Thursday, November 14, 2013

စမတ်ဖုန်းများကို ငလျင်သတိပေးစနစ်အဖြစ် အသုံးပြုနိုင်ရန် သိပ္ပံပညာရှင်များ မျှော်လင့်


Friday, November 15, 2013

မည်သည့်အချိန်တွင် ငလျင်ဝင်ရောက်မည်၊ မည်သည့်နေရာကို ဗဟိုပြုမည်ဆိုသည်ကို အတိအကျ တွက်ချက်ရန် ခက်ခဲလွန်းနေသေးသောအချိန်တွင် လက်ရှိဈေးကွက်၌ ရောင်းချလျက်ရှိသော စမတ်ဖုန်း များကို ငလျင်သတိပေးစနစ်များအဖြစ်သို့ ပြောင်းလဲသုံးစွဲနိုင်ရန် သိပ္ပံပညာရှင်များစွာက မျှော်လင့်လျက် ရှိကြောင်း သိရသည်။

စမတ်ဖုန်းများ၌ပါဝင်သော အာရုံခံစနစ်သည် သဘာဝဘေးဒဏ်များအတွက်ပါ စွမ်းဆောင်လျက်ရှိ ကြောင်းကို လေ့လာစမ်းသပ်ပြီး တွေ့ရှိရသည်တွင် ထိုသို့သော မျှော်လင့်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန် သိပ္ပံအကယ်ဒမီ၏ အဆိုအရ လက်ရှိစမတ်ဖုန်းများနှင့် ငလျင်ရစ်ချက်စတာ စကေး ၅ ဒသမ ၀ နှင့်အထက် ပြင်းအားများ ဖြစ်ပေါ်လာပါက ထိုနေရာသို့ တည်နေရာပြစနစ်မှ တစ်ဆင့်လမ်းညွှန်ပြသ မည်ဖြစ်ပြီး ကြိုတင်ရှောင်ရှားနိုင်ရန်နှင့် အန္တရာယ်ကို ကာကွယ်နိုင်ရန် အချိန်များစွာရရှိစေမည်ဟု သိရ သည်။ ထို့အတွက် အနာဂတ်ဟန်းဆက်များတွင် အဆိုပါအချက်ပေးစနစ်ကိုဖုန်းတိုင်း၌ ထည့်သွင်းပေး သွားရန် သိပ္ပံအကယ်ဒမီမှ ဦးဆောင်ကာ ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်သည်။ ထိုစိတ်ကူး အကြံဉဏ် ကို အမေရိကန် ဗဟိုငလျင်တိုင်းတာရေးစခန်းတစ်ခုဖြစ်သည့် စတန်းဖို့ဒ် Quake-Catcher Network မှလည်း သဘောတူထောက်ခံခဲ့ကြောင်း သိရသည်။

သုတေသနပြုလုပ်သူများ၏ အဆိုအရမူများသောအားဖြင့် ငလျင်ဖြစ်ပေါ်စဉ်နှင့် ဖြစ်ပေါ်ခါနီး အခြေအနေ များတွင် ကွန်ပျူတာများမှတစ်ဆင့်သာ လှိုင်းများ၏ စတင်ပုံကို လေ့လာခဲ့ကြပြီး ရေအောက်ငလျင်များ အတွက် လေ့လာစောင့်ကြည့်မှုများစွာ အားနည်းနေကြကြောင်းနှင့် ယခုကဲ့သို့ ဖုန်းများတွင်ပါရှိသည့် အာရုံခံစနစ်မှတစ်ဆင့် ငလျင်နှင့် မသင်္ကာဖွယ် သဘာဝဘေးအန္တရာယ်များစွာကို လေ့လာ၊ စောင့်ကြည့် နိုင်မည်ဆိုပါကများစွာ အကျိုးရှိမည်ဖြစ်ပြီး လက်လှမ်းဝေးကွာသောနေရာများအတွက်လည်း ဒေသခံ များ အကူအညီဖြင့် ချက်ချင်းအချိန်ဖြင့် တစ်ပြေးညီ သိရှိနိုင်မည့်အတွက် အလွန်ကောင်းမွန်သည့် စိတ် ကူးအိုင်ဒီယာတစ်ခုဖြစ်ကြောင်း ထောက်ခံခဲ့သည်ဟု သိရသည်။

Mizzima - News in Burmese

No comments: