Thursday, November 14, 2013

ရဲတပ်ဖွဲ၏ပစ်ခတ်မှုကြောင့် ကြေးနီစီမံကိန်းဒေသခံခုနစ်ဦးဒဏ်ရာရ


========================
မုံရွာ၊နိုဝင်ဘာ ၁၄

လက်ပံတောင်းတောင်၏အနောက်တောင်ထေ
ာင့် မုံရွာ-ပုသိမ် ကားလမ်းဘေးမှယာတောသို့သွားရောက်သည့်လမ်းကို
သွပ်ဆူးကြိုးများ ကာ၍ရဲကင်းများချထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုရာ မှနိုဝင်ဘာလ၁၄ရက်နေ့ ည၈နာရီ၁၅ဝန်းကျင်အချိန်ခန့်က လက်ပံတောင်းဒေသခံများနှင့် လုံထိန်းရဲတပ်ဖွဲ့ဝင်များထိပ်တိုက်တွေ့
ဆုံမှုများဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ၏ပစ်ခတ်မှုများကြောင့် ဒေသခံ၇ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကြိုးပြင်တောင်ရွာမှဒေသခံဦးကျော်လင်းကပြောကြား သည်။

မိုးကြိုးပြင်(တောင်)ကျေးရွာ တောင်သူများသည် မိမိတို့ လုပ်ငန်းခွင် သို့သွားရာလမ်းတွင် သွပ်ဆူးကြိုးများခတ်ထားသောကြောင့် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့ဝင်များကို တောင်းဆိုရာမှ မွန်းလွဲ ၃နာရီခွဲအချိန်တွင် တင်းမာမှုစတင်ဖြစ်ပွားခဲ့ပြီး ည ၈နာရီ ၁၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ကလူအုပ်ထဲသို့ သေနတ် ပစ်ခတ်ခဲ့ကြောင်း မိုးကြိုးပြင်ကျေးရွာဒေသခံတောင်သူတစ်ဦးကပြောကြားသည်။

"သူ့စည်းကိုယ့်စည်းဝါးလုံးတားပြီးစည်းကိုမကျော်ဖို့ကျွန်တော်တို့ဒေသခံတွေကိုပြောထားတယ်ပြောနေတုန်းမကြာဘူးလုံထိန်းက၇စီးလောက်ထိပ်တိုက်တွေ့တဲ့နေရာကိုရောက်လာတယ်၊ရဲတွေဘက်ကဘက်ခွတွေနဲ့စပစ်တော့ဒေသခံတွေဘက်ကလဲမခံမရပ်နိုင်ဖြစ်ပြီးပြန်ပစ်ရာကနေနောက်ပိုင်းသေနတ်တွေနဲ့ပါပစ်လာတယ်အချက်၃၀ဝန်းကျင်ရှိမယ်ထင်တယ်ကတောင်မကနိုင်ဘူး"ဟု၎င်းကဆက်လက်ပြောကြားသည်။

ယနေ့ညပိုင်းဖြစ်စဉ်တွင်မိုးကြိုးပြင်တောင်ရွာမှဒေသခံအများစုပါဝင်ပြီးဒေသခံ၇ဦးဒဏ်ရာရရှိကာအမျိုးသား၅ဦးနှင့်အမျိုးသမီး၂ဦးစုစုပေါင်း၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၅ဦးမှာသေနတ်ဒဏ်ရာရရှိခဲ့ကြောင်းမိုးကြိုးပြင်တောင်ရွာမှဒေသခံအမျိုးသမီးတစ်ဦးနိုဝင်ဘာ၁၄ရက်နေ့ညပိုင်း၁ဝနာရီ၃ဝမိနစ်တွင်The Voice Weeklyမှဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကိုပြန်လည်ဖြေကြားသည်။

"လူနာတွေကစိုးရိမ်စိတ်တွေရှိနေတော့ဆေးဝါးကုသမှု
ခံယူဖို့ပြောလို့မရဘူးဖြစ်နေတယ်ဆေးရုံလည်းမတက်ဘူးလို့ငြင်းနေ
တယ်အခုချိန်ထိဆေးဝါးကုသမှုမခံယူရသေးဘူး"ဟုယင်းအမျိုးသမီး
ကဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍နိုဝင်ဘာ၁၄ရက်နေ့ညပိုင်း၁ဝနာရီ
၎ဝမိနစ်အချိန်တွင်စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးထံဖုန်းဖြင့်
ဆက်သွယ်မေးမြန်းခဲ့ရာ"လော လောဆယ်မဖြေနိုင်သေးပါဘူး"
ဟုပြန်လည်ဖြေကြားခဲ့သည်။

လက်ပံတောင်းတောင်ထိပ်တိုက်တွေ့ဆုံမှုအပြီးမုံရွာပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနသို့ဒဏ်ရာရရှိသည့်ရဲတပ်ဖွဲ့ဝင်၉ဦး ရောက်ရှိလာ
ပြီးဆေးဝါးကုသမှုခံယူခဲ့ကြောင်းမုံရွာဆေးရုံကြီးသို့ရောက်ရှိနေသော
မြို့ခံတစ်ဦးကပြောကြားသည်။

၂၀၁၂ခုနှစ်နိုဝင်ဘာလ၂၉ရက်နေ့တွင်လက်ပံတောင်းတောင်အနီးသပိတ်စခန်းများဖွင့်လှစ်တောင်းဆိုခဲ့သောသံဃာတော်များနှင့်ဒေသခံများကို ဖြိုခွင်းမှုဖြစ်ပွားခဲ့ပြီး၊မုံရွာ၊မန္တလေး၊ပခုက္ကူမှသံဃာတော်များထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများဖြစ်ပွားခဲ့ကာ၊ယခုယင်းဖြစ်စဉ်တစ်နှစ်ပြည့်မြောက်ရန်
၁၆ရက်အလိုတွင်လက်ပံတောင်းဒေသတွင် သေနတ်ပစ်ဖြိုခွင်းမှုများ
ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓတ်ပုံ - ကိုဟန်ဝင်းအောင်

No comments: