Monday, November 25, 2013

အိမ်ထောင်ရှိ ပြည်တွင်းနေတစ်ဦးမှ ၁၀ တန်းကျောင်းသူလေးအား လည်ပင်းကို ကတ်ကျေးဖြင့်ထောက်ကာ မုဒိမ်းကျင့်ရန် ကြိုပမ်းမှုဖြစ်ပွား



ဘားအံ နိုဝင်ဘာ ၂၄

ယနေ့ နံနက် သုံးနာရီခန့် အချိန်တွင် ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဆောက်လုပ်ရေးရုံးရှေ့ရှိ ဦးမာမွတ်၏ နေအိမ်အောက်ထပ် တွင် ငှားရမ်းဖွင့်လှစ်ထားသောဆံနွယ်ရှင် အလှပြုပြင်ရေးဆိုင်ခန်းတွင်နေ ထိုင်သော ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူလေးအား အိမ်ပိုင်ရှင်ဦးမာ
မွတ်၏သား ဗေလာ (အစ္စလာမ်ဘာသာဝင်၊ အိမ်ထောင်ရှိ) ဆိုသူက အခန်းကို ချိုးဖျက် ၀င်ရောက်ကာ ကျောင်းသူလေး၏ လည်ပင်းကို ကတ်ကျေးဖြင့် ထောက်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သည်။

၁၀ တန်းကျောင်းသူလေးက အော်လိုက်ဟစ်အတွက် ဗေလာမှ ထွက်ပြေး
စဉ် အိမ်နီးချင်းများက နိုးလာပြီး ဦးကျော်ငယ်က ဗေလာကို ဖမ်းချုပ်ထားရာ
အင်အား မမျှ၍ တရားခံဗေလာလွတ်သွားပြီး ဓားရှည်တစ်လက်နှင့် တုတ်ကို
တစ်ဖက်စီ ကိုယ်တွယ်၍ သတ္တိရှိတဲ့သူ ထွက်ခဲ့ဟု ကြိမ်းဝါး ရမ်းကားနေခဲ့ သည်။တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲထားပုံပေါ်ပြီး

ညဦးပိုင်းကတည်းက အဖေအမေကို မကြားဝံ့ မနာသာ ဆဲဆို ကြိမ်းမောင်းပြီး အိမ်ကိုလည်း ထုရိုက်ဖြို ဖျက်နေသည့်အတွက်
အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မ ရဲစခန်းသို့ ဖုန်းဆက်ခဲ့သော်လည်းမည်သို့သောအရေးယူဆောင်ရွက်မှု မျိုးကိုမျှ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပါ။

တရားခံမှ မုဒိမ်းကျင့်ရန် ကြံစည်ပြီးနောက် တုတ်ဓားကိုင်ကာ ရမ်းကားနေချိန်
တွင် မြို့မရဲစခန်းသို့ ဖုန်းဆက်သော်လည်း ၁ နာရီကျော်ကြာမြင့် သည့်အထိ မည်သည့်ရဲမျှ ရောက်မလာခဲ့ပါ။ သီရိမဏ္ဍိုင်ကျောင်းမှ ဦးတေဇောဘာသကိုယ်တိုင် ရဲစခန်းသို့ သွားရောက်၍ ခေါ်ဆောင်မှသာ ရဲများရောက်ရှိလာပြီး တရားခံကို ဖမ်းဆီးခဲ့ပါသည်။

အကယ်၍ မုဒိမ်းမှုအထ မြောက်သွားပြီး ရပ်ကွက်တွင်
ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုများသာ ဖြစ်ပါက
ပြဿနာမည်မျှကြီးကျယ်နက်ရှိုင်းသွားမည်ကို ကူညီပါရစေဆိုသူများ သိနား
လည်သင့်ပါသည်။

တရားခံသည် ပြစ်မှုဟောင်းရှိသူတစ်ဦးဟုလည်း သိရှိရပြီး ယခုအခါ မြို့မရဲစခန်းတွင် ဖမ်းဆီးထားပါသည်။

ဘားအံရဲစခန်းတွင် ပုဒ်မ ၄၅၆(အိမ်ကျော်နင်းမှုဖြင့်)အရေးယူထာပြီး မုဒိန်းမှုကျုးလွန်ရန် ကပ်ကြေးထောက်လွန်းကျုးသော်လည်း မုဒိန်းကြံစည်မှု ပုဒ်မပါဝင်ကြောင်းသိရပါသည်။

တရားခံ ဗေလာ (ဘ) ဦးမာမွတ်၊ အစ္စလာမ်ဘာသာဝင် စုံမ်းလိုသူများ မြို့မ ရဲစခန်း =၀၅၈ ၂၁၅၀၄

Posted From A Shin Visithta

No comments: