Saturday, November 30, 2013

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ်


(သံတမန်အသိုင်းအဝိုင်းမှပေးစာ)

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ စစ်ရေးအမြင်နဲ့ပြောရင် ဦးရွှေမန်းမရှိတုန်းလုပ်ချလိုက်တာဟာ သမ္မတနဲ့ကာချုပ်တို့ရဲ့ နာမည်ကို သုံးပြီး ဦးသန်းရွှေက အာဏာသိမ်းလိုက်တာပဲ ၊

ကြေငြာချက်ထွက်သွားတယ်ဆိုတော့ ဦးသန်းရွှေ လက်ဦးမှု ရသွားတယ်ပေါ့ ၊ ဒါပေမယ့် ဦးသန်းရွှေက လက်ဦးမှုရသွားတယ်တာပြောတာ အားကမပါလာတော့ဘူး ၊ သမ္မတနဲ့ ကာချုပ်က ဒီတစ်ခါဟာ ဦးသန်းရွှေစကားကို

နောက်ဆုံးအချိန်နားထောင်တာဖြစ်လောက်တယ် ၊

ကြေငြာချက်ကိုလည်း သေသေချာချာဖတ်ကြည့်ကြပါ ၊ အခြေခံဥပဒေကို မပြင်ဘူး မတွေ့ဘူးလို့ ပြောတာတွေ မပါပါဘူး ၊ လက်ရှိ လုပ်လက်စလမ်းကြောင်းအတိုင်း ဒီဇင်ဘာလကုန်လောက် မှာ အားလုံးတင်လာတာတွေကို ဝိုင်းကြည့်ပြီးမှ တွေ့သင့်တယ်ဆိုရင် တွေ့မယ်

လို့ ပြန်ပြောတာလေ ၊ ဒါကို သုံးသပ်ရရင် အချက်ပြန်ပြတဲ့ အထဲမှာ အလံဖြူက တစ်ဝက်လောက်ပါနေပြီ ၊

ဒီကြားထဲမှာ ဦးသန်းရွှေက ဦးအောင်သောင်း ဦးတင်အေးလိုမျိုး သူ့လူဟောင်းတွေကို အသုံးချပြီး တိုင်းပြည်ကို ခလောက်မဆန်ဖို့ပဲလိုပါတယ် ၊ အခုပဲ အင်တာနက်သတင်းမှာတွေ့လိုက်တယ် မြောက်ဥက္ကလာမှာ လက်ပစ်ဗုံး ၅၈ လုံးတွေ့တယ်တဲ့ ၊ အဲလိုသတင်းမျိုးတွေ နဲ့

ပြည်သူနဲ့စစ်တပ်ကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်ပြီး ခလောက်ဆန်ပစ်မှာကိုတော့ စိုးရိမ်ရတယ် ၊

ခုဆို ဦးဌေးဦးလိုလူမျိုးကတောင် ဦးသန်းရွှေဖက်မှာ ပြတ်ပြတ်သားသားရပ်တည်မယ်ဆိုတာမျီုးတွေ သိပ်မတွေ့ရတော့ဘူးလေ ၊ ဦးအောင်သိန်းလင်းလုပ်တာတွေလည်း လမ်းကြောင်းပေါ်ရောက်လာတာတွေ့ရတယ် ၊ ဦးဌေးဦး တို့ ဦးအောင်သိန်းလင်းတို့ကို အမတ်တွေ

အဖြစ် နဲ့လည်း မြင်ပါ ၊ စစ်ဗိုလ်ဟောင်းတွေအဖြစ်နဲ့လည်း မြင်ရပါမယ် ၊ တစ်သက်လုံးနီးပါး စစ်တပ်အထဲမှာ နေလာပြီ အခု ယူနီဖောင်းလဲ အမတ်ဖြစ်တာမှ ဘာကြာသေးလို့လဲ သုံးနှစ်ကျော်ကျော်ပဲရှိသေးတာလေ ၊ သူတို့ အတွေးအမြင်တွေထဲမှာ

ဒီမိုကရေစီအင်အားစုတွေ ကို ရန်ဖြစ်ဖက်ဆိုတဲ့ အမြင်တွေ ရှိနေသေး ကျန်နေသေးမှာပေါ့ ၊ ဒါပေမယ့် လက်ရှိအချိန်နဲ့ ပတ်ဝန်းကျင်ကြီးက သူတို့ကို နေ့စဉ် စိန်ခေါ်နေတယ်လေ ၊ တိုင်းပြည်က ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်နေပြီလေ ၊ တချို့ ကိစ္စတွေမှာ

သူတို့ချက်ချင်းကြီး တွေးခေါ်ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူး ၊ နဲနဲတော့ အချိန်ပေးရမယ် ၊ သူတို့ ပြောတဲ့ စကားတွေကိုလည်း စကားလုံးအကျအနကောက်ပြီး အပြစ်ပြောနေလို့လဲ မရဘူးလေ ၊ သူတို့တကယ်ဘာလုပ်သလဲဆိုတာပဲကြည့်ရမှာပေါ့ ၊ သူတို့က ဒီဘဝကို

လိုလိုချင်ချင် နဲ့ ကြိုတင်ပြင်ဆင်ပြီးရောက်လာကြတာမှ မဟုတ်တာ ၊ ကလေးစကားပြောမယ်ဆိုရင် ကန်အချခံရလို့ ရောက်လာတဲ့သူတွေလေ ၊

ကဲပြန်ပြီး ရီဗျူးလုပ်ကြည့်မယ် ၊ ဦးသိန်းစိန် က သမ္မတဆိုပေမယ့် ဦးသန်းရွှေ ခိုင်းတာလုပ်နေရတဲ့ဘဝ သူလည်း ငြီးငွေ့လာပြီ ၊ နောက် ကာချုပ်မင်းအောင်လှိုင် သူ့ကို ပြည်သူတွေက မျှော်လင့်နေတယ် ၊ အဲဒါကို သူသိတယ် ၊ လူတစ်ယောက်မျက်နှာကိုကြည့်မလား

မြန်မာပြည်သူတစ်ရပ်လုံးမျက်နှာကိုကြည့်မှာလား ၊ မြန်မာတစ်ပြည်လုံးရဲ့ မျှော်လင့်ချင်ကို ဖျက်ပြီး ဦးသန်းရွှေ ဆီမှာ ကျွန်ဆက်ခံမှာ မဟုတ်တော့ဘူးလို့ယူဆမယ် ၊ ဦးရွှေမန်း ၊ သူကတော့ မြောက်ကိုးရီးယား နျူကလီးယား ကိစ္စကို ပြတ်ပြတ်သားသား ငြင်းလိုက်

ကတည်းက ဦးသန်းရွှေ နဲ့ လမ်းခွဲလိုက်တယ်လို့တောင် ပြောလို့ရတယ် ၊

အခု ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မယ် ၊ အရင် ၂၀၁၂ တုန်းက ထောက်ခံခဲ့တဲ့ ပြည်သူတွေနဲ့ တချို့နေရာတွေမှာ သွေးခွဲခံရထားတယ် ၊ ရခိုင်ကိစ္စ လိုမျိုး ဘာသာရေး ကိစ္စ လူမျိုးရေးကိစ္စ နဲ့ လက်ပံတောင်းတောင်လို ကိစ္စတွေမှာပါ ပါတယ် ၊ နောက်ပြီး ၂၀၁၂

ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အပြင်ရောက်နေကြတဲ့ ဒီမိုကရေစီအင်အားအများစုက လက်မခံကြဘူး ၊ အဲဒီအထဲက တချို့တွေက ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပြောနေကြတုန်း ၊ နောက်ပြီး NLD ပါတီတွင်းမှာလည်း နေရာလုနေတာတွေ

ဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်ချင်နေကြလို့ အချင်းချင်း ထိခိုက်တာတွေလည်းရှိတယ် ၊ နောက် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုတွေ ၊ အဲဒီအထဲက တချို့တွေက ကျရာနေရာမှာ ဆက်လုပ်နေကြတယ် ၊ တချို့ကျနေတာ့ ဟိတ်ဟန်ထုတ်ပြိး လက်ရှိ

ရေပန်းစားမှုကလေးကို ကျေနပ်နေတယ် ဒီအတိုင်းမျှောနေလို့ ဘာမှ မဖြစ်ဘူး နော် ဆက်လုပ်မှ မှားသွားရင် အောက်ဆင်းသွားမှာ ဆိုပြီး ကြောက်နေတဲ့သူတွေလည်းရှိတယ် ၊ တစ်ချို့က သီးခြားပါတီထောင်ဖို့ ကြိုးစားနေတယ် ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေရဲ့

မွေးရာပါလဲပါတာပေါ့ ၊ အရေးကြီးရင်တော့ သွေးနီးတယ် ၊ အရေးမကြီးရင် အချင်းချင်းလှည့်ခွပ်နေတာပဲ ၊ ဒါက လက်ခံရမှာပဲ ၊

အဲဒီမှာ အရေးကြီးတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ သူက အဖြေမှန်ကိုသိထားတယ် ၊ အဖြေမှန်ရောက်ဖို့ ဖြေရှင်းနည်းပေါင်းများစွာကိုလည်း သိတယ် ၊ အသိဥာဏ်အမျှော်အမြင်ကြီးသလောက် လုပ်နည်းလုပ်ဟန်က ရိုးစင်းသေချာလွန်းတယ် ၊

နိုင်ငံရေးသမားပီသတယ် ၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုယ်သဘာဝအရကိုက အဖွဲ့အစည်းကြီးတစ်ခုဖွဲ့ပြီး တစ်သက်လုံးဗိုလ်နေရာက ဗိုလ်ကျသွားချင်တဲ့လူစားမျိုးမဟုတ် ၊ လိုတဲ့နေရာကို ဝင်ဖြည့်ချင်တဲ့ အမျိုးအစား ၊ သူလိုလူမျီုးက တည့်တည့်ပြောတတ်တော့

အမြဲတမ်း နားဝင်ချိုမှာမဟုတ် ၊

ဦးသန်းရွှေက စစ်တပ်ကို အပိုင်ကိုင်ထားတာ ၊ အပိုင်ကိုင်လို့ရအောင် စစ်ဗိုလ်ဆိုတာကိုရွေးကတည်းက ဆိုက်ကိုအောက်နေတဲ့သူ ကြောက်တတ်တဲ့သူ မှီခိုတတ်တဲ့သူ အများစုကို ပဲရွေးခဲ့တာ ၊ ဒါဆိုဗိုလ်ချုပ်တွေအထဲမှာ ထက်တဲ့သူမပါတော့ဘူးလားလို့မေးရင်တော့

ပါကောင်းပါနိုင်မယ် ဒါပေမယ့် အဲဒီထက်တာကို ဦးသန်းရွှေ မသိအောင် ဖွက်ထားနိုင်မှ ၊ မဟုတ်ရင် ဦးသန်းရွှေ သိသွားလို့ကတော့ ပညာပေးခံရမှာ ၊ စစ်သားတွေ ဆိုတာလည်း ဘာပညာမှမတတ် ပညာဆိုတာကို သင်ယူရကောင်းမှန်း မသိတဲ့သူတွေကိုပဲ

ရွေးထားသလား အောက်မေ့ရအောင် လုပ်ထားတာ ၊ ဒါပေမယ့် ဒါက လောကကို ဆန့်ကျင်ပြီးလုပ်ထားတာ ၊ အရင် စစ်အာဏာရှင်ဆိုတဲ့ ခေါင်းစဉ်အောင်မှာဆိုရင်တော့ ဒီပုံစံဟာ နှစ်ပေါင်းများစွာအထိ အဆင်ပြေတယ် ၊ ခု ခေါင်းစဉ်ပြောင်းသွားပြီ ၊ ဒီမိုကရေစီ စနစ်

ဒီတော့ အချိန်မြန်တာနဲ့ ကြာတာပဲကွာမယ် ၊ အားလုံးမျက်စိပွင့် နားပွင့်ဖြစ်လာပြီးဆိုရင် ဦးသန်းရွှေက စစ်တပ်ကို ကြာကြာဆက်မကိုင်ထားနိုင်ဘူး ၊ ဦးသန်းရွှေက အသက်ကြီးသွားလို့ မဟုတ်ဘူး ၊ ဒီနည်းဒီပုံစံကိုက ခေတ်နဲ့ အံမဝင်တော့တာ ၊ ဒါသဘာဝနော် ၊

ဘယ်သူမှ လွန်ဆန်လို့ မရတဲ့ သဘာဝ ၊

ကဲ အခု သမ္မတကြီး ဦးသိန်းစိန် နဲ့ ကာချုပ်မင်းအောင်လှိုင်တို့က ဦးသန်းရွှေ ကို မလှန်နိုင်ဘူးဖြစ်နေတယ် ၊ လက်ရှိအခြေအနေကိုပြောတာ ၊ ကဲ သူတို့ နှစ်ယောက် ဦးသန်းရွှေကို လှန်လိုက်ရင် ဘာဖြစ်မလဲ ၊ သူတို့ သူရဲကောင်းဖြစ်သွားမယ် ၊ ခုအချိန်မှာ ပြီးခဲ့တာတွေ

အားလုံးဟာ ဦးသန်းရွှေတစ်ယောက်ထဲကြောင့်ပဲလို့ ပြည်သူတွေက မှတ်ယူပေးလို့ရတယ် ၊ ဒီအချိန်မှာ အဲဒီ သမ္မတနဲ့ကာချုပ် ဒါကိုရွေးချယ်နေတယ် ၊

ကဲပြောကြည့်မယ် ၊ တကယ်လို့ အဲဒီ သမ္မတ နဲ့ ကာချုပ်က ပြည်သူတွေ မျက်နှာမကြည့်ပဲ ဦးသန်းရွှေတစ်မျက်နှာပဲကြည့်သွားတယ်ဆိုပါတော့ ၊ စိတ်မပူနဲ့ သိပ်မကြာခင်မှာ သူတို့အားလုံးကို ဆုံးမဖို့ နောက်တစ်ယောက်ထွက်လာလိမ့်မယ် ၊ အဲဒီလူက

စစ်တပ်အထဲကပဲထွက်လာမှာ ၊ အပြင်ကလာမှာမဟုတ်ဘူး ၊ မိုးပေါ်က ကျလာမှာမဟုတ်ဘူး ၊ အဲဒီ စစ်တပ်အထဲကပဲ ထွက်လာရမှာ ၊ အဲဒီတော့မှာ ထွက်လာတဲ့ နောက်တစ်ယောက်လည်း သူရဲကောင်းဖြစ် စစ်တပ်ကြီးလည်း ပြည်သူ့တပ်မတော်ဖြစ် ၊ ဒါရှင်းနေတာပဲ ၊

ဒီလမ်းကြောင်းအတိုင်းပဲဖြစ်ရမှာ ၊

ဒီတော့ စိတ်ရှည်ရမယ် ၊ မလောရဘူး ၊ စည်းချက်ညီရမယ် ၊ စည်းချက်ကဘယ်ကလာမှာလဲ ၊ စည်းချက်တီးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ အရေးကြီးတာတစ်ခုရှိတယ် ၊ စစ်တပ်ကို နီးနီးကပ်ကပ်ရှိပြီး ပြည်သူတွေလိုချင်နေတာ ဘာလဲဆိုတာ

အောက်ခြေစစ်သားတွေ အရာရှိငယ်တွေ တပ်မှူးငယ်တွေ သိအောင် ပြောနေရမယ် ၊ တတွတ်တွတ်နဲ့ ကိုပြောနေရမယ် ၊ လူထုတိုက်ပွဲဆိုတာကြီးနဲ့ စိတ်ကူးမယဉ်နဲ့ လူထုတိုက်ပွဲဆိုတာ လူစိတ်မရှိတဲ့လူတွေလက်ထဲက သေနတ်တွေကို ကိုယ်တွေရဲ့ ရင်ဘတ်တွေ နဲ့

ရင်ဆိုင်တာ ၊ ဒါမျိုးဒေါ်အောင်ဆန်းစုကြည် အဖြစ်ခံမှာမဟုတ်ဘူး ၊ အဲလို သွေးတွေမြေမကျစေချင်လို့ ၂၀၁၂ ကတည်းက မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့တာ ၊

ကဲဒါဆို နားလည်လောက်ပြီထင်ပါတယ် ၊ ဦးသန်းရွှေ ချောင်ပိတ်မိနေတယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ် ၊
(သံတမန်အသိုင်းအဝိုင်းမှပေးလာခြင်းဖြစ်သည်)

No comments: