Monday, November 18, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်

ကျွန်မတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ပြည်သူလူထုအားလုံး
ကို ကျေးဇူးတင်ပါတယ် ဒုတိယအားဖြင့်ပြောရရင်
တက်ရောက်လာတဲ့ပရိတ်သတ်တွေကနေထိုးခံနေရတာကို လည်းကျွန်မတောင်းပန်ပါတယ်
ဒီဟာကိုကျွန်မကြည့်လိုက်တဲ့အခါကျတော့ ကျွန်မတို့စင်မြင့်ပေါ်မှာအနေအထား က
တစ်ယောက်ယောက်ကတော့ နေထိုးခံရမှာ ပဲ စင်မြင့်ပေါ်မှာရှိနေတဲ့
လူကနေထိုးခံရမှာလား အောက်မှာရှိနေတဲ့လူကနေထိုးခံရမှာလားဆိုတာ
အားလုံးထဲမှာ တစ်ယောက်ယောက်တော့ နေထိုးခံရမှာပဲ အဲဒီတော့
ကျွန်မကစဉ်းစားတယ် ပြည်သူလူထုကနေပြီးတော့
ကျွန်မတို့ကိုသေသေချာချာမြင်နိုင်ဖို့ကအရေးကြီးသလား
ကျွန်မတို့ကပြည်သူလူထုကိုသေသေချာချာမြင်နိုင် ဖို့ကအရေးကြီးသလားဆိုတော့
တကယ်တော့တစ်ယောက်နဲ့တစ်ယောက် သေသေချာချာမြင်နိုင်မှ အဆင် ပြေမှာဖြစ်ပါတယ်
ကျွန်မတို့ရှင်းလင်းပွဲတွေလုပ်တယ်ဆိုတာလည်း ဒီလိုရည်ရွယ်ချက်နဲ့ပဲ
ကျွန်မတို့ကလည်း ပြည်သူလူထုရဲ့သဘောထားကိုသိရအောင်လို့ ပြည်သူလူထုကလည်း
ကျွန်မတို့ရဲ့မူဝါဒကို သိရအောင်လို့
ဒီလိုအပြန်အလှန်ရှင်းရှင်းလင်းလင်းသိရမှ
ကျွန်မတို့ဟာတစ်ယောက်ကိုတစ်ယောက်အထောက်အကူ ပြုနိုင်မယ်
ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့အားလုံးဝိုင်းပြီးတော့ကြိုးစားနိုင်မယ်
စောစောကကျွန်မပြောသလိုပေါ့ နော် ကျွန်မစဉ်းစားကြည့်တယ်
စင်မြင့်ကိုဘယ်လိုပဲထားထား တစ်ဖက်က တော့နေထိုးခံရမှာပဲ ဒါမှမဟုတ်
အားလုံးကနေထိုးခံရမယ် ဒီနေ တွေ လ တွေရဲ့လမ်းကြောင်းဆိုတာ ကျွန်မ
တို့ဆုံးဖြတ်လို့မရဘူး
ဒါပေမယ့်ကျွန်မတို့နိုင်ငံရဲ့လမ်းကြောင်းကိုတော့ကျွန်မတို့ဆုံးဖြတ်လို့ရတယ်
ဒါကြောင့်မိုလို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူ
လူုထုကကျွန်မတို့နဲ့အတူပါလာအောင်လို့
ကျွန်မတို့ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ် အရင်နှစ်က
ကျွန်မတို့ကြားဖြတ်ရွေးကောက်ပွဲတွေဝင်လာ ကတည်းက
ကျွန်မတို့ပွင့်ပွင့်လင်းလင်းပဲတင်ပြခဲ့ပါတယ်
ကျွန်မတို့အဖွဲ့ချုပ်ရဲ့အဓိကရည်ရွယ်ချက်တစ်ခုဟာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို
ရွေးကောက်ပွဲတွေဝင်ကတည်းက ကျွန်မတို့
မကွယ်မ၀ှက်ပြည်သူလူထုကိုတင်ပြခဲ့တာပါ အခုမှကျွန်မတို့စပြော တာမဟုတ်ပါဘူး
ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပြောတဲ့ အချိန်တုန်းက
တစ်ချို့ဆိုလို့ရှိရင်ဒီစကားကိုပြောရမှာတောင်မှ
အင်မတန်မှစိုးရွံ့နေကြပါတယ် ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးပြောလိုက်လို့ရှိရင် ရာဇ၀တ်ဒဏ်များသင့်သွားမလား ဆိုပြီးတော့
စိုးရိမ်ကြောင့်ကျတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ် ။ ဒါပေမယ့်ကျွန်မတို့က
စကတည်းက နိုင်ငံရေးလုပ်လို့ရှိရင်ပြည်သူ
လူထုနဲ့ဖြောင့်ဖြောင့်မတ်မတ်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်
ပြည်သူလူထု အကြိုက်ကိုလက်ခုပ်သံကို ကျွန်မတို့ချူဖို့မဟုတ်ဘူး
မှန်မှန်ကန်ကန်ကျွန်မတို့နိုင်ငံကိုတင်ပြသင့်တာကိုတင်ပြ ဖို့ဆိုပြီးတော့
ကျွန်မတို့ဆုံးဖြတ်ခဲ့ပါတယ် ဒါကြောင့်မိုလို့
ဒီကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အခါတုန်းက
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ကျွန်မတို့
ရဲ့အဓိကရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုတာကို ကျွန်မတို့
တရားဝင်တင်ပြခဲ့တာဖြစ်ပါတယ် ဘာဖြစ်လို့
ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဒီလောက်တောင် မှအလေးထားတယ်
စောစောက ဦးဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့် ရှင်းပြ သွားတာမှာ
ပါဝင်တယ်လို့ ကျွန်မထင်ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်မတို့နိုင်ငံရဲ့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသား များရဲ့
ဘ၀ရဲ့အခြေခံဖြစ်တယ် ကျွန်မက အခွင့်အရေးတစ်ခုပဲပြောရမှာ တုံ့ဆိုင်းတယ်
ဘာဖြစ်လို့လဲဆို အခွင့်အရေးနဲ့အတူတူ တာဝန်ဝတ္တရားဆိုတာပါလာရမယ်
ဒါကြောင့်မိုလို့ကျွန်မတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းပြောတဲ့အခါကျလို့ရှိရင်
ပြည်သူလူထုတွေရဲ့ အခွင့်အရေးတွေလို့ချည်းပဲတစ်ဖက်သတ်မပြောချင်ဘူး
ပြည်သူများရဲ့ဝတ္တရားတွေကိုလည်း ကျွန်မထည့်ပြီး တော့ပြောချင်ပါတယ်။
အဲဒီတော့ ကိုယ့်ရဲ့အခွင့်အရေးနဲ့ကိုယ့်ရဲ့ဝတ္တရားနှစ်ခုစလုံးကိုသိဖို့ဆိုတာ
အင်မတန်မှ အရေးကြီးပါတယ် အဲဒီဟာကိုသိနိုင်မှသာလျှင် ကျွန်မတို့ဟာ
နိုင်ငံသူ နိုင်ငံသားကောင်းပီသမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ပဋိညာဏ်လို့ ဆရာဦးဝင်းမြင့်ကပြောခဲ့ပါတယ် ဒါဟာ ပြည်သူနဲ့အစိုးရကြားမှာ
သဘောတူညီမှုပေါ့ အစိုးရကဒီလိုဒီလိုလုပ်ရမယ် ပြည်သူကဒီလိုဒီလိုလုပ်ရမယ်
ဒီလိုသဘောတူညီမှု အဲဒီလိုသဘောတူညီမှုအရနိုင်ငံ တော်ကို အေးချမ်းအောင်လို့
တည်ငြိမ်အောင်လို့ တိုးတက်အောင် လို့
ကျွန်မတို့ဆောင်ရွက်သွားရမှာဖြစ်ပါတယ် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်မတို့နိုင်ငံရဲ့ရေရှည်တိုးတက်ရေး တည်ငြိမ်အေးချမ်းရေး
အတွက်မသင့်တော်ဘူးဆိုတာကို ရှင်းပြသွားပြီးသားဖြစ်ပါတယ် ဘာ့ကြောင့်
မသင့်တော် သလဲ ရှေ့နောက်မညီတာဖြစ်လို့
ပြည်သူတွေရဲ့အခြေခံအခွင့်အရေးတွေကိုမကာကွယ် တာဖြစ်လို့ စသဖြင့်
ဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ဆိုရင်
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ
စိတ်ဝမ်းကွဲအောင်တိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်
အဲဒါတွေကိုကျွန်မတို့ကနေပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရမယ် ကျွန်မတို့
ကတပ်မတော်ရဲ့အခွင့်အရေးတွေကို လျှော့ချချင်လို့
ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ကျွန်မတို့ လုပ်နေတာမဟုတ်ပါဘူး
ကျွန်မတို့ရဲ့တပ်မတော်ကိုဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့တပ်မတော်ကောင်း
တစ်ခု မျှမျှ တတ တပ်မတော်ကောင်းတစ်ခု ပြည်သူကလေးစားချစ်ခင်
တဲ့တပ်မတော်ကောင်းတစ်ခု ဖြစ်စေချင်လို့ ကျွန်မတို့
အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမယ်ဆိုပြီးတော့တိုက်တွန်းနေတာပါ
တပ်မတော်ကိုဖွဲ့စည်းစဉ်အခါစောစောပိုင်းတုန်းက
ဖေဖေပြောသွားတဲ့စကားတစ်ခွန်းကို ကျွန်မပြန်ပြောပါမယ်
ဒါဟာခဏခဏပြောပြီးသားလဲဖြစ်ပါတယ်
ဒါဘယ်နှစ်ခါပြောပြောမရိုးနိုင်တဲ့စကားဖြစ်ပါတယ် အဲဒီဟာဘာလဲဆို တော့
တိုင်းပြည်ဟာ တပ်မတော်ရဲ့အစေခံမဖြစ်ရဘူး
တပ်မတော်ဟာတိုင်းပြည်ရဲ့အခြေခံဖြစ်ရမယ် ဆိုတဲ့စကားပါ ဒီဟာက
ဖေဖေဟာဘယ်လောက်တပ်မတော်ကိုတန်ဖိုးထားတယ်ဆိုတာကို ပြတာပါ တိုင်းပြည်ရဲ့
အခြေခံဆိုတာအင်မတန်မှ သိက္ခာရှိတဲ့နေရာပါ
အင်မတန်မှသိက္ခာရှိတဲ့တာဝန်တစ်ခုဖြစ်ပါတယ်
တိုင်းပြည်ရဲ့အခြေခံထက်ပိုပြီးတော့ခိုင်မာတဲ့နေရာဆိုတာမရှိပါဘူး ဒီတော့
တိုင်းပြည်ကိုအကျိုးပြုဖို့အတွက် ထူထောင်ခဲ့တဲ့ တပ်မတော်မိုလို့
ဒီရည်ရွယ်ချက်အရဆက်ပြီးတော့လုပ်သွားမယ်ဆိုတာကျွန်မတို့ယုံကြည်လို့
ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးကို
ကျွန်မတို့တိုက်တွန်းနေတာဖြစ်ပါတယ် ကျွန်မတို့နိုင်ငံမှာ ဆိုလို့ ရှိရင်
တရားမျှတမှုလိုအပ်တယ် ကျွန်မတို့ရွေးကောက်ပွဲကိုဝင်တဲ့အခါတုန်းက
(တော်ပြီဒီလောက်လောက် ပြောရရင်တော်ပြီနော်
ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေကသိပ်အသံမထွက်ပါနဲ့
ပြည်သူ့အသံပဲကျွန်မတို့ကြားချင် ပါတယ် )ကျွန်မ အခုတစ်ခါတည်းပြောသွားမယ်
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ထူထောင်ထားတာ
ပြည်သူအတွက်ထူထောင်ထားတာ ကျွန်မတို့ရဲ့ပါတီဆိုတာပါတီရေးအတွက်မဟုတ်ဘူး
တိုင်းပြည်ရေးအတွက် ပြည်သူတွေရဲ့အရေးအတွက် ပြည်ထောင်စုအရေးအတွက်ဆိုတာ
အားလုံးကိုသေသေချာချာရှင်းရှင်းလင်းလင်းနားလည်စေချင်ပါတယ်
ကျွန်မတို့ဟာပြည်သူကိုဗိုလ်ကျဖို့အဖွဲ့ချုပ်ကိုဖွဲ့ထားတာမဟုတ်ပါဘူး
ဆိုတာအားလုံးကိုကောင်းကောင်းမွန်မွန် နားလည်စေချင်ပါတယ်
။ပြည်သူတွေဟာတရားမျှတတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ နေနိုင်တယ်ဆိုတာကို
ယုံကြည်စိတ်ချနိုင်မှသာလျှင်
ကျွန်မတို့ရဲ့နိုင်ငံဟာတည်ငြိမ်အေးချမ်းမှာဖြစ်တယ် ။
ဒါကြောင့်ကြားဖြတ်ရွေးကောက်ပွဲကိုဝင်တဲ့အခါတုန်းက ကျွန်မတို့က
တရားဥပဒေစိုးမိုးရေးဆိုတာကို ကျွန်မ
တို့ရှေ့တန်းတင်ပြီးတော့ပြောခဲ့တာရှိပါတယ် တရားဥပဒေစိုးမိုးရေး
ပထမဦးဆုံးက ဥပဒေတွေက တရားမျှတ ရမယ် နောက်ပြီးတော့ အဲဒီတရား
မျှတတဲ့ဥပဒေတွေကထိရောက်ရမယ်စိုးမိုးရမယ် တရားဥပဒေများထိရောက်
စိုးမိုးရေးဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်ပါတယ်
ကျွန်မတို့ဒီမိုကရေစီမှာ မဏ္ဍိုင်ကြီးသုံးရပ်ရှိတယ် ဆိုတာ အခုလောက်ဆို
သိလောက်ပါပြီ အဲဒါလည်း ကျွန်မတို့ထပ်တလဲလဲပြောနေတယ်
အဲဒီထဲမှာဆိုလို့ရှိရင် တရားစီရင်ရေးမဏ္ဍိုင်၊
ဥပဒေပြုမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်ပေါ့ အုပ်ချုပ်ရေးမဏ္ဍိုင်က
အစိုးရအဖွဲ့ပေါ့ ၊ဥပဒေပြုမဏ္ဍိုင်က တော့လွှတ်တော်ပေါ့
၊တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက တရားရုံးများနဲ့သက်ဆိုင်တဲ့ ဌာနတွေ
အဖွဲ့အစည်းတွေပေါ့
ဒီတော့ကျွန်မတို့တရားစီရင်ရေးမဏ္ဍိုင်ကလွတ်လပ်သလားဆိုတာကို
ဖွဲ့စည်းပုံအခြေခံ ဥပဒေက အဆုံးအဖြတ်ပေးတာဖြစ်ပါတယ် ။
အခုကျွန်မတို့ရဲ့တရားစီရင်ရေး မဏ္ဍိုင်ဟာဆိုလို့ရှိရင် အုပ်ချုပ်ရေး
မဏ္ဍိုင်ဆိုတဲ့ အစိုးရရဲ့အောက်မှာရောက်နေပါတယ်
ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော် သမ္မတ ကနေပြီးတော့
တရားသူကြီးချုပ်ကိုခန့်အပ်တယ် အဲဒါကနေစတာပေါ့ အဲဒီတော့
ကျွန်မတို့နိုင်ငံမှာ တကယ်ပဲ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုလို့ရှိရင်
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းရမယ် တရားရေးမဏ္ဍိုင်ဟာ
တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ကနေပြီးတော့ လွတ်ရမယ်
လွတ်မြောက်ရမယ် သူ့ဘာသူလွတ်လွတ်လပ်လပ်နဲ့ သန့်သန့်ရှင်းရှင်းနေနိုင်ရမယ်
ကျွန်မတို့ရဲ့တရားရေးမဏ္ဍိုင်က အခုခေတ်မှာ မသန့်ရှင်းဘူးဆိုတာတော့
ပြည်သူလူထုအားလုံးသိပြီးသားပဲဖြစ်တယ် ။ ဒီကိစ္စကို ပြုပြင်ဖို့ဆိုတာလည်း
ကျွန်မတို့ကြိုးစားနေပါတယ် ။လွှတ်တော်အတွင်းကလည်း ကြိုးစားနေတယ် လွှတ်တော်
အပြင်ကလည်း ကြိုးစားနေတယ် ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်မှ
ဒီကိစ္စကို စိတ်ချရမှာဖြစ်ပါတယ်။
ကျွန်မတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနဲ့တရားဥပဒေစိုးမိုးရေးနဲ့အတူ
ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းတောင်းဆိုခဲ့ပါတယ်
ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း လိုအပ်ချက်ကြီးတစ်ခု
လို့ကြားဖြတ်ရွေးကောက်ပွဲ မှာဝင်တုန်းကတင်ပြခဲ့ပါတယ်
ပြည်တွင်းငြိမ်းချမ်းရေးဟာဘာလို့အရေးကြီးလဲဆိုတာတော့
ကျွန်မထူးထူးထွေထွေပြောနေဖို့မလိုပါဘူး
။အားလုံးသိတဲ့အတိုင်းပဲနိုင်ငံတစ်နိုင်ငံဟာတိုးတက်ဖို့ချမ်းသာဖို့ဆိုလို့ရှိရင်အေးချမ်း
မှဖြစ်မယ် ကျွန်မတို့ ကြားမှာ
ပဋိပက္ခတွေဖြစ်နေလို့တို့ကျွန်မတို့နိုင်ငံဟာ အေးချမ်းနိုင်မှာမဟုတ်ဘူး
တိုးတက်နိုင်မှာမဟုတ်ဘူး ကျွန်မတို့ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လိုများဆက်နွယ်နေသလဲဆိုရင် စောစောက
ဆရာဦးဝင်းမြင့်နဲ့ဦးအောင်ကြည်ညွန့် ပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်
ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် တွေနဲ့ပတ်သက်လို့
ဗဟိုရဲ့လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်လို့ပြောသွားပါတယ် ဒီတော့ ကျွန်မတို့ဟာ
ဒီလိုပြည်ထောင်စုပုံသဏ္ဍာန်နဲ့တည်ဆောက်တယ်ဆိုလို့ရှိရင်တကယ့်ကိုပြည်ထောင်စုတစ်ခု
ရဲ့အင်္ဂါရပ်တွေနဲ့ ညီညွတ်ဖို့လိုပါတယ် ။ ဒီတော့ တစ်ခုတော့ရှိတယ်
ကျွန်မဒါတော့သတိပေးပါရစေ ပြည်ထောင်စု ဆိုတာ အမျိုးမျိုးရှိပါတယ်
ကျွန်မတို့ကမ္ဘာပေါ်မှာပြည်ထောင်စုဒီမိုကရေစီနိုင်ငံတွေ အများကြီးရှိပါတယ်
တစ်ခုနဲ့တစ်ခုဆိုတာ ပုံစံချင်မတူပါဘူး
ကျွန်မတို့နဲ့ကိုက်ညီတဲ့ပုံစံတစ်ခုကို ကျွန်မတို့ပြည်သူပြည်သား တွေက
သဘောတူပြီးတော့လက်ခံဖို့တော့လိုပါတယ်
အဲဒီဟာကတော့အားလုံးညှိနှိုင်းပြီးတော့လုပ်ယူရမယ့်ကိစ္စ ဒါဟာလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြီးတော့ကာကွယ်ပြီးတော့
ထိန်းသိမ်းသွားရမယ့်ကိစ္စတစ်ခုဖြစ်တယ် ။
အဲဒီတော့ကျွန်မတို့ရဲ့ရှေ့ခရီးကအလုပ်တွေအများကြီးရှိတယ်
အလုပ်လုပ်စရာတွေအများကြီးရှိတယ် လုပ်ပြစရာတွေအများကြီးရှိတယ်
အဲဒီလိုပြောလို့ ကျွန်မတို့ပြည်သူလူထုကို
ကျွန်မအနေနဲ့စိတ်ဓါတ်ကျစေချင်လို့ စိတ်ပင်ပန်းသွားစေချင် လို့
ပြောတာမဟုတ်ပါဘူး ကျွန်မတို့လုပ်ရမယ့် အလုပ်တွေအတွက်ပြင်ဆင်ရမယ်
။ပြင်ဆင်ရမယ်ဆိုတော့ကျွန်မတို့ဟာလူတိုင်းလူတိုင်း
ပြည်သူလူထုတစ်ယောက်ချင်းတစ်ယောက်ချင်း
နောက်အထူးသဖြင့်နိုင်ငံရေးအဖွဲ့ဝင်များ ဘာဖြစ်လို့
ကျွန်မနိုင်ငံရေးအဖွဲ့ဝင်များလို့ပြောလဲဆိုတော့ နိုင်ငံရေးအဖွဲ့ဝင်တွေက
နိုင်ငံရေးပါတီတစ်ခုကို ၀င်လိုက်ပြီဆိုလို့ရှိရင်
နိုင်ငံရေးလုပ်မယ်ဆိုပြီးတော့ ကတိက၀တ်ပေးလိုက်တာနဲ့အတူတူပဲ နိုင်ငံသူ
နိုင်ငံသား သာမန်ပြည်သူပြည်သားတွေကျတော့
နိုင်ငံရေးလုပ်ပါမယ်လို့ကတိက၀တ်မပေးရင်တောင်မှ နိုင်ငံရေးနဲ့မကင်းရှင်း
နိုင်ဘူးဆိုတာတော့ နားလည်စေချင်ပါတယ် ဒါဖေဖေပြောခဲ့တဲ့စကား တစ်ခုပါ
ဒီလိုပဲပြည်သူ ပြည်သားတွေက နိုင်ငံရေးနဲ့မပတ်သက်ပဲနေချင်ပေမယ့်
နိုင်ငံရေးကလာပြီးတော့ပတ်သက်တာပဲတဲ့
ဒါကြောင့်ကျွန်မတို့ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ ကျွန်မတိုရဲ့ မြန်မာ
နိုင်ငံသွားရမယ့် နိုင်ငံရေးလမ်းကြောင်းနဲ့ပတ်သက်လို့
ဟောပြောတဲ့အခါမှာဆိုရင်ကျွန်မမကြာခဏပြောခဲ့ပါတယ် နိုင်ငံရေးဆိုတာဘယ်မှာ စ
လဲဆိုတာကြည့်လို့ရှိရင် မီးဖိုချောင်ထဲကတောင်စတယ် လို့ပြောလို့ရပါတယ်
အိမ်ရှင်မတစ်ယောက်ဟာ မီးဖိုချောင်အတွက်စရိတ်စကတွေ တက်နေပြီဆို့ရှိရင်
ကုန်ဈေးနှုန်းတွေတက်နေပြီဆိုလို့ရှိရင်အဲဒါဘာလဲဆိုတာအဲဒါနိုင်ငံရေးပဲ
ဆိုတာကျွန်မနားလည်စေချင်တယ်
ဒါကြောင့်နိုင်ငံရေးဟာလူတိုင်းလူတိုင်းနဲ့ပတ်သက်တယ်ဆိုတာကျွန်မတို့ပြည်သူပြည်သားတွေနားကိုနားလည်
ရမယ် ကျောင်းသွားလို့ရှိရင်ကျောင်းတွေမှာဟိုကြေးဒီကြေးတောင်းနေတာလည်းဒါလည်းနိုင်ငံရေးနဲ့ပတ်သက်
နေတာပဲ ဒီစနစ်မမှန်လို့ဒီလိုလုပ်နိုင်နေတာ
ကျန်းမာရေးနဲ့ပတ်သက်လို့ပြည်သူပြည်သားတွေကလုံလုံလောက်လောက်
စောင့်ရှောက်မှုမခံနိုင်တာလည်း ဒါလည်း နိုင်ငံရေးနဲ့ပတ်သက်နေတာပဲ အဲဒီတော့
ကျွန်မတို့ဘယ်သူမှ ဘယ်တစ်ယောက်မှ နိုင်ငံရေးနဲ့မကင်းရှင်း
နိုင်ဘူးဆိုတာကို နားလည်ဖို့လိုပါတယ် အဲဒါကြောင့်မို့လို့နိုင်ငံရေးမှာ
စိတ်ဝင်စားရမယ် ပါတီဝင်တွေကနိုင်ငံရေးတာဝန်တွေကိုထမ်းဆောင်ရမယ်
တာဝန်ထမ်းဆောင်မယ်ဆိုတာဟာ ကိုယ့်ရဲ့အကျိုးထက် ကိုယ်တာဝန်ယူပါမယ်လို့
ကတိက၀တ်ပြုထားတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကို ရှေ့ထား ရမယ်
စောစောတုန်းကဆရာကြီးဦးအောင်ကြည်ညွန့်က အတ္တနဲ့ဘ၀အကြောင်းပြောသွားပါတယ်
တိုင်းပြည်အပေါ်မှာချစ်ပါတယ် တိုင်းပြည်အပေါ်မှာစေတနာထားပါတယ်
ဆိဲုတဲ့စကားတွေပြောတဲ့အခါမှာ တိုင်းပြည်ပဲဖြစ်ဖြစ်
ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ် ပေါ့နော် စေတနာထားပါတယ်ဆိုတော့ အဲဒီဟာတွေကို
သိဖို့ တကယ်သိဖို့က မှန်သလားမမှန်ဘူးလား ပြောတာဟာတကယ်အမှန်အတိုင်း
မဟုတ်ဘူးလား ဟုတ်သလား ဆိုတာဆိုရင်
အတ္တနဲ့ဘ၀ဘယ်ဘက်ကသူတို့ကပိုပြီးတော့မှန်နေသလဲဆိုတာကြည့်လိုက်
တကယ်ပဲတိုင်းပြည်အပေါ်မှာစေတနာထားတဲ့ပုဂ္ဂိုလ်များဆိုလို့ရှိရင်
ကိုယ့်အတွက်မစဉ်းစားဘူး သူ့ရဲ့အသိုင်းအ၀ိုင်းအတွက်မစဉ်းစားဘူး
ဒီတော့ပြောရတာတော့သိပ်လွယ်တာပဲ အင်မတန်မှချစ်ပါတယ်
အင်မတန်မှစေတနာထားပါတယ် တသီတစ်တန်းကြီးပဲ ဘာတွေမှန်းကိုမသိဘူး
ပြောတက်တဲ့လူတွေကတော့ ပြောတက်ပါတယ် အဲဒီလိုပြောတဲ့သူတွေက
သူတို့ဘယ်လောက်လောက်ခံဖို့အဆင်သင့်ရှိပြီလဲ ဘယ်လောက်လောက်
သူတို့ရှောင်ကျင်လဲ
သူတို့အတွက်ပိုကောင်းတာကိုစဉ်းစားတာလားပြည်သူအတွက်ပိုကောင်းတာကိုစဉ်းစားတာလား
ဘယ်လောက်အထိ ပေးတော့မလဲ ဘယ်လောက်အထိယူချင်သလဲ
ပေးတာနဲ့ယူတာပေါ့နော်ဒီတော့ကိုယ့် အခြေအနေ ကောင်းဖို့အတွက်
ကိုယ်စိတ်ချမ်းသာဖို့အတွက် ကိုယ်အဆင်ပြေဖို့အတွက် ကိုယ်တည်ငြိမ်ဖို့အတွက်
အဲဒီဟာကိုအဓိကကြည့်နေတယ်ဆိုလို့ရှိရင် ဘယ်သူပဲစေတနာအကြောင်း
မေတ္တာအကြောင်း ဘာတွေညာတွေအကြောင်း ပြောပြော ယုံစရာအကြောင်းမရှိဘူးလို့ပဲ
ကျွန်မက ပြောချင်ပါတယ် တကယ်ပဲကိုယ့်ရဲ့ရပိုင်ခွင့်ရပိုင်ခွင့် တွေကို
မစဉ်းစားပဲနဲ့ တစ်ဖက်က ပြည်သူစိတ်ချမ်း သာဖို့အတွက်
ပြည်သူပြည်သားတွေကောင်းဖို့အတွက်ကိုယ့်ရပိုင်ခွင့်ပေးရရင်လဲပေးရပစေ
ကိုယ်ခံရရင်လည်း ခံရပစေ စိတ်ထားရှိမယ်ဆိုလို့ရှိရင်
မှန်ကန်တဲ့မေတ္တာစေတနာပဲလို့ကျွန်မတို့သတ်မှတ်ဖို့လိုပါတယ်
ဒါကြောင့်မို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့
ကျွန်မပြည်သူတွေကိုတစ်ခုမေတ္တာရပ်ခံချင်ပါတယ်ဘယ်သူတွေကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဘက်က
နေပြီးတော့ရပ်တည်သလဲ ဘယ်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
မသိသလိုလို မလိုလားအပ်သလိုလို လုပ်နေသလဲဆိုတာ သေသေချာချာ ကြည့်ပါလို့
ကျွန်မအနေနဲ့ဆော်သြချင်ပါတယ် အဲဒီဟာကိုကြည့်လို့ရှိရင် ဘယ်သူတွေက
တိုင်းပြည်အပေါ်မှာ တကယ်ပဲစေတနာထားလဲဆိုတာ ပေါ်လွင်ပါလိမ့်မယ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဘာဖြစ်လို့လိုလဲဆိုတာကျွန်မတို့
ရဲ့အဖွဲ့ချုပ်က တစ်တိုင်းပြည်လုံးမှာတက်နိုင်သလောက်ကျွန်မတို့ရဲ့ပြည်သူတွေကိုချပြတယ်
ရှင်းပြတယ် ဒီလိုလုပ်မှသာလျှင် ဒီမိုကရေစီနည်းကျတယ်
လို့ကျွန်မတို့ယုံကြည်တယ် ကျွန်မတို့ကိုနားမလည်ပဲနဲ့ထောက်ခံတာဟာ
အကျိုးမရှိဘူး နားလည်ပြီးထောက်ထား မှတန်ဖိုးရှိတယ် ကျွန်မတို့ဟာပြည်သူကို
လှည့်ပတ်ပြီးတော့ စည်းရုံးတဲ့ကိစ္စမျိုး မလုပ်ချင်ဘူး
ကျွန်မတို့ရဲ့ယုံကြည်ချက် ကျွန်မတို့တင်ပြတယ်
ကျွန်မတို့ရဲ့ယုံကြည်ချက်ဆိုတာ ကျွန်မတို့ရဲ့အမြင်နဲ့
တိုင်းပြည်အတွက်လိုအပ်တယ်ဆို တဲ့ကျွန်မတို့ရဲ့ယုံကြည်ချက်
ကျွန်မတို့ဘာဖြစ်လို့ဒီလိုယုံကြည်သလဲဆိုတာကို ကျွန်မတို့ရှင်းပြတယ်
ပြည်သူလူထုက ကျွန်မတို့ကို သဘောတူသလားမတူဘူးလားဆိုတာ
ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာဖြစ်တယ်
ဒီတော့ကိုယ့်ဟာကိုယ်လွတ်လွတ်လပ်လပ်ကိုယ့်ရဲ့အတွေးနဲ့ကိုယ့်ရဲ့
ဆင်ခြင်သုံးသပ်မှုနဲ့ လက်ခံတဲ့လက်ခံမှုမျိုးမှ ကျွန်မတို့
အတွက်တန်ဖိုးရှိတယ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့
ရလာတဲ့သဘောတူညီမှုမျိုး က ကျွန်မတို့အတွက်လုံးဝတန်ဖိုးမရှိပါဘူး ။
ဒါကြောင့်ပြည်သူလူထုဟာနားလည်ပါ ဘာ့ကြောင့်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြောင်းလဲဖို့လိုသလဲဆိုနားလည် စေချင်တယ် ဒါ့ကြောင့်နောက်ပိုင်းမှာ
ကျွန်မပြောလို့ပြီးတဲ့အခါမှာ မရှင်းတဲ့ကိစ္စတွေကိုမေးပါ
မေးပိုင်ခွင့်ရှိတယ် မေးပြီးတော့ ခေါင်းထဲမှာရှင်းပြီးတော့မှ
ဒီဟာလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဆိုတာကိုလက်ခံသဘောတူမှ ကျွန်မတို့အတွက်လည်း
အင်အားဖြစ်မှာဖြစ်ပါတယ် ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ထောက်ခံလို့ ဒါမှမဟုတ်ကျွန်မတို့ကို ထောက်ခံလို့ဆိုတဲ့
အဲဒီစိတ်ဓါတ်နဲ့ပဲဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးကို မထောက်ခံပါနဲ့
ဒီဟာတကယ်ပဲလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စမိုလို့ထောက်ခံစေချင်တယ်
ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ဒီဟာဖြစ်မြောက်ဖို့ဆိုတာအင်မတန်မှကြိုးစားရမယ်
အင်မတန်မှအပင်ပန်းခံဖို့လဲလိုရင်လိုလိမ့်မယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြုပြင်ချင်တဲ့ လူတွေရှိတယ်
မပြောင်းချင်တဲ့လူတွေရှိတယ် အဲဒီတော့ ဒါကြောင့်မိုလို့လည်းကျွန်မတို့က
ပိုမိုကြိုးစားရမယ် ဒါပေမယ့် ဒီလိုမပြုပြင်ချင်တဲ့သူတွေကို ကျွန်မတို့က
ရန်သူအနေနဲ့မသတ်မှတ်ပါဘူး ဒါဒီမိုကရေစီရဲ့သဘောသဘာဝအရ
ကျွန်မတို့နဲ့သဘောထားမတူတဲ့သူတွေလို့ ကျွန်မဒီလိုပဲသတ်မှတ်ပါတယ်
ဒီမိုကရေစီအဖွဲ့အစည်းမှာဆိုရင်
ကိုယ်နဲ့သဘောထားမတူတဲ့သူတွေနဲ့လည်းအေးအေးချမ်းချမ်းနေနိုင်ရမယ်
ကိုယ်နဲ့သဘောထားမတူတဲ့သူတွေရှိလို့ကိုယ်ကနေရန်လုပ်မယ်အကြမ်းဖက်မယ်ဆိုတာ
ဒါဟာဒီမိုကရေစီရဲ့ သဘောတရားမဟုတ်ပါဘူး
ဒါကြောင့်ကျွန်မတို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့
ပတ်သက်လို့ သဘောမတူတဲ့သူတွေရှိလို့ရှိရင် ကျွန်မတို့ကနေပြီးတော့
အဲဒီပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးပြီးတော့ ကျွန်မတို့ရဲ့အမြင် ကိုတင်ပြချင်တယ်
ပွင့်ပွင့်လင်းလင်းကျွန်မတို့တင်ပြမယ် ဘာ့ကြောင့် ဘာ့ကြောင့် ဘာ့ကြောင့်
ကျွန်မတို့က ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ထင်လဲဆိုရင် ဘာကြောင့်
မပြုပြင်မပြောင်းလဲချင်ဘူး ဆိုတာကို
တစ်ဖက်ကနေလည်းပီပီပြင်ပြင်ပြန်ပြီးတော့ပြောနိုင်ရမယ် ဒီတော့ပြည်သူတွေကို
ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမပြောင်းသင့်ဘူး
မပြုပြင်သင့်ဘူးလို့ပြောလာလို့ရှိရင် ပြည်သူတွေကပြန်မေးပိုင်ခွင့်ရှိရမယ်
ဘာ့ကြောင့် မပြောင်းသင့်တာလဲ ဘာ့ကြောင့်မပြုပြင်သင့်တာလဲ
မပြောင်းခြင်းမပြုပြင်ခြင်းက ဒီနိုင်ငံကို
ဘယ်လိုအကျိုးဖြစ်စေမှာလဲဆိုတာကို ပြည်သူလူထု တွေကပြန်ပြီးတော့
မေးခွန်းထုတ်နိုင်ရမယ် အဲဒီလိုမေးခွန်း ထုတ်နိုင်ဖို့အတွက်လည်း
ကျွန်မတို့ဟာ ပြည်သူလူထုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့
သိသင့် သိထိုက်တာတွေကို ကျွန်မတို့ကနေပြီးတော့ ပို့ချပေးနေတာဖြစ်ပါတယ်
အဲဒီတော့အများပြည်သူက ဆိုလို့ရှိရင် ဥပဒေပညာကို
လိုက်စားတဲ့သူတွေမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း ဥပဒေပညာရှင်မဟုတ်ပါဘူး
ဒါကြောင့်မိုလို့ကျွန်မတို့စောစောကပြောသွားတဲ့ကိုယ်စားလှယ်နှစ်ဦးစလုံးဟာဥပဒေပညာရှင်တွေ
ဖြစ်ပါတယ် ဥပဒေ ကိစ္စကိုလုပ်တဲ့အခါမှာ ဥပဒေပညာရှင်တွေကနေပြီးတော
့ဦးဆောင်ပြီးတော့ လုပ်တာဟာ မှန်ကန်တဲ့ အလုပ်လို့ ကျွန်မတို့ယူဆပါတယ်
ဒါကြောင့်မိုလို့ပြည်သူလူထုအနေနဲ့လည်း ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့
မေးချင်လို့ရှိရင်လည်း သေသေချာချာတိတိကျကျအဖြေရနိုင်ဖို့အတွက်ကျွန်မတို့
ဒီလိုစီစဉ်တာပါ ဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုဒီအချိန်အခါမှာဘာဖြစ်လို့လုပ်နေလဲလို့
တစ်ချို့က မေးနိုင်ပါတယ် အဲဒီတော့
ကျွန်မတို့ကသမိုင်းကြောင်းပြန်ကောက်မှာပေါ့နော် ဟိုးတုန်းကတည်း
ကျွန်မတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလက်မခံခဲ့ပါဘူး။
ဒီဟာကိုလည်းဦးဝင်းမြင့်ကသေသေချာချာရှင်းပြသွားပြီး ပါပြီ
အရင်တုန်းကဘယ်လိုပုံစံနဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့သလဲကျွန်မတို့ဟာတစိုက်မတ်မတ်
ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့
ကျွန်မတို့ကန့်ကွက်သင့်တဲ့အပိုင်းတွေကို ကန့်ကွက်တာပဲဖြစ်ပါတယ်
တစ်ချိန်တည်းမှာလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့
အဲဒါကို ပူးပေါင်းဆောင်ရွက်ဖို့လည်းကျွန်မတို့ကြိုးစားနေပါတယ်
ဒါပေမယ့်ဒီလိုကျွန်မတို့ရဲ့ကြိုးပမ်းချက်တွေရှိခဲ့သည့်တိုင်အောင်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ညောင်နှစ်ပင်ညီလာခံကနေရေးဆွဲလိုက်တယ်
၂၀၀၈ပြည်သူ့ဆန္ဒခံယူပွဲဆိုပြီးတော့ အတည်ပြုလိုက်တယ်
အဲဒီတုန်းကလည်းကျွန်မတို့ကန့်ကွက်ခဲ့တယ် ဒီလိုဆန္ဒခံယူပွဲပုံစံကို
ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့မထောက်ခံကြောင်း လက်မခံကြောင်း
ကိုကျွန်မတို့တရားဝင်ကြေညာခဲ့တယ်။ ဒီတော့
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့
နိုင်ငံရေးတာဝန်တော့ကျေပွန်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်
ဖွဲ့စည်းပုံအခြေခံနဲ့အခြေခံဥပဒေနဲ့ပတ်သက်လို့ ကျွန်မတို့ပြည်သူလူထုကို
ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်ကျွန်မတို့ရဲ့သဘောထားတွေကိုတင်ပြခဲ့တယ်
အဲဒီတုန်းကဒီလိုတင်ပြတဲ့ဟာ အင်မတန်မှ အန္တရာယ်ရှိတယ်ဆိုတာ
ပြည်သူတွေမှတ်မိမှာပါ ကျွန်မတို့ရဲ့အဖွဲ့ချုပ်
အဖွဲ့ဝင်တွေဒါနဲ့ပတ်သက်ပြီးတော့တော်တော်များများအရေးယူခံခဲ့ရတာတွေ
လည်းရှိခဲ့ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆန္ဒခံယူပွဲလုပ်တဲ့အချိန်မှာဆိုလို့ရှိရင် ကျွန်မရော ဘဘဦးတင်ဦးရော
ကျွန်မတို့တွေဟာလွတ်လွတ်လပ်လပ်မရှိပါဘူး မလွတ်လပ်တဲ့အချိန်မှာ
ထိန်းသိမ်းခံခဲ့ရတဲ့အချိန်မှာပေါ့
ဘယ်လိုပဲအဲဒီတုန်းကအန္တရာယ်ရှိခဲ့ရှိခဲ့ကျွန်မတို့ရဲ့ယုံကြည်ချက် အရ
နိုင်ငံအတွက် လိုအပ်ချက်လို့ ကျွန်မတို့ယုံကြည်တဲ့သဘောထားတွေအရ
ကျွန်မတို့ရပ်တည်ခဲ့တယ် ရပ်တည်ခဲ့လို့
အရင်နှစ်ကကြားဖြတ်ရွေးကောက်ပွဲမှာကိုယ်စားလှယ် ၄၃ယောက်
ကျွန်မတို့အရွေးခံခဲ့ရတယ် ၄၃ယောက်ဆိုတာ
၆ရာကျော်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်ထဲမှာ အနည်းစုလေးမှ အနည်းစုလေးပါ
ဒီ၄၃ယောက်နဲ့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ကံကြမ္မာကိုကျွန်မတို့ပြောင်းလဲနိုင်တယ်လို့မဟုတ်ဘူးဆိုပေမယ့်
ကျွန်မတို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုဦးတည်တာကတစ်ကြောင်း
နောက်ပြီးတော့ ရရာနေရာကနေ
ရရာတာဝန်ကိုထမ်းဆောင်မယ်ဆိုတဲ့စိတ်ဓါတ်ကတစ်ကြောင်း နောက်ပြီးတော့လည်း
