Thursday, January 19, 2017

စိတ်ဆောင်ရင် ဘာမဆို လုပ်နိင်တယ်

စိတ်ဆောင်ရင် ဘာမဆို လုပ်နိင်တယ်
---------------------------------
ဝမ်ခဟောင်းမှာ တိုက်ပွဲဖြစ်လာတာ ၁၀ ရက်လောက် ရှိသွားပါပြီး...တကယ်ဆိုရင် ရန်သူကို နှစ်ရက်လောက်ဘဲ ခံတိုက်ပြီး ဝမ်ခသစ်ကို ပြန်ဆုတ်လာဖို့ K.N.U ၁၀၁ တပ်ရင်းမှူး ဗိုလ်မှူးတောလှ က စစ်ကြောင်းမှူးဖြစ်တဲ့ ဗိုလ်ဖောတို ကို အမိန့်ပေးပြီးသာ..ဘာကြောင့် နှစ်ရက်လောက်ဘဲ ခံတိုက်ဖို့ဘဲ အမိန့်ပေးရလဲဆိုရင်..၀မ်ခဟောင်းစခန်းဟာ အဓိကကျတဲ့စခန်းမဟုတ်ဘဲ အဓိကကျတဲ့ ဝမ်ခသစ်စခန်းကို စုပေါင်းကာကွယ်ဖို့ရယ်နဲ့ တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ကျောင်းသားတပ်ကို စိတ်မချသေးတာရယ်ကြောင့် ဒီအမိန့်ကို ပေးရတာဘဲ..စိတ်မချတာလဲ မပြောနဲ့လေ..တိုက်ပွဲတပွဲဖြစ်လိုက်တော့ အမောင်ကျောင်းသားနှစ်ယောက်က(နံမည်တော့ မပြောပါရစေနဲ့) (သူတို့ထဲက တယောက်ဆိုရင် ရန်သူကို ဘယ်လို သတ်မယ်ဖြတ်မယ်ဆိုပြီး တိုက်ပွဲမဖြစ်ခင်က ကြွေးကြော်နေခဲ့တာ) သူတို့ကို မိခင်တပ်ရင်းရှိရာ ဝမ်ခသစ်စခန်းကို ပေးပြန်ဖို့ ကျောင်းသားတွေကိုအုပ်ချုပ်ရတဲ့ K.N.Uက ဗိုလ်အက်ကလေးကို သွားပြောသတဲ့..စစ်ပူနေလို့ ပေးမပြန်နိင်ဘူးလို့ ပြောလိုက်တော့...နောက်နေ့မနက် သူများတွေတိုက်ပွဲနဲ့ အလုပ်ရှုတ်နေချိန်မှာ သူတို့နှစ်ယောက်က သူတို့ equipment နဲ့ သေနတ်တွေကို ဘန်ကာထဲမှာ ထားပစ်ခဲ့ပြီး သောင်ရင်းမြစ်ကိုဖြတ် ထိုင်းနိင်ငံဘက်ကမ်းကို ကူးပြီး ဝမ်ခသစ်စခန်းကို ပြန်သွားလေးရဲ့(စခန်းမှာ ခနလောက်နေပြီး နောက်တော့ လက်နက်ချသွားတာပေါ့)..ဒီလိုပြောလို့ တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ကျနော်တို့ကျောင်းသားထဲကဘဲ ပြေးတာမဟုတ်ဘူး..တိုက်ပွဲအတွေ့အကြုံရှိတဲ့ K.N.U ထဲက ရဲဘော်တချို့လဲ ရန်သူက လက်နက်ကြီးအလုံးအရင်းနဲ့ တပ်မအလိုက်ချီတက်လာတယ် ကြားလို့ ထွက်ပြေးကြသတဲ့...
ဒီနေ့ တိုက်ပွဲ ၁၀ရက်မြောက်နေ့မှာ ညနေစောင်းပြီးမို့ တိုက်ပွဲလဲ နားပါပြီး...ရန်သူ့ရဲ့ လက်နက်ကြီးပစ်သံ တချက်တလေးကလွဲပြီး လက်နက်ငယ်ပစ်သံ တချက်မှမကြားရဘဲ စခန်းတခုလုံး ထူးခြားစွာ တိတ်ဆိတ်နေတာကို သတိထားမိလိုက်တယ်..အရင်နေ့တွေဆို တိုက်ပွဲပြီးတာနဲ့..တိုက်ပွဲအဖြစ်အပျက်တွေကို တယောက်နဲ့တယောက် မေးလိုက်မြန်းလိုက် နောက်လိုက် ပြောင်လိုက်နဲ့ ဆူညံနေပေမဲ့ ဒီနေ့တော့ ဘာစကားသံမှကိုး မကြားရတာ..ဒီလိုဖြစ်နေတာကို နတ်ကဘဲ နိုးဆော်လို့လားမသိဘူး စိတ်ထဲသ သိတ်မကြိုက်ချင်ဘူး..ကိုယ့်ဘေး ပတ်ဝန်းကျင် ကြည့်လိုက်တော့လဲ ရဲဘော်တွေ တယောက်မှကို မတွေ့ရဘူး...အရင် ကိုယ့်နေရာက စခန်းအဝင်ဝ ကားလမ်းရဲ့ထိပ်မှာဆိုတော့ တာဝန်ကြီးပြီး အထူးသတိထားရတဲ့နေရာ..လူကလဲ ဘယ်တော့မှ မပြတ်ဘူး..နောက်တော့ နေ့မအိပ်ရ ညမအိပ်ရနဲ့ ပင်ပမ်းလွန်းလို့ ဆရာတွေကို နေရာပြောင်းခိုင်းတော့ ..အခုလို သိပ်အရေးမကြီးတဲ့ တယောက်စာ ပစ်ကျင်းနေရာကို ပို့လိုက်တာ..ဘေး ဘယ်ညာက ဘန်ကာတွေနဲ့ ဝေးတယ်...ဒီတော့ ရဲဘော်တယောက်တလေးများ တွေ့နိုးနဲ့ မျှော်ရတာပေါ့..ကိုယ့်နေရာကို ပြစ်ပြီး တခြားဘန်ကာတွေကိုလဲ သွားမကြည့်ရဲဘူး..သွားလဲ မသွားသင့်ဘူးလို့ ထင်တယ်..မတော် ကိုယ်ထွက်သွားတုန်း ကိုယ့်အရှေ့က ရန်သူဝင်လာရင် ဘယ်လိုလုပ်မတုန်း..ဒီလိုနဲ့ ဟိုကြည့် ဒီကြည့်လုပ်နေတုန်း ခြေသံကြားလို့ ကြည့်လိုက်တော့ ကျောင်းသားရဲဘော်တယောက်ကို တွေ့လိုက်ရတယ်...သူလဲ ကိုယ့်ကိုတွေ့တွေ့ခြင်း.."Knu တွေတော့ ဆုတ်ကုန်ပြီး တို့တွေလဲ ဆုတ်မှဖြစ်တော့မယ်"လို့ ပြောလာတယ်..ဒါဆိုရင် ဘယ်သူတွေ ကျန်သေးလဲဆိုတာ ဘန်ကာတွေကို လိုက်စစ်မှ ထင်တယ်လို့ ပြောလိုက်တော့...သူလာတဲ့ဘက်အခြမ်းကတော့ ဘယ်သူမှ မရှိတော့ဘူးတဲ့..ဒီလိုပြောနေချိန်မှာဘဲ မစစ်ရသေးတဲ့အခြမ်းဘက်က ရေသံကြာလို့ ကြည့်လိုက်တော့...ရေပြည့်နေတဲ့ ဆက်သွယ်ရေးမြောင်းတလျှောက် ကုန်းကွပြီးလာနေတဲ့ ကိုသောင်းဦး ကို တွေ့လိုက်ရတယ်..ဟိုဘက်မှာ ဘယ်သူတွေရှိသေးလဲလို့ မေးလိုက်တော့..ဘယ်သူမှ မရှိတော့ဘူးတဲ့..ဒါပေမဲ့ ကိုဖါးပု တော့ ကျဆုံးနေတာ တွေ့ခဲ့တယ်တဲ့..ကျနော်တို့ သုံးယောက်လဲ စိတ်မကောင်းစွာနဲ့ ဆုတ်လာကြရင် ဆက်သွယ်ရေးမြောင်းတလျှောက်မှာရှိတဲ့ ဘန်ကာတွေထဲမှာ ဘယ်သူတွေများကျန်မလဲ ကြည့်လာခဲ့ကြတယ်..ဆရာတွေနေတဲ့ ဘန်ကာကိုရောက်တော့ .ကျဆုံးနေတဲ့ Knu ရဲဘော်တယောက်နဲ့ ကျောင်းသားရဲဘော် ဦးစော(ရေတပ်သားဟောင်းတဦး)အလောင်းကို တွေ့လိုက်ရတယ်(နောက်မှသိရတာက ဦးစော ဒဏ်ရာရလို့ ဆေးထည့်နေတုန်း ရန်သူ့လက်နက်ကြီးတလုံးကျကွဲပြီး နှစ်ယောက်ကျဆုံးကာ သုံးယောက် ဒဏ်ရာရသွားတာ)..စိတ်မကောင်းပေမဲ့ ကိုယ့်လဲ ဘာတတ်နိင်မှာတုန်...ဒါနဲ့ ဆက်ထွက်လာတော့ လမ်းတလျှောက်မှာ ပြုတ်ကျနေတဲ့ ကျဉ်ဆံတွေ ကျဉ်ဘောက်တွေကို တွေ့ရတယ်...ကိုယ်လဲ ကောက်သိမ်းတာပေါ့..ဟုတ်တယ်လေ..ကိုယ်တွေတောခိုတုန်းက ဘာမှပါတာမှမဟုတ်ဘဲ..အခုကောက်ရတော့ Knu ပိုင် မဟုတ်တော့ဘူးလေ ကိုယ့်အဖွဲ့ပိုင် ဖြစ်သွားတာပေါ့..
ဒီလိုနဲ့လာရင် Knu ကတယောက်နဲ့ လမ်းတဝက်လောက်မှာတွေ့တယ်..သူက(ဗိုလ်လား ရဲဘော်လားတော့ မသိဘူး..သူတို့ကလဲ ရာထူးတံဆိပ်တွေကို အခမ်းအနားတွေမှဘဲ ဝတ်တာကိုး)ကျနော်တို့ကို မူလနေရာကိုပြန်သွားဖို့ပြောလာတယ်..ကျနော်ကလဲ"အဲဒီနေရာမှာ ဘယ်သူမှ မရှိတော့ဘူး..ပြန်သွားစေချင်ရင် ခင်ဗျာအရှေ့ကသွား..ကျနော်တို့ အနောက်က လိုက်ခဲ့မယ်" လို့ပြန်ပြောတော့ သူလဲ ဘာမှပြန်မပြောတော့ဘူး..ဒါနဲ့ ကျနော်တို့လဲ ဆက်ထွက်လာလိုက်တာ သောင်ရင်းမြစ်ကမ်းစပ်ဘေးရောက်တော့ ..လူနာတယောက်ရဲ့ခြေထောက်ကို ကြပ်စည်းပေးနေတဲ့ ကိုသိန်းထွန်းကို တွေ့လိုက်ရတယ်..အကျိုးအကြောင်းမေးကြည့်တော့ ဦးစော ကို ဆေးထည့်ပေးနေရင် ရန်သူလက်နက်ကြီးထိပြီး ခြေထောက်ကျိုးသွားတဲ့ knu က ဆေးမှူးတယောက် ဖြစ်နေတယ်(ဒဏ်ရာရတဲ့နေရာကနေ သူ့ကို ဒီကို ထမ်းလာတာက ကျနော်တို့ကျောင်းသားထဲက ချစ်ပို)...ကျနော်တို့ စကားပြောနေတုန်း ကျန်တဲ့ရဲဘော်တွေက သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိင်ငံဘက်အခြမ်းကို ကူးသွားကြပြီး..ကျနော်တို့ သုံးယောက်ဘဲကျန်တော့လို့.."ကျနော်တို့လဲ ကူးကြစို့"လို့ ကိုသိန်းထွန်း ကို ပြောလိုက်တော့.."ဒါဆိုရင် ဒီ knuဆေးမှူးကို ဘယ်လိုလုပ်မလဲ"လို့ သူက ပြန်မေးလာတယ်..ကျနော်က "သူတို့ရဲဘော်တွေ လာခေါ်မှာပေါ့"လို့ ပြန်ပြောလိုက်တော့..သူ့ကို ကျနော်တို့နဲ့အတူ ခေါ်သွားပေးဖို့ Knu က ဆေးမှူးက ပြောလာတယ်...
စိတ်ထဲကဖြစ်နေတာကို အမှန်အတိုင်း ရိုးရိုးသားသားပြောရရင်တော့ ကျနော်ကိုယ်လွတ်ရုန်းပြီး ဒီစခန်းက အမြန်ထွက်သွားချင်ပါပြီး...ရန်သူကလဲ စခန်းထဲကို ရောက်နေပြီးလားမသိ...ရောက်ခဲ့လို့ အဝိုင်းခံရရင် ကိုယ်တွေ ပြေးမလွတ်နိင်တော့..ဒဏ်ရာရဆေးမှူးကို ကြည့်လိုက်တော့ သူ့ရဲ့ခန္ဒာကိုယ်က ကျနော့်ရဲ့ခန္ဒာကိုယ်ထက် ပိုကြီးနေတယ်..ကျနော်က အကောင်သေးသေးလေး..တိုက်ပွဲ ၁၀ ရက်လောက်ဖြစ်ထားတော့ အအိပ်ပျက် အစားပျက်နဲ့ ကျနောလဲ အတော်ပင်ပန်းနေပြီး..ပြီးတော့ ကျနော့်မှာက equipment..ကျောပိုးအိတ်..သေနတ်နဲ့ လမ်းမှာကောက်လာတဲ့ ကျဉ်ဘောက်တွေနဲ့ အတော်လေးနေပြီး..ဒီအကြောင်းတွေတွေးပြီး ကျနော်သူကို ဘယ်လိုမှ တွဲမခေါ်နိင်တော့ဘူး..သူ့ထိုက်နဲ့သူ့ကံ ထားပစ်ခဲ့ရတော့မယ်..ကျနော်နဲ့ ကိုသိန်းထွန်း လွတ်မြောက်ရေးသာ အဓိကဘဲလေ...
ဒါပေမဲ့......ဒါပေမဲ့ပေါ့ဗျာ...ကျနော်တို့နှစ်ယောက်ကို အားကိုးတကြီးနဲ့ကြည့်နေတဲ့ ဆေးမှူးရဲ့မျက်နှာကို မြင်လိုက်တဲ့ခနမှာ ကျနော့်ရဲ့အတ္တစိတ်တွေ ပျောက်ဆုံးခဲ့ပါပြီး..ကိုယ်ခြင်းစာစိတ် ရဲဘော်ရဲဘက်စိတ်ဆိုတဲ့ အားအင်းတွေ ဝင်လာပါပြီး..ဒီစိတ်ဝင်လာတာနဲ့ ကျနော်လဲ လမ်းမှာကောက်လာတဲ့ ကျဉ်ဘောက်တွေ လွင့်ပစ်..ကျောပိုးအိတ်နဲ့ သေနတ်ကို ကိုသိန်းထွန်း ကိုပေးပြီး ဆေးမှူးကို ကောက်ထမ်းတော့တာဘဲ..ကိုယ်တယောက်ထဲတော့ ဘယ်နိင်မှာလဲဗျာ..ကိုသိန်းထွန်း လဲ ဝိုင်းကူမရတာပေါ့...ကိုယ့်ထက်ဝိတ်ကြီးတဲ့လူနာကို ထမ်းထားရတော့ ဒူးမညွတ်အောင် သတိထားနေရတယ်..ဒူးညွတ်တာနဲ့ နှစ်ယောက်လုံး ခွေးကျကျကြမှာလေး..ဒါနဲ့ဘဲ မလဲအောင် သတိထားရင် သောင်ရင်းမြစ်ထဲကို ဆင်းချလာလိုက်တယ်...ကမ်းစပ်မှာ ရေက ဒူးခေါင်းလောက်ရှိပေမဲ့ ကမ်းနဲ့ဝေးလာတာနဲ့ ရေက ရင်ခေါင်းလောက် ရောက်လာတယ်...ရေစီးကလဲ သန်လာတယ်..မနိင်ဝန်ကိုလဲ ထမ်းထားရတဲ့အပြင် ရေစီးကပါ တွန်းလှဲလာတာကြောင့် ရေစီးထဲ မျှောပါမသွားအောင် ကျနော်တို့နှစ်ယောက်ကို တွန်းထားပေးဖို့ ကိုသိန်းထွန်း ကို အကူအညီတောင်းရတယ်...
ဒီလိုနဲ့ သုံးယောက်သာ လာလိုက်တာ ရေလယ်ခေါင် သောင်ထွန်တဲ့နေရာရောက်တော့ ပင်ပန်းလွန်လို့ ဘယ်လိုမှမတတ်နိင်တော့ဘဲ ကျနော် ဒူးညွတ်ခွေကျသွားတယ်..လူနာခြေထောက်များ ထပ်နာသွားသေးလား ကျနော် မစဉ်းစားနိင်တော့ဘူး..ကိုယ့်အတွက် အသက်ပုံမှန် ရှုနိင်အောင်ဘဲ ကြိုးစားနေရတယ်..ဟိုဘက်ကမ်းအထိရောက်အောင် မသွားချင်တော့ဘူး..ဒီသောင်ပြင်မှာဘဲ အိပ်ချင်နေပြီး(တသက်လုံးမှာ ဒီတခါလောက်ပင်ပန်းတာ မကြုံဘူးသေး)
ဒီအချိန်မှာဘဲ ကျနော်တို့ဆုတ်သွားတာ ရန်သူက သိသွားလို့လားမသိဘူး ကျနော်တို့ဆုတ်ခွာရာလမ်းကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်လာတယ်..ကျနော်တို့ ဘေးနားတဝိုက်မှာ ကျကွဲပေမဲ့ ပင်ပန်းလွန်းလို့ သေချင်သေပါစေဆိုပြီး ကျနော်လည်း မထတော့ဘူး..ဒါပေမဲ့လဲ ဘေးနားမှာရှိနေတဲ့ ကိုသိန်းထွန်း က"ထ ထ ကိုစိုးလွင် အားတင်းထားစမ်းပါ ကမ်းနဲ့သိပ်မဝေးတော့ဘူး"ဆိုပြီး အားပေးလာမှ ကျနော်လဲ အသိစိတ်ဝင်ပြီး လူနာထမ်းပြီး ဆက်သွားရပြန်တာပေါ့...ဟိုဘက်ကမ်းရောက်လို့ ကမ်းပေါ်တက်မယ်ကြံပြန်တော့ ကမ်းပါးက အမြင့်ကြီးဖြစ်နေလို့ တက်မရပြန်ဘူး..တက်လို့လွယ်တဲ့နေရာကို ဆက်ရှာနိင်တဲ့အင်းအားလဲ ကျနော်မှာမရှိတော့ဘူး..ဒါနဲ့ဘဲ အရင်ရောက်နေတဲ့ ရဲဘော်တွေကို လှမ်းအော်အကူအညီတောင်းတော့ သူတို့လဲ အံ့သြဝမ်းသာပြီး ဝိုင်းကူဆွဲတင်ပေးကြတယ်..သူတို့စိတ်ထင် အနောက်မှာ ဘယ်သူမှ မကျန်တော့ဘူး ထင်နေတာတဲ့..
နောက်တော့ လူနာတွေ ထမ်းပြီး ဝမ်ခသစ်စခန်းကို ဆက်ထွက်လာကြတာပေါ့..လမ်းတလျှောက် ကျနော့်အတွေးထဲမှာတော့ စခန်းကို ဆုတ်ခွာလာရလို့ ဝမ်းနည်းပေမဲ့ မထင်မှတ်ဘဲ စိတ်ဆောင်ပြီး လုပ်လာခဲ့တဲ့အလုပ်တခုအတွက် ဝမ်းသာပီတိနဲ့ပေါ့....
စိုးလွင်(ဝမ်ခ)(၂၁၁)

No comments: