Monday, November 25, 2013

ဦးတေဇ က ဦးမိုးဟိန်းကို တရားစွဲမယ်ပြောပြီးနောက်

ဦးတေဇ က ဦးမိုးဟိန်းကို တရားစွဲမယ်ပြောပြီးနောက်
Monday, November 25, 2013

အခု ရက်ပိုင်း ရန်ကုန်မှာ စိတ်ဝင်စားမှုအများဆုံး၊ လူပြောအများဆုံးကိစ္စကတော့ 
အချိန်တိုအတွင်း လူ ကြိုက်များလာတဲ့ သူရိယ နေဝန်း ဂျာနယ် ဦးမိုးဟိန်းကို သူဋ္ဌေးကြီး ဦးတေဇက တရားစွဲမယ်ဆိုတော့ ဦးမိုးဟိန်းက ဦးတေဇ ကို ပြန်ပြောလိုက်တဲ့ စကားပါဘဲ။ 

 ဦးတေဇက တရားစွဲမယ်ပြောစေခဲ့တဲ့ သူရိယနေဝန်းရဲ့ ဖော်ပြချက်၊ ဓာတ်ပုံ- သူရိယနေဝန်း

ဦးမိုးဟိန်းပြောလိုက်တာ ဦးတေဇအနေနဲ့ တရားလိုက တရားခံ ပြန်ဖြစ်သွားနိုင်တယ်ဆိုတာ သတိပေးလိုက် ပါတယ်။  

ဒီလို သတိပေးလိုက်တာဟာ ဦးမိုးဟိန်းအနေနဲ့ ဦးတေဇနဲ့ပတ်သက်တဲ့ ဘယ်လို ဝှက်ဖဲတွေ ရှိနေလို့လည်းပြောသူပြော၊ ဦးတေဇက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံး မြန်မာ့စီးပွားရေးမှာ သူ့လက်သူ့ခြေ လုပ်ခဲ့ သူဖြစ်လို့ ဦးမိုးဟိန်းတယောက် မြန်မာပြည်က အမေရိကား ပြန်ပြေးရမှာပဲ စသဖြင့် လူတွေက ထင်
ကြေးတွေ ပေးနေကြပါတာလည်း ရှိပါတယ်။

ဒီပွဲမှာ ဦးမိုးဟိန်းဘက်မှာ  ဦးတေဇရဲ့ ပြိုင်ဘက်တွေကလည်း အကုန် ဝိုင်းပြီး ဆွမ်းကြီးလောင်းကြမယ်ဆို တာလည်း ပြောသူတွေက ပြောကြရဲ့။

ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ၊ လူငယ်၊ လူလတ်၊ လူကြီး စကားဝိုင်းတွေ၊ ယုတ်စွ အဆုံး ဈေးထဲက ဈေးသည် မိန်းမတွေလည်း ဒီပွဲမှာ ဘယ်သူနိုင်ကြမလဲဆိုပြီး အတော်စိတ်ဝင်တစား 
ပြောကြတယ်။ 

ဒါပေမယ့် ထူးခြားတာက သူတို့ တော်တော်များများက ကျမ သတိထားမိသလောက် သူရိယနေဝန်း ဂျာနယ်ကို ကိုယ်စီ ဖတ်နေရင်းပြောနေကြတာပါ။  

သူတို့ ပြောကြတာတွေထဲ ဦးမိုးဟိန်းနဲ့ ဦးတေဇတို့ဟာ မေမြို့ စစ်တက္ကသိုလ်တက်ခဲ့ဖူးတာလည်း တူနေ တာကြောင့် ဘယ်သူက ဘယ်သူ့ထက် စစ်ရေးအမြင်ပိုရှိပြီး ဘယ်လိုနိုင်အောင် တိုက်နိုင်ကြမလဲ ဆိုတာ လည်း ဝေဖန်နေကြလေရဲ့၊

သေချာတာကတော့ ဒီတပတ် သူရိယ နေဝန်းဂျာနယ်ကလည်း အရင် အပတ်တွေက ထက် ပိုရောင်း
ကောင်း ပြီး လူတွေက ပိုပြီး စိတ်ဝင်စားကြတာ ကျမ သတိထားမိပါတယ်။ 

အိမ့်သံစဉ် ~
ဦးတေဇ က ဦးမိုးဟိန်းကို တရားစွဲမယ်ပြောပြီးနောက်
Monday, November 25, 2013
ဦးတေဇ က ဦးမိုးဟိန်းကို တရားစွဲမယ်ပြောပြီးနောက် Monday, November 25, 2013 အခု ရက်ပိုင်း ရန်ကုန်မှာ စိတ်ဝင်စားမှုအများဆုံး၊ လူပြောအများဆုံးကိစ္စကတော့ အချိန်တိုအတွင်း လူ ကြိုက်များလာတဲ့ သူရိယ နေဝန်း ဂျာနယ် ဦးမိုးဟိန်းကို သူဋ္ဌေးကြီး ဦးတေဇက တရားစွဲမယ်ဆိုတော့ ဦးမိုးဟိန်းက ဦးတေဇ ကို ပြန်ပြောလိုက်တဲ့ စကားပါဘဲ။ ဦးတေဇက တရားစွဲမယ်ပြောစေခဲ့တဲ့ သူရိယနေဝန်းရဲ့ ဖော်ပြချက်၊ ဓာတ်ပုံ- သူရိယနေဝန်း ဦးမိုးဟိန်းပြောလိုက်တာ ဦးတေဇအနေနဲ့ တရားလိုက တရားခံ ပြန်ဖြစ်သွားနိုင်တယ်ဆိုတာ သတိပေးလိုက် ပါတယ်။ ဒီလို သတိပေးလိုက်တာဟာ ဦးမိုးဟိန်းအနေနဲ့ ဦးတေဇနဲ့ပတ်သက်တဲ့ ဘယ်လို ဝှက်ဖဲတွေ ရှိနေလို့လည်းပြောသူပြော၊ ဦးတေဇက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံး မြန်မာ့စီးပွားရေးမှာ သူ့လက်သူ့ခြေ လုပ်ခဲ့ သူဖြစ်လို့ ဦးမိုးဟိန်းတယောက် မြန်မာပြည်က အမေရိကား ပြန်ပြေးရမှာပဲ စသဖြင့် လူတွေက ထင် ကြေးတွေ ပေးနေကြပါတာလည်း ရှိပါတယ်။ ဒီပွဲမှာ ဦးမိုးဟိန်းဘက်မှာ ဦးတေဇရဲ့ ပြိုင်ဘက်တွေကလည်း အကုန် ဝိုင်းပြီး ဆွမ်းကြီးလောင်းကြမယ်ဆို တာလည်း ပြောသူတွေက ပြောကြရဲ့။ ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ၊ လူငယ်၊ လူလတ်၊ လူကြီး စကားဝိုင်းတွေ၊ ယုတ်စွ အဆုံး ဈေးထဲက ဈေးသည် မိန်းမတွေလည်း ဒီပွဲမှာ ဘယ်သူနိုင်ကြမလဲဆိုပြီး အတော်စိတ်ဝင်တစား ပြောကြတယ်။ ဒါပေမယ့် ထူးခြားတာက သူတို့ တော်တော်များများက ကျမ သတိထားမိသလောက် သူရိယနေဝန်း ဂျာနယ်ကို ကိုယ်စီ ဖတ်နေရင်းပြောနေကြတာပါ။ သူတို့ ပြောကြတာတွေထဲ ဦးမိုးဟိန်းနဲ့ ဦးတေဇတို့ဟာ မေမြို့ စစ်တက္ကသိုလ်တက်ခဲ့ဖူးတာလည်း တူနေ တာကြောင့် ဘယ်သူက ဘယ်သူ့ထက် စစ်ရေးအမြင်ပိုရှိပြီး ဘယ်လိုနိုင်အောင် တိုက်နိုင်ကြမလဲ ဆိုတာ လည်း ဝေဖန်နေကြလေရဲ့၊ သေချာတာကတော့ ဒီတပတ် သူရိယ နေဝန်းဂျာနယ်ကလည်း အရင် အပတ်တွေက ထက် ပိုရောင်း ကောင်း ပြီး လူတွေက ပိုပြီး စိတ်ဝင်စားကြတာ ကျမ သတိထားမိပါတယ်။ အိမ့်သံစဉ် ~
အခု ရက်ပိုင်း ရန်ကုန်မှာ စိတ်ဝင်စားမှုအများဆုံး၊ လူပြောအများဆုံးကိစ္စကတော့
အချိန်တိုအတွင်း လူ ကြိုက်များလာတဲ့ သူရိယ နေဝန်း ဂျာနယ် ဦးမိုးဟိန်းကို သူဋ္ဌေးကြီး ဦးတေဇက တရားစွဲမယ်ဆိုတော့ ဦးမိုးဟိန်းက ဦးတေဇ ကို ပြန်ပြောလိုက်တဲ့ စကားပါဘဲ။ ...

No comments: