Friday, November 29, 2013

ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ့ ပြိုလဲအောင် စားနေကြတယ်

ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ့ ပြိုလဲအောင် စားနေကြတယ်
ငယ်သူငယ်ချင်းမ တစ်ယောက်က မေးပါတယ် ။

သူငယ်ချင်းရေ နိုင်ငံရေး နဲ့ ပတ်သက်ပြီး အမေစုကို သိပ်နိမ့်တဲ့
အတွေးအခေါ်တွေနဲ့ ဝေဖန်နေတဲ့ comment တွေ ဖတ်ရရင်
တိုင်းပြည်အနာဂတ်အတွက် အားငယ်မိတယ်။
လူတစုကပဲ ဒီလို ရိုင်းစိုင်းတဲ့ အလုပ်တွေ လုပ်ကြတာလား။
တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဥာဏ်ရည်တွေ နိမ့်ဆင်းသွားတာလား
သူငယ်ချင်း အမြင် ပြော ကြည့်ပါ ဦး။

ကျွန်တော် ချက်ချင်း ပြန်ဖြေလိုက်ပါတယ် ။

သူတို့က အဓိက ၂ အုပ်စုပေါ့ ။

ပထမက စစ်အစိုးရ လော်ဘီတွေပါ ။ သူတို့က account တွေ အများကြီး ၊
တာဝန်နဲ့လို လုပ်နေရတာတွေလည်း အသေအချာ ရှိပါတယ် ။
နောက် လိုင်းပေါ်တက်ဖြစ်နေတဲ့ စစ်အစိုးရလော်ဘီ မလိုင်အီလစ်တွေလည်းပါတယ်။
သူတို့ကတော့ အပြောလွတ် အပြစ်လွတ် သူများရေးတာတွေလည်း ရှယ်တတ်တယ်။
တပ်မတော်က စစ်အာဏာရှင်နဲ့ ပရော်ဖက်ရှင်နယ်အမျိုးသားတပ်မတော် မကွဲလွဲဘူး
ဖြစ်နေတဲ့ အုပ်စုစွဲ အရာရှိ အရာခံတွေလည်း ပါတတ်ပါတယ် ။ (ငြိမ်း တွေလည်းပါ)
ဒါပေမယ့် သူတို့ စစ်အစိုးရကြောင့် တိုင်းပြည်နိမ့်ပါးနေတာ သိသိကြီး ဖြစ်ပါတယ်။
မူမှန်စိတ် ၊ မူမှန်အတွေး ၊ မူမှန်အကျင့်အကြံ မရှိဘူး ဆိုရင် ရမယ်ထင်ပါတယ် ။
ရိုးရိုးသားသား ရူးချင်ယောင်ဆောင်တာ မဟုတ်ပါ ။ မရိုးမသား ဖြစ်ပါတယ် ။
ဥပမာ ၂၀၁၅ စစ်အစိုးရ ဆက်အုပ်ချုပ်စေချင်ကြတာ မှန်တယ် ။ ရေပက်မဝင်
အကြောင်းတွေ ပြမယ် ။ ဒါပေမယ့် တိုင်းပြည် သိသိသာသာ တိုးတက်လာပါ့မယ်
မတရား အဓမ္မပြုကျင့်နေတာတွေ အလွဲသုံးစားလုပ်နေတာတွေ ပပျောက်စေမယ်
အာမဘန္တေလေးမှ သီ တယ်ဆိုရုံလေးတောင် တာဝန်မခံတတ်ကြပါဘူး ။

ဒုတိယက တိုင်းရင်းသားတွေပါ ။ သူတို့က ဒေါ်စုကို နေနိုင်ရက်တယ်
ထင်မိကြသူတွေပါ ။ ( ဒီမှာ NGO လုပ်လို့ သူ့အလုပ်အတွက် အကျိုးပြုအောင် ပိုပိုသာသာ အော် ပေးနေတာတွေလည်း ရှိတတ်ပါတယ် ) ။
သာမန် တိုင်းရင်းသားတွေကတော့ သူတို့ လက်ရှိတိုင်းရင်းသားခေါင်းဆောင်တွေ
အမြင်ကို သိပ် မထင်ဟပ်တာပါ ။ ထစ်ကနဲပေါက်ကွဲလွယ်ပြီး ပြသနာအရင်းခံထက်
စစ်အစိုးရ ဆွ လို့ ကြွလာတဲ့စိတ်ကလေးကလွဲရင် မျက်တောင်မွေးတစ်ဝက်ပဲ
မြင်တတ်ကြတာမျိုးပါ။ ဥပမာ ကချင်ကိုတိုက်နေတဲ့ စစ်တပ်ကို ဒေါသထွက်တယ် ။
စစ်တပ်နဲ့ ဒေါ်စုကို တပြေးညီကြီးထားပြီး အပြစ်ဆိုနေတာကြီးက မတရားပါဘူး ။
တကယ်တမ်း တိုင်းရင်းသားခေါင်းဆောင် အများစုက ဒေါ်စုကို လိုလားကြတာ
အတိအလင်း ထုတ်ပြောထားကြတာတွေက ပို များပါတယ် ။ ဥပမာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဒေါ်စု ပါသင့်တယ်ကအစ သမ္မတနေရာ နိုင်ငံသားအစစ်ဖြစ်လို့
ရသင့်တယ် ဆိုတာမျိုးတွေဖြစ်ပါတယ် ။ ဒီနေရာမှာလည်း တိုင်းရင်းသားခေါင်းဆောင်
စစ်စစ် (စစ်စစ်) တွေကို ရည်ညွှန်းပါတယ် ။ ဘိန်းချ အနှိပ်ခန်းထောင် ခရိုနီလို
အထူးရပိုင်ခွင့်တွေနဲ့ နိုင်ငံရေးဘဝ လဲရဲတဲ့ ကြံဖွံ့နဲ့ လုံးပြီး လုပ်စားတဲ့(လုပ်စားပြီးမှ
အဝေမတည့်ပြန်လို့ ပြန်ငြိစွန်းတာလည်းရှိ ) ဖောက်ပြန်ရေးသမားတွေ မပါပါဘူး ။
သူတို့ကတော့ စစ်အစိုးရခိုင်းလေသမျှ ခင်းသေမျှ ဒေါ်စုကို မကျပ်တည်း
ကျပ်တည်းအောင်တောင် လုပ်ကြချင်သေးပါတယ် ။

ဘာပဲပြောပြော သူတို့အားလုံး ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ ပြိုလဲအောင်
စား နေတယ်ကြတယ်လို့ပဲ အောက်မေ့ပါတယ် ။

No comments: