

တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စီးသည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်က ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးတာဝန်များ ထမ်းဆောင်နေစဉ်
မေယုကျွန်းအနီး မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူသော်လည်း လာရောက်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ထက်ကြပ်လိုက်လံဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင်အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော ကုန်လှေအား တပ်မတော်(ရေ)မှ ရှာဖွေရှင်းလင်းရာ အမ်-၁၆ မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ၎င်းကျည် (၁၁၅) တောင့်၊ လေဖိအားသုံး ပစ္စတိုသေနတ် (၁)လက်နှင့် ကျည်အိမ်တစ်ခုတို့အား သိမ်းဆည်းရမိသည်။
လှေပေါ်တွင် လိုက်ပါလာသူများသည် တပ်မတော်(ရေ)မှ လိုက်လံဖမ်းဆီးစဉ် အမှောင်ထုအတွင်း လှေပေါ်မှ ခုန်ချထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေတည်(မြဝတီ)
No comments:
Post a Comment