အများစုဖြစ်မှ အနိုင်ရမှပါဝင်ချင်တယ်ဆိုတဲ့စိတ်ဓါတ်တွေကို
ကျွန်မတို့သဘောမတူဘူးဆိုတာ ဖော်ပြချင်တာလည်းတစ်ကြောင်း ဒါကြောင့်
မိုလို့ကျွန်မတို့ကလူအနည်းစုလေးဖြစ်နေပေမယ့်လည်း
ကျွန်မတို့အနည်းစုလေးအနေနဲ့ဝင်ရဲတယ်လှုပ်ရှားရဲတယ်
လုပ်ဆောင်ရဲတယ်ကြိုးစားရဲတယ်ဆိုတာ ပြချင်လို့ကျွန်မတို့
တွေကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့တာဖြစ်ပါတယ် အခုကျတော့
ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာဟာတစ်နှစ်ကျော်လာပါပြီ
ဒီအချိန်အတွင်းမှာလွှတ်တော်ကလည်းတိုးတက်လာတာတွေရှိပါတယ်
ကျွန်မတို့အဖွဲ့ချုပ်တစ်ခုထဲကို ကွက်ပြီးတော့ ချီးမွမ်းချင်တာမဟုတ်ပါဘူး
တခြားအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ၀ိုင်းဝန်းပြီး
တော့လွှတ်တော်ရဲ့ကဏ္ဍကိုပိုပြီးတော့ကြီးထွားလာအောင်ကြိုးစားခဲ့ပါတယ်
အခုဆိုရင်လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေးကော်မတီ
ကိုဖွဲ့လိုက်တဲ့အခါကျတော့ ဒီဟာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးအတွက်
အခွင့်အရေးကြီးတစ်ခုဖြစ်တယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်
ဒါဟာဥပဒေဘောင်အတွင်းကနေပြီးတော့ ပြုပြင်ရေးကိုလုပ်တာပါ
ဒီတော့ဥပဒေဘောင်အတွင်းကနေအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့
ပြုပြင်ပြောင်းလဲရေးကို ကျွန်မတို့က အားပေးတယ် ကြိုဆိုတယ်
ဒါပေမယ့်တကယ့်ကိုစစ်မှန်တဲ့စေတနာနဲ့လုပ်တဲ့ကိစ္စဖြစ်ရမယ် ဒီတော့
အဖွဲ့ထဲမှာပါဝင်တဲ့ အဖွဲ့ဝင် ၁၀၉ဦးဟာ
မိမိတို့အကျိုးမိမိတို့ရဲ့အဖွဲ့အစည်းအကျိုးမဟုတ်ဘဲနဲ့
နိုင်ငံရဲ့အကျိုးကိုကြည့်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ပြင်သင့်တဲ့ကိစ္စတွေ ပြင်ဖို့ဟာကို
ကျွန်မတို့ပြည်သူလူထုကအားလုံးတိုက်တွန်းရမှာဖြစ်တယ်လို့
ကျွန်မကယုံကြည်ပါတယ်။

သေသေချာချာကြည့်ပါဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိကကျတဲ့အချက်တွေရှိပါတယ်
အဓိကမကျတဲ့အချက်တွေ ရှိပါတယ် ပြည်သူကိုလူလည်လုပ်ပြီးတော့
ဘာမှအရေးမကြီးတဲ့ကိစ္စလေးတွေ ပြုပြင်ပြောင်းလဲပါလို့ပြောတဲ့
ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဆိုတာ
တိုင်းပြည်အပေါ်မှာစေတနာမရှိဘူးလို့ပဲကျွန်မ သတ်မှတ်ပါတယ်။

လူတွေရဲ့အတွင်းစိတ်က မျက်နှာပေါ်မှာပေါ်တယ်လို့ပြောသွားတယ်
အဲဒီလိုပေါ်နေရင်တော့ကောင်းတာပေါ့ တစ်ခါတစ်လေ လောဘတွေ ဒေါသတွေမောဟတွေကို
ပြုံးပြုံး ပြုံးပြုံးနဲ့ပြနေတာကျအတော်ခက်တယ်
ဒါကြောင့်မိုလို့ကျွန်မကသေသေချာချာတကယ့်အတွင်းစိတ်ကိုသိဖို့ပြည်သူ
လူထုတွေကနေပြီးတော့နည်းတစ်နည်းနဲ့ပဲဆုံးဖြတ်စေချင်တယ်
ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာ တကယ်ပဲစေတနာပါလား
မပါဘူးလားဆိုတာ အဲဒါပဲကြည့်ပါ တစ်ခြားဘာပဲပြောပြော ဘယ်လိုပဲပြုံးပြုံး
ဘယ်လိုမက်လုံးတွေပဲပေးပေး ဘယ်လိုပဲတိုင်းပြည် ရဲ့အကျိုးအတွက်
လိုလားပါတယ်ပဲပြောပြော
တိုင်းပြည်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကလိုကိုလိုအပ်တယ်
အဲဒါတွေကိုမလိုလားဘူးဆိုရင်ကျန်တာတွေကိုမလိုလားဘူးလို့ပဲ
ကျွန်မသတ်မှတ်ရမှာဘဲ အဲဒါကိုပဲကျွန်မတို့ပြည် သူတွေကသေသေချာချာကြည့်ပါ
ကျွန်မကတော့လေ ပြောင်လောဘဒေါသ တွေကို
ထုတ်ဖော်တဲ့လူတွေကိုပဲပိုပြီးသဘောကျတယ် အဲဒီတော့မှသိရတာပေါ့အခြေအနေ
ပြုံးပြုံြး့ပုံးနဲ့လုပ်တဲ့ ဟာက တော်တော် အန္တရာယ်များတယ်
ဒါကြောင့်မို့လို့ကျွန်မပြောတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းဘူး
ရထားတဲ့အခွင့်အရေးတွေကိုလက်မလွှတ်နိုင်ဘူးဗျာလို့ပြောတဲ့သူတွေကို
ကျွန်မပိုပြီးတော့လေးစားတယ်

အဲဒါကိုမပြောဘဲနဲ့ပြည်သူတွေအတွက်မကောင်းမှာဆိုးလို့
ဘာမှအရေးမကြီးတဲ့ဟိုအချက်ကလေးဒီအချက် ကလေးပဲပြောင်းပါရစေဆို
အဲလိုလူတွေဆိုနောင်ဘယ်တော့မှမဲမပေးနဲ့လို့ကျွန်မပြောမယ်။
အဲဒီကော်မတီထဲမှာဆိုရင်
မဲပေးဖို့မလိုတဲ့ကိုယ်စားလှယ်တွေတပ်မတော်ကိုယ်စားလှယ်တွေလည်းပါနေပါတယ်
ကျွန်မကတပ်မတော်ကိုယ်စားလှယ်တွေကိုလည်းပြောချင်တယ်
တိုင်းပြည်ရဲ့အကျိုးကိုကြည့်ပါ
တကယ်ပဲတိုင်းပြည်အပေါ်မှာစေတနာရှိတယ်ဆိုရင်တပ်မတော်ရဲ့အခြေအနေတပ်မတော်ရဲ့အနေအထား
ကိုပြန်ကြည့်စရာမလိုပါဘူး
ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင်တပ်မတော်ကတောင့်မှာပါ ပြည်သူလူထုက
ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှ
မယိမ်းယိုင်နိုင်ပါဘူးလို့ ကျွန်မပြောချင်တယ် အခုဟာ
ကျွန်မတို့ပြည်သူတွေရဲ့ကဏ္ဍဖြစ်တယ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဆန္ဒခံယူပွဲနဲ့အတည်ပြုတဲ့အခါတုန်းကပြည်သူ လူထုကနေပြီးတော့
မိမိတို့ရဲ့ဆန္ဒအမှန်တွေကို ဖော်ပြပိုင်ခွင့် မရှိခဲ့ဘူး ၂၀၁၀
ရွေးကောက်ပွဲတုန်းကလည်း
ဒါကျွန်မအမြင်အတိုင်းပြောတာနော်သဘောမတူတဲ့သူတွေလည်း ရှိမယ် ပြည်သူလူထုဟာ
မိမိတို့ရဲ့ဆန္ဒအမှန်ကိုလွတ်လွတ်လပ်လပ်မှန်မှန်ကန်ကန်ဖော်ပြပိုင်ခွင့်မရှိခဲ့ဘူး
အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့
ပြည်သူလူထုက မိမိတို့ရဲ့အသံတွေကို တစ်တိုင်းပြည်လုံးက
တစ်ကမ္ဘာလုံးကကြားအောင်လို့ မိမိတို့ရဲ့ဆန္ဒတွေကို တစ်တိုင်းပြည်လုံး
တစ်ကမ္ဘာလုံးကသိအောင်လို့
ဖော်ထုတ်ပေးကြပါလို့ကျွန်မအနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။

ဖော်ထုတ်တဲ့အခါမှာကိုယ်ကနေပြီးတော့
မှန်ကန်တဲ့အသိတွေနဲ့ဖော်ထုတ်တာမျိုးဖြစ်စေချင်တယ်ပြည်သူလူထု
ကနားလည်ပြီးတော့ ဖော်ထုတ်တာမျိုးသဘောတူလက်ခံတာမျိုးဖြစ်စေချင်တယ်
ဒီလိုဒီလိုကျွန်တော်တို့ ကျွန်မတို့ နားလည်ထားလို့
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကို လိုလားတာပါဆိုတာကို
ရှင်းရှင်းလင်းလင်းနဲ့ အင်အားပြည့်ပြည့်နဲ့ကျွန်မတို့
ပြည်သူကနေတင်ပြပြောဆိုတာကို ကျွန်မတွေ့ချင်ပါတယ်

အရင်နှစ်ကကြားဖြတ်ရွေးကောက်ပွဲအတွက်စည်းရုံးနေတုန်းက
မကြာခဏပဲအောင်မြင်ခြင်းတရား လေးပါးအကြောင်းပြောခဲ့ပါတယ်ဒီတော့
အောင်မြင်ခြင်းဆိုတာနစ္စဒူဝရှာဖွေနေရတဲ့ကိစ္စပါ ဘ၀အောင်မြင်ခြင်းဆိုတာ
တစ်ခဏနဲ့ပြီးတာမဟုတ်ပါဘူး နေ့စဉ်ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကို အောင်မြင်
အောင်လို့ကျွန်မတို့လုပ်နေရတာပါ
ဒါကြောင့်မို့လို့အောင်မြင်ခြင်းတရားလေးပါးဆိုတာတစ်ခါတလေမှပြောပြီး
တော့နှလုံးသွင်းရတဲ့ကိစ္စမဟုတ်ပါဘူး နေ့စဉ်နှလုံးသွင်းပြီး
အဲဒီအပေါ်မှာအခြေခံပြီးတော့ကျွန်မတို့လှုပ်ရှားရမှာပါ
ဆန္ဒ၊၀ရိယ၊စိတ်ဓါတ်၊ပညာ ဆန္ဒဆိုတာကျွန်မတို့ဟာ ကျွန်မနဲ့
ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ကျွန်မတို့နဲ့သဘောတူညီတဲ့
အခြားနိုင်ငံရေး အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ ပြည်သူလူထု များဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒရှိဖို့ ကျွန်မတို့
ကြိုးစားနေပါတယ် အဲဒီတော့ ကျွန်မတို့ဆန္ဒနဲ့စရမယ်
။ဆန္ဒရှိမှလည်းကျွန်မတို့ဝရိယနဲ့အပင်ပန်းခံပြီးတော့ ကျွန်မတို့
လုပ်သွားမှာဖြစ်ပါတယ် အခုဆိုလို့ရှိရင်ဒီလိုတွေ့ဆုံပွဲကို
စီစဉ်ရတဲ့ကျွန်မတို့အဖွဲ့ချုပ်ကတင်ပင်ပန်းတာမဟုတ်ဘူး လာတက်တဲ့
ပရိတ်သတ်လဲပင်ပန်းပါတယ် နေပူကြဲတဲထဲမှာထိုင်ပြီးတော့ နားထောင်ရတယ်ဆိုတာ
ဒါပင်ပန်းတဲ့ကိစ္စပါ အဲဒီတော့ ဒါလည်း ၀ရိယပဲ
အားလုံးဟာအပင်ပန်းခံပြီးတော့ကိုယ်ဖြစ်စေချင်တဲ့ကိစ္စတစ်ခုအတွက်လှုပ်ရှားတာ
ခံတာပေါ့နော် ခံရတာပေါ့
စံချင်တဲ့စိတ်နဲ့ပဲအမြဲကျွန်မတို့လုပ်နေလို့မဖြစ်ဘူး သို့သော်ငြားလ
ည်းကျွန်မတို့ဒီလိုခံပြီးလုပ်တယ်ဆိုတာ နောင်ပြည်သူတွေစံနိုင်အောင်လို့
လုပ်တာပါ အဲဒီတော့စိတ်ဓါတ် စိတ်ဓါတ်ဆိုတာစိတ်အာရုံပေါ့ ကျွန်မတို့က
စိတ်အာရုံတခြားကိုမရောက်ပါစေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြုပြင်ပြောင်းလဲရေးပေါ်မှာသာ မြဲမြဲကြီးထားကြပါလို့
ကျွန်မကနေပြီးတော့မေတ္တာရပ်ခံချင်ပါတယ် နောက်တော့ပညာပေါ့
ပညာဆိုတာကတော့အခြေအနေတစ်ခုကိုမှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ဆုံးဖြတ်ချက်ချနိုင်ခြင်းဟာပညာလို့ကျွန်မဒီလိုပဲသတ်မှတ်ပါတယ်
ဘွဲ့တွေဒီဂရီတွေကိုပြောတာမဟုတ်ပါဘူးတစ်ချို့တွေကတော့ဘွဲ့တွေ ရထားပါတယ်
တစ်သီတစ်တန်းကြီး ဘယ်အခြေအနေကိုမှ မှန်မှန်ကန်ကန်မသုံးသပ်တက်ဘူး
အဲဒီတော့ကျွန်မတို့ဟာပြည်သူလူထုအနေနဲ့အခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်အောင်လို့
ပြည်သူလူုထုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ပညာတွေတိုးနိုင်အောင်လို့ဆိုပြီးတော့
ဒီလိုပြည်သူနဲ့တွေ့ဆုံပွဲတွေကိုလုပ်တာဖြစ်ပါတယ်

No comments: