Friday, November 8, 2013

ကိုမျိုးမင်း.ကောင်းရာသုဂတိလားပါစေ


ဦးမျိုးမင်း(သူကြီး) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ABSDF ၊ ဒညတ အထက(၁)ဒဂုန်၊ အမှတ်(၂)ဒေသကောလိပ်(လှိုင်နယ်မြေ
) ရန်ကုန်တက္ကသိုလ်(သချာင်္) ၂၈.၁၀.၂၀၁၃(တနလာင်္နေ့)နံနက်(၆)နာရီ(၁၀)မိနစ်တွင်ကွယ်လွန်သည်။ ဦးမျိုးမင်း၊ အသက်(၅၇)နှစ်၊ အဘ-ဦးခင်မောင်ကြီး(ဒယ်ဒီကြီး)၊ အမိ-ဒေါ်မြင့်မြင့်သန်း(မာမီကြီး)တို့၏သားထွေး၊ ဦးမျိုးတင့်+ဒေါ်ဖြူဖြူတို့၏သမက်၊ ဒေါ်မျိုးစုသန္တာကို၏ ချစ်လှစွာသောခင်ပွန်း၊ မဖူးသန့်ဇင်၊ မောင်သန်းနိုင်စိုးတို့၏ မွေးသဖခင်သည် ၂၈.၁၀.၂၀၁၃(တနလာင်္နေ့)နံနက်(၆)နာရီ(၁၀)မိနစ်တွင် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်ပြီး ၂၈.၁၀.၂၀၁၃(တနလာင်္နေ့) နေ့လည်(၂)နာရီတွင် ရေးဝေးသုသာန်သို့ပို့ဆောင်ရ်ျ (၃)နာရီတွင် မီးသင်းဂြိုလ်ပါသည်။ ဦးမျိုးမင်းသည် သူငယ်တန်းမှ ၁၀တန်းအထိ အထက-၁ ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၀တွင် အမှတ်-၂ဒေသကောလိပ်၊ လှိုင်နယ်မြေတွင်ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သချာင်္အဓိကဖြင့်ပညာသင်ယူခဲ့သည်။ ၁၉၈၈ခုနှစ် အရေးတော်ပုံကာလတွင် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများတွင်ရှေ့တန်းမှပါဝင်လှုပ်ရှားခဲ့သည်။ GSC အထွေထွေသပိတ်ကော်မတီတွင်ပါဝင်ခဲ့သည်။ ထို့နောက် ထိုင်းနယ်စပ်သို့တောခိုသွားခဲ့ပြီး ဒညတအဖွဲ့အစည်းနှင့်ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ABSDF ကျောင်းသားတပ်မတော်ထူထောင်ရာတွင် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့နှင့် လက်တွဲဆောင်ရွက်ခဲ့သည်။ ၁၉၈၈ခုနှစ်ကာလတွင် ကျောင်းသားသမဂ္ဂများဖြစ်သည့် ဗကသ၊မကသ စသည့်ကျောင်းသားအဖွှဲုအစည်းများသည် ကိုမျိုးမင်းမိဘများဖြစ်သည့် ဒယ်ဒီကြီး၊မာမီကြီးတို့၏ ၀င်ဒါမီယာနေအိမ် အမှတ်(၄၂)အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်သည် ကျောင်းသားများ၏ အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သန္ဓေစတည်ခဲ့သည့်နေရာလည်းဖြစ်သည်။ အရေးတော်ပုံကာလတလျှောက် ကျောင်းသားများအတွက် နားခိုစရာ၊စားစရာ၊ ခရီးသွားလာရေး၊ လျှို့ဝှက်စည်းဝေးပွဲများ စသည်တို့ကို အထက်ပါနေအိမ်တွင် မိဘများနှင့်မိသားစုအလိုက် စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့ကြသည်။ ၁၉၈၉နှစ်ကုန်ပိုင်းတွင် နယ်စပ်မှရန်ကုန်သို့ပြန်လာခဲ့သည်။ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေရင်း ၁၉၉၀ခုနှစ် ၅-လပိုင်းတွင် ABSDF နှင့်ဆက်သွယ်ဆောင်ရွက်မှုဖြင့် ပုဒ်မ-၁၇(၁)၊ ၁၉(က)ဖြင့် အင်းစိန်အကျဉ်းထောင်၊ အမှတ်(၁)စစ်ခုံရုံးမှ ထောင်အနှစ်(၂၀)ချမှတ်ခံခဲ့ရသည်။ ၁၉၉၅ခုနှစ်တွင် ၁၀နှစ်အထက်၁၀နှစ်တည်ဟု နိုင်ငံတော်မှထုတ်ပြန်သည့်အမိန့်ကြေငြာချက်ဖြင့် ပြစ်ဒဏ်(၁၀)နှစ်သို့ပြောင်းလဲခဲ့သည်။ ၂၀၀၀ခုနျစ်တွင် နှစ်ပြည့်နေပြီးလွတ်မြောက်ခဲ့သည်။ နိုင်ငံရေးသမားများနှင့်ပါတ်သက်ရ်ျ န၀တလက်ထက် ထုတ်ဝေခဲ့သည့် စာအုပ်များထဲတွင် ဖေါက်ခွဲရေးသမားများဟု ကင်ပွန်းတပ်ထုတ်ဝေသည့်စာအုပ်ထဲတွင် ကိုမျိုးမင်းတို့၏အမှုတွဲလည်းပါဝင်ခဲ့သည်။ အမှုတွဲများ(ပုဒ်မ-၁၇(၁)၊ ၁၉(က)) ၁-ဗညား(ခေါ်)အောင်နိုင်(သေဒဏ်) ဧရာဝတီ/ချင်းမိုင် ၂-မြင့်ဆွေ (သေဒဏ်) ထောင်တွင်းကျဆုံး ၃-မြင့်စိုး (သေဒဏ်) ၄-မျိုးမင်း (၂၀)နှစ် ၅-မျိုးမင်းဇင်ရှိန်(ခေါ်) မင်းဇင် (၂၀)နှစ် ၆-ခင်ဌေးရီ (၂၀)နှစ် မျိုးမင်းဇနီး ၇-ဒေါက်တာအေးချမ်း (၁၅)နှစ် ဂျပန်နိုင်ငံ ၈-စန်းမြင့် (၁၅)နှစ် ၉-ခင်ဇော်ဦး (၁၅)နှစ် ၁၀-အောင်ကျော်စိန် (၁၅)နှစ် ၁၁-စောဖောထူး (၁၅)နှစ် ညောင်လေးပင် အင်းစိန်ထောင် - ၅တိုက်/၃တိုက်၊ သရက်ထောင်တို့တွင်နေခဲ့ပြီး သရက်ထောင်မှလွတ်သည်။ နာရေးသို့ ကိုမိုးသီးဇွန်(လူ့ဘောင်သစ်)၊ ကိုကိုကြီး(၈၈)၊ ကိုသက်ဦး(နိုင်ကျဉ်း)၊ ကိုဘိုဘိုဦး(နိုင်ကျဉ်း)၊ ကိုကျော်ထွေး(နိုင်ကျဉ်း)၊ ကိုကိုအောင်(နိုင်ကျဉ်း)၊ ကိုခင်မောင်သန်း (နိုင်ကျဉ်း)၊ ကိုမင်းဇင် (နိုင်ကျဉ်း)၊ မပြုံး (နိုင်ကျဉ်း)၊ မမာလာကြည် (နိုင်ကျဉ်း)၊ ကိုမိုးဟိန်း(သူရိယနေမင်း)၊ ကိုမောင်ကို((လူ့ဘောင်သစ်)၊ မအဂွန်း(လူ့ဘောင်သစ်) နှင့် မသန်းသန်းဌေး(လူ့ဘောင်သစ်)တို့လိုက်ပါပို့ဆောင်ခဲ့သည်။ ကိုမျိုးမင်းသည် ကွယ်လွန်ချိန်အထိ အလုပ်သမားရေးရာကိစ္စများကိုဆောင်ရွက်လျှက်ရှိပါသည်။

No comments: