Monday, November 18, 2013

မုန်တိုင်းငယ်လို့ ကြေငြာရခါ နီးနေပါပြီ။

မုန်တိုင်းငယ်လို့ ကြေငြာရခါ နီးနေပါပြီ။
Storm News Update
19-11-2013
1:47 am

ကမ္ဘာ့မိုးလေ၀သ၊ မြန်မာ့မိုးလေ၀သ၊ အိန္ဒိယမိုးလေ၀သဌာနတွေရဲ့ သတ်မှတ် ချက် တွေအရ လေဖိအားနည်းရပ်ဝန်းမှာ လေတိုက်နှုန်း 28-33 knots တိုက်ခတ်တဲ့ အင်အားရှိလာရင် မုန်တိုင်းငယ် (Depression)အဆင့်လို့ သတ်မှတ်ပါတယ်။ ဒါကို Storm Nomenclature လို့ခေါ်ပါတယ်။

အခု ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း နဲ့ အရှေ့တောင်ပိုင်း အစပ်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၁၈-၁၁-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်တိုင်းတာချက်များအရ အများဆုံးလေတိုက်နှုန်း 20-25 knots ရှိနေပါပြီ။ မုန်တိုင်းငယ်ဖြစ်လှုနီးနေပါပြီ။ ဒါကလည်း ညမို့ပါ။နေ့ရောက် တာနဲ့အူယားဖားယား ဖြစ်ကြပါလိမ့်မယ်။

အခုဆိုရင် ဗဟိုချက်ဖိအား 1004 mb, သတ်မှတ်အမည် 91B, တည်နေရာ 14.5° N, 87.6°1 E နဲ့ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့( Visakhapatnam,) ရဲ့ အရှေ့တောင်ဖက် 330 nautical miles (400 miles) အကွာ ပင်လယ်ပြင်အပေါ်မှာ ဗဟိုပြုနေပါတယ်။

လောလောဆယ်သိသိသာသာရွေ့လျှားမှု မရှိသေးပေမယ့် မုန်တိုင်းဖြစ်လာတာနဲ့ စတင်ရွေ့တော့မှာဖြစ်ပါတယ်။ ကနဦးးခန့်မှန်းချက်ကတော့ အနောက်မြောက်ဖက် ကို ရွေ့မယ်လို့မှန်းထားပါတယ်။ ဒီတစ်ခါဖြစ်ရင်တော့ ဘင်္ဂလားပင်လယ်အော်မှာ ၂၀၁၃ ခုနှစ် အတွင်း စတုတ္ထမြောက် ဆိုင်ကလုန်းဖြစ်လာပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်

No comments: