Tuesday, November 19, 2013

လယ်ထဲတွင် ရှင်သန် သော မျှော့များ ပို့ကုန်အမယ်သစ်၏ အဓိကပို့ကုန်တစ်ခုဖြစ်လာ


Tuesday, November 19, 2013

ယခုအခါ မြန်မာနိုင်ငံလယ်များ၊ ရေနက်ကွင်းများတွင် ရှင်သန်ပေါက်ဖွား သော မျှော့များမှာ တရုတ်မှ ၀ယ်ယူမှု များသောကြောင့် ပို့ကုန်အမယ်သစ်အ ဖြစ် အဓိက ပို့ကုန်တစ်ခုဖြစ်လာ ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ အမှုဆောင် ဒု-ဥက္ကဌ ဦးဟန်ထွန်း ကပြောသည်။
“လယ်ထဲက မျှော့တွေက ဈေး ကွက်တစ်ရပ်ဖြစ်နေတယ်။ စီးပွား/ကူး သန်းရဲ့ ဒေတာတွေမှာလည်း အမယ် သစ်ပို့ကုန်အဖြစ် ဖော်ပြထားတယ်။ ဒီ နှစ်လည်း ပို့နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ကဆိုရင် ၉.၄ တန်ပို့ခဲ့ရတယ်။ ဒေါ်လာ ၈၅၀၀၀ ရတယ်။ မျှော့တစ်ပိ ဿာရောင်းဈေးက ငါးရှဥ့်တစ်ပိဿာ ရောင်းဈေးထက် ငါးဆယ်ရာခိုင်နှုန်း ကျော်တယ်။ ဥပမာ ငါးရှဥ့် တစ်ပိဿာ ရောင်းဈေးက ၆၇၀၀ ကျပ်ရှိရင်၊ မျှော့ တစ်ပိဿာ ရောင်းဈေးက ၁၄၀၀၀ ကျပ် အထိရှိတယ်” ဟု ယင်းကပြော သည်။
ယခင်က ၎င်းင်းမျှော့များမှာ မြန်မာ လူမျိုးများအနေဖြင့် ဟင်းချက်ရန် နေ နေသာသာ မြင်သည်နှင့် ကြောက်ရွံ့ ရွံ ရှာကြခြင်း၊ မျှော့တွယ်တက်သော လယ်ထဲများသို့ပင် မသွားရဲကြကြောင်း ကျွဲနွားများပင် ရေနက်ကွင်းများမှ ပြန် တက်လာလျှင် မျှော့များ တွယ်ကပ်လာ သည့်အတွက် ရွံရှာသောကြောင့် ရေ နက်ကွင်းများဘက်သို့ပင် မလွှတ်ကြ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ဖြည့်စွက်ပြောသည်။
“ရွံရှာစရာကောင်းတဲ့ သတ္တ၀ါက အခုလူတွေရဲ့ အသုံးချခံဖြစ်နေတယ်။ အခု မျှော့ကို တွင်တွင်ကျယ်ကျယ် ဖမ်း လာတယ်။ ညောင်လေးပင်တို့ ဒိုက်ဦး တို့ဘက်မှာ အများဆုံးတွေ့ရတယ်။ အခု ဈေးကောင်းနေတော့ ကျွဲနွားတွေ ကို ရေနက်ကွင်းထဲတွန်းချကြတယ်။ ပြန်တက်လာလို့ မျှော့တွေပါလာရင် လု ဖမ်းကြတယ်။ တချို့ဆိုလူကိုယ်တိုင် မျှော့အတွယ်ခံပြီးတော့ကို ဖမ်းကြ တယ်။ တရုတ်ပြည်ထဲကို သွားတော့ သူ တို့က အထူးအစားအစာအနေနဲ့ မျှော့တို့၊ လိပ်တို့၊ တောက်တဲ့တို့ကို ကျွေးကြတယ်။ သိသွားတော့ ဒီကလူ တွေဘယ်လိုမှ စားလို့မရတော့ဘူး” ဟု ယင်းကပြောသည်။
အဆိုပါ မျှော့များမှာ ပြည်ပပို့ကုန် တွင် အမယ်သစ်အဖြစ်တောင်သူများ အတွက် တစ်ဖက်လမ်းမှ ၀င်ငွေများရရှိ ပါသော်လည်း။ ရေရှည်တွင် သဘာဝ ပတ်ဝန်းကျင် နခသှပျအနာ တွင် မည်ကဲ့သို့ ထိခိုက်နိုင်သည်၊ မထိခိုက် နိုင်သည် ကို ပညာရှင်များအနေဖြင့် သုံးသပ်ပေးဖို့လိုအပ်ကြောင်း ထပ်မံ ပြောကြားသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>မင်းသုခ

ပို့ဆောင်ရေးသတင်းဂျာနယ်

No comments: