Saturday, October 14, 2017

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ကျင်းပခဲ့သည့် Arria-Formula အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (မြန်မာ+အင်္ဂလိပ်)

34 mins ·
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်မှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ Arria Formula အစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည့် မိန့်ခွန်း
(၁၃- ၁၀-၂၀၁၇ )
သဘာပတိကြီးခင်ဗျား
ရှင်းလင်းပြောကြားပေးသည့် အတွက် ဒေါက်တာ ကိုဖီအာနန်အား ကျေးဇူးတင်ရှိပါတယ်။
ရခိုင်ပြည်နယ်ရဲ့ လွန်စွာခက်ခဲသည့် ပြဿနာ တစ်ခု အား ဖြေရှင်းရန် ပြီးခဲ့သည့် (၁၂) လ ကျော် ကာလ အတွင်း ဒေါက်တာကိုဖီအာနန်အနေဖြင့် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရေရှည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးနည်းလမ်းကိုရှာဖွေရန် ဒေါက်တာ ကိုဖီအာနန် နှင့် ကော်မရှင် အဖွဲ့ဝင်များ သည် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်သူများ၊ ဒေသတွင်းနှင့် ဒေသ ပြင်ပရှိ သက်ဆိုင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။
ဒေါက်တာ ကိုဖီအာနန်ရဲ့ ယနေ့ ရှင်းလင်းပြောကြားမှု ဟာ ကိုယ်တိုင်မြင်တွေ့ရသည့် အရင်းအမြစ် က ရရှိသော သတင်းအချက်အလက်များနှင့် သေချာစွာ သုတေသနပြုထားသည့် အချက်အလက်များကို အခြေခံ၍ ပြောကြားခြင်း ဖြစ်ပါတယ်။ ၎င်း၏ ရှင်းလင်းပြောကြားမှုဟာ မိမိတို့ အကြိမ်ကြိမ် ကြားနေရ သည့် ယထာဘုတကျမှု မရှိသည့် ရှင်းလင်းပြောကြားမှုများနှင့် လွန်စွာ ကွာခြားပါတယ်။
ဒေါက်တာကိုဖီအာနန် အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စသည် မည်မျှရှုပ်ထွေးပြီး၊ စိန်ခေါ်မှုများရှိသည့် ကိစ္စ၊ နိုင်ငံတကာ၏ အာရုံစိုက်မှုဖြစ်လာရသည့် အကြောင်းအရင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အကောင်းဆုံး ဖြစ်နိုင်သည့် နည်းလမ်းများအပေါ် ကောင်းစွာ သိရှိနားလည်သည်ကို ၎င်း၏ ရှင်းလင်းပြောကြားမှုက ထင်ဟပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုက လွန်စွာကြီးမားပါတယ်။ မကြာမီက ဖြစ်ပျက်ခဲ့မှုများက ဤအခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်။
ဒေါက်တာ ကိုဖီအာနန် ပြောကြားခဲ့သကဲ့သို့၊ ဒီစိန်ခေါ်မှုများဟာ နေ့ချင်းညချင်း ဖြေရှင်း၍ မရနိုင် သကဲ့သို့ မြန်မာတစ်နိုင်ငံတည်းဖြင့်လည်း ဖြေရှင်း၍ မရနိုင်ပါ။နိုင်ငံတကာအသိုက်အဝန်း၏ နားလည်ပေးမှု၊ ပံ့ပိုးပေးမှုများဖြင့် မြန်မာနိုင်ငံ ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ပိုမိုအားကောင်းအောင် ဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ်။
အကြံပေးကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေး အတွက် အသင့်လျော်ဆုံး လမ်းပြမြေပုံ တစ်ခု အဖြစ် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ခိုင်မာစွာ ယုံကြည်ပါတယ်။
မိမိတို့အနေဖြင့် ကော်မရှင်၏ အစီရင်ခံစာကို လက်ခံကြိုဆိုခဲ့ပြီးဖြစ်ပါတယ်။
အကြံပြုချက်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးအဆင့် ကော်မတီတစ်ရပ် ကို ဖွဲ့စည်းထားပြီး လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကော်မတီကို လိုအပ်သော အကြံများ ပေးနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ထင်ပေါ်ကျော်ကြား ပြီး လေးစားရသူများ၊ ကျွမ်းကျင်သူများ ပါဝင်သည့် အကြံပေးဘုတ်အဖွဲ့ကို ဖွဲ့စည်းသွားရန် ရှိပါတယ်။ ပြည်ပမှ ကျွမ်းကျင်သူများ ထည့်သွင်းဖွဲ့စည်းခြင်းဖြင့် ရှေ့ဆက်သွားရမည့် နည်းလမ်းရှာဖွေရာမှာ အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ပါတယ်။
ရခိုင်ပြည်နယ်ကိစ္စကို အလေးထား ဆောင်ရွက်နေသည့် တစ်ချိန်တည်း၊ နိုင်ငံတွင်း အခြားဒေသများ တွင် မိမိတို့ ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်သည် ကိုလည်း ကောင်းစွာသိရှိနားလည်ပါတယ်။
ဒီတာဝန်ဟာ လွန်စွာမှ ကြီးမားလှပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မိမိတို့အခြေအနေအပေါ် သဘောပေါက်နားလည်ပြီး၊ မိမိတို့၏ ဒီမိုကရေစီ လုပ်ငန်း စဉ်တည်တံ့ခိုင်မြဲရေး အတွက်အားပေး ထောက်ခံကြရန်လိုအပ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ နှင့် ဆက်ဆံရေးသည် အရေးကြီးသည်ဟု ခံယူထားပြီး ဆက်ဆံ ရေးကို ပိုမိုတိုးတက်အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားပါမယ်။ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲ့လ်မန်သည် ယခုအခါ မြန်မာနိုင်ငံသို့ သွားရောက်လျက်ရှိပါ တယ်။ ၎င်း အနေဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်၍ မြေပြင်အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခွင့်ရရှိမှာ ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားပါတယ်။ မကြာမီအချိန်အတွင်း မြန်မာနိုင်ငံသို့ လာရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါ တယ်။
နိုင်ငံတကာ အသိုက်အဝန်း၏ တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် မိမိတို့ ကတိကဝတ် ပြုထားမှုများအားလုံးကို မပျက်မကွက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ယမန်နေ့က ပြည်သူများသို့ ပြောကြား ခဲ့သည့် တင်ပြချက်တွင်လည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်ကို အတည်ပြုပြောကြား ခဲ့ပါတယ်။
အစိုးရအနေဖြင့် ချက်ချင်းဆောင်ရွက်သွားမည့် အဓိက လုပ်ငန်းသုံးခုကို ချမှတ်ခဲ့ပါတယ် -
(၁) ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊
(၂) တိမ်းရှောင်နေသည့် အသိုက်အဝန်းများအားလုံးအတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊
(၃) ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဌအဖြစ် ဆောင်ရွက်မည့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဟု ခေါ်သည့် ယန္တရား သစ်တစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်။
ဒီယန္တရားအရ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု့အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အကြား ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ယင်းလုပ်ငန်းအစီအစဉ်ကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် စတင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ ယမန်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အလေးထား ပြောကြားခဲ့သည်များကို ထပ်လောင်း ပြောကြားလိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း၏ တိုက်တွန်း ပြောကြားမှုများကို အပြော ထက် လက်တွေ့ လုပ်ဆောင်ချက်များ၊ တိုးတက်မှုရလဒ်များ ပြသကာ တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား၊
နိဂုံးမချုပ်မီ၊ ပြီးခဲ့သည့် အစည်းအဝေး၌ မိမိတို့ တွေ့ဆုံခဲ့စဉ် ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ဖော် ပြောကြားခဲ့ သည့် စိုးရိမ်မှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားလိုပါတယ်။
ပထမအချက်အနေဖြင့်၊ အကြမ်းဖက်မှုများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လျော့ကျသွားပြီဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် စက်တင်ဘာလ (၅) ရက်နေ့မှ စ၍ နယ်မြေရှင်းလင်းမှုများကို ရပ်ဆိုင်းခဲ့ပြီ ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေ ကောင်းမွန်လာသည့်အလျောက် ရန်ကုန်မြို့ရှိ သံတမန်များသည် သတင်းမီဒီယာများနှင့်အတူ အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ အောက်တိုဘာလ (၂) ရက်နေ့က သွားရောက်နိုင်ခဲ့ပါတယ်။ ထို့နောက် ဝန်ကြီးများနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများသည်လည်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသသို့ အောက်တိုဘာလ (၁၀) ရက်နေ့က သွားရောက် ခဲ့ပါတယ်။
ဒုတိယအချက်အနေဖြင့်၊ လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှု မရှိဘဲ၊ အထိခိုက်ခံရသည့် သူအားလုံးသို့ ပေးအပ် လျက်ရှိပါတယ်။ အစိုးရ အနေဖြင့် ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့နှင့် ပူးပေါင်း၍ အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေ ပေးလျက်ရှိပါတယ်။ WFP၊ FAO၊ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management နှင့် ပုဂ္ဂလိက အလှူရှင်များ ပါဝင်မှုဖြင့်၊ လာမည့် နေ့ရက်များတွင် လူသားချင်းစာနာမှု အကူအညီများ လိုအပ်သည့် သူများထံသို့ ပိုမိုရောက်ရှိတော့မည်ဟု မျှော်လင့်ပါတယ်။
တတိယအချက်အနေဖြင့်၊ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာလ (၁)ရက်နေ့ မှ (၃) ရက်နေ့ အထိ ဒါကာမြို့သို့ သွားရောက်ခဲ့ပြီး၊ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ပူးတွဲလုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းသွားရန် နှစ်ဘက်လုံးမှ သဘောတူခဲ့ပြီးဖြစ်ပါတယ်။ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး တို့အား နေပြည်တော် သို့ လာရောက်ရန် ဖိတ်ကြား ထားပါတယ်။
စတုတ္ထအချက်အနေဖြင့်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များသည် အသင့်လျော်ဆုံးလမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းနည်းတူ မြန်မာနိုင်ငံ အနေ ဖြင့်လည်း ရှုမြင်ပါတယ်။
ပဉ္စမအချက်အနေဖြင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားရပ်တည်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ တရားဥပဒေ၏ အထက်တွင် မည်သူမျှ မရှိပါ။ ခိုင်လုံသော အထောက်အထားရှိပါက ဥပဒေချိုးဖောက်သူများကို အရေးယူသွားမှာ ဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား၊
ရခိုင်ပြည်နယ်ရှိ လူအများ၏ ဒုက္ခရောက်နေမှုများအပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် အလေးထားမှု မရှိဟူသော စွပ်စွဲမှုများရှိနေပါတယ်။ မိမိတို့အစိုးရအနေဖြင့် ယင်းအခြေအနေအား လစ်လျူရှုထားခြင်း လုံးဝ မရှိသည့်အပြင် ဆယ်စု နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ယင်းပြဿနာများအား ရေရှည်တည်တံ့မည့် အဖြေ ရရှိရေး အတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။ အိုးအိမ်များ စွန့်ခွာတိမ်းရှောင် နေရသည့် အပြစ်မဲ့သူများ ဒုက္ခရောက် ခံစားနေရမှုပေါ် မိမိတို့အနေဖြင့် များစွာ စိတ်မကောင်းဖြစ် ရပါတယ်။
မိမိတို့အနေဖြင့် နေအိမ်များအား စွန့်ခွာ၍ အခြားဒေသများသို့ သွားရောက် ခိုလှုံနေကြရသူများအပေါ် စိတ်မကောင်း ဖြစ်ရသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ မတူညီသည့် သဘောထားအမြင်များ ရှိနေသည်ကိုလည်းလစ်လျူမရှုနိုင်ပါ။ ကောင်းသူနှင့် ဆိုးသူကို ခွဲထုတ်ရပါမည်။
ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို မြန်မာနိုင်ငံ အနေဖြင့် ရှာဖွေသွားမှာဖြစ်ပါတယ်။ နုနယ်သေးသည့် ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံအနေဖြင့် ရှေ့ဆက်ရမည့် ခရီးလမ်း ရှည်လျားသည်ကို သိရှိပါတယ်။ မိမိတို့သည်မလျှော့သောဇွဲလုံလဖြင့်၊ နည်းလမ်းရှာဖွေရန်နှင့် ကြိုးပမ်း ဆောင်ရွက်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားပါတယ်။
ကျေးဇူးတင်ပါတယ်။


Statement by His Excellency U Thaung Tun, National Security Advisor to the Union Government of the Republic of the Union of Myanmar at the ARRIA Formula Meeting of the Security Council on the Situation in Myanmar
Co-hosted by France and the United Kingdom
(13 October 2017)
Mr. President.
I would like to join other speakers in thanking H.E. Mr. Kofi Annan for his comprehensive briefing.
Over the past 12 months, he has worked tirelessly to try to cut the Gordian knot in Rakhine State. He and members of his commission have consulted widely with all stake-holders in the country, the region and beyond to find the best path to sustainable peace and development in the state.
Mr. Annan’s briefing today is based on firsthand information and thorough research. It stands in stark contrast to the less than objective statements that we have repeatedly heard.
It reflects his deep insight on the complex and challenging situation of Rakhine, the reason why it has become the subject of international focus, and the most constructive way to move forward.
The challenges that Myanmar faces are legion. They have been further complicated by recent events.
As underlined by Mr. Annan, these challenges cannot be overcome overnight and by Myanmar alone. Myanmar’s efforts must be buttressed by understanding and support of the international community.
The government of Myanmar firmly believes that the recommendations of the Commission provide us with a viable roadmap to lasting peace in Rakhine State.
We have embraced the final report of the Commission.
A Ministerial-level committee has been set up to ensure that the recommendations are implemented expeditiously.
Work has begun.
An Advisory Board composed of eminent persons and experts from home and abroad will also be constituted to advise the Committee. It is our hope that inclusion of experts from abroad will contribute to finding a way forward.
Even as we grapple with the Rakhine issue, we are conscious of the need to address the political, economic and social challenges we face in the rest of the country.
The task is Herculean.
There is a need for the international community to understand the situation and support the sustainability of our democratization process.
We consider our relations with the United Nations important and we will continue to nurture the relationship. The UN Under Secretary General Jeffrey Feltman is currently visiting Myanmar. He will have the opportunity to visit Rakhine and see firsthand the situation on the ground. We have also extended an invitation to the UN Secretary General and look forward to welcoming him in the near future.
As a responsible member of the international community, Myanmar will implement all its commitments without fail.
This was affirmed yesterday by State Counsellor Daw Aung San Suu Kyi in her address to the nation, committing to the development of Rakhine State.
The government has identified three main tasks to be undertaken promptly:
1. Repatriation and provision of humanitarian assistance to returnees ;
2. Resettlement and rehabilitation of all displaced communities ; and
3. Establishment of sustainable peace, stability and development in Rakhine State.
A new mechanism, the Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine, chaired by the State Counsellor herself, has been established.
It is a partnership among the government, people, private sector, local non-governmental organizations and civil society organizations, development partners, UN agencies and international non-governmental organizations.
The work program will begin on 15 October.
Here, I can do no better than to reiterate what the State Counsellor stressed yesterday. We will answer the call of the international community with deeds and actions rather than words.
Mr. President,
Before I conclude, I would like to assuage the concerns expressed by the members of Security Council when we last met.
First, with regard to violence, I would like to reaffirm that violence has subsided in northern Rakhine and operations by security forces have ceased since 5 September.
In light of the improved security situation, the diplomatic corps in Yangon accompanied by the media were able to visit the affected areas in Northern Rakhine on 2 October. Subsequently, a delegation of Myanmar Ministers and diplomats from five neighboring countries: Bangladesh, China, India, Laos, Thailand, visited the border areas between Myanmar and Bangladesh on 10 October.
Second, humanitarian assistance is being provided to all affected communities without discrimination. Myanmar government is partnering the Red Cross Movement to distribute the aid. With the participation of WFP, FAO, ASEAN Coordinating Centre for Humanitarian Assistance on Disaster Management and private donors, more aid is expected to flow to the displaced communities in the coming days.
Third, bilateral talks between Myanmar and Bangladesh regarding repatriation have been initiated. The Minister for the State Counsellor’s Office visited Dhaka from 1 to 3 October. Both sides have agreed to form a Joint Working Group on repatriation process. The Foreign Minister and Home Minister of Bangladesh have been invited to Nay Pyi Taw to continue the dialogue.
Fourth, Myanmar shares the view of the international community that the recommendations of the Advisory Commission on Rakhine provide a viable road map.
Fifth, with regard to accountability, let me reaffirm that we stand for the rule of law. No one is above the law. Where there is clear evidence, those who breach the law will be brought to justice.
Mr. President,
The government of Myanmar has been accused of indifference to the plight of the people in Rakhine.
Far from ignoring the situation, the government has made it a priority to find a sustainable solution to problems which have existed for decades. We feel deeply for the suffering and plight of the innocents who have been displaced from their homes.
While we all feel sympathy for those who have had to flee their homes and seek shelter elsewhere, we cannot ignore the fact that there are different narratives on what transpired in northern Rakhine State. We must winnow “the wheat from the chaff.”
Myanmar is committed to finding a way forward in Rakhine and in the rest of the country. As a fledgling democracy, we are aware that the road ahead will be long. We are resolved to strive, to seek, to find, and not to yield.
Thank you.
 Image may contain: 2 people, people sitting

No comments: