Monday, November 25, 2013

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR)

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR)
ပြန်လည်နေရာသတ်မှတ်ခြင်း(Relocated) နှင့် ပြန်လည်အဆင့်သတ်မှတ်ခြင်း (Readjusted) ပြုလုပ်လိုက်ပါတယ်။
Storm News Update
26-11-2013
5:30 am

TC (05)B LEHAR ဟာ မူလခန့်မှန်းထားတာထက်
(၁) တောင်ဖက်နည်းနည်းပိုရောက်သွားပြီး
(၂) မူလခန့်မှန်းထားတဲ့ Category II (96-110 mph) အဆင့်ရောက်အောင် အားပြင်းနှိုင်သေးတယ်လို့ ခန့်မှန်းပါတယ်။

လမ်းကြောင်းမပြောင်းဘဲ အနောက်မြောက်ဖက်ကိုသာရွေ့ပြီး (၂၈-၁၁-၂၀၁၃) ရက်နေ့မှာ အိန္ဒိယနိုင်ငံ Utar Pradesh ပြည်နယ်ကိုဘဲ ဖြတ်ပါလိမ့်မယ်။
အများဆုံးလေတိုက်နှုန်းအနေနဲ့ခန့်မှန်းတာကတော့ Expected maximum winds
270600 UTC, 95 knots Gust; Gust: 115 knots (၂၇-၁၁-၂၀၁၃ ရက်နေ့လည်(၁၂)နာရီခွဲမှာ လေတိုက်နှုန်း 115 mph, တစ်ခါတစ်ရန် 140 mph)
အထိ တိုက်နှိုင်ပါသေးတယ်။

မြန်မာပြည်ကိုဝင်ဖို့တော့ အခြေအနေ လုံးဝ မတွ့ရသေးပါ။

ဒေါက်တာထွန်းလွင်

မှတ်ချက်း ကျွန်တော် ဒီနေ့ မကြာမီ ပေါင်းတည်ကို ဟောပြောပွဲ သွားရမှာအမို့ ရောက်တဲ့နေရာက ကြိုးစားပြီး မုန်တိုင်းသတင်းကို update လုပ်ပေးပါ့မယ်။ ကျွန်တော်တို့အတွက်တော့ စိုးရိမ်စရာ မတွေ့သေးပါ။ ဒါပေမယ့် ကိုယ့်ဧရိယာထဲက မထွက်မချင်း သတင်းကို အမြဲနားဆင်ပေးဖို့လိုပါတယ်။

No comments: