Monday, November 18, 2013

အမျိုးသားနိုင်ငံရေး ဝေါဟာရနှင့် သတိပြုဖွယ်

(နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာ၏ အယ်ဒီတာ့အာဘော်)

အမျိုးသားနိုင်ငံရေး ဝေါဟာရနှင့် သတိပြုဖွယ်

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများတွင
် အတိတ်က မြန်မာ့နိုင်ငံ ရေးသမိုင်းတွင် ရာထူးကြီးကြီးဖြင့်တာဝန်ထမ်းဆောင်ခဲ့သူများအပါအ၀င်၊ မြန်မာ့နိုင်ငံရေးတွင် အတိတ် ကတစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်ခဲ့ကြသူများ၊ နာမည်ကြီးပုဂ်္ဂိုလ်များ ပါဝင်လာခဲ့သည်။

ထိုသို့သောပုဂ်္ဂိုလ်များကို မီဒီယာတချို့ကတွေ့ဆုံမေးမြန်းမှုများပြုလုပ်ရာ ပါတီထောင်ကာ နိုင်ငံရေး လုပ်ငန်းများလုပ်ဆောင်မည်လားဟူသည့် မေးခွန်းများကိုထိုသူတို့ဖြေကြားမှုက စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။ “နိုင်ငံရေးမလုပ်ပါ အမျိုးသားနိုင်ငံရေးဘက်ကရပ်တည်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည်” ဟု အဖြေပေးကြသည်ကို ဖတ်ရှုရပေသည်။

ထိုသို့ပြောကြသူများမှာအထဲတွင် တစ်ချိန်စစ်အာဏာရှင်လက်ထက်က ပြည်သူကိုနိုင်စားခဲ့ကြသော၊ ပြည်သူကစိုးရွံ့ခဲ့ကြရသူများအပါအ၀င်ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။ “အမျိုးသားနိုင်ငံရေး” ဟူသည့် ဝေါဟာရသည် န၀တတစ်ခေတ်ပြောင်းပြီးချိန် နအဖဖြစ်လာသည့်အခါ ထိုစဉ်ကပြန်ကြားရေးဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ဆန်း သတင်းစာရှင်းလင်းပွဲတိုင်းတွင် မကြာခဏပြောဆိုခဲ့သော စကားလုံးလည်းဖြစ်သည်။

အာဏာရှင်စစ်အစိုးရမှ အရပ်သားအစိုးရအသွင်ပြောင်းချိန်တိုင်အောင် ဆက်လက်စွဲကိုင်ထားသည့် စကားစုလည်းဖြစ်သည်။ တစ်ခါတစ်ခါ ဒီမိုကရေစီအင်အားကြီးနိုင်ငံ အမေရိကန်သည်ပင် အမျိုးသားနိုင် ငံရေးကို ရှေ့တန်းတင်ဆောင်ရွက်လာသည်ဟု ဥပမာပြုကာရှင်းလင်းပွဲများတွင် ပြောဆိုခဲ့ကြဖူးသည်။

ဆိုခဲ့သည့် အမျိုးသားနိုင်ငံရေးဟူသည်မှာ (နေရှင်နယ်ပေါ်လက်တစ် National Politics ကို ဆိုလိုခြင်း ဟုထင်ပါသည်) ပါတီနိုင်ငံရေးကဲ့သို့ တစ်ဦးတစ်ဖွဲ့၏အကျိုးကို ရှေ့တန်းတင်ခြင်းမဟုတ်ဟု အပေါ်ယံ အားဖြင့်ယူဆနိုင်သည်။ အမျိုးသားနိုင်ငံရေးဟူသည် ပြည်သူလူထုနှင့် နိုင်ငံသားတစ်ရပ်လုံး၏ အကျိုးကို သာတတ်စွမ်းသမျှ ဦးစားပေးဆောင်ရွက်ပြီး မိမိတို့အတွက်နေရာတစ်နေရာရရှိရန်ကို ရှေ့တန်းမတင်ဟု ယူဆရသော်လည်း အမှန်တကယ်တွင် ထိုသူသည်နောက်ကွယ်မှနေကာ မည်သို့စီမံခန့်ခွဲမည်နည်း။

အများသူငါတို့၏ သုံးသပ်ချက်ကမူပြည်သူတို့အပေါ် အာဏာစက်ဖြင့်အုပ်စိုးခဲ့ဖူးသူတို့က ပါတီအသင်း အဖွဲ့တည်ထောင်ကာ နိုင်ငံရေးချက်ချင်းထလုပ်ကာ နိုင်ငံရေးလောကထဲသို့ တစ်ဖန်ဝင်ရောက်လာပါက ပြည်သူ၏ထောက်ခံချက်ရရှိမည်မဟုတ်ဘဲ ဝေဖန်မှုများသာခံရနိုင်သည်ဟု သုံးသပ်ကြသည်။

သို့အတွက်ကြောင့် လူမှုရေးလုပ်ငန်းများအကြောင်းပြုကာ လူထုအတွင်းစည်းရုံးရေးဆင်းပြီး ပြည်သူ့ မေတ္တာရရှိရန်မျက်လှည့်အမျိုးသားနိုင်ငံရေးအဖြစ် ယင်းတို့၏အခန်းကဏ္ဍကိုတစ်ဖန်ပြန်လည် တည် ဆောက်ယူခြင်းဟု သုံးသပ်ကြမည်သာဖြစ်သည်။

လာမည့် ၂၀၀၅ ခုနှစ်တွင် ဒုတိယမြောက်အရပ်သားအစိုးရ ရွေးချယ်ပွဲတွင်ထိုသို့အမျိုးသားနိုင်ငံရေးသာ လုပ်ပါမည်ဟု ကြွေးကြော်နေသူများသည် မည်သည့်နေရာ၊ မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အဆိုပါအမျိုးသားနိုင်ငံရေး လှုပ်ရှားဆောင်ရွက်မည့်သူများသည် ၂၀၁၅ ခုနှစ် တွင်မည်သည့်နိုင်ငံရေးပါတီကိုပံ့ပိုးမည်လဲ၊ ထောက်ခံမည်လည်း၊ အကာအကွယ်ပေးမည်လည်း ဆိုသည် ကလည်း စဉ်းစားရမည့်အချက်တစ်ခုဖြစ်သည်။

No comments: