Tuesday, November 26, 2013

သူ့ လက်ထက်မှာကတည်းကပျက်စီးနေတာ.....မင်းဘဲ့အပြောကောင်းတယ် ဘိုခင်တွန့် ရေ။




 တိန် ................ သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု ဦးခင်ညွန့် ပြောကြား သူများနိုင်ငံမှာ မူရင်းဈေးနဲ့ဝယ်လို့ရတဲ့ မော်တော်ကားတွေကို ဒီနိုင်ငံမှာ အဆမတန်ဈေးကြီးပေးပြီးမှ စီးနိုင်အောင်လုပ်ထားတာဟာ ကိုယ့်နိုင်ငံသားတွေကို သူများနိုင်ငံသားတွေနဲ့ လူတန်းမစေ့အောင်လုပ်နေတာ လူတန်းစားကွာဟမှုကြီးအောင် လုပ်နေတာ ဟု အင်တာဗျူးတွင် ဦးခင်ညွန့်မှပြောကြားလိုက်သည် ၊ ကိုယ်ကြည့်နေတယ်လေ ၊ ခေါင်းစဉ်က ဒီမိုကရေစီ ကိုပြောင်းသွားပြီသာဆိုတယ် လုပ်ရပ်တွေက ဒီမိုကရေစီလုံးဝမကျသေးတာတွေကိုတွေ့နေရတယ် ၊ ခုကားဈေးတွေကိုကြည့်လေ ၊ ကားဆိုတာမျိုးဟာ ဇိမ်ခံပြီးစီးတဲ့သူတွေရှိသလို လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေသုံးမှ ဖြစ်မှာမို့လို့ စီးနေရတဲ့သူတွေလည်း ရှိတာပဲ ၊ နယ်စပ်တွေမှာ ဆယ့်ငါးသိန်းလောက်ပေးရတဲ့ကားက ဒီမှာ သိန်းတစ်ရာလောက်ဖြစ်နေတယ် ၊ အခွန်တွေကို နိုင်ငံတော်အတွက် ပြန်သုံးနေပါတယ်လို့ ဘယ်လောက်ပြောနေပြောနေ လောလောလတ်လတ်တော့ ကိုယ်နိုင်ငံသားတွေက သူများနိုင်ငံသားတွေထက် အောက်ကျနောက်ကျ ဖြစ်သွားတာအမှန်လေ ၊ လူတန်းမစေ့ဖြစ်သွားတာအမှန်လေ ၊ အဲတော့ဘာဆက်ဖြစ်သလဲ ၊ တစ်အိမ်ကို ကားတစ်စီး မိသားတစ်စုကို ကားတစ်စီး စီးနိုင်ဖို့တော်တော်ခက်သွားပြီ ၊ တစ်ဘဝလုံးကားတစ်စီးပိုင်နိုင်ဖို့ မမျှော်မှန်းရဲတဲ့ အခြေအနေကို အလိုလိုရောက်သွားပြီလေ ၊ တဖက်မှာတော့ အိမ်ထဲခြံထဲမှာ ကားအပြည့်နဲ့ ကားတွေပိုနေလို့ လမ်းမတောင် ထွက်ရပ်ထားရတဲ့သူတွေလည်း ပေါ်လာတာပေါ့ ၊ ဟုတ်တယ်လေ ၊ ကားကိုဝယ် စိတ်ကြိုက်စီးပြီး ပြန်ရောင်းရင် မြတ်တယ်ဆိုတာ ဒီနိုင်ငံမှာ ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေတာကိုး ၊ လူတန်းစားကွာဟမှုတွေဖြစ်အောင် လူတန်းစားကွာဟမှုတွေကြီးလာအောင် လုပ်နေတာလားလို့ မေးရမလိုတောင်ဖြစ်နေပြီ ၊ သူများနိုင်ငံက သုံးပြီးသား ကားတွေ တင်သွင်းပြီး အရောင်းအဝယ်လုပ်ငန်းလုပ်တာဟာ ဒီနိုင်ငံမှာ သူဌေးကြီးဖြစ်စေတဲ့ လုပ်ငန်းတစ်ခုလို့ ဖြစ်နေတယ်လေ ၊ ဒီလိုဖြစ်နေတဲ့ ဒီလိုဖြစ်နေအောင်တမင်ဖန်တီးထားတဲ့ ပတ်ဝန်ကျင်ကြီးက ဘယ်တော့များမှစစ်မှန်တဲ့ ဒီမိုကရက်တစ်ပတ်ဝန်းကျင် စစ်မှန်တဲ့ အိုးပန်းမားကတ်အီကော်နော်မစ် ပတ်ဝန်းကျင် ဖြစ်လာမှာတုန်း ဗျ ၊ ကိုယ်ပြောတာ မလွန်ဘူးထင်ပါတယ်နော် ၊ ဟန်းဖုန်းတန်ဖိုးတွေကိုလည်းကြည့်ပါအုံး ၊ တရားဝင်ထုတ်ဈေးက ၁၅၀၀ တဲ့ အပြင်ပေါက်ဈေးက တစ်သိန်းခွဲအောက်ထစ်ပဲ ၊ ကဲ ထုတ်ဈေး နဲ့ အပြင်ပေါက်ဈေးက အဆတစ်ရာကျော်ကွာနေတယ် ၊ အဲဒါ မားကတ်မှာ ဆပ်ပလိုင်း နဲ့ ဒီမန်း မမျှတာမဟုတ်ဘူး ၊ အနာနဲ့ဆေးနဲ့မတွေ့တာကိုပြနေတာ ၊ မားကတ်မှာ ဖုန်းတွေကို လိုက်ဝယ်ပြီး ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခု အလိုလိုဖြစ်လာတယ်လေ ၊ မဲပေါက်တဲ့ ဖုန်းတွေကို ပြန်ကောက်ပြီး ကြိုက်ဈေးခေါ်ပြန်ရောင်းတဲ့ ဈေးကွက်ကြီးတစ်ခုပေါ်လာတယ်လေ ၊ အခြေအနေအရ အဲဒီဈေးကွက်ကြီး အလိုလို ပေါ်လာတာပေါ့ ၊ ဝယ်ရောင်းလုပ်မယ်ဆိုရင် အမြန်ပိုက်ဆံချမ်းသာစေတဲ့ဈေးကွက်ကြီးဖြစ်နေတာပေါ့ ၊ ဒါဈေးကွက်အစစ်မဟုတ်ဘူး ၊ စီမံခန့်ခွဲမှုမှားယွင်လို့ ဘေးထွက်ဆိုးဆိုးအဖြစ်ထွက်လာတဲ့ ပြယုဂ် ပဲ ၊ ဟန်းဖုန်းတွေကို ဆက်တိုက်ချပေးနေပါတယ်လို့ ဘယ်လောက်ပြောပြော အပြင်မှာ အခုလို အဆတစ်ရာကျော် ဈေးတွေကွာနေတာဟာ လူထုက အစိုးရဆောင်ရွက်ချက်ကို မယုံဘူးဖြစ်နေတာ ၊ အစိုးရပေးတဲ့ အာမခံချက်တွေကို လူထုက မယုံကြည်ဘူးဆိုတာပြနေတာပဲ ၊ နိုင်ငံရေးစကားနဲ့ပြောရင် အစိုးရဆောင်ရွက်ချက်တွေ မှားယွင်းနေတာ ကျရှုံးနေတာပေါ့ ၊ ဒါတွေက ကာလတိုမဟုတ်ပဲ ကာလရှည်ဖြစ်လာရင် တိုင်းပြည်တစ်ခုလုံးအောက်ကျနောက်ကျ ထပ်ဖြစ်သွားမယ် ၊ တိုင်းပြည်နစ်နာတယ် ၊ ဒါတွေက စီပွားရေး တက္ကသိုလ်က ဆရာကြီး ဆရာမကြီးတွေကို တိုင်ပင်လိုက်ရင် သိနိုင်တာပဲလေ ၊ ပြင်လိုက်ရင်အလွယ်လေးဆိုပေမယ့် ရောဂါကျွမ်းသွားပြီးဆိုရင်တော့ အချိန်မီမှာမဟုတ်တော့ဘူး ၊ ဒါသိထားရမယ် ၊ (ဦးခင်ညွန့်က အင်တာဗျူးတွင်ဝေဖန် ပြောကြားသွားခြင်းဖြစ်သည်) Source: Hawdeka Khalaylay

No comments: