဲဆိုတာကို အလွယ်နဲ့ တွက်ဆနိုင်ပါတယ်။ တိုင်းသူပြည်သားများ အနေနဲ့ သူတို့ ယုံကြည် ကိုးကွယ်တဲ့ သံဃာတော်များက အစိုးရကောင်းတယ်လို့ ပြောရင် သည်အစိုးရက ဘယ်လောက် ဆိုးဆိုး ငုံခံတော့မှာ သေချာပါတယ်။ ငါတို့အပေါ် မကောင်းပေမယ့် ငါတို့ ကိုးကွယ်တဲ့ သံဃာတော်များ အပေါ်တော့ ကောင်းလို့ ငါတို့ သံဃာတော်များက ချီးမွမ်းနေတာ ဖြစ်မှာပဲ ဆိုပြီး ဘယ်လောက် နှိပ်စက်စေကာမူ ခါးစည်းခံမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံသားများအနေနဲ့ အာဏာရှင်စနစ် အောက်က ဘယ်တော့မှ လွတ်မြောက်တော့မှာ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခတွင်းထဲမှာပဲ ကမ္ဘာဆုံးတိုင် နေရပါတော့မယ်။

အာဏာရှင်တွေက စည်းစိမ်ချမ်းသာယစ်မူးနေတဲ့ မြန်မာနိုင်ငံဟာ မြတ်ဗုဒ္ဓ ရည်မှန်းတဲ့ လူ့အဖွဲ့အစည်းမျိုး ဟုတ်ပါရဲ့လား။ ရဟန်းသံဃာများက အာဏာရှင်များ ကောင်းကြောင်း ၀ါဒဖြန့်ပေးပြီး အာဏာရှင်များရဲ့ လှုဒါန်းမှုများနဲ့ သာယာနေတဲ့ မြန်မာနိုင်ငံဟာ မြတ်ဗုဒ္ဓ ရည်မှန်းတဲ့ လူ့အဖွဲ့အစည်းမျိုး ဟုတ်ပါရဲ့လား။ တိုင်းသူပြည်သားလူအများက အနှိပ်စက်ခံပြီး ဆင်းရဲတွင်းထဲ နစ်နေရတဲ့ မြန်မာနိုင်ငံဟာ မြတ်ဗုဒ္ဓ ရည်မှန်းတဲ့ လူ့အဖွဲ့အစည်းမျိုး ဟုတ်ပါရဲ့လား။

မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်ကပင် သံဃာ့အဖွဲ့ဝင်များကို လမ်းညွှန်ခဲ့ချက် ရှိပါတယ်။ လူသားအများစုရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပါ၊ လူသားအများစုရဲ့ ချမ်းသာကို ဆောင်ရွက်ပါ ဆိုတဲ့ လမ်းညွှန်ချက်ပါ။ ပါဠိလို ပြောရရင်တော့ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပါယ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သံဃာတွေကို လမ်းညွှန်ခဲ့ရာမှာ လူအများစုရဲ့ အကျိုးကို ဆောင်ရမယ် လို့ ပြောခဲ့တာပါ။ လူလက်တဆုပ်စာရဲ့ အကျိုးကို ဆောင်ရမယ်လို့ ပြောခဲ့တာ မဟုတ်ပါဘူး။ အုပ်ချုပ်သူလူတန်းစားကွက်ကွက်ကလေးရဲ့ အကျိုးကိုဆောင်ရမယ် လို့ ဟောခဲ့တာ မဟုတ်ပါဘူး။

မကောင်းမှုတွေကို ကြောက်ခမန်းလိလိ ကျုးလွန်နေတဲ့အတွက် တကမ္ဘာလုံးက ရှုံ့ ချပြစ်တင်နေရတဲ့ စစ်အာဏာရှင် အစိုးရကို မင်းကောင်းမင်းမြတ် အဖြစ် ၊ သာသနာပြုမင်းအဖြစ် သံဃနာယက က ချီးမွမ်းနေခြင်းဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ အထောက်အပံ့ပြုနေတာ ဖြစ်တဲ့အတွက် လူအများ ဆင်းရဲဒုက္ခရောက်ဖို့မှတပါး တခြား အကျိုးမရှိပါဘူး။ ဒါကြောင့် သံဃာနာယကဟာ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ကို ဖြောင့်ဖြောင့်ဆန့်ကျင်နေတယ်လို့ ပြောရပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာများဟာ မြန်မာနိုင်ငံသားများကို ကယ်တင်ခဲ့တဲ့ သမိုင်း အထင်အရှား ရှိပါတယ်။ ဒါကတော့ နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ဦးဆောင်ပေးခဲ့တဲ့ လုပ်ရပ်ပါ။ နယ်ချဲ့စနစ်အောက်မှာ မြန်မာနိုင်ငံကျရောက်ခဲ့စဉ်က သံဃာတော်များဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများ လွတ်မြောက်ရေးအတွက် အလွန်တက်ကြွစွာ ဦးဆောင်ခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရခဲ့တာဟာ ရဟန်းသံဃာတော်များရဲ့ ဦးဆောင်လမ်းညွှန်မှု ကောင်းမွန်တဲ့အတွက် ရခဲ့တာလို့ပင် ပြောနိုင်ပါတယ်။

ဒီနေ့အချိန်မှာတော့ နယ်ချဲ့စနစ်ထက် ဆယ်ပြန်မက ဆိုးရွားတဲ့ အာဏာရှင်စနစ်အောက်မှာ မြန်မာနိုင်ငံသားများ ကျရောက်နေရပြန်ပါပြီ။ ဒီစနစ်ဆိုးက လွတ်မြောက်ဖို့အတွက်လည်း သံဃာတော်များအနေနဲ့ ဦးဆောင် ရပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာနဲ့ စစ်အာဏာရှင်စနစ်ဟာ ဓမ္မနဲ့ အဓမ္မလို၊ အလင်းနဲ့ အမှောင်လို တခုရှိရင် နောက်တခု မရှိနိုင်တဲ့ အရာတွေ ဖြစ်နေလို့ပါ။ စစ်အာဏာရှင်စနစ်ကို ပပျောက်အောင် မလုပ်ရင် ဗုဒ္ဓဘာသာ ပျောက်သွားပြီး သံဃာတော်များကိုယ်တိုင် အာဏာရှင်နဲ့  တသားတည်းပေါင်းစည်းသွားမယ့် အန္တရာယ်ရှိပါတယ်။

စစ်အာဏာရှင်များကို ကိုယ်တိုင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ပြဖို့နဲ့ အကြောက်အမက်ကင်းမဲ့ရေး တရားများကို ဟောပြောဖို့ ကိစ္စများဟာ ဗုဒ္ဓဘာသာထွန်းကားရေးနဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများရဲ့ လွတ်မြောက် ချမ်းသာရေး အတွက် သံဃာ့နာယက ကိုယ်တိုင် ဦးဆောင်ပြီး ရဟန်းသံဃာတော်များအားလုံး ကြိုးပမ်းလုပ်ဆောင်ရမယ့် လုပ်ငန်း ဖြစ်ပါတယ်။  ။


မောင်သာမည
(ဒီမိုကရက်တစ်မြန်မာ့အသံ ရေဒီယိုတွင် ထုတ်လွှင့်ခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါသည်
 
ရွေဝါရောင်တော်လှန်ရေးကြီးဖြစ်တုန်းကသံဃာသတ်တဲ့အစိုးရကိုဝိုင်းပြီး အပြစ်တင်ရှုံ့ ချကြတယ်။
ခု အဲဒီဆရာတော်တွေက သံဃာသတ်တဲ့အစိုးရရဲ့ အခမ်းအနားကိုရှေ့မျက်နှာနောက်ထားပြီးတက်ကြတော့
မှာလား။ထောင်တွင်းကအနစ်နာခံထောင်ကျနေတဲ့သံဃာတွေရဲ့ မျက်နှာတွေကိုမထောက်ထားကြတောဘူးလား။
သံဃာသတ်တဲ့အစိုးရကို သပိတ်မှောက်ကံဆောင်ထားဆဲဆိုတာမေ့တော်မမူကြပါနဲ့ ဘုရား။

သံဃာသတ်တဲ့စစ်အုပ်စုကိုဆန့် ကျင်ကြ-
အကျဉ်းကျ သံဃာတော်တွေကို ကူညီကြ-
အကျဉ်းကျသံဃာတော်တွေ လွတ်မြောက်ဘို့ တောင်းဆိုကြ။

__._,_.___
Attachment(s) from pyinnyar nanda
2 of 2 File(s)
 
 
 
အစေခံ
ကျော်ဆန်း

Dictators' Slave Kyaw San and his followers
appeared in Myanmar Ahlin Newspaper (11.5.2011)


၂၀၁၁ ခုနှစ်၊ မေလ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင်
စစ်ကြံ့  ဖွတ် အာဏာရှင်အဆိုးရ ပြန်ဆက်နှင့်ယကမ ၀န်ကြီးဆိုသူ ကျော်ဆန်းကို အစေခံဟု သုံးနှုံးရည်ညွှန်းထားသော
ဓာတ်ပုံကို ဖော်ပြခဲ့ပါသည်။ ဓာတ်ပုံထဲတွင် ကျော်ဆန်းနှင့် အဖွဲ့ဝင်များ
လမ်းသလားနေပုံကို ဖော်ပြထားပြီး ဓာတ်ပုံဘေးတွင် ဓာတ်ပုံရည်ညွှန်းစာသားအဖြစ်
အစေခံခံတပ် (ခံစရာရှိက ခံရမည့် အစေခံများတပ်ဖွဲ့  ) ဟု ဆိုင်းဘုတ်ထောင်
ရေးထိုးထားသည်ကိုလည်း တွေ့ရပါသည်။

www.myanmar.com တွင် အခြားနေ့ရက်များက
ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ PDF ဖိုင်များကို ၀င်ရောက်ကြည့်ရှု၍ ရသော်လည်း (၁၁၊
၅၊ ၂၀၁၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ PDF ဖိုင်ကိုမူ ၀င်ရောက်ကြည့်ရှု၍ မရပါ။
၎င်းဓာတ်ပုံပါ သတင်းစာကို အွန်လိုင်းတွင် မဖြန့်ဝေရဲသော စစ်ကြံ့  ဖွတ်
အာဏာရှင်များ၏ လုပ်ရပ်မှာ အင်မတန် ဟားတိုက်ချင်စရာ ကောင်းနေပေတော့သည်။ ။
"MEDIA to MEDIA" FIGHTING By Kyaw San
"MEDIA to MEDIA" FIGHTING By Kyaw San
မီဒီယာကို မီဒီယာချင်းတိုက်နေတာလား၊
မူးယစ်ရမ်းကားစည်းစိမ်ရစ်ပျော်မြူးနေတာလား ကိုကျော်ဆန်း
__._,_.___

No comments: