Monday, November 25, 2013

သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို ဦးတေဇ တရားစွဲမည်

သတင်းဟောင်းပါ။ ပြန်တင်ပေးထားခြင်းသာဖြစ်ပါတယ်။

သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို ဦးတေဇ တရားစွဲမည်
*****************************************
ရန်ကုန်၊ နိုဝင်ဘာ၂၃

မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော ဦးတေဇအပေါ် ဝေဖန်ပုတ်ခတ် ရေးသားမှုနှင့် စပ်လျဉ်း၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ထူးထရေးဒင်း ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တရားစွဲမယ်ဆိုတာ ဟုတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ ဦးတေဇ၏ Facebook စာမျက်နှာတွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကား ပြောပါမယ်။ လမ်းဘေး စရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင် အတွင်းမှ တုန့်ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်” ဟု ရေးသား ဖော်ပြထားသည်။ (Facebook စာမျက်နှာမှ မူရင်းအတိုင်း ကောက်နုတ်ထားခြင်း ဖြစ်သည်။)

ယင်းကိစ္စနှင့် ပတ်သက်၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကို The Voice က ဆက်သွယ် မေးမြန်းရာ ဦးတေဇကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း မဟုတ်ဘဲ ခရိုနီစနစ်တွင် ပါဝင်နေသော ဇာတ်ကောင်ကြီးများကို ဖော်ပြနေခြင်း ဖြစ်ပြီး သူ့လုပ်ပိုင်ခွင့်အတိုင်း ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ပါ ထောင်သူ ရဲဘအုပ် ရေးသား ဖော်ပြထားသော ဦးတေဇနှင့် စိန်စီသောညများ ဆောင်းပါးတွင်လည်း“မင်းတို့ ခရိုနီတွေ ဘင်္ဂလား ပင်လယ်ထဲကိုသာ ခုန်ချကြပေတော့” ကဲ့သို့ စာသားများ ထည့်သွင်း ရေးသား ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ခရိုနီတွေ ရှိတယ်ဆိုတာ အမှန်ပဲ။ ခေတ်အဆက်ဆက်လည်း ကုပ်သွေးစုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ အတွက်က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေရုံနဲ့ မရပါဘူး” ဟု သတင်းစာဆရာ ဦးရဲနိုင်မိုးက မှတ်ချက်ပေးသည်။

လက်ရှိ ထုတ်ဝေနေသော ဂျာနယ် အချို့တွင် ခိုင်မာသည့် အချက်အလက် မပါဘဲ ၎င်းတို့၏ အာဘော်များဖြင့် ပြည်သူလူထု မည်သူကို မုန်းသည် ဆိုခြင်းကို အကြောင်းပြု၍ ပါးပါးနပ်နပ် အသုံးချ ရေးသားနေသည်ကို တွေ့ရကြောင်း၊ သတင်းသမားတစ်ဦးသည် သတင်းရေးရာတွင် ၎င်း၏ ကိုယ်ပိုင်အမြင်ကို ဖယ်ထုတ်ရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင် အမြင်များ ထည့်သွင်း ရေးသားခြင်းသည် ထက်မြက်သည့် သတင်းရေးသားမှု ပုံစံမျိုး မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Source: The Voice Weekly
ဖေ့ဘုတ်ပေါ်က တွေ့ ရတဲ့ သတင်းပါ။ ပြန်တင်ပေးခြင်းသာဖြစ်ပါတယ်။
ဘလော့ဂါ
 
ဦးမိုးဟိန်းကိုတရားစွဲဆိုရာတွင် ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များမှ ဦးတေဇဘက်မှ အပြည့်အဝရပ်တည်သွားမည်ဟုဆို
(နေပြည်တော်သတင်း)

အရင်က မော်တောင် မကြည့်ရဲတဲ့ အကောင်တွေက အခုမှ လာပြီး စွာကျယ်စွာ ကျယ်လုပ်နေတယ် ၊ ဒီမယ်ပြန်ပြောလိုက်ပါ လက်တုန့်ပြန်သွားမယ်လို့ အဲဒီ အချိန်ကျမှ သူရဲဘောကြောင်ပြီး ထွက်မပြေးနဲ့လို့ ၊ လူကိုလာမစွနဲ့နော် ဘာ မှတ်နေလဲ ၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ် ၊ ဒီမယ်ဟေ့ ငါ့သမီးတွေ နဲ့ အားလုံးတိုင်ပင်ပြီးပြီ ၊ မင်းဖေ့ဘုတ်ကနေ ပြန်ရေးဖြစ်အောင်
ရေးနော် ၊ ငါပြောတာတွေ အားလုံး ပါအောင်ထည့်ရေး ၊ ငါ့အကြောင်းသိ တယ်နော် ကြားလား ၊ ပြီးတော့ နောက် အပတ်ထဲ နေပြည်တော် တက်လာခဲ့အုံး ဟုတ်လား ၊

မနက်စောစော ဒေါ်ကြိုင်ကြိုင်တစ်ယောက် အော်ဟစ်ပြီး ဖုန်းပြောနေခြင်းဖြစ် သည် ၊ တစ်ဖက်က ဖုန်းဖြေသူမှာ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုသည့် စကားသာ ပြန်ပြောနိုင်သည် ၊ ဒေါ်ကြိုင်ကြိုင်တစ်ယောက် ဒေါပွနေသည်မှာ အထင်း သားဖြစ်သည် ၊ နံဘေးတွင် အမီးတော် တစ်သိုက်လည်းရှိနေကြသည် ၊ ကျွန်းပါကေး အထူခင်းထားသော ကြမ်းပြင်တွင်မူ ဒီကနေ့ထုတ် သူရိယနေဝန်း သတင်းစာရွက် များက ဆုတ်ဖြဲထားသဖြင့် တစစီ ပြန့်ကျဲနေသည် ၊

ဘာမှ ပြန်မပြောဘူးဆိုပြီးကြည့်နေတာ ဒင်းတို့ ရောင့်တက်လာကြတယ် ၊ ဒီတစ်ခါတော့ မှတ်လောက်သားလောက်အောင် ဆော်ပြစ်လိုက်မယ် ၊

ဒေါ်ကြိုင်ကြိုင် ကဆက်ပြောခြင်းဖြစ်သည် ၊

အင်း အမေကြိုင် နဲ့ သမီးတော် တွေ ပါလာပြီဆိုရင်တော့ ဟို ဦးမိုးဟိန်းဆိုတဲ့ သူတော့ မလွယ်လောက်ဘူး ၊ အမေကြိုင်တို့က ကြောက်စရာကောင်းတယ် ၊ နောက်ထပ် ငါးလောင်းပြိုင် ဆယ်လောင်းပြိုင်တွေများ ထပ်ဖြစ်နေမလား မသိဘူးနော် ၊

ဒေါ်ကြိုင်ကြိုင်အိမ်မှ အိမ်စေများက တီးတိုးပြောရင်း သက်ပြင်းချနေကြသည် ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

Credit to Hawdeka Khalaylay
 

No comments: