Showing posts with label ပန်ကြားချက်. Show all posts
Showing posts with label ပန်ကြားချက်. Show all posts
Friday, November 8, 2013
"ထော်လော်ကန့်လန့် မလုပ်နဲ့။ ပါးရိုက်ခံရမယ်။ မကျေနပ်ရင် တောခိုနိုင်တယ်"
၎-၁၁-၂၀၁၃ ရက်စွဲဖြင့် တနသာင်္ရီဂျာနယ် အတွဲ ၁ အမှတ် ၂၂ မှ ပြည်သူကို တောခိုခိုင်းသော ဝန်ကြီး
ဘိတ် (မြိတ်) မှာ ဒီလို ဒီလို အခြေအနေ၊ အနေအထားမျိုး တွေကို ကျနော်တို့ ၁၉၈၈ ခုနှစ်တုံးကလည်းကြုံဘူးခဲ့ကြပါတယ်။
တောခိုဘို့ ဖြစ်လာတော့ ခ.လ.ရ (၁၇) က အဲဒီတုံးက တပ့်ရင်းမှူးက " ငါတို့ ကတော့ အထက်ကပေးလာတဲ့ အမိန့် အရဆောင်ရွက်ရလိမ့်မယ်။ မင်းတို့ ငါတို့ ကို မကျေနပ့်ရင် တောခိုပြီး လက်နက်ကိုင်တိုက်ကြ။ ဒီမှာ ဒီလို ဘဲ့ဆန္တတွေဆက်ပြနေရင် သေကုန်လိမ့်မယ်" လို့ ဆိုလာခဲ့ပါတယ်။ 
ဒီနေရာမှာ သာမန် ကြည့်ရင် သူတို့ က ကျနော်တို့ လူငယ်တွေ ကို သေမှာစိုးလို့ ပြောတာလို့ မှတ်ယူစရာရှိပေမယ့်၊ အဲဒီအချိန်တုံးက၊ ကျနော်တို့ ဟာ တခြားဘက်ကနေ ပြန်တွေးတတ်ခဲ့ရင် သွေးဆူနေတဲ့ ကျနော်တို့ ကို တောခို မဖြစ်ဖြစ်အောင်၊ လက်နက်ကိုင် တော်လှန်ရေး အသွင်သဏ္ဍန် မရောက်ရောက်အောင် သွယ်ဝိုက်ပြီး တွန်းပို့ လိုက်တဲ့စကားဖြစ်နေခဲ့တယ်။ ထွက်သွားတဲ့ လူငယ်ကျောင်းသားတွေကို မဖမ်းတဲ့အပြင် မသိချင်ယောင် ဆောင်ပေးခဲ့ကြတယ်။ အခုလည်းဆိုလာပြန်ပြီ။
ဒီတော့ ဒီလို သမိုင်းတပတ်ပြန်လှည့်လာတတ်တဲ့ အခါတွေမှာ တခါကြုံဘူးလို့  သိခဲ့ကြရဘူးတဲ့ ရဲဘော်တဦးအနေနှင့် ပြည်ထဲက ညီနောင်ရဲဘော်တွေကို မေတ္တာရပ့်ခံပန်ကြားချင်တယ်။ မြန်မာပြည်ကို အမှန်တကယ်ပြောင်းလဲအောင်စွမ်းဆောင်ကြမယ့် တကယ့်အရေးကြီးတဲ့ လုပ့်ငန်းတွေ၊ တိုက်ပွဲတွေဟာ ပြည်တွင်မှာဘဲ့ရှိတယ်။ ပြည်ပဆိုတာ ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးတွေကြောင့် နေလို့ မရတော့တဲ့၊ နေလို့ မဖြစ်နိုင်တော့တဲ့သူတွေသာ နောက်ဆုံးလမ်း
အနေနှင့်ရွေးချယ်သင့်တယ်။ ဒါကြောင့် ဘာဘဲ့ဖြစ်ဖြစ် ပြည်တွင်းထဲကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်သင့်တယ်။
ပြည်ပမှာရှိနေကြတဲ့ မ.က.ဒ.တ အပါအဝင် လက်နက်ကိုင်အဖွဲ့ တွေကို တပ့်လှန့် သတိပေးချင်ပါတယ်။
ရှစ်လေးလုံးတုံးကလို လူထုအုံကြွမှု့ ဖြစ်ပေါ်လာခဲ့ရင် အကြောင်းအမျိုးမျိုးတွေကြောင့် ထွက်လာနိုင်ကြတဲ့ သူတွေကို ကျနော်တို့ တုံးကလိုအခက်အခဲတွေ၊ ဒုက္ခတွေ မကြုံတွေ့ ကြရအောင် ဘယ်လို ပြင်ဆင်ထားသင့်ကြတယ်ဆိုတာ အတွေ့ အကြုံရှိပြီးသား တွေအဖြစ်နှင့် ကြိုတင်ပြင်ဆင်မှု့ တွေလုပ့်ထားသင့်ပါတယ်။
ကျနော်တို့ ရန်သူ ကတော့ အစွယ်ထုတ်ပြလာပါပြီ။ သူတို့ အလုပ့် သူတို့ ဆက်လုပ့်သွာမှာကြမှာပါဘဲ့။
ကျနော်တို့ ကလည်း ကျနော်တို့ အလုပ့်တွေကို လုပ့်ထားကြဘို့ တော့ လိုနေပါလိမ့်မယ်။
အောင်မိုး(ကနေဒါ)
Sunday, October 13, 2013
အားလုံးသိချင်နေကြတဲ့အကြောင်းလေးတစ်ခုကိုမိုးစက်ရှင်းပြ
မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်...
အားလုံးသိချင်နေကြတဲ့အကြောင်းလေးတစ်ခုကိုမိုးစက်ရှင်းပြပါရစေ,
မိုးစက်ကရှမ်းမြန်မာတရုတ်ပါ..မိုးစက်မိဘများကရှမ်းပြည်မှာမွေးတာပါ... မိုးစက်ကရန်ကုန်မှာမွေးတာပါ...ထို့အတွက်ကြောင့်မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်...တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ..ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့်အထိမ်းအမှတ်အတွက်Trader hotel တွင်ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။မိဘပြည်သူများကိုမိုးစက်အနေဖြစ်ဤမျှသာရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသောမိဘပြည်သူများအားလုံးအားရကျေနပ်နိုင်မည်ဟုမျှော်လင့်ပါသည်....
ကျေးဇူးတင်ပါတယ်ရှင်
မိုးစက်ဝိုင်
Sunday, June 16, 2013
လွဲမှားစွာ ဖော်ပြနေသော လုပ်ကြံမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှား နေကြသည်ဟု မြွက်ကြားခဲ့သည့် ဗန်းမော် ဆရာတော်ကြီး၏ ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သြဝါဒကထာ..
Posted: 16 Jun 2013 06:09 AM PDT
လွဲမှားစွာ ဖော်ပြနေသော လုပ်ကြံမီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှား နေကြသည်ဟု မြွက်ကြားခဲ့သည့် ဗန်းမော် ဆရာတော်ကြီး၏ သြဝါဒကထာ..
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး၏ ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သြဝါဒကထာ...
Friday, November 16, 2012
ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ ရှင်းလင်း ပြောကြားချက်
ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ ရှင်းလင်း ပြောကြားချက်
နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်
ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဥာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရသူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်းအဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက်ထားရပါတယ်။
ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။
ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အချို့မှလည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အချို့နှင့် နိုင်ငံအချို့တို့မှလည်း မမှန်မကန် လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည့် အရှိန်အဟုန်ကို များစွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့်လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်၊
ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများတွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါဝင်ကြောင်းတွေ့ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူများမှာ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာအမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀)အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။
ယင်းလူမှုပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။ ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာ အချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။
ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ်အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံ ဘင်္ဂါလီလူမျိုးအချို့တို့၏ အပြန်အလှန် အနှောက်အယှက် ပြုမှုများသည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှုများကို နေ့စဉ်နှင့်အမျှ အနှောက်အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။ ယင်းသို့သော အခက်အခဲကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလအတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။
ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့် လူမှုပဋိပက္ခ များ၏ အကျိုးဆက် အတိဒုက္ခများအပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယအများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁၀ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုခံစားရသော မြို့နယ်များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဟာရချို့တဲ့သူ ( ၂၀၀, ၀၀၀) ခန့် ရှိနေခြင်းတို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။ ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိန်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက် အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မှသာ ဒုက္ခသည် ( ၆ )သိန်းခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။
၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ၇ )ကြိမ် ခန့် ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့်တစ်ဖက် အသာစီးရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့် ပဋိပက္ခဖြစ်စဉ်များဆီိသို့ ဦးတည်စေလျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနားသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးချနေသည့် သာဓကများကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်လိုသည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေအနေမှ လွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း တွေ့ရှိရပါတယ်။
လူမှုပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ်နှင့် လူမျိုးရေးခံစားမှု၊ နိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှုစီးပွားရေးဘဝ အခြေအနေများသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများအနေဖြင့် တွေ့ရှိရပါတယ်။ ပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်း တရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက်များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိနေပါတယ်-
(က) လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။
(ခ) ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။
(ဂ) စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။
စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံများနှင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များ ကပါ ရခိုင်ပြည်နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေဆိပ်များ ဖြစ်လာအောင် အစီအမံများချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်းထားပြီး ၎င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှုမှာ ပြည်မနှင့် သာမကအရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာမည် ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ပြီးစည်ပင် သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။
သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ယင်းသည်လည်း လူမှုပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ထိတွေ့ ဆက်ဆံနေရသည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သောကိစ္စ အရပ်ရပ်တွင်နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ
ဖြေရှင်းလိုက်နာဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။ ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထု
တစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်း
ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်နှင့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သူ ပြည်နယ်သားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ
ပန်ကြားအပ်ပါတယ်။
Myanmar President Office
Wednesday, November 14, 2012
Sunday, October 14, 2012
"နန်းခင်ဇေယျာမှ ပရိသတ်ကြီးသို့..."
"နန်းခင်ဇေယျာမှ ပရိသတ်ကြီးသို့..."
Miss International ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရင်း ဂျပန်နိုင်ငံ အိုကီနာဝါမြို့တွင် ရောက်ရှိနေသည့် နန်းခင်ဇေယျာက သူမ၏ twitter account တွင် ပရိသတ်ကြီးအား ကျေးဇူးတင်ကြောင်း သူမ လက်ရေးဖြင့် ရေးသား ဖော်ပြထားသည်ကို ပြန်လည် ဖောက်သည်ချ ဖော်ပြလိုက်ရပါသည်။
Tuesday, October 2, 2012
“ကျေးဇူးပြုပြီး ငါ့ရဲ့နောက်မျိုးဆက်တွေကိုကယ်တင်စောင့်ရှောက်ပေးကြပါ”
'Please save my future generation'
The Buddha statues made of gold are lost forever. The intrinsic designs of Khadi wood are lost in the inferno. The Tripitak is lost too. But for Shreemad Satyapriya Mohathero, who had just turned 83, the loss and pain are even greater. He has lost all faith in his knowledge and reading of humanity.
“Even in 1971, I did not see this grotesque brutality on us,” Mohathero says. Mohathero is the second highest priest of the Buddhist community in Bangladesh.
“Muslim men and women had taken refuge in my monastery in 1971 to escape the wrath of the Pakistani army,” the feeble man says. “I have saved so many Muslim souls from the brutal persecution of the Pakistanis. Today I feel defeated.”
The Mohathero slowly walked into the Sima monastery yesterday afternoon, supported by his disciples. He went from one pagoda to another, and looked at the defaced, damaged statues of Lord Buddha and the nobles in a state of stupor.
He was sweating. He was shaking in pain and exasperation. And he spoke in his gentle, quaint voice.
The Bangalees who had taken refuge in his monastery invented a trick to evade the Pakistan army.
“I am a China Buddhist,” they would tell the Pakistan army when intercepted. When Bangladesh was at war, China sided with Pakistan. This is why the Pakistan army had great respect for anyone affiliated with China. A China Buddhist was a respectable person and so was to be spared persecution.
“The Pakistanis did not torch our village. This attack is totally out of the blue,” Mohathero says. “This is an attack on my religion. I have no foes.”
And yet he had to run for his life. When the mob attacked his monastery, his disciples held him on both sides, lifted him off the ground and carried him into the paddy field. That is where he hid the night and survived.
“My civilisation is lost. My lifetime of worshipping has gone in vain. I am a lost man and lost I will be,” he says.
“Please save my future generation! Please!”
“ကျေးဇူးပြုပြီး ငါ့ရဲ့နောက်မျိုးဆက်တွေကိုကယ်
တင်စောင့်ရှောက်ပေးကြပါ”
ရွှေဖြင့်သွန်လုပ်ထားသောဗုဒ္ဓရုပ်
ပွားတော်သည်ထာဝရပျောက်ဆုံးသွားခဲ့ပြီ၊
ခါဒီသစ်တို့ဖြင့်ထွင်းထားသောကနု
တ်ပန်းနွယ်တို့သည်မီးလျှံတို့အကြားလောင်မြိုက်ပျောက်ဆုံးသွားခဲ့ပြီ။
တိပိရကဋ်တို့လည်းပျက်စီးဆုံးရှုံ
းကုန်ပြီ။ထို့ထက်ကား မကြာမှီကမှ သက်တော်
(၈၃)နှစ်ပြည့်မြောက်ခဲ့သော ဆရာတော် သီရိမဒ် ဆတြာပရိယာ မဟာထေရ၏
နာက်င္ဆံုးရံႈမူကပို၍ၾကီးမားေ
လသည်။
ဆရာတော်၏လူသားများအပေါ်နားလည်စာ
နာမှုနှင့်
ယုံကြည်မှုတို့ပါဆုံးရှုံသွားရလြေ
ပီ။
ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာဝင်အပေါင်း
၏ဒုတိယအမြင်ဆုံးဆရာတော်ကြီးက “ ၁၉၇၁နှစ်
(ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်
ပွဲကာလ) ကတောင်
ငါတို့(ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာဝင်
)ကိုဒီလိုဝရုန်းသုန်းကားရက်စက်ယုတ်မာမှုမျိုးမကြုံခဲ့ရဘူး”
ဟုမိန့်ကြားပြန်သည်။
“၁၉၇၁ ခုနှစ်တုန်းက
ပါကစ္စတန်စစ်တပ်ရဲ့နှိမ်နှင်းသတ်
ဖြတ်မှုကနေလွတ်မြောက်ဖို့ မွတ်ဆလင်
အမျိုးသား အမျိုးသမီးအမြောက်အမြား ငါ့ကျောင်းမှာ ခိုလှုံခဲ့ကြတယ်။
မွတ်ဆလင်ဘာသာဝင်အမြောက်အမြားကို ပါကစ္စတန်စစ်တပ်အန္တရာယ်ကငါကယ်ခဲ့
တယ်၊
ဒီနေ့တော့ငါရှုံးသွားပြီလို” ဆရာတော်ကတုန်တုန်ခိုက်ခိုက်ပြော
နေသည်။
တပည့်သာဝကနှစ်ဦး၏ဖေးမမှုဖြင့်
ဆရာတော်ကြီးသည်မနေ့ကမီးလောင်တိုက်သွင်ခံလိုက်ရသည့်ကျောင်းတိုက်တွင်းသို့
ဖြေးညှင်းစွာဝင်ကာ ပုံပျက်ပန်းပျက်တချို့ကျိုးပဲ့
ပျက်စီးတချိုဖြစ်နေကြသော
ဗုဒ္ဓဆင်းတုတော်များနှင်း စေတီငယ်များအားလှည့်လည်ကြည့်ရှု
စစ်ဆေးနေသည်။
ဆရာတော်ကြီးသည်နာကျင်သောကဖြင့် ဇောချွေးပြန်တုန်ခါနေယင်းမှ
တိုးညှင်းစွာပြောပြနေသည်။ ဘင်္ဂလီတွေသူကျောင်းမှာ
ပါကစ္စတန်စစ်တပ်အန္တရာယ်ကရှောင်လွ
ဲဖို့ပုန်းခိုခဲ့ကြတယ်။ သူတို့ဟာ
ပါကစ္စတန်စစ်တပ်ကမေးမြန်းစစ်ဆေး
လာယင်လည်း “ငါဟာ
(ဆရာတော်ကြီးရဲ့တပည့်)တရုတ်ဗုဒ္ဓ
ဘာသာဖြစ်တယ်လို့ရှောင်လွဲဖြေကြတယ်။”
၎င်းဘင်္ဂလားစစ်ပွဲတွင်တရုတ်ပြည်သည် ပါကစ္စတန်ဘက်မှရပ်တည်ပေးခဲ့သဖြင်
ပါကစ္စတန်စစ်တပ်သည်တရုတ်နှင့်ပါ
တ်သက်သူများအားအထူးလေးစားယုံကြည်သည်။
အရေးယူအပြစ်ပေးခြင်းမှကင်းလွတ်
သည်။“စစ်ပွဲအတွင်းပါကစ္စတန်စစ်တပ်တောင်ငါတို့ရွာကိုမီးမတိုက်ခဲ့ဘူး၊
အခုတိုက်ခိုက်မှုကတော့အဆုံးစွန်
ပါပဲ၊ ငါ့ဘာသာတရားကိုတိုက်ခိုက်တာ၊
ငါ့မှာတော့ရန်သူမရှိပါဘူး” ဟုဆရာတော်ကြီးကဆိုသည်။
လူအုပ်ကြီးကကျောင်းတိုက်အားတို
က်ခိုက်ဖျက်ဆီးစဉ်
ကိုယ်တိုင်ပြေးလွှားနိုင်စွမ်း
မရှိသည့်ဆရာတော်ကြီးအား
တပည့်ရဟန်းပျိုနှစ်ပါးကတဖက်တချ
က်မှမချီပြေးကာ
လယ်ကွင်းများအကြားတညလုံးပုန်းခိ
ုနေခဲ့ကြရသည်။“
ငါ့မျိုးနွယ်ယဉ်ကျေးမှုအဆောက်အအံ
ုပြိုလဲပျက်စီးဆုံးရှုံးခဲ့ရပြီ၊
ငါ့ရဲ့တသက်တာဆုတောင်းပူဇော်မေတ္တ
ာပို့သမှုများကအချည်နည်းဖြစ်ခဲ့ရပြီ၊
ငါဟာရှုံးနိမ့်သူဖြစ်ခဲ့ပြီ၊
ငါကိုယ်တိုင်လည်းပျောက်ကွယ်ပျက်
စီးအုံးတော့မည်” ဟုမိန့်ကြားယင်း…
“ကျေးဇူးပြုပြီး ငါ့ရဲ့နောက်မျိုးဆက်တွေကိုကယ်
တင်စောင့်ရှောက်ပေးကြပါ”
'Please save my future generation'
Inam Ahmed and Julfikar Ali Manik, from Ramu, Cox's Bazar
Tuesday, October 2, 2012
http://www.thedailystar.net/newDesign/news-details.php?nid=252147
Sunday, September 9, 2012
" ကျွန်တော် သူတောင်းစားကြီး လုပ်ပြီး ကလေးတွေ အတွက် တောင်းခြင်စမ်းလှပါဘိ "
" ဖြစ်ဖြိုးတိုးတက်ခွင့် အသက်ရှင်ရပ်တည်ခွင့်တဲ့ ....
ဘာခွင့် ညာခွင့် အခွင့်အရေးတွေ အားလုံး ဒီကလေးတွေ ရကြပါ့မလား ၊
သူတို့ မိဘတွေကော ဘယ်တွေရောက်လို့လဲ ... ။
ဒီကလေးတွေ အတွက် ကျွန်တော်တို့ နေစဉ်စားနေတဲ့ ထမင်းတွေထဲက
တစ်ကျပ် = တစ်ပြားလောက်များ မလှူတန်းနိုင်ဘူးလား ။
အဲလိုသာ လှူတန်းနိုင်မယ်ဆိုရင်လေ
" ကျွန်တော် သူတောင်းစားကြီး လုပ်ပြီး ကလေးတွေ အတွက် တောင်းခြင်စမ်းလှပါဘိ "
by red cross ( ကြက်ခြေနီ )
Tuesday, September 4, 2012
ဝိုင်းဝန်းဖြေရှင်းပေးကြပါရန်အကူအညီတောင်းလာ
ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး မြေးတော်စပ်သူ
အဖ စောဘဌေး အမိ ဒေါ်ခင်မေမြင့် ( သခင်ဖေတင့် တူမ ) တို့ ၏ ဒုတိယ သားဖြစ်သူ
ကိုဌေးနိုင် (သချာင်္နောက်ဆုံးနှစ် ၈၈ ) ကို ၁၉၉၂ ခုနှစ်တွင် မိုးသီးဇွန် အမိန့် ဖြင့်
၃ လကျော် ဖမ်းဆီး နှိပ်စက်ပြီးသူလျှိုဖြစ်ကြောင်းဝန်ခံစေခဲ့ပါသည် ။
နောက်ဆုံး ကရင်နယ်မြေမှ စခန်းရွေ့ ပြောင်းသည့်အခါ သတ်ခဲ့ပါသည် ။
ထိုသတင်းကို ၂၀၁၀ မှ သိရှိရပြီး
ဆက်လက်စုံစမ်းရာတွင် လိမ်ညာသော အကြောင်းအရာများကို
မိုးသီးဇွန် ဒေါက်တာနိုင်အောင် ဘစောထွန်း လွမ်းဏီ ဇော်ရဲ
ဝင်းနိုင်ဦး ( BBC ရင်မောင် ) ကျော်ကိုကို တို့ က ပြောဆိုခဲ့ပြီး
အမှုမှန်ကို ဒီမိုကရေစီ ဗန်းပြပြီး အုပ်စုနှင့် ဝိုင်းဝန်း ဖုံးကွယ်နေသည့်အပြင်
စုံစမ်းသူများကို ခြိမ်းချောက်သည့် အဆင့်ရောက်လာပါသည် ။
ယ္ခုနောက်ဆုံး သတင်းများအရ
KNU မှ ပဒိုမန်းရှာ အပါအဝင် နိုင်အောင်တို့ အုပ်စုများ၏
ဖိအားပေးမှုကြောင့်ဖြစ်သည်ဟု မိုးသီးဇွန် လူသတ်အုပ်စုမှ
ဖြေရှင်းသံထွက်လာပါသည် ။
အမှန်တရား ဖြစ်စဉ်ကို နောင်လာနောင်သားများ သိရှိစေရန်
ဝိုင်းဝန်းဖြေရှင်းပေးကြပါရန်ကုန်မြို့ ရှိ ကိုဌေးနိုင် ဆွေမျိုးများက
အကူအညီတောင်းလာပါသည် ။
Monday, September 3, 2012
ကိုနိုင်အောင်၊ကိုမိုးသီး၊ကိုထွန်းအောင်ဂျော်သို့ ပန်ကြားခြင်း
ကိုနိုင်အောင်၊ကိုမိုးသီး၊ကိုထွန်းအောင်ဂျော်သို့ ပန်ကြားခြင်း
မြောက်ပိုင်းပြန်များက ကမ်းလှမ်းထားသော ပူးပေါင်းဖြေရှင်းမှုကို လက်သင့်ခံရမည်ဟုယူဆပါက မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင်တွေ့ခဲ့စေချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အားလုံး မကဒတ(ကျောင်းသားတပ်မတော်)ရဲ့သမိုင်းကို ဆေးကြောပေးဖို့(သို့)
တာဝန်ခံဖြေရှင်းပေးဖို့ တာဝန်ရှိနေပါတယ်၊
ခင်ဗျားတို့စိတ်ထဲမှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ
ခင်ဗျားတို့နဲ့သက်ဆိုင်တဲ့ ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍတွေကို
ကံယကံရှင်တွေနဲ့ တွေ့ဆုံဖြေရှင်းအားဖြင့် အကျိုးရလဒ်တခုရမယ်လို့
မျှော်လင့်ပါတယ်၊ တကယ်လို့ခင်ဗျားတို့က ရင်ဆိုင်မဖြေရှင်းလို၍ဖြစ်စေ ရှောင်ရှားလိုစိတ်ကြောင့်ဖြစ်စေ အခွင့်အရေးရခိုက်မှာ မလုပ်ခဲ့ဘူးဆိုရင်
စွပ်စွဲပြောဆိုချက်များအားလုံး တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းနိုင်သည့်
အခွင့်အရေးများအားလုံးကို ဆုံးရှုံးရမှာဖြစ်သလို ခင်ဗျားတို့ဦးဆောင်ခဲ့တဲ့
အဖွဲ့အစည်းထက် ခင်ဗျားတို့၏အနာဂတ်နိုင်ငံရေးကို
ဦးစားပေးနေသည်ဟု ယူဆရမည်သာဖြစ်သည်၊
နိုင်ငံရေးခေါင်းဆောင်ဆိုတာ မည်သည့်နေမှာမဆို
မည့်သည့်ပြသနာမဆို ရဲရဲဝံ့ဝံ့ဖြေရှင်းရဲရမည်သာဖြစ်သည်၊
မကဒတ(ကျောင်းသားတပ်မတော်)၏ ဂုဏ်သိက္ခာအတွက်
ခင်ဗျားတို့ကိုယ်ကျိုး တစုံတရာထိခိုက်ခဲ့ရင်တောင်
ခင်ဗျားတို့လုပ်ဖေါ်ကိုင်ဖက်များကို လေးစားသောအားဖြင့်
မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင်တွေ့ခဲ့တာကို
အမှန်တကယ်တွေ့လိုပါကြောင်း အဝေးကနေဆန္ဒပြုလိုက်ပါတယ်၊
ဒဂုန်တာရာရဲ့ ပန်ကြားလွှာ
ဒဂုန်တာရာရဲ့ ပန်ကြားလွှာ
နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ
ကျနော်တို့မြန်မာပြည်၌နေထိုင်သော ပြည်ထောင်စုသားများတွင် ရေခဲတောင်တန်းများ အနောက်ရိုးမသစ်တောများ ဖုံးလွှမ်းနေသောနေရာများ သွေးညှီနံများမကုန်ကြသေးသည်ကို တွေ့ ရသည်။
ကျွန်တော် များစွာ ၀မ်းနည်းမိပါသည်။
ထို့ပြင် ပြည်သူ့ လွှတ်တော်ထဲ၌လည်း အမျိုးမျိုးသောအသံများကို ကျယ်လောင်စွာ ကြားနေရပါသည်။
ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်း သမ်းစ အချိန် ဖြစ်ပါသည်။ အင်မတန်နုနယ်သောအချိန်ကာလဖြစ်ပါသည်။
ထိုပြင် မြန်မာနိုင်ငံကြီး ပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ပါဝင်ကြမည်ဟု အားခဲထားသော ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ ရောက်လာသောအချိန်လည်း ဖြစ်ပါသည်။
ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်း မေတ္တာဖြင့် တဦးနဲ့တဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထား လုပ်ဆောင်ရန် မေတ္တာရပ်ခံပါသည်။
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သော အချိန်သည် လှေကိုမလှုပ်အောင် လူးအောင် မလှုပ်ဖို့ အားလုံးကို မေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများ အတွေ့အကြုံအရ ကျွန်တော် ယခုကာလကို စိုးရိမ်စွာ စောင့်ကြည့်နေရသောအချိန်ဟု ယူဆပါသည်။
၂၀၁၅ ထိ အခြေအနေ တည်ငြိမ် ချောမွေ့အောင် ၀ိုင်းဝန်း ထိန်းသိမ်းကြစေရန် ပန်ကြားအပ်ပါသည်။
ဒဂုန်တာရာ
သာမိုင်းခမ်း
Thursday, April 26, 2012
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဗမာတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများအားလုံးသို့ပန်ကြားချက်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ဗမာတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများအားလုံးသိုပန်ကြားချက်
Monday, March 12, 2012
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ မင်းကိုနိုင် တိုက်တွန်း
ဇော်ဝင်းလှိုင်/VOA
မတ် ၁၂၊ ၂၀၁၂
ခုလ ၅ ရက်နေ့က ရေနံချောင်းမြို့တွင် ဟောပြောနေသော မင်းကိုနိုင် (ဓာတ်ပုံများ - Burma VJ Media Network)
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ဆောင် ကြဖို့ အချိန် တန်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်း လိုက်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့၊ ကိုဖုန်းမော်ကွယ်လွန်ခြင်း
၂၄ နှစ်ပြည့်နေ့ အကြိုအဖြစ်နဲ့ ပြည်တွင်း ပြည်ပက တက်ကြွ လှုပ်ရှားသူတွေကို အခုလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မနက်ဖြန် မတ်လ ၁၃ ရက် နေ့ဟာ မြန်မာ့ လူ့အခွင့်အရေး နေ့လို့ သတ်မှတ် ထားတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ၂၄ နှစ်ပြည့်နေ့ဖြစ်ပါတယ်။
အခုလို ထူးခြားတဲ့ နေ့တနေ့မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ ကျတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်တာပါ။
“ပြည်တွင်းက ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးက ပြည်သူလူထု ကြားထဲကို ဆင်းပြီးတော့၊ နယ် အသီးသီးကို သွားပြီးတော့ အဲဒါတွေ လုပ်သင့်ပြီလို့ ကျနော် ယူဆတယ်။ နိုင်ငံတကာ မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေ ကျတော့လဲ ဒီထက်ပိုပြီးတော့ ဘာလုပ်နိုင်မလဲပေါ့ဗျာ။ ကျနော် မေးချင်တာက ကျနော်တို့ ပြည်တွင်းမှာ ဒီထက်ပိုပြီး အထောက်အပံ့ ကောင်းအောင်၊ လက်တွေ့ကျတာကို ဘာလုပ် ပေးနိုင်ကြမလဲ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက်ပါ။ ကျနော် ပြောပြသလိုပါပဲ၊ အခမ်းအနားတွေ ကျင်းပရုံနဲ့ မပြီးဘူး ဆိုတာတော့ ကျနော် ထပ်ခါတလဲလဲ တိုက်တွန်းချင်တယ်ဗျာ။ လက်တွေ့ကျတဲ့ အလုပ်ကိုပေါ့။ ၀ိုင်းစဉ်းစားကြပါ။ ခေါင်းတွေ ပေါင်းပြီးတော့ စဉ်းစားလိုက်လို့ ရှိရင်တော့ လက်တွေ့ကျတဲ့ အလုပ်တွေ ထွက်လာပါလိမ့်မယ်။”
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဆိုရှယ်လစ် အစိုးရရဲ့ လက်ချက်ကြောင့် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာပါ။ ဒါကြောင့်လည်း ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ရယ်လို့
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စတင် သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဖြစ်ပါတယ်။
“ကျနော်တို့က ကိုဖုန်းမော် ကျဆုံး ပြီးတော့ နောက် တနှစ်အကြာမှာ ၁၉၈၉ မတ်လ ၁၃ ရက်မှာ အဲဒီ နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းပြီးတော့ တညီတညွှတ်ထဲ ပေါင်းပြီးတော့ ဆုံးဖြတ် ခဲ့တာ ကတော့ အဲဒီ ကိုဖုန်းမော် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအိမ်မှာ အဲဒီ အခမ်းတွေ ၇ ရက်၊ တစ်ပတ် ကျင်းပတာပေါ့။ အဲဒါနဲ့ပဲ အပြီးသတ် ကျတော့ ကျနော် အဖမ်းခံရတယ်။ အဲဒီမှာ ၁၆ နှစ် ကြာခဲ့တယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ လို့ သတ်မှတ် ပြီးတော့ ကျနော်တို့ တိတိကျကျ လုပ်နိုင်ခဲ့တာ အဲဒီ တနှစ်ပဲ ရှိတယ်။ အခု ၂၃ နှစ်ကြာမှ ပြန်ပြီးတော့ လုပ်ကြရတာ။ လုပ်ကြတဲ့ အခါမှာတော့ ကျနော့် သဘော အရကတော့ အခမ်းအနား ကျင်းပရုံ မကပဲနဲ့ အဲဒီ လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေ ကျနော်တို့ တစ်ပြည်လုံးက သိရှိအောင်၊ အဲဒီ လူ့အခွင့်အရေးကို ကျနော်တို့ နိုင်ငံသား တွေ အားလုံး ခံစား နိုင်ရအောင် အကုန်လုံးက လူထုထဲဆင်းပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မြင့်တင်မှုတွေ၊ အသိပေးမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကာကွယ် ပေးမှုတွေကို ဥပဒေ ကြောင်းအရရော၊ ပြည်သူတွေ အကုန်လုံး သိရှိ ခံစားနိုင်အောင်၊ နားလည်နိုင်အောင် အတွက် အင်တိုက် အားတိုက် လုပ်ကြဖို့လိုပြီလို့တော့ ကျနော် ယုံတယ်ဗျာ။”
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ရယ်လို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းချုပ်မှု တွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး နေ့ရယ်လို့ တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ပြည်ပမှာ ရောက်နေကြတဲ့ ရဲဘော် ရဲဘက် တွေကပဲ စုပေါင်းပြီးတော့ ကျင်းပကြတာ ရှိပါတယ်။
လက်ရှိမှာတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတာနဲ့အတူ အတိုင်းအတာ တခုအထိ နိုင်ငံရေး လှုပ်ရှားခွင့် တွေလည်း ရနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်က ထောင်က ပြန်လွှတ် လာတာနဲ့ အခုတကြိမ် ထောင်က ပြန်လွှတ်လာတဲ့ အခြေအနေတွေ သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
“အရင်တခေါက်နဲ့စာရင် လုပ်သာ ကိုင်သာရှိတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် တက်လာတာရော၊ စိတ်ဓါတ် အင်အား မြင့်မားလာတာရော၊ အတိုင်းမသိကို ကွာခြားပါတယ်။ တခုပဲရှိတယ်၊ ကျနော်တို့ဖက်က အဲဒီ အခြေအနေတွေကို နံပတ်တစ် - ထိန်းနိုင်ရမယ်။ ပြီးရင် ထပ်မံ တိုးချဲ့နိုင်ရမယ်။ ထိန်းတယ်၊ တိုးချဲ့တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ လက်ရှိအစိုးရက နောက်ဆုံး ပြည်သူလူထုကို ပြောထားတဲ့မိန့်ခွန်းက အင်မတန် နူးညံ့ပြီးတော့ နွေးထွေးတဲ့လက်တွေနဲ့ ကမ်းထားတာဆိုတော့ ကျနော်တို့က အဲဒီ ကမ်းတဲ့ လက်ကိုလဲ ခိုင်ခိုင်မာမာ ပြန်ဆုပ်ရမယ့် အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီရေးကို တကယ်လုပ်မယ့် ပြုပြင် ပြောင်းလဲရေးသမား တွေ အားလုံးနဲ့ လက်တွဲတဲ့ နည်းလမ်းကို သွားမှာပါ။
ဟို အောက်ခြေ မှာရှိနေတဲ့ တချို့ တချို့တွေ၊ ဒါကို သမ္မတရဲ့အမိန့်၊ သမ္မတရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို မလိုက်နာနိုင်တဲ့ လူတွေနဲ့ကတော့ ကျနော်တို့ ရင်ဆိုင် နိုင်ရမှာပေါ့။ အဲဒီ အားလုံး အတွက်တော့ ကျနော်တို့ ပြင်ဆင် ထားပါတယ်။ ကျနော်တို့ ပြည်သူ လူထုမှာ အဲဒါတွေ ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ် သတ္တိရော၊ ပူးပေါင်း ဆောင်ရွက်ဖို့ ရင့်ကျက်တဲ့ စိတ်ဓါတ် အခြေခံ တွေရော ကျနော်တို့ နေရာတကာမှာ လှည့်ပြီးတော့ လျှောက်ကြည့် တဲ့အခါမှာ အားရစရာ ကောင်းလောက်အောင် တုန့်ပြန်မှုတွေ တွေ့ပါတယ်။ ကျနော်တို့ အားရပါတယ်။ အဲဒီတော့ ရှေ့ဆက်ရမယ့် ခရီးအတွက် ကတော့ ပြည်သူ လူထုနဲ့အတူ လက်တွဲ ပြီးတော့ သွားနိုင်ပါလိမ့်မယ်။”
ကိုဖုန်းမော်နေ့ဟာ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက် လာအောင်၊ မြန်မာနိုင်ငံကို ၂၆ နှစ်တာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာအောင် အစပျိုးပေးခဲ့တဲ့ နေ့ဖြစ်ပါတယ်။
ကိုဖုန်းမော်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ပြည်ပမှာ ရောက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ အတွက်လည်း ကိုမင်းကိုနိုင်က ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား Youtube က တဆင့် အင်တာနက်မှာ ရုပ်သံဖိုင် ပေးပို့ထားတာ ဖြစ်ပါတယ်။