Friday, November 8, 2013
"ထော်လော်ကန့်လန့် မလုပ်နဲ့။ ပါးရိုက်ခံရမယ်။ မကျေနပ်ရင် တောခိုနိုင်တယ်"
၎-၁၁-၂၀၁၃ ရက်စွဲဖြင့် တနသာင်္ရီဂျာနယ် အတွဲ ၁ အမှတ် ၂၂ မှ ပြည်သူကို တောခိုခိုင်းသော ဝန်ကြီး
ဘိတ် (မြိတ်) မှာ ဒီလို ဒီလို အခြေအနေ၊ အနေအထားမျိုး တွေကို ကျနော်တို့ ၁၉၈၈ ခုနှစ်တုံးကလည်းကြုံဘူးခဲ့ကြပါတယ်။
တောခိုဘို့ ဖြစ်လာတော့ ခ.လ.ရ (၁၇) က အဲဒီတုံးက တပ့်ရင်းမှူးက " ငါတို့ ကတော့ အထက်ကပေးလာတဲ့ အမိန့် အရဆောင်ရွက်ရလိမ့်မယ်။ မင်းတို့ ငါတို့ ကို မကျေနပ့်ရင် တောခိုပြီး လက်နက်ကိုင်တိုက်ကြ။ ဒီမှာ ဒီလို ဘဲ့ဆန္တတွေဆက်ပြနေရင် သေကုန်လိမ့်မယ်" လို့ ဆိုလာခဲ့ပါတယ်။ 
ဒီနေရာမှာ သာမန် ကြည့်ရင် သူတို့ က ကျနော်တို့ လူငယ်တွေ ကို သေမှာစိုးလို့ ပြောတာလို့ မှတ်ယူစရာရှိပေမယ့်၊ အဲဒီအချိန်တုံးက၊ ကျနော်တို့ ဟာ တခြားဘက်ကနေ ပြန်တွေးတတ်ခဲ့ရင် သွေးဆူနေတဲ့ ကျနော်တို့ ကို တောခို မဖြစ်ဖြစ်အောင်၊ လက်နက်ကိုင် တော်လှန်ရေး အသွင်သဏ္ဍန် မရောက်ရောက်အောင် သွယ်ဝိုက်ပြီး တွန်းပို့ လိုက်တဲ့စကားဖြစ်နေခဲ့တယ်။ ထွက်သွားတဲ့ လူငယ်ကျောင်းသားတွေကို မဖမ်းတဲ့အပြင် မသိချင်ယောင် ဆောင်ပေးခဲ့ကြတယ်။ အခုလည်းဆိုလာပြန်ပြီ။
ဒီတော့ ဒီလို သမိုင်းတပတ်ပြန်လှည့်လာတတ်တဲ့ အခါတွေမှာ တခါကြုံဘူးလို့  သိခဲ့ကြရဘူးတဲ့ ရဲဘော်တဦးအနေနှင့် ပြည်ထဲက ညီနောင်ရဲဘော်တွေကို မေတ္တာရပ့်ခံပန်ကြားချင်တယ်။ မြန်မာပြည်ကို အမှန်တကယ်ပြောင်းလဲအောင်စွမ်းဆောင်ကြမယ့် တကယ့်အရေးကြီးတဲ့ လုပ့်ငန်းတွေ၊ တိုက်ပွဲတွေဟာ ပြည်တွင်မှာဘဲ့ရှိတယ်။ ပြည်ပဆိုတာ ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးတွေကြောင့် နေလို့ မရတော့တဲ့၊ နေလို့ မဖြစ်နိုင်တော့တဲ့သူတွေသာ နောက်ဆုံးလမ်း
အနေနှင့်ရွေးချယ်သင့်တယ်။ ဒါကြောင့် ဘာဘဲ့ဖြစ်ဖြစ် ပြည်တွင်းထဲကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်သင့်တယ်။
ပြည်ပမှာရှိနေကြတဲ့ မ.က.ဒ.တ အပါအဝင် လက်နက်ကိုင်အဖွဲ့ တွေကို တပ့်လှန့် သတိပေးချင်ပါတယ်။
ရှစ်လေးလုံးတုံးကလို လူထုအုံကြွမှု့ ဖြစ်ပေါ်လာခဲ့ရင် အကြောင်းအမျိုးမျိုးတွေကြောင့် ထွက်လာနိုင်ကြတဲ့ သူတွေကို ကျနော်တို့ တုံးကလိုအခက်အခဲတွေ၊ ဒုက္ခတွေ မကြုံတွေ့ ကြရအောင် ဘယ်လို ပြင်ဆင်ထားသင့်ကြတယ်ဆိုတာ အတွေ့ အကြုံရှိပြီးသား တွေအဖြစ်နှင့် ကြိုတင်ပြင်ဆင်မှု့ တွေလုပ့်ထားသင့်ပါတယ်။
ကျနော်တို့ ရန်သူ ကတော့ အစွယ်ထုတ်ပြလာပါပြီ။ သူတို့ အလုပ့် သူတို့ ဆက်လုပ့်သွာမှာကြမှာပါဘဲ့။
ကျနော်တို့ ကလည်း ကျနော်တို့ အလုပ့်တွေကို လုပ့်ထားကြဘို့ တော့ လိုနေပါလိမ့်မယ်။
အောင်မိုး(ကနေဒါ)
No comments: