Monday, September 3, 2012

ကိုနိုင်အောင်၊ကိုမိုးသီး၊ကိုထွန်းအောင်ဂျော်သို့ ပန်ကြားခြင်း


ကိုနိုင်အောင်၊ကိုမိုးသီး၊ကိုထွန်းအောင်ဂျော်သို့ ပန်ကြားခြင်း

မြောက်ပိုင်းပြန်များက ကမ်းလှမ်းထားသော ပူးပေါင်းဖြေရှင်းမှုကို လက်သင့်ခံရမည်ဟုယူဆပါက မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင်တွေ့ခဲ့စေချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အားလုံး မကဒတ(ကျောင်းသားတပ်မတော်)ရဲ့သမိုင်းကို ဆေးကြောပေးဖို့(သို့)
တာဝန်ခံဖြေရှင်းပေးဖို့ တာဝန်ရှိနေပါတယ်၊

ခင်ဗျားတို့စိတ်ထဲမှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ
ခင်ဗျားတို့နဲ့သက်ဆိုင်တဲ့ ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍတွေကို
ကံယကံရှင်တွေနဲ့ တွေ့ဆုံဖြေရှင်းအားဖြင့် အကျိုးရလဒ်တခုရမယ်လို့
မျှော်လင့်ပါတယ်၊ တကယ်လို့ခင်ဗျားတို့က ရင်ဆိုင်မဖြေရှင်းလို၍ဖြစ်စေ ရှောင်ရှားလိုစိတ်ကြောင့်ဖြစ်စေ အခွင့်အရေးရခိုက်မှာ မလုပ်ခဲ့ဘူးဆိုရင်
စွပ်စွဲပြောဆိုချက်များအားလုံး တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းနိုင်သည့်
အခွင့်အရေးများအားလုံးကို ဆုံးရှုံးရမှာဖြစ်သလို ခင်ဗျားတို့ဦးဆောင်ခဲ့တဲ့
အဖွဲ့အစည်းထက် ခင်ဗျားတို့၏အနာဂတ်နိုင်ငံရေးကို
ဦးစားပေးနေသည်ဟု ယူဆရမည်သာဖြစ်သည်၊
နိုင်ငံရေးခေါင်းဆောင်ဆိုတာ မည်သည့်နေမှာမဆို
မည့်သည့်ပြသနာမဆို ရဲရဲဝံ့ဝံ့ဖြေရှင်းရဲရမည်သာဖြစ်သည်၊
မကဒတ(ကျောင်းသားတပ်မတော်)၏ ဂုဏ်သိက္ခာအတွက်
ခင်ဗျားတို့ကိုယ်ကျိုး တစုံတရာထိခိုက်ခဲ့ရင်တောင်
ခင်ဗျားတို့လုပ်ဖေါ်ကိုင်ဖက်များကို လေးစားသောအားဖြင့်
မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင်တွေ့ခဲ့တာကို
အမှန်တကယ်တွေ့လိုပါကြောင်း အဝေးကနေဆန္ဒပြုလိုက်ပါတယ်၊

No comments: