Tuesday, November 12, 2013

OIC ကို အလိုမရှိဟု ကန့်ကွက်ဆန္ဒပြ


အစ္စလာမ်မစ် နိုင်ငံတွေ စုပေါင်းထားတဲ့ OIC အဖွဲ့ကို အလိုမရှိဆိုပြီးတော့ ရန်ကုန်မှာတော့ ဆူးလေ စေတီနှင့် အင်းစိန်မြိုကနယ်တွေမှာ ဆန္ဒပြခဲ့ကြပါ တယ်။

မွန်းလွဲ ၂နာရီမှာတော့ ရွှေတိဂုံစေတီ အရှေ့ဘက်မှ ရှိတဲ့ ကြေးသွန်းဘုရားမှာ စုရပ်လုပ်ပြီးတော့ ဆူးလေ ဘုရားသို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အင်းစိန်မြို့နယ်မှာတော့ ယနေ့ မွန်းတည့် ၁၂ နာရီကနေ ပြည်တော်သာ AGTI က YTU အထိ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်ချာ အာဏာကို မထိပါးဖို့၊ OIC မလာဖို့၊ ရုံးမဖွင့်ဖို့၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်သွားဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ အတူ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

OIC အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုံးစိုက်ခွင့်ရဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိုကို ပြင်ဆင်ဖို့အတွက် အစိုးရကို ဖိအားပေးဖို့၊ ဘင်္ဂါလီတွေရဲ့ အခွင့်အရေး ရအောင် လုပ်ဆောင်ပေးမယ် ဆိုတဲ့ အစီစဉ်နဲ့ လာမှာ ဖြစ်ပါတယ်။

OIC အဖွဲ့က အထွေထွေအတင်းရေးမှူးချုပ် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ဒီအပတ်အတွင်းမှာ မြန်မာနိုင်ငံသို့ လာမယ်လို့ အစိုးရက ကြေညာထား ပါတယ်။

အဲဒီအဖွဲ့ကို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မှာ ဖြစ်ပြီးတော့ OIC အဖွဲ့လာမယ့် ဒီလ ၁၅ ရက်နေ့မှာလည်း စစ်တွေမြို့မှာ ဆန္ဒပြဖို့ စီစဉ်ထားပါ တယ်။ သက်ဆိုင်ရာ အာဏာပိုင်က လည်း ဆန္ဒပြဖို့ ခွင့်ပြုလိုက်ပြီလို့ သတင်းရပါတယ်။

ဓါတ်ပုံ - Rakhine Citizen Journalists
Like · ·

No comments: