Tuesday, March 4, 2014

ဇနီးမယား (၇) မျိုးဆိုတာ

 
 
ဇနီးမယား (၇) မျိုးဆိုတာ
Tuesday, March 4, 2014

မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန် လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။
ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား (၇) မျိုးကိုဟောတော်မူပါတယ်။ အဲဒီ (၇) မျိုးက

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။

ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

ယူကရိန်းအရေး ရဲ့ အဓိက ရိုက်ခတ်နေတဲ့ အချက် ၅ ချက်

ယူကရိန်းကို ရုရှတပ်တွေဝင်လာတဲ့ သတင်းက ဒီကနေ့ ကမ္ဘာ့သတင်းတွေထဲမှာ ထိပ်တန်းက ပြေးနေပါတယ်။ ယူကရိန်းအရေးက ကမ္ဘာအတွက် ဘာကြောင့် ဒီလောက်အရေးပါလာသလဲ။ အဓိက ရိုက်ခတ်နေတဲ့ အချက် ၅ ချက်ရှိပါတယ်။
၁) ယူကရိန်းဟာ ရုရှနဲ့ ဥရောပကြားဆက်သွယ်မှုမှာ အရေးကြီးပါတယ်။ တချိန်ကရှိခဲ့ဖူးတဲ့ စီးပွားရေးသြဇာမျိုး ယူကရိန်းမှာမရှိတော့ပေမဲ့ ပထ၀ီအနေအထားကြောင့် အရေးပါနေဆဲပါ။ ဥရောပကလိုတဲ့ ဓာတ်ငွေ့ ၂၅ %ကို ရုရှက ပို့ပေးနေပြီး အဲဒီထဲကတ၀က်လောက်က ယူကရိန်ကို ဖြတ်ပြီး ပိုက်လိုင်းကနေပို့ပေးတယ်။ ဒီပို့ဆောင်မှုအဟန့်အတားက စွမ်းအင်ဈေးတွေ ထိုးတက်သွားနိုင်တယ်။ ခရေမီယံကျွန်းဆွယ်က ပင်လယ်နက်နဲ့ဆက်နေပြီး ပင်လယ်နက်ထဲမှာတော့ ရုရှရဲ့ ရေတပ်အခြေစိုက်စခန်း၇ှိနေပါတယ်။

၂) ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေက နောက်အင်အားကြီးနိုင်ငံ တခုကို စီးပွားရေးပိတ်ဆို့အရေးယူတာက ဖြစ်လေ့ဖြစ်ထတော့ မဟုတ်ပေမဲ့ အမေရိကန်နိုင်ငံအနေနဲ့ ရုရှကို ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောပါတယ်။ အိုဘားမားကလည်း လတ်တလောမှာ ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ရုရှရဲ့ ပြည်ပကုန်သွယ်မှုတ၀က်က ဥရောပနဲ့ ဖြစ်ပြီး ဥရောပက တင်သွင်းတဲ့ ကုန်တွေနဲ့ ဖြည့်ဆည်းနေရတာပါ။ စနေနေ့က ပူတင်နဲ့ တနာရီခွဲကြာအောင် အိုဘားမားက ဖုန်းနဲ့ စကားပြောခဲ့ပေမဲ့ လာမယ့် အင်အားကြီး ၈ နိုင်ငံတို့ ရုရှနိုင်ငံ ဆိုချီတွေ့ဆုံပွဲကို အမေရိကန်တက်မဲ့ပုံ မရှိပါဘူး။ ဒီကြားထဲ ရုရှနဲ့ စွမ်းအင်၊ ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲကို အမေရိကန်က ဖျက်သိမ်းလိုက်ပါတယ်။

၃) ဥရောပနဲ့ ကမ္ဘာ့ ကုန်သွယ်မှုကို ရုရှလုပ်ရပ်က အတော်ရိုက်ခတ်နိုင်ပါတယ်။ ချက်ချင်းဆိုသလို ရုရှငွေတန်ဖိုးကျတာ၊ ကုန်သွယ်မှု စတော့ဈေးကွက်မှာ ထိုးကျသွားတာတွေ ဖြစ်လာပါပြီ။ ယူကရိန်းက ပြောင်းနဲ့ ဂျုံဈေးကွက်မှာ အများဆုံးပြည်ပပို့နေတာမို့ ဈေးကွက် အတော်ထိလာပါလိမ့်မယ်။ ယူကရိန်းနဲ့ ဥရောပယူနီယံတို့ရဲ့ ကုန်သွယ်မှုသဘောတူညီချက်တွေကြောင့် ဥရောပနဲ့ နီးကပ်လာတာကြောင့် လက်ရှိ နိုင်ငံရေးပြဿနာတွေပေါ်ပေါက် လာခဲ့ပါတယ်။ ယူကရိန်းက ဥရောပနဲ့ ပိုနီးကပ်လာတာကို ရု၇ှက မလိုလားတာအမှန်ပါပဲ။

၎) ယူကရိန်းအစိုးရက အကြွေးတင်နေပြီး အကူအညီများစွာလိုနေပါတယ်။ လက်ရှိ ဒီနှစ်မှာ ဒေါ်လာ ၁၃ ဘီလီယံ အကြွေးတင်နေပြီး ၂၀၁၅ မကုန်ခင် ဒေါ်လာ ၁၆ ဘီလီယံ ပြန်ဆပ်ရမှာဖြစ်တယ်။ ယူကရိန်းကို ငွေရေးကြေးရေး ဘယ်သူကူမလဲဆိုတာက အရေးပေါ် ပြဿနာ ဖြစ်လာတယ်။ IMF က ကျန်ငွေကြေးအဖွဲ့တွေနဲ့ ဆွေးနွေးပြီး ဒေါ်လာ ၃၅ ဘီလီယံ ကူဖို့ ကြိုးစားနေပါတယ်။

၅) ယူကရိန်းမှာဖြစ်တဲ့ စီးပွားရေးပြဿနာကြောင့် ကမ္ဘာ့ စီးပွားရေးကိုရိုကိခတ်မှု ကြီးနိုင်ပါတယ်။ ယူကရိန်းရဲ့ မတည်ငြိမ်မှုကို ကြည့်ပြီး တခြား တိုးတက်လာနေတဲ့ နိုင်ငံတွေမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေက ရင်းနှီးမြုပ်နှံမှုတွေကို ပြန်ပြီး နှုတ်ယူသွားနိုင်မယ့်၊
လျှော့ပေါ့သွားနိုင်တဲ့ သဘောရှိပါတယ်။ ရုရှ ငွေကြေးတန်ဖိုးက ဒီနှစ်ဆန်းကထက် ၁၀ % ကျဆင်းသွားပါပြီ။ Z
ကိုးကား- CNN

Monday, March 3, 2014

“မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၂၊ အမှတ် ၅၁”

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အလားအလာကောင်းရန် တိုင်းရင်းသားများ ညီညွတ်ဖို့လို



Monday, 03 March 2014
Written by ရွှေရည်ဝင်းထက်

ရန်ကုန်၊ မဇ္ဈိမ။ ။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်ရှိဆွေးနွေးနေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်း အလားအလာကောင်းဖို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ညီညွတ်ရန်လိုသည်ဟု NCCT မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြိမ်းချမ်းရေးအတွက် ၇ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးပြောဆိုသည်။
sp1
အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ကို မတ်လ ၃ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ Panda Hotel တွင်ပြုလုပ်ကျင်းနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၎င်းဖိုရမ်ကို မတ်လ ၂နေ့နှင့် ၃ရက်နေ့တို့တွင် ပြုလုပ်ကျင်းပခဲ့သည်။

မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော အဆိုပါဖိုရမ်တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “နိုင်ငံရေးဆွေးနွေးပွဲ အားလုံး ညီညီညာညာသွားမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးရမှာ။ တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး မူကြမ်း အလားအလာကောင်းမယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဒေသမှာ ပြေပြေလည်လည် ဖြစ်မယ်လို့ ယူဆတယ်” ဟု ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ချင်း ဆွေးနွေးတာ ထက် အားလုံးစုပေါင်းဆွေးနွေးမည်ဆိုလျှင် ယခုအချိန်တွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးလောက်ပြီဟု ၎င်းကဆိုသည်။ သို့သော် အစိုးရဘက်ကဘက်မှ အဖွဲ့ ဝင်များက တိုင်းရင်းသားအဖွဲ့များမှာ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ နေရာဌာန မတူကြသည့်အတွက် တစ်ဖွဲ့ချင်းပဲ ဆွေးနွေးသွားမည်ဟု ပြန်လည်ပြောကြားကြောင်းဆိုသည်။

“သို့သော် အယူအဆကွဲတာက ကျွန်တော်တို့က တပ်ပေါင်းစုနဲ့ ဆွေးနွေးမယ်။ တစ်ကြိမ်တည်းဆွေးနွေးမယ်။ ပြည်နယ်အဆင့် မသွားဘူး။ ပြည်ထောင်စုအဆင့် တစ်ခါတည်းဆွေးနွေးမယ်။ ဘာကြောင့်ပြောလဲဆိုတော့ အဲဒီတုန်းက ပြည်နယ်အစိုးရနဲ့ တစ်ပြိုင်တည်း ဆွေးနွေးလိုက်ရင် အချိန်ကုန်သက်သာတယ်။ အဲဒီတုန်းကသာ အဆိုအောင်မြင်ခဲ့ရင် အခုဆိုရင် တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေးသာမက နိုင်ငံရေးဆွေးနွေးပွဲကိုပါရောက်နေပြီ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသို့ သွားနေချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား ဆွေးနွေး လျက်ရှိသော နှစ်ဘက်စလုံး၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းများမှာ ၆ဝ ရာခိုင်နှုန်းအထိ သဘောတူညီမှုရှိသည်ဟု NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက လော်ခီးလာတိုင်းရင်းသားညီလာခံတွင် ဆိုထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးနိုင်ရန် ရေးဆွဲထားသော စာချုပ်မူကြမ်းများကို တိုက်ဆိုင်စစ်ဆေးရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ NCCT တို့သည် မတ်လပထမအပတ်တွင်း တွေ့ဆုံမည်ဟု မြန်မာငြိမ်းချမ်းရေး စင်တာဘက်မှ ဦးလှမောင်ရွှေက ပြောဆိုထားသည်။

၇ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်သို့ NCCT အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဆလိုင်းလျန်မုန်း၊ မြန်မာငြိမ်းချမ်းရေး စင်တာဘက်မှ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်နှင့် အရပ်ဖက်လူ့အဖွဲ့ အစည်း ၆ဝ ကျော်တက်ရောက်ကာ ဖိုရမ်ကို မတ်လ ၃ရက်နှင့် ၄ ရက်နှစ်ရက်တာပြုလုပ်မည်ဖြစ်သည်။

Saturday, March 1, 2014

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
နေပြည်တော်၊ မတ် ၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈
ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့သစ်မြို့နယ်ခွဲ၊ ဗန္ဓုလကျေးရွာနေ ဦးမြင့်ဦး(၃၂)နှစ်မှ တမူး-စေတီသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃/၀-၁)ကြား၊ တံတားအမှတ် (၁၄/၀)နှင့်(၁၅)ပေခန့်အကွာရှိ အင်းတောအတွင်း သေနတ် ၂ လက်နှင့် ကျောပိုးအိတ် အသေး(၁)လုံးတွေ့ရှိခဲ့ကြောင်း မင်းသာရဲကင်းရဲစခန်းသို့ လာရောက် အကြောင်းကြားချက်အရ မင်းသာရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ အိန္ဒိယ စာတန်းများပါရှိပြီး ဒင်နံပါတ်မပါ/နံပါတ်များဖျက်ဆီးထားကာ ကျည်(၁၆)တောင့်စီပါ ကျည်အိမ်များ တပ်ထားသည့် HK-33 သေနတ် ၂ လက်၊ NR တံဆိပ်ပါ နက်ပြာရောင်မိုးကာကျောပိုးအိတ်အတွင်းမှ HK-33 ကျည်အိမ် ၄ ခုနှင့် (၅.၅၆)ကျည် ၂၀၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ လက်နက်ခဲယမ်းများအား နယ်မြေခံတပ်သို့လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။

နာဂ အမျိုးသားရေး သမိုင်းအကျဉ်း

နာဂ အမျိုးသားရေး သမိုင်းအကျဉ်း
အထက်တွင် ဖေါ်ပြသည့်သမိုင်းအရဆိုလျှင် ကျွန်တော်တို့ နာဂ မျိုးနွယ်စုသည်
ရှေးပဝေသဏီကပင် မေဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ပြီး ထိုမှ ခရစ်တော်မပေါ်ခင်
ထွက်လာ၍ မွန်ဂိုလီးယားကုန်းပြင်မြင့် တိဘက် တရုတ်ပြည် စသည်တို့တွင် နေထိုင်လာခဲ့ပြီး
တောတောင်အထပ်ထပ် မြစ်ရေအသွယ်သွယ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိ နာဂနယ်မြေသို့ရောက် ရှိလာခဲ့ခြင်းဖြစ်သည်၊
ဤနယ်မြေများတွင် ကနဦးရှိ မြေပိုင်ရှင်များကို တိုက်ထုတ်၍
နေလာခဲ့ခြင်းမဟုတ်။ မည်သူမျှမရှိသော၊ မည်သူမျှ မပိုင်ဆိုင်သော နယ်မြေအား လာရောက်နေထိုင်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ဤသို့ နှစ်ပေါင်း ထောင်ချီပြီး နေလာခဲ့သော သမိုင်းတလျှောက်တွင် နာဂလူမျိုးတို့သည် အခြားနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ဘူးသည် ဟူ၍သမိုင်းမရှိခဲ့ပေ၊ သက်ဦးဆံပိုင်ဘုရင်ဖြင့်သော်၎င်း၊ အာဏာရှင်စနစ် ဖြင့်သော်၎င်းအုပ်ချုပ်စိုးမိုးလာခဲ့ခြင်းမရှိပါ။ တနိုင်ငံလုံးကိုတပြိုင်တည်း အုပ်ချုပ်သောအစိုးရ ဟူ၍လည်းမရှိခဲ့ပါ၊
သို့ရာတွင် ကျေးရွာ တိုင်းသည် လွတ်လပ်သော ကျေးရွာများ ဖြစ်ကြပြီး ရွာသူကြီးများကသာအုပ်ချုပ်လာ ခဲ့သည်၊ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် အင်မတန်မြှင့်မားသောဒီမိုကရေစီ (pure democracy) စနစ်ပင်ဖြစ်သည်။ တဦးတယောက်၏အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ-တောတွင်း တနေရာ တွင်တန်ဖိုးရှိသောအရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း တဦးတယောက်က အမှတ်အသားပြုထားပါကမည်သူမျှ ထိုအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသားအသစ် ပြုလုပ်၍ မိမိပိုင်ဆိုင်ကြောင်းမပြု လုပ်ကြ။ လိမ်လည်မှုနှင့် ခိုး ရှားမှုနှင့်ခိုးမှုဟူ၍ရှားသည်။ ရွာသားများ အားလုံးက ရွာသူကြီးအား
နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများ ကိုရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်
ဖြေရှင်းခဲ့ကြသည်။
ကျွန်တော်တို့ နာဂတိုင်းပြည်တွင် များသောအားဖြင့် ကျေးရွာနယ်မြေသည် ရွာသူ
ရွာသားအားလုံးက ပိုင်ဆိုင်သဖြင့် တောင်ယာခုတ်ရန် မြေကွက်အား ဝယ်ရန်သော်၎င်း၊
တောင်းရန်သော်၎င်း၊မလိုအပ်ပေ၊ မိမိကြိုက်ရာနေရာတွင် တောရိုင်းကို ခုတ်ထွင်ရှင်းလင်း၍တောင်ယာလုပ်စားကြသည်၊ ထိုသို့ တစ်နှစ်လုပ်စားသည့် နောက်ပိုင်းတွင် ၎င်းမြေကွက်သည် ထိုသူ၏သားစဉ်မြေးဆက် ပိုင်ဆိုင်သောမြေကွက် ကိုယ်ပိုင် မြေကွက်ဖြစ်လာသည်၊ထိုမြေကွက်အား ရွာကမပိုင်တော့ချေ၊ ထိုမြေကွက်အတွက် မည်သူ့ကိုမျှလည်း အခွန်ပေးဆောင်ရန်မလိုပေ၊ ထို့ကြောင့် နာဂတိုင်းပြည်တွင်။ မြေသည် အစိုးရပိုင်မဟုတ်။ ရပ်ရွာပိုင်
(ဝါ) ကိုယ်ပိုင်မြေဖြစ်သည်၊ ဤသည်ကား နာဂလူမျိုးများ အနေဖြင့် အခြားနိုင်ငံသားများထက်ထူးခြားသော အခွင့်အရေးကို ခံစားခြင်းပင်ဖြစ်သည်၊ တခြားကမ္ဘာ့နိုင်ငံများတွင်များသောအားဖြင့် မြေသည်အစိုးရပိုင်ဖြစ်သဖြင့် မြေယာအတွက် လူတိုင်းက မြေခွန်ကိုအစိုးရအား ပေးဆောင်ရသည်၊ ထို့ပြင် နာဂလူမျိုးတို့သည် မည်သည့်လူမျိုးတို့၏အုပ်ချုပ်မှု၊ချုပ်ခြယ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် နေလာခဲ့ကြသည်။ ပြင်ပကမ္ဘာနှင့်လည်း ထိတွေ့
ဆက်သွယ်ခြင်းလုံးဝမရှိခဲ့ပါ၊
အေဒီ (AD)၁၃ ရာစု ခရစ်သက္ကရာဇ် ၁၂၂၈ အချိန်တွင် ယိုးဒယားနိုင်ငံဘက်မှ
တက်လာသော Ahom King ခေါ် ရှမ်းကြီးအဖွဲ့သည် နာဂတောင်တန်းကို ဖြတ်ကျော်
လာခဲ့သည်၊ဤသည်ကား အခြားတိုင်းတပါး လူမျိုးများသည် နာဂတိုင်းပြည်သို့ ပထမဦးဆုံးရောက်ရှိလာခြင်းပင်ဖြစ်သည်၊ ထို Ahom King အဖွဲ့သည် ယခု အာသန်ပြည်နယ်မြေပြန့်တွင် အခြေချနေထိုင်လာခဲ့ကြသည်၊ ထို Ahom King အဖွဲ့  နာဂတောင်တန်းကိုဖြတ်ကျော်လာသည့် အချိန်မှစ၍ နာဂနှင့် Ahom King များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ခဲ့ကြသည်၊ သို့သော် Ahom King ၏လက်အောက်သို့ကျရောက်ခဲ့ခြင်းမရှိပါ။ နောက်ပိုင်းတွင် Ahom King တပါးသည် နာဂအမျိုးသမီးတဦးကိုလက်ထပ်လိုက်သည်။ ထိုအချိန်မှစ၍ နာဂလူမျိုးများနှင့် နယ်စပ်စည်းအတိအကျသတ်မှတ်ကာ ကောင်းမွန်စွာ ဆက်ဆံနေထိုင်လာ ခဲ့ကြသည်။
အေဒီ (AD) ၁၇ ရာစုမှစ၍ အင်္ဂလိပ်လူမျိုးများသည် အိန္ဒိယနိုင်ငံကို သိမ်းပိုက်
ပြီး ကိုလိုနီပြု အုပ်ချုပ်လာခဲ့သည်၊ ထို့နောက် ၁၈၃၂ ခုနှစ်မှစတင်၍ နာဂနယ်မြေသို့
အင်္ဂလိပ်တို့ ကျူးကျော် ဝင်ရောက်လာခဲ့သည်။ နာဂလူမျိုးများသည် ထိုအင်္ဂလိပ် လူမျိုး
များနှင့်လည်း မကြာခဏ စစ်ဖြစ်ခဲ့ကြသည်။ဤသို့ မိမိတိုင်းပြည်ကို ကာကွယ်ရန် မဆုတ်မနစ်ဇွဲမလျော့ဘဲ အင်္ဂလိပ်နယ်ချဲ့များအား တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း (၄ဂ)နှစ် တိုင်ကြာခဲ့သည်၊ နောက်ဆုံး စစ်ပွဲမှာ ၁၈၇၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်တွင် ခွန်နူးမားကျေးရွာ၌ဖြစ်ခဲ့သည်၊ ထို့နောက် အင်္ဂလိပ်နယ်ချဲ့တို့မှ ငြိမ်းချမ်းစွာနေရန် ကမ်းလှမ်းလာသဖြင့် ၁၈၈ဝ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် နှုတ်အားဖြင့် ငြိမ်းချမ်းရေးအတွက် (Verbal agreement)
သဘောတူခဲ့သည်၊ အင်္ဂလိပ်တို့က နာဂတောင်တန်းတွင် စစ်အခြေခံစခန်း
(Military Base) ထားရန် တောင်းဆိုလာသဖြင့် နာဂလူမျိုးများ၏ နိုင်ငံရေးတွင်
အနှောက်အယှက်မပြုပါက စစ်အခြေခံစခန်း ထားနိုင်ကြောင်း ခွင့်ပြုခဲ့သည် ၊ အင်္ဂလိပ်တို့မှစာအရေးအသားဖြင့် စာချုပ်ချုပ်ဆိုရန် တောင်းဆိုခဲ့သော်လည်း။ နာဂခေါင်းဆောင်များမှလက်မခံသဖြင့် နှုတ်အားဖြင့်သာ သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့်အင်္ဂလိပ်တို့၏ ရာဇဝင်မှတ်တမ်းတွင်လည်း မည်သည့်နာဂလူမျိုးနှင့်မှ စာချုပ်စာတမ်း(Treaty) မပြုလုပ်ခဲ့ကြောင်း ရေးထားသည်ကို သူတို့၏ မှတ်တမ်းစာ (Aitchsa Treaties, engagement and Sanads) တွင် တွေ့ရသည်၊ ဤသို့ဖြင့် နာဂလူမျိုးတို့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ နှင့် မိမိ၏ အချုပ်အခြာအာဏာကို ဆုံးရှုံးလွှဲအပ်ခဲ့သည့်အညံ့ခံစာချုပ် မရှိခဲ့ပေ။
သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် နာဂတောင်တန်းတွင် သူတို့၏ စစ်အခြေ
စိုက်စခန်းချသည်မှ၍ သူတို့၏ အုပ်ချုပ်ရေးယန္တယား (Administration)ကို စတင်လာခဲ့သည်။ ဤသို့ဖြင့် ၁၈၈ဝ ခုနှစ်မှစ၍ ၁၉၄၇ ခုနှစ်အထိ နာဂနယ်မြေ လေးပုံတစ်ပုံကိုအင်္ဂလိပ်တို့က (၆၇) ခုနှစ်လုံးလုံး အုပ်ချုပ်ခဲ့သည်။ ကျန်သောနယ်မြေ လေးပုံသုံးပုံ (ဗမာပြည်ရှိ နာဂနယ်မြေများ အပါအဝင်) အား မအုပ်ချုပ်သောနယ်မြေ (Un-adminstered Area) (ဝါ) လွတ်လပ်သော နာဂ (Free Nag) ဟူ၍ ခေါ်တွင်ခဲ့သည်။

(၁) နာဂနိုင်ငံရေးစတင်လာပုံ

၁၉၁၄-ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်အစိုးရသည်
စစ်အတွင်းတွင် လုပ်အားပေးရန် နာဂလူမျိုး နှစ်ထောင်ကျော်အား ဥရောပတိုက်သို့
ခေါ်ဆောင်သွားခဲ့သည်။ ထိုသူတို့သည် ၁၉၁၇ ခုနှစ်တွင် မိမိနိုင်ငံသို့ ပြန်ရောက်လာ
ခဲ့ကြသည်။ ထိုသို့ တိုင်းတပါးသို့ သွားရောက်ခဲ့ကြသော နာဂများသည် ကမ္ဘာ့နိုင်ငံရေး၊
လူမှုရေးတို့ကို မြင်လာသဖြင့် နာဂလူမျိုးများတွင်လည်း နောင်ရေးအတွက် ပြောပိုင်ခွင့် ရှိသောအဖွဲ့အစည်းတခု ဖွဲ့စည်းရန်လိုကြောင်း သိလာကြရသဖြင့် ၁၉၁၈ ခုနှစ်တွင် နာဂကလပ်(Naga Club) ကို ဖွဲ့စည်းလာခဲ့သည်။
ထို့နောက် ၁၉၂၉ ခုနှစ်တွင်ဆီမွန် (simon) အမှူးပြုသော British Statutory Commission (or) ဆီမွန် ကော်မီရှင်သည် နာဂလန်း ကိုဟီးမားမြို့(Kohima)သို့ ရောက်ရှိလာခဲ့သည်။ ထိုကော်မရှင်သည် နာဂလူမျိုးများသည် သူတို့၏နောင်ရေးအတွက် မည်သို့ သဘောထားရှိသည်ကို လေ့လာရန် ရောက်ရှိလာခြင်းဖြစ်သည်။ထို့ကြောင့် နာဂလူမျိုးများသည် “နာဂကလပ်”အမည်ဖြင့် စာတမ်းတစ်စောင်(Memorandum) ရေးပြီး တင်သွင်းခဲ့သည်။ ထိုစာတမ်းသည် နာဂသမိုင်းတွင်ပထမဦးဆုံး အရေးအသားဖြင့် မှတ်တမ်းတင်ခဲ့သော စာဖြစ်သည်။ ဤစာတမ်းတွင် ရေးခဲ့သည်မှာ နာဂလူမျိုးများသည် ကုလားလူမျိုးများနှင့် သွေးသားအားဖြင့်သော်၎င်း၊ စာပေစကားနှင့် ယုံကြည်ကိုးကွယ်မှုသော်၎င်း၊ အစားအသောက် အနေအထိုင် ဓလေ့စရိုက်များအပါအဝင် လူမှုရေးရာ ယဉ်ကျေးမှုအားဖြင့်သော်၎င်း လုံးဝ ကွာခြားသည်။ ထို့ပြင်ရှေးပဝေသဏီမှစ၍ ကုလားလူမျိုးများနှင့် ဆွေမျိုးမိတ်သင်္ဂဟ မရှိခဲ့ပါ။ ထို့ကြောင့် နာဂတောင်တန်းအား အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြင်ဆင်သော စီမံကိန်းတွင် မပါဝင်စေဘဲ။ထိုစီမံကိန်း၏ အပြင်ဘက်တွင် ထားစေလိုကြောင်းနှင့် ဗြိတိသျှလူမျိုးများသည်အိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးပြီး မိမိနိုင်ငံသို့ ပြန်သွားပါက နာဂနိုင်ငံအား အိန္ဒိယ
လူမျိုးများ၏ လက်အောက်သို့ ပေးမသွားရန်။ နာဂလူမျိုးများသည် ဘိုးဘွားလက်ထက် အစဉ်အဆက်ကတည်းက လွတ်လပ်စွာ နေထိုင်လာခဲ့ကြသည့်အတိုင်း မိမိဖာသာမိမိတို့လွတ်လပ်စွာ နေထိုင်ရပ်တည် သွားလိုကြောင်း ရေးသားတင်သွင်းခဲ့သည်။ဆီမွန်ကော်မီရှင်သည် ထိုနာဂကလပ်၏ စာတမ်းကို ဗြိတိသျှလွတ်တော်သို့တင်ပြခဲ့သဖြင့် ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေအရ နာဂတောင်တန်းအား အိန္ဒိယပြည်မတွင်မပါဝင်စေဘဲ ခြွင်းချန်နယ်မြေ (Naga Hills Excluded Area) ဟု သတ်မှတ်ခဲ့သည်။

(၂) ဒုတိယကမြာစစ် နောက်ပိုင်း နာဂနိုင်ငံရေး၊
ဒုတိယကမ္ဘာစစ် အစပိုင်းတွင် နာဂလူမျိုးတို့သည် ဂျပန်များအား အကူအညီပေးခဲ့
သည်။ သို့ရာတွင် နာဂများ အပေါ် ဂျပန်များက ကြမ်းတမ်းရက်စက်စွာ ဆက်ဆံလာသောအခါ မဟာမိတ်တို့နှင့် ပေါင်းခဲ့သည်။ အမှန်မှာ ထိုသို့ ရက်စက် ကြမ်းကြုတ်သူများမှာဂျပန်များနှင့်ပါလာသော အိန္ဒိယစစ်သားများသာ ဖြစ်သည် ဟုဆိုသည်။
ဒုတိယကမ္ဘာစစ် မပြီးမှီ နာဂတောင်တန်းတွင်နောက်ဆုံးဗြိတိသျှ ခရိုင်ဝန်မင်းကြီး
သည် Sir Pawsay ဖြစ်သည်။ ထိုခရိုင်ဝန်သည် ၁၉၄၅ ခုနှစ် ဧပြီလတွင် (Naga Hills District Tribal Council-NHDTC) ကို ဖွဲ့စည်းခဲ့သည်။ ထို သို့ဖွဲ့စည်းပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ- အာသန်ပြည်နယ်အတွင်း နာဂတောင်တန်းသည် အထူးခရိုင်(Autonomous District) အဖြစ် ရပ်တည်နိုင်ရန်ဖြစ်သည်။ ဒုတိယကမ္ဘာ စစ်ပြီးစ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၂) ရက်နေ့တွင် ထို NHDTC အစည်းအဝေး ကျင်းပရန်
ဝေါ်ခါး (Wakha) မြို့တွင် နာဂခေါင်းဆောင်များ စုရုံးလာခဲ့ကြသည်။ ထိုသို့စုရုံး
တက်ရောက် လာခဲ့ကြသော နာဂခေါင်းဆောင်များသည်။ ထိုနေ့တွင်ပင် NHDTC အစား“နာဂအမျိုးသား ကောင်စီ-နအက (Naga Nation Council-NNC)” ကို ဖွဲ့စည်း၍နာဂနိုင်ငံ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိန်းရန်အတွက် မားမားမတ်မတ် ရပ်တည်လာခဲ့သည်။
ထိုသို့ နာဂအမျိုးသားကောင်စီ ဖွဲ့စည်းပြီးနောက် ဗြိတိသျှဝန်ကြီး ကော်မရှင်
(British Cabinet Commission) သည် အိန္ဒိယမြို့တော် နယူးဒေလီသို့
ရောက်ရှိလာခဲ့သည်။ ထိုအခါ နအက ခေါင်းဆောင်များသည် ၁၉၄၆ ခုနှစ် ဧပြီလ (၉)
ရက်နေ့တွင် စာတမ်းတစ်စောင်ရေးပြီး ထိုဝန်ကြီးကော်မရှင်ကို ပေးခဲ့သည်။ ထိုစာတွင်
ရေးခဲ့သည့် အဓိကအချက်မှာ “နာဂ၏ နောင်ရေးသည် ဗြိတိသျှအစိုးရ၏ အကြွင်းမဲ့
အာဏာနှင့် ဆုံးဖြတ်ခြင်းဖြင့် မချည်နှောင်ရာ၊ မဆွေးနွေး မတိုင်ပင်ဘဲ မည်သည့် တင်ပြချက်ကိုမှ လက်ခံမည်မဟုတ်” (The Naga future would not be bound by the arbitrary decision of the British Government. And any recommendation without consultation would not be accepted.)
ဟု ရေးသားခဲ့သည်၊
ထို့ပြင် ရှေ့စာမျက်နှာတွင် ဖေါ် ပြသည့်အတိုင်း ၁၉၄၆ ခုနှစ်တွင် Sir.Robert Reid နှင့် Sir. Rijinald Coupland တို့သည် မွန်ဂိုမျိုးနွယ်စုများ ဖြစ်ကြသော နာဂလူမျိုးများအပါအဝင် အိန္ဒိယ၏ အရှေ့ မြောက်ပိုင်းတွင်ရှိကြသော တောင်တန်းသားများနှင့်ဗမာပြည်ဘက်တွင် ခြွင်းချန်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့သော ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နှင့်ကရင်နီ စသည့် လူမျိုးများ အားလုံးအား ဗြိတိသျှ ဦးသျှောင် ကိုလိုနီ (British Crown Colony) အဖြစ်ဆက်လက်၍ ထားရှိရန် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်အား Cpupland Plan ဟုခေါ်တွင် ခဲ့သည်။အစီအစဉ်သည် မွန်ဂိုမျိုးနွယ်စုများအား အိန္ဒိယနှင့်ဗမာနိုင်ငံတို့တွင် မပါဝင်စေပဲ သီးသန့်နိုင်ငံ တည်ထောင်ပေးရန် ဖြစ်ခဲ့ဟန်ရှိသည်။ သို့သော်ထိုကောပ်ပလန် စီမံချက်ကိုလည်း နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များကလက်မခံပယ်ချခဲ့သည်။ ထို့ပြင် နာဂခေါင်းဆောင် ဦးဖီဇိုသည် Manipur, Assam, Maghalaya, Mizuramစသည့်နယ်မြေများသို့ လှည့်လည်၍ မိမိဖာသာလွတ်လပ်ရေး ကြေငြာကြရန် တိုက်တွန်းခဲ့သည်။ သို့သော် ထိုလူမျိုးများသည် ဦးဖီဇို၏အကြံပေးချက်ကို လက်မခံပဲ အိန္ဒိယပြည် ထောင်စုနှင့် ပေါင်းရန် လက်မှတ်ရေးထိုးခဲ့ကြသည်။တဘက်တွင်လည်း ချင်း၊ ကချင် နှင့် ရှမ်းတို့က ဗမာလူမျိုးများနှင့် ပေါင်းပြီး ပြည်ထောင်စုဗမာနိုင်ငံတော် တည်ထောင်ရန် ၁၉၄၇ ခုနှစ်ဖေဖေါ်ရီလတွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် ကော်ပလန်
စီမံချက်သည် အဖက်ဖက်မှ ပယ်ချလျက်သားဖြစ်ခဲ့သည်။
ထိုမျှမက ၁၉၄၇ ခုနှစ် မတ်လ (၂၇-၂၈) ရက်များတွင်လည်း နအကခေါင်းဆောင်များသည် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ (Sir.Clement Attlee)နှင့် Lord Simon, House of Lordd (၁၉၂၉-ခုနှစ်တွင်လာခဲ့သော ဆီမွန်
ကော်မရှင် အဖွဲ့ဝင်လူကြီးများ) ထံသို့ ထပ်မံ၍ Memorandum ရေးပြီး ၁၉၂၉ ခုနှစ်တွင်
ပေးခဲ့သောစာတမ်း မိတ္တူကော်ပီနှင့် အတူတွဲကာ ပေးခဲ့သည်။ ထိုစာတွင် နာဂလူမျိုးများအားအိန္ဒိယနိုင်ငံ.နိုင်ငံရေး ပင်လယ်ထဲသို့ ပစ်မသွားရန် နှင့် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံအားလွတ်လပ်ရေးပေး၍ ပြန်သွားသောအခါ နာဂများအား မိမိဖာသာ ဘိုးဘွားစဉ် ဆက်ကအစလွတ်လပ်စွာ နေထိုင်လာသည့် အတိုင်း နေနိုင်ရန် ချန်ထားခဲ့ပါရန် ပန်ကြားခဲ့ပြန်သည်။
အိန္ဒိယတိုက်ငယ် (Indian Sub-continent) တွင် ရှိကြသော လူမျိုးများက
အိန္ဒိယ ပြည်ထောင်စုတွင် ပါဝင်ရန် ၁၉၄၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသော်လည်း
နာဂလူမျိုးများက လက်မှတ်ရေးထိုးမှု မပြုခဲ့ပါ၊၊ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင်
အိန္ဒိယနိုင်ငံ၏ ဥပဒေပြုလွတ်တော် ကိုယ်စားလှယ်များ နာဂလန်းသို့ စေလွတ်ကာ မေလ(၁၉) ရက်နေ့မှစ၍ သုံးရက်တိုင် နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြသည်၊၊ ထိုအခါ အိန္ဒိယအစိုးရက နာဂအမျိုးသားများကို အိန္ဒိယပြည်ထောင်စုတွင်ပါဝင်စေလိုကြောင်း အိန္ဒိယအစိုးရ အနေဖြင့် အထူးပြည်နယ် (Autonomous State)သတ်မှတ်ပြီး နာဂများကို ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်ရုံးမှုများ ပြုခဲ့သော်လည်း နအက-ခေါင်းဆောင်များက လုံးဝ လက်မခံဘဲ ပယ်ချခဲ့သည်၊၊ အိန္ဒိယနိုင်ငံ လွတ်လပ်သော နိုင်ငံဖြစ်မလာခင် နာဂနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ်သည်ဟု ပြောခဲ့သည်၊၊
ထို့နောက်တွင် နအက ခေါင်းဆောင်များနှင့် ပြေလည်မှု ရရှိရန်အတွက် အိန္ဒိယ
အမျိုးသား ကွန်ဂရက် (Indian National Congress)သည် နာဂလန်းသို့
အာသန်ပြည်နယ်ဘုရင်ခံ(Governor-Arkbar Ali Hydari) ကို ၁၉၄၇ ခုနှစ်
ဇွန်လတွင် စေလွတ်၍ ထိုလ (၂၆) ရက်နေ့တွင် အချက်(၉) ချက်ပါ (9-Point Agreement)စာချုပ်ကို နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ချုပ်ဆိုစေခဲ့သည်၊၊ဤစာချူပ်ကို ဆယ်နှစ်စာချုပ် (Ten year agreement) ဟုလည်း ခေါ်တွင်ခဲ့သည်။ထိုစာချုပ်တွင် နအက-အား အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး-အပါအဝင်မြေပေါ်မြေအောက်-သယံဇာတ အားလုံးအပေါ် အာဏာပေးခဲ့ပြီး။ ၎င်းစာချုပ် သက်တမ်း(၁ဝ)နှစ် ပြည့်ပါက နာဂလူမျိုးများ အနေဖြင့် ထိုစာချုပ် သက်တမ်းတိုးရန် သော်၎င်း သို့မဟုတ်နာဂလူမျိုးများ၏ ရှေ့ရေးအတွက် အိန္ဒိယ အစိုးရနှင့် အခြားစာချူပ် အသစ်ချုပ်ဆိုရန်သော်၎င်း ရွေးချယ်ပိုင်ခွင့် ရှိသည်ဟု အသိအလင်း ရေးသားခဲ့သည်၊၊ ထို့ကြောင့် နာဂလူမျိုးများသည် ထိုစာချုပ်အရ ဆယ်နှစ်နောက်ပိုင်းတွင် နာဂနိုင်ငံသည် လွတ်လပ်သောနိုင်ငံအဖြစ်ရပ်တည်မည်ဟု ပြောလာသောအခါ အိန္ဒိယအစိုးရက ထိုစာချုပ်ကို အကောင်အထည်မဖေါ်တော့ဘဲ သူတို့ဖာသာ တစ်ဖက်သတ် ဖျက်သိမ်း ခဲ့သည်၊၊ ထိုစာချုပ် တရားမဝင်တော့
ကြောင်းကို ၁၉၄၉ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် အာသန်ပြည်နယ် ဝန်ကြီးချုပ်က နာဂကိုယ်စားလှယ်များအား တရားဝင်ပြောခဲ့သည်၊၊ ထို ကိုယ်စားလှယ်များသည် အချက် (၉)ချက်ပါစာချုပ်ကို အကောင်အထည်ဖေါ်ရန် တောင်းဆိုလာသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ခဲ့သည်။
အထက်ပါစာချုပ် လက်မှတ်ရေးထိုးသောနေ့ ညနေပိုင်းတွင်ပင် အာသန်ပြည်နယ်
ဘုရင်ခံ Akbar Hydari က နာဂများအား ခြိမ်းခြောက်ခဲ့သည်မှာ နာဂများအနေဖြင့်
အိန္ဒိယပြည်ထောင်စုထဲ ပါဝင်ရန် ငြင်းမြဲငြင်းနေပါက အိန္ဒိယအနေဖြင့် အင်အားသုံး၍
နာဂတိုင်းပြည်ကို သိမ်းယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်၊၊ ထို့ကြောင့် နအက-ခေါင်းဆောင်များသည် ဦးဖီဇို (Phizo) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီးကို နယူးဒေလီတွင် သွားရောက် တွေ့ဆုံကာ နာဂအရေးကို ဆွေးနွေး ခဲ့သည်၊၊ နာဂလူမျိုးသည် အိန္ဒိယလူမျိုးမဟုတ်ကြောင်း။ နာဂနယ်မြေကို အိန္ဒိယက မပိုင်ကြောင်း။ နာဂလူမျိုးများသည် ၁၉၄၇ ခုနှစ် သဂုတ်လ(၁၄)ရက်နေ့တွင် မိမိဖာသာ မိမိလွတ်လပ်ရေးကြေငြာမည်
ဖြစ်ကြောင်း။ ကျွန်တော် တို့နိုင်ငံအား တိုက်ခိုက်လာတိုင်း ကျွန်တော်တို့အမြဲတမ်း ခုခံတိုက်ခဲ့သည့်အတိုင်း အိန္ဒိ ယနိုင်ငံက ကျွန်တော်တို့ နိုင်ငံအား တိုက်ခိုက်လာပါက တယောက်တည်းကျန်သည်အထိ မိမိနိုင်ငံကို ကာကွယ်သွားမည် ဖြစ်ကြောင်း မဟတ္တမဂန္ဒီကြီးအားအသိအလင်း ပြောခဲ့သည်၊၊ ထိုအခါ မဟတ္တ မဂန္ဒီကြီးက “ကျွန်တော်တို့သည် ဗြိတိသျှလက်အောက်ခံအဖြစ် မနေချင်၍ ဗြိတိသျှများအခု ပြန်နေကြပြီဖြစ်သည်။ ထို့အတူနာဂလူမျိုးများသည်လည်း အိန္ဒိယ လက်အောက်ခံအဖြစ် မနေလိုပါက အိန္ဒိယနိုင်ငံ၏အပြင်ဘက်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင် ကြောင်း လွတ်လပ်ရေးကြေညာရန်သဂုတ်လ (၁၄) ရက်နေ့အထိ စောင့်နေရန် မလို ကြောင်း ယနေ့ပင် ကြေညာနိုင်ကြောင်း
ပြောခဲ့သည်၊၊ အိန္ဒိယ အနေဖြင့် နာဂလူမျိုးများအား အတင်းအကျပ်ပြုကာ အိန္ဒိယ
ပြည်ထောင်စုထဲသို့ သွတ်သွင်းမည် မဟုတ်ကြောင်း နာဂများသည် လွတ်လပ်သော
တိုင်းပြည်အဖြစ်ရပ်တည်ပိုင်ခွင့် ရှိကြောင်း ပြောခဲ့သည်၊” ထိုအခါ နာဂခေါင်းဆောင်များမှအာသန်ပြည်နယ် ဘုရင်ခံက အင်အားသုံးပြီး နာဂများအား အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းကို ပြန်ပြောပြရာ မဟတ္တမဂန္ဒိကြီးက “အိန္ဒိယအနေဖြင့်ဤသို့ပြုပိုင်ခွင့် မရှိကြောင်း အကယ်၍ အိန္ဒိယသည် ထိုသို့ အင်အားသုံးမည် ဆိုပါကနာဂတစ်ယောက်ကိုမျှ မသတ်မှီ ကျနော့်အား အရင်ပစ်သတ်ပါ”ဟု မိမိသည် အိန္ဒိယအစိုးရအားပြောမည် ဖြစ်ကြောင်း နာဂခေါင်းဆောင်များကို ကတိကဝတ်ပြုခဲ့သည်၊၊ ထိုသို့အပြန်အလှန် နားလည်မှု ယူပြီး နာဂလူမျိုးများသည် စီစဉ်ထားသည့်အတိုင်း ၁၉၄၇ ခုနှစ်သဂုတ်လ (၁၄)ရက်နေ့တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ဤသို့ဖြင့် မွန်ဂို မျိုးနွယ်စုထဲတွင်
နာဂလူမျိုး တမျိုးတည်းကသာ လွတ်လပ်ရေး ကြေငြာဖြစ်ခဲ့သည်၊၊ ထိုကြေငြာစာတမ်းကိုကုလသမဂ္ဂသို့၎င်း၊ ဗြိတိသျှအစိုးရအား၎င်း ချက်ချင်း သံကြိုးရိုက် ပေးပို့ခဲ့ည်၊၊ ထို့ပြင်ဗြိတိသျှ-အိန္ဒိယ အစိုးရအားလည်း တရားဝင် အကြောင်းကြားခဲ့သည်၊၊ နောက်တစ်နေ့သဂုတ်လ (၁၅)ရက်နေ့တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယနိုင်ငံအား လွတ်လပ်ရေး ပေးကြောင်း
ကြေငြာခဲ့သည်၊၊
တဖန် ယခုလက်ရှိ အိန္ဒိယပြည်နယ်အားလုံးသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို
လက်ခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၆) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်၊၊ထိုအခါ၌လည်း နာဂများသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေ ကို လက်မခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် နာဂအမျိုးသားကောင်စီမှ တင်ကြိုကြေငြာခဲ့သည်၊၊ ထိုကြေငြာချက်ကို ကမ္ဘာ့ကုလသမဂ္ဂသို့၎င်း နယူးဒေလီ မြို့ တော်တွင် အခြေစိုက်သည့် နိုင်ငံတကာ
သံရုံးအားလုံးသို့၎င်း ပေးပို့ခဲ့သည၊်၊ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုခဲ့သော ရက်အားအိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနေ့ (Republic Day) အဖြစ် သတ်မှတ်လာခဲ့သည်၊၊
ထို့ နောက် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် နာဂလူမျိုးများသည်
လွတ်လပ်ရေး ကြေငြာချက်ကို အတည်ပြုရန် လက်မပုံစံပေး (Plebiscite) ဆန္ဒခံယူပွဲ
ကျင်းပမည်ဖြစ်ကြောင်း နအက ဥကဌ ဦးဖီဇိုက အိန္ဒိယအစိုးရ သမ္မတအား တရားဝင်
အကြောင်းကြားခဲ့သည်၊၊ ထိုဆန္ဒခံယူပွဲသို့ အိန္ဒိယအစိုးရက လေ့လာသူများ စေလွတ်ပေးပါရန်လည်း ပန်ကြားခဲ့သည်၊၊ ထိုသို့ စီစဉ်ထားသည့် အတိုင်း ၁၉၅၁ ခုနှစ် မေလ (၁၆)ရက်နေ့တွင် နာဂအမျိုးသား ကောင်စီမှ ဦးဆောင်၍ ထိုဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်၊၊
ထိုဆန္ဒခံယူပွဲတွင် နာဂလူမျိုး ၉၉ရာခိုင်နှုန်းက နာဂလူမျိုးသည် လွတ်လပ်သောနိုင်ငံ
အဖြစ်သာ ရပ်တည်မည်ဖြစ်ကြောင်း လက်မပုံစံပေး၍ ဆိုင်းထိုး ခဲ့ကြသည်၊၊ ထိုဆန္ဒခံယူပွဲကျင်းပခြင်းအားဖြင့် နာဂပြည်သူလူထုက နာဂအမျိုးသားရေးတွင် ပြောပိုင် ဆိုပိုင် လုပ်ပိုင်ခွင့်(Mandate) ကို လည်း နာဂအမျိုးသားကောင်စီအား တညီတညွတ်တည်း ပေးခဲ့သည်၊၊
၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမ ဦးဆုံးသော
အထွေထွေ မဲရွေးကောက်ပွဲကို ကျင်းပခဲ့သည်၊၊ နာဂနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံ၏ အစိပ်အပိုင်း ဖြစ်သည်ဟူ၍ နာဂနိုင်ငံတွင် မဲပုံးလာထောင်ခဲ့သည်၊၊ သို့သော် နာဂ လူမျိုးတို့သည်အိန္ဒိယလူမျိုးမဟုတ်။ နာဂနိုင်ငံသည် အိန္ဒိယနိုင်ငံမဟုတ်ဟူ၍ နာဂလူမျိုးအားလုံးက တညီတညွတ်တည်းဖြင့် ထိုရွေးကောက်ပွဲကိုပယ်ချခဲ့သည်၊၊ ထို့ကြောင့် ယှဉ်ပြိုင်သူမရှိ။ မဲတပြားမှမရရှိဘဲ မဲပုံးများကို အလွတ်ပြန် သယ်ဆောင် သွားခဲ့ရသည်၊၊ ထို့နောက် ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကို ၁၉၅၇ ခုနှစ့် ကျင်းပသောအခါ နာဂ နိုင်ငံတွင် မဲပုံးထောင်ရန်ကိစ္စကိုပင် အိန္ဒိယခေါင်းဆောင်များသည် စိတ်မကူး ဝံ့ခဲ့ကြတော့ပေ။ သို့ရာတွင် ၁၉၆၄ ခုနှစ်တွင် သေနတ်ဖြင့်ခြိမ်းခြောက်ပြီး နာဂများအား မဲထည့်ခိုင်းစေခဲ့သည်မှစ၍နာဂနိုင်ငံတွင်
အိန္ဒိယအစိုးရ၏ မဲရွေးကောက်ပွဲ စတင် လာခဲ့သည်၊၊
၁၉၅၂ ခု နှစ် မတ်လ (၁၂) ရက်နေ့ တွင် ဦးဖီဇို အမှူးပြုသော နာဂကိုယ်စားလှယ်
အဖွဲ့သည် အိန္ဒိယမြို့တော် နယူးဒေလီတွင် အိန္ဒိယ ဝန်ကြီးချုပ် ဦးနေရူး နှင့် တွေ့ဆုံခဲ့သည်၊၊
ထိုအခါ ဦးနေရူးက သူ့စားပွဲကို လက်သီးဖြင့် ထုပြီး “ကောင်းကင်ပြိုကျပါစေ၊ အိန္ဒိယနိုင်ငံအစိတ်စိတ် အမွှာမွှာကွဲသွားပါစေ၊ သွေးဖြင့် အိန္ဒိယနိုင်ငံကြီး နီရဲသွားပါစေ၊ ကျွန်တော်ဂရုမစိုက်ဘူး။ ဤကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူဘဲလာလာ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်နာဂတွေကို ဘယ်တော့မှ လွတ်လပ်ရေး ပေးမှာမဟုတ်ဘူး”ဟူ၍ ကြိမ်းမောင်း အော်ဟစ်
ပြောဆိုခဲ့သည်၊၊ ထိုအခါ နာဂခေါင်းဆောင် ဦးဖီဇိုက ယဉ်ကျေးစွာဖြင့် ဦးနေရူးအား အသိပေးပြောခဲ့သည်မှာ။ “ဦးနေရူး ကျွန်တော်တို့ နာဂတွေက အိန္ဒိယဆီက လွတ်လပ်ရေး တောင်းနေတာမဟုတ်ဘူး။ အိန္ဒိယကလည်း နာဂတွေကိုဘာမှ ပေးစရာမရှိဘူး။ ခုကျွန်တော်တို့ အိန္ဒိယဝန်ကြီးချုပ်ဆီ လာရခြင်းဟာ ကျွန်တော်တို့  နှစ်နိုင်ငံ ကောင်းမွန်စွာ ဆက်ဆံရေးအတွက်လာခြင်းသာ ဖြစ်ပါတယ်” ဟူ၍ ဦးနေရူး၏ စော်ကားမော်ကား ပြောဆိုမှုကို ယဉ်ကျေးသိမ်မွေ့စွာ တုန့်ပြန်ခဲ့သည်၊၊ ထိုအခါ ဦးနေရူးက အယှက်ရပြီး နာဂခေါင်းဆောင်ကြီးများ ထပြန်သော
အခါ သူကိုယ်တိုင် တံခါးဖွင့်ပေးခဲ့သည် ဟုဆိုသည်၊၊ အိန္ဒိယလူမျိုးတို့၏ ထုံးစံမှာ မိမိထက်အဆင့်အတန်းနိမ့်သည်ဟု ထင်ရသူများ ထပြန်သောအခါ ထိုသို့ထ၍ တံခါးဖွင့်ပေး ခြင်းမရှိပါ၊၊

(၃) အိန္ဒိယ ကျူးကျော်လာမှု

၁၉၅၃ ခုနှစ် မတ်လ(၃ဝ)ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူး (Nehru)
နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု တို့သည် နာဂလန်းကိုဟီးမားမြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်၊၊ ထိုခေါင်းဆောင် နှစ်ဦးအား နာဂလန်း၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန်အတွက်စာတမ်းတင်သွင်းရန် နာဂခေါင်းဆောင်များက ပြင်ဆင်ခဲ့ကြသည်၊၊ ထို့ကြောင့် ထိုအစည်းအဝေးသို့ နာဂလူမျိုး တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်၊၊ သို့ရာတွင် အစည်းဝေးစသည့် အချိန့် အိန္ဒိယနိုင်တငံ အာသန်ပြည်နယ် ခရိုင်ဝန်က နာဂများအား ဝန်ကြီးချုပ် နှစ်ဦးနှင့်
Interview တွေ့ဆုံခြင်းကို၎င်း Memorandum စာတမ်းပေးသွင်းခြင်းကို၎င်း ခွင့်ပြုမည်မဟုတ်ကြောင်း ကြေငြာ

“ဘုရားဖြိုတဲ့ မင်းအစိုးရ…… မိုးကြိုးပစ်ချပါစေသတည်း”



“ဘုရားဖြိုတဲ့ မင်းအစိုးရ…… မိုးကြိုးပစ်ချပါစေသတည်း”

လယ်တီသိမ်တော် ဖြိုဖျက်ရန် ကလီကမာ လုပ်ခဲ့သော အစိုးရအပေါ်ရေးသားထားသော သတင်းအချက်လက်များအတွက် တာဝန်ယူနိုင်ပါသည်……..(ဂိုလ်ရှယ်လေး)
“အသေ၀နာ စ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေ၀နာ
ပူဇာ စ ပူဇာနေယျာနံ” (လယ်တီဆရာတော်) ကပင် ထပ်မံ ပြုစာထားသော ဆုံးမစကားဖြစ်လေ၏။
ဗာလာနံ ဆိုတဲ့လူမိုက်တိုကို ကိုယ်ပေါင်းစိတ်ခွာနေနိုင်ခြင်း၊ လုံးဝ အပေါင်းအသင်းမလုပ်ခြင်း ၊ ပညာရှိသူတို့ကို မှီဝဲဆည်းကပ် ယုံကြည် ကြည်ညိုခြင်း၊ ပူဇော်ထိုက်သောသူ၊ ချီးမြင့်မြှောက်စားထိုက်သူတို့ကို ပူဇော်ခြင်း၊ ချီးမြှင့်မြှောက်စားခြင်းသည် မင်္ဂလာမည်ပါပေသည်ဟု ဗုဒ္ဓဘုရားရှင်က အခိုင်မာ ဟောကြားခဲ့၏။
ဗုဒ္ဓဘုရားကိုယ်တိုင်ပင် လူမိုက်ပေါင်းများစွာအား ချွတ်တော်မူခဲ့လေသည် သို့သော် လူမိုက်အားလုံးကျွတ်တန်း မ၀င်ခဲ့ကြသည်မှာလည်း အများပင် ရှိခဲလေသည်။
ထို့အပြင် ဗုဒ္ဓဘုရားသခင် သက်တော် အထင်ရှားရှိစဉ်ကပင် ဘုရားရှင်ထံအား မိမိမြင်မက်သော အိမ်မက် တို့အား ပြန်လည် အနက် အဓိပ္ပါယ်ဖွင်ွှ့ဆိုပေးရန် လျောက်တော်တင်သော ကောသလမင်း ၏ ပထမဆုံးသော မြင်မက်သည့် အိမ်မက်က အောက်ပါအတိုင်းဆိုလေသည်။
ကောသလမင်းအိပ်မက်(၁၆ ချက်)မှ အချက် (၁) ဖြစ်သည့် ပထမဆုံး မြင်မက်သော အိမ်မက်မှာ…
“အရှင်းဘု ရား အဖိုးတသိန်းထိုက်သော စန္ဒကူးနှစ်ကို ရက်တတ်ပုပ် ရည်ဖြင့် လည်းးစာသည်ဟု ထူးဆန်းစွာ မြင်မက်ပါသည်ဘုရား “ဟု လျှောက်၏။

ဘုရားရှင်းက
“မင်းကြီး ငါဘုရား၏ သာသနာတော် ဆုတ် ယုတ်ချိန်တွင် ပစ္စည်းလာတ်လာဘများကို မျော်လင့်၍ တရားဒေသနာများကိုဟောကြားပေလိမ့်မည်။ အသာပြာမက်သော ရဟန်းပျက်များသည် လမ်းဆုံ လမ်းခွ လမ်း မတို၌ ကျပ် ပြား မူးမတ် စသောအသာပြာများကိုမက်၍ ဟောကြားပေလိမ့်မည်။ အဖိုးတသိန်းထိုက်သော စန္ဒကူးနှစ်ကို ရက်တက် ရည် တို့နှင့် လဲစား၊ ရာင်းစားသကဲ့သို တန်ဖိုးရှိသော ငါဘုရား၏တရားဒေသနာများကိုလည်း ပစ္စည်းလေးပါးလာတ်လာဘကိုမျော်လင့်၍ ဟော ကြားကြပေလိမ့် မယ်” ဟူ၍ မိန့်တော်မူသည်။

ယခု လယ်တီသိမ်တော်သည် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင် ထွန်းတောက် ထင်ရှားခဲ့လေသော လယ်တီဆရာတော်ဘုရားကြီး၏ သာသနာဂုဏ်အား မဖြစ်စလောက်ကြေးနီပိသာဖြင့် ဦးပိုင်နှင့် လက်ရှိအစိုးရ ဦးသိန်းစိန် နှင့် မဟာ သံဃ နာယက တို့ လဲစား ရောင်းစား ဖြိုဖျက်လေတော့မည်။

သာသနာ ဦးဆောင် ဆရာတော်ကြီးများအား မည်သို့ လဒ်လာဘများ ပူဇော်လှူတန်းသည်ကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး နှင့် သာသနာရေး ၀န်ကြီးဌာနမှ ပုဂ္ဂိုလ်များ မိမိကိုယ်ကို မိမိ အသိဆုံး ဖြစ်ပေလိမ့်မည်။

လက်ပံတောင်းကြေးနီးမိုင်းတွင်း ၀န်းကျင်မှ ဖြစ်ခဲ့လေသော သာသနာ အမွေခံ ဘုရားသားတော်များအား မီးလောင်ဗုံးဖြင့် ပစ်ခွင်း ရှင်းခဲ့လေသော နိုင်ငံတော်မှ အကြမ်းဖက်ခဲ့သည် နိုင်ငံတော်အကြမ်းဖက်မှုသည်ကား အလွန်ထင်ရှားလွန်းပြီး အဆိုပါအကြမ်းဖက်မှုအတွက် အများပြည်သူ ဗုဒ္ဓဘာသာဝင်များပင်မက နိုင်ငံတကာမှ ဘာသာခြားများကပင် ဂရုနာသက်ခြင်း ဖြစ်ရကာ အရေးယူရန်တောင်းဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အရေးပေါ် လုပ်အားပေး ပေါ်တာခေါ်ကာ ခုခံကာကွယ်သော နည်းလမ်းဗျူဟာတခု ကျင့်သုံးခဲ့သည်မှာ ထင်ထင်ရှားရှားရှိခဲ့လေသည်။

ထိုကြောင့် အဆိုပါ အကြမ်းဖက်မှု သည် လက်ပံတောင်းတွင် နိုင်ငံတော်မှ ကြူးလွန်သော အကြမ်းဖက်မှုဖြစ်ရာကာ ၄င်းအကြမ်းဖက်ခြင်း၏ အနာဆာ ကိုလည်း ရှာမတွေလေအောင် သို့မဟုတ် ထိုးပြစရာ အမှတ်သားတခုခုမှပင် ကျန်ရစ်နေခြင်းမဖြစ်ရအောင် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ တင်ပြထားသော စာကို စာရေးသူ မိတ္တူရရှိခဲ့သည့်အပြင် နိုင်ငံတော် သမ္မတကြီးထံသို့ လက်ပံတောင်း ရာဇ၀တ်မှုအား ပပျောက်သွားစေရန် အစရှာ မတွေအောင် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (၆) ကြိမ်တိတိ တွေ့ဆုံပြီး ဆွေးနွေးခဲ့လေသည်။

ဦးသားအေး (စစ်ကိုင်းတိုင်း) ၀န်ကြီးချုပ်တင်ပြလာသော ဆွေးနွေးလာသော အကြောင်းချင်းရာများနှင့် ရှေ့ဆက် လုပ်ကိုင်ဆောင် ရွက်ရန် နည်းလမ်းများအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ တပ်မတော် အရာရှိကြီးဖြစ်သော ဗိုလ်ချုပ်ဝေလွင် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဆုံးဖြတ်ချက်သည် ထိုအချိန်တွင် တပြိုင်တည်း တညီတညာတည်း ဖြစ်ခဲ့သည်ကို စာရေးသူအား လက်ရှိ အစိုးရမှငြင်းဆိုလျှင် အထောက်ထားများဖြင့် ဆက်လက် ဖေါ်ထုတ်တင်ပြပေးရပါလိမ့်မည်။

၎င်းတို့၏ ဆုံးဖြတ်ချက်မှာ လက်ပံတောင်းဒေသ လက်တီသိမ်တော်နှင့် ဆက်ဆပ်ဝန်းကျင်အားလုံးအား အနေထားတခုအရ ပျောက်ပြက်ရွေ့လျားသွားရန် ဖြစ်ပြီး အချိန်ယူပြီး လုပ်ဆောင် ရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။ ယခု ၄င်းတို့၏ အစီမံအတိုင်း ကြူးလွန်ခဲ့ဘူးသော ရာဇ၀တ်မှုကြီးအား ပပျောက်ရန်အပြင် ၀မ်ပေါင်နှင့် သဘောတူထားသော လုပ်ငန်းသဘောတူညီချက်များကိုပါ အကောင်ထည်ဖေါ်ပြီးသားဖြစ်လေအောင် ကျွဲကူးရေပါ စကားရပ်နှင့်အညီ လုပ်ဆောင်ကြောင်း မြင်နိုင်ပါသည်။

ဝမ်ပေါင် ကုမ္မဏီမှ တရုတ်နိုင်ငံ ဘရင်ကျင်း မြို့ ဘုရင်ကျင်း ယာဉ်ကျေးမှု တက္ကသိုလ်မှ ပေါမောက္ခ ချီယန်လူ အား လက်ပံတောင်း စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များအားသွားရောက်၍ တင်ပြကာ အကြံဥာဏ်တောင်းခဲ့လေသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာပင် အဆိုပါ ပါမောက္ခမှ လက်ပံတောင်းစုံစမ်းရေးကော်မရှင်၏ အကြံပြုချက်သည် အလွန်ကောင်းမွန်သော်လည်း မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည့် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေမဟုတ်ကြောင်းနှင့် မိမိတို့၏ သဘောတူ ထားချက် အရအတိုင်းဆက်လက် ဆောင်ရွက်လုပ်ကိုင်လိုက လုပ်ကိုင်နိုင်ကြောင်း အဖြေထုတ်ပေးခဲ့လေသည်။

သို့တင်မက လယ်တီသိမ်နှင့် စေတီတော်အား ဖြိုဖျက် နိုင်ရန်အတွက် မဟာသံဃနာယက သြ၀ါဒ ဆရာတော်ကြီးများ အသီးသီးနေထိုင်သော ကျောင်းတော်သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် တရုတ်ပြည်မှ စီမံကိန်းတာဝန်ရှိသူ နှစ်ဦး တို့ ချောင်းပေါက်မတတ်ဝင်ထွက်လျောက်ထားနေသော အကြိမ်ပေါင်း ၁၄ ကြိမ်မျှလောက်ရှိရောက်ရှိကာ လျာက်ထားတင်ပြနေဘူးသည်ဟု သံဃနာယကဆရာတော်ကြီးတပါး ထံမှ သိရသည်။

ဆရာတော်များအနေဖြင့် တားမြစ်ရန် ငြင်းခုံခြင်း လုပ်နေမည်အစား ဦးသာအေးနှင့် အစိုးရဘက်မှဖွဲ့စည်းထားပေးသော သာသနာရေးဝန်ကြီး ဌာနမှ ပုဂ္ဂိုလ်များ၏ အစီမံအတိုင်း နောက်ဆုံး တွင် စကားနည်း ရန်စဲဆိုသော ရှေးဟောင်းထုံးနည်းဖြင့် ခွင့်ပြုခဲ့ကြောင်း သိရသည်။

စာရေးသူ ရရှိထားသော အချက်လက်များအရ လယ်တီ သိမ်တော်အား ဖျက်သိမ်းဖြိုချရန် အတွက် ၁၈ နာရီမျှ အချိန်သာ ကြာမြင့်မည်ဟု အစီစဉ်ဆွဲထားကြလေသည်။ တနေ့သော မသတ်မှတ်ရသေးသည့် နေ့ရက်တခု၏ ညနေခင်း ၄ နာရီမှ နောက်တနေ့နံနက်ခင်း နံနက် (၈) နာရီတွင် လက်ရှိ လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီတော်မှာ အစရှာမရအောင်ပင် ပျောက်ခြင်းမလှ ပျောက်စေနိုင်သော မြေတူးစက် ၀န်ချီစက်ကြီးများ ဖြင့် အပြတ်ရှင်း အမြစ်ဖြုတ်လေပေမည်။

ဝမ်ပေါင်နှင့် လက်ရှိ အစိုးရ ဖွတ်တို့၏ သမ္မတ တို့ လောဘဇောတိုက်ပုံများက အံ့မခန်းလိလိပင်တည်း။
ဦးသိန်းစိန်သည်.. မြစ်ဆုံကို မြွေမသေဒုတ်မကျိုး အလည်စီးရိုးတွင် နေပြကာ ပြည်သူများအား မျက်လှည့်ပြလေသော လက်လှည့် နုတ်လှည့် အတည့်မှ ဇောက်ထိုး လုပ်တတ်သူတယောက်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ မြစ်ဆုံကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခန်းတိုက်ရိုက်ထုတ်လွှင့်မှုတွင် တင်ပြဘူးလေသည်။

ယခု ၀မ်ပေါင်က ဈေးချောင်ချောင်နှင့် ၀င်နိုက်ကာ ခရိုနီ စစ်ပဒေသရာဇ်တသိုက်နှင့် လောဘဇော တိုက်နေကြသည်မှာ ကန်းကုန်နေလေပြီ။
လောဘဟုဆိုရာဝယ်….. ကာမဂုဏ်အာရုံများတွင် အမှားအမှန်ခွဲခြားခြင်း မရှိပဲ မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုသည်။

ယခု လက်ပံတောင်းဒေသ မြေဧက ၇၀၀၀ထောင်ကျော် တောင်ကြီးတောင်ငယ်ပေါင်း ၃၃ လုံးတို့အား မရမက လိုချင်နေကြလေပြီ။ ထိုတောင်များတွင်မက ထိုတောင်ကြီးများတလျောက်တွင် ရှေ့ယခင်ဆက်ဆက် တည်ထားကိုးကွယ်ခဲ့ကြလေသော သာသန အဆောက်အုံ များအား ဖယ်ရှားလိုမှု ဖြိုဖျက်လိုမှု တို့ ဖြစ်ပေါ်လာခဲ့လေပြီ။ တရားဝင်ဖျက်ဆီးရန် အခွင့်ရသွားလေပြီ၊ တရားဝင်မှုဆိုသည်မှာ သူတို့ပြုထားသော ကလိမ်ချုံဥပဒေနှင့် သူတို့နှင့် ပေါင်းဖက်နေသော သံဃာဂိုဏ်းချုပ်ကြီး တို့မှ ဒေသခံ ဗုဒ္ဓဘာသာဝင်များ ကြည်ညိုကိုင်းရှိုင်းသူများ သံဃာတော်များ၏ သဘောထားဆန္ဒတို့အား မေးမြန်းကောက်ခံခြင်းမရှိပဲ ၄င်းတို့ရေးဆွဲ ချမှတ်ခြင်း ဖြစ်လေ၏။

ဘုရားရုပ်ထု ဘုရားစေတီနှင့် ဘာသာရေးအရ တည်ထားကိုယ်းကွယ်ကြသော ဘာသာရေးအဆောက်အုံတို့အား ဖယ်ရှားခြင်း ပြောင်းရွှေခြင်း ဖြိုဖျက်ခြင်းစသော အကြောင်းများတွင် စီပွါး လဒ်များ မျှော်ကိုး၍ စေတီ သိမ်တော် ဘုရားပုထိုးများ အား ဖျက်ဆီးခြင်း ပြောင်းေ၇ွ့ခြင်းများ မလုပ်ရ မလုပ်အပ်ဟု (မဟာ သုဒ္ဒါရုံအဆုံးဖြတ်၊ စေတိယ ပက္ကာသဏီကျမ်း ) တို့တွင် အတိလင်း ပြဌာန်း တားမြစ်ထားသည်ကို မဟန နှင့် လက်ရှိ အစိုးရတို့ အရှက်ကင်းမဲ့စွာ ချိုးဖေါက်လိုက်ကြသောကြောင့် စာရေးသူမှ အထက်တွင် ဖေါ်ပြခဲ့သော ကောသလမင်း အိမ်မက်၏ ပထမဆုံးအချက်ဖြင့် ဥပမာပေးထောက်ပြရခြင်း ဖြစ်ပါ၏။
သို့ကြောင့် ဗုဒ္ဓဘုရားရှင် လက်ထက်က ဇာတ်ထုတ် တစ်ခုအား ပြေးသတိရမိသည်။
ဗိဗ္ဗိသာရမင်းကြီးကမှာ ဘုရားရှင်၏ တကာရင်းဖြစ်နေသောငြားလည်း သားတော် အဇာတသတ်လေးကို ချစ်လွန်းလို့ ဘုံမြင့်ပြဿ်တွေနဲ့ ရှု့မငြီးအောင် နေစေခဲ့သည်…..သို့သော်လဲ လူမိုက်နဲ့ ပေါင်းသင်းမိတဲ့အတွက် မိမိကိုယ်တောင် ပြန်သတ်နိုင်အောင် ချစ်မီးတောက်ခဲ့လေသော အကြောင်း တွေ့ရလေသည်။ ယခုလဲ မဟာသံဃ နာယကမှ တပည့်ဒကါများဖြစ်နေသော ယခင်ကလည်း ဖြစ်နေခဲ့သော သမ္မတ ဦးသိန်းစိန်အစိုးရ နှင့် စစ်ဘီလူး စီးပွါးရေး သမား ဦးပိုင်တို့အား မေတ္တာဖြင့် ခွင့်ပြုခဲ့တော်မူမည်သော်လည်း …. ဗုဒ္ဓဘာသာဝင်များမဟုတ်သော စီးပွါးရေး ကိုသာ ဇောင်းပေး လုပ်ကိုင်နေသည့် ဟန်မျိုးနွယ်လူမိုက်တရုတ် တို့၏ ကုမ္ပဏီနှင့် ပေါင်းကာ တိုင်းပြည်၏ ရှေ့ဟောင်း သမိုင်းဝင် သနာသနိက အဆောက်အုံအား အတိလင်း ဖြိုချပေတော့မည်။

သို့တင်မက စာရေးသူ အခိုင်မာ ဆုပ်ကိုင်မိနေသော ယုံကြည်မှုတခု စွဲစွဲမြဲမြဲ ဆက်လက်ဆုပ်ကိုင်ထားသည်မှာ…
ဘုရားရှင်ဗုဒ္ဓမြတ်စွာအား ဆွမ်းကြွတော်မူလောသော အချိန်ဝယ် တောင်ကုန်းမြင့်အထက်မှ ကြီးမားသော ကျောက်တုံးကြီး တွန်းလှိမ့်ချကာ သေကြောင်းကြံစည်ခဲ့သော ယောက်ဖတော် ဒေ၀ဒ္ဒတ္တအား စာဖတ်သူများ ပြန်လည်တွေ့ရှိနိုင်သည်။ သို့သော် သူ၏ ယုတ်ညံ့စုပ်ချာသော အကြံစည်တို့ မအောင်မြင်ခဲ့ပါ။ သူသာလျှင် နောက်ဆုံး အစိမ်းလတ်လတ် မြေမျိုခံရသော ပဥ္စနန္ဒိယကံထိုက်ခဲ့လေသည်။

ယခုတွင်လည်း လယ်တီဆရာတော်ဘုကြီးကိုယ်တိုင် ရေစက်ချ တည်ထားကိုးကွယ်ခဲ့သော လက်ပံတောင်း စေတီတော်မြတ်အား ရွှေပြောင်းခြင်း ၊ ဖြိုဖျက် ဖယ်ရှားခြင်းများ ပြုလုပ်ကြလေတော့မည့် အဓိက အကြောင်းတရားသည် လောဘ ဖြစ်လေသည်။

ထိုဘုရားကြီး၏ အောက်တည့်တည့်တွင် အလွန်အရေးပါသော ရွှေကြောကြီး ရှိနေသည်ဟု တရုတ် ဘူမိဗေဒသမားတို့၏ တွေ့ရှိမှုက အရင်းခံခဲ့၏။ ထိုရွှေကြောကြီးအား တိုက်ရိုက် အလွယ်တကူ ဖောက်ထွင်း တူးဖေါ်နိုင်ရေးအတွက် လက်ရှိအစိုးရနှင့် တရုတ်တို့ ဘာမဆိုလုပ်ကြလေတော့မည်။ ယခင်လည်း သံဃာတော်များအား မီးလောင်ဗုံးဖြင့် လောင်တိုက်သွင်းခဲ့သော နေရာနှင့်လည်း အလှမ်းမဝေးသောနေရာတွင်ရှိနေလေသည်။

လက်ရှိဖြစ်ပေါ်နေသော လယ်တီသိမ်ကျောင်းဖြိုဖျက် ပြောင်းရွေ့ရေးသည် လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်မှ အကြံပြုထားသည့် အတိုင်းမဟုတ်သည့်အတွက် အဆိုပါ ကော်မရှင်းတွင်လည်း တာဝန် အတိုင်းတာတခုထိ ၇ှိနေပေသည်ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်း ဒေသ စီမံကိန်းနှင့် ရာဇ၀တ်မှု စုံစမ်းရေး ကောက်မရှင်အနေဖြင့် နားလည်သင့်ပေသည်။
သို့သော် နောင်တွင် ဖြစ်ပေါ်လာနိုင်ချေရှိသည့် အကျိုးဆက်ဟုဆိုနိုင်သော အကြောင်းတရားများအရ ဘကြီးတော် ဘုရားလက်ထက်တွင် ကျော်ဇော် တိကမ အလွန်ရှိပြီး တရားဓမ္မစာပေတွင် အထူးနှံစပ် ကျွမ်းကျင်သော ဆရာတော် ဦးဗုဒ်၏ သံသယာစကားအရဆိုပါလျှင် ကံ ကံ၏အကျိုး အမြဲပင် ရှိပါကြောင်းနှင့် မမြဲသော လက်ရှိခန္ဓာသည် မိမိပြုသော ကံသုံးပါး (ကိုယ်၊ စိတ်၊ နှံ့လုံး)တို့မှ ထွက်ပေါ်လာသော အရာတို့အား ပြန်လည်သက်ရောက်မှုမှာ ထာဝရ တည်ရှိနေပါကြောင်း နှင့် ဘုရားဖြိုသော အစိုးရအား မိုးကြိုးပစ်ချပါစေသတည်းဟုပင် ကျိမ်စာတိုက်ရပါသည်။

လက်ပံတောင်းဒေသခံများကိုယ်စား…ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့်. နေပြည်တော် အာဏာပိုင်များနှင့်…စစ်ပဒေသရာဇ် ဦးပိုင် ကုမ္မဏီ ခေါင်းဆောင်များအား တိုက်ရိုက်ရည်ညွန်းပါသည်။…

စာဖတ်သူများအား ကျေးဇူးအထူးတင်ပါသည်
အစိုးရနှင့် မဟန ၏ ငြင်းဆိုနိုင်သော အချက်လက်များကို ဖိတ်ခေါ်ပါသည်…..

ဘုရားပြောင်းရွှေခြင်း ဖယ်ရှားခြင်း ဖြိုဖျက်ခြင်းများနှင့်ပတ်သက်၍ လိုက်နာရမည်ဖြစ်သော ရာဇ၀င် အချက်လက်များအား စာဖတ်သူများနှင့် သက်ဆိုင်ရာ လူကြီးမင်းများအနေဖြင်….
(မဟာ သုဒ္ဒါရုံအဆုံးဖြတ်၊ စေတိယ ပက္ကာသဏီကျမ်း) ဆိုသော ကျမ်းများ စာအုပ်များအား ဖတ်ရှု့ပြီး စဉ်းစားဆုံးဖြတ်စေချင်ပါသည်။
ဆက်လက်တင်ပြပေးပါဦးမည်…………

လယ်တီသိမ်တော် ဖြိုဖျက်ရန် ကလီကမာ လုပ်ခဲ့သော အစိုးရအပေါ်ရေးသားထားသော သတင်းအချက်လက်များအတွက် တာဝန်ယူနိုင်ပါသည်

ကြိုက်သလိုသာာ ဓမ္မဒါန ဝေမျှသည့်အနေဖြင့် အမျိုးသာသနာ တည်တံ့ရေးအတွက် ရှယ်နိုင်ကြပါသည်။

ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ

Hawdeka Khalaylay >>>> ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ ဦးသန်းရွှေ ဘာလုပ်သံကြီးဖြင့် ဝမ်းသာအားရပြောနေခြင်းဖြစ်သည်
(ပေးစာ)

တွေ့လား ငါ့အကွက်တွေ ဘယ်လောက်လှ လိုက်ထားလဲ ၊ ကြည့်စမ်း ၊ အားလုံး ရှုပ်ကုန်ပြီး ဟားဟားဟားဟား . .

တော်ကလဲ ၊ ဆိုင်းမဆင့် ဗုံမဆင့် ဘာဖြစ်လာတာလဲ တော့ . . .

ဦးသန်းရွှေ ၏ စကားသံအဆုံးတွင် ဒေါ်ကြိုင်ကြိုင်မှ ပြန်ပြောလိုက်ခြင်းဖြစ်ပါသည် ၊

ဒီမှာ ကြိုင်ကြိုင် အခုဆို နေရာတကာမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံသကာံမျက်လုံးတွေနဲ့ ကြည့်နေကြပြီ ၊ လူတွေ အားလုံး လန့်နေကြတယ် ၊ ဟို မျိုးစောင့် ဥပဒေ ကိစ္စ သိန်းစိန်က ရွှေမန်းဆီပို့လိုက်တာလေ . .

အေးလေ သိန်းစိန်က ရွှေမန်းဆီပို့တာ ဘာဆန်းလို့လဲ သိန်းစိန်က ရှင်ခိုင်းတဲ့ အတိုင်းပဲ လုပ်တတ်တာလေ ၊ ရှင်ခိုင်းလို့ ပို့တာမဟုတ်လား ၊

အေး အခု ရွှေမန်းက သိန်းစိန်ဆီ ပြန်ပို့လိုက်ကွ . . . ကြိုင်ကြိင်ရ

အော် ဒါလဲ ရွှေမန်းကို ပြန်ပို့လိုက်ဆိုပြီး ရှင်က ခိုင်းလို့ ရွှေ မန်းက ပြန်ပို့တာမဟုတ်လား . . ကျမက ရှင့် အကွက်တွေကို ဒါလောက်တော့ မြင်ပါတယ်တော် . . .

အေး အဲလို ဟိုဘက်က ဒီဘက်ကို လွှဲ ဒီဘက်က ဟိုဘက်ကို လွှဲပြီး အချိန်ဆွဲထားတာ အကြောင်းရှိတယ်ကွ . . . ဒါမှ ထောက်ခံတဲ့ သူတွေကလည်း စိတ်ထဲမှာ ရွစိရွစိဖြစ် . . . ကန့်ကွက်တဲ့ သူတွေကလည်း စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရဖြစ် . . . လူတွေ လူတွေ

ကြားမှာ ဖြစ်နေမှာနော် . . . အဲလိုဖြစ်ပြီး တစ်ယောက် နဲ့ တစ်ယောက်ကနေ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ဖြစ် ၊ အဲဒီကနေ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်ကြမယ်လေ . . .

ရှင်က လူတွေကို ရန်ဖြစ်ခိုင်းပြီး အာဏာပြန်သိမ်းချင်လို့လား တော့ . . .

ဘယ်ဟုတ်ပါ့မလဲ ကြိုင်ကြိုင်ရယ် ကိုကိုသန်းရွှေ က ဒီ့ထက်ပိုလျှင်ပါတယ် ဗျ . . . ဒီပုံစံ အတိုင်းဆို မကြာတော့ဘူး ဟို ဝီရသူ နဲ့ ဆန္ဒာဓိက နဲ့ နောင်ဂျိန်ချကြတော့မယ်လေ . . နောက်က အုပ်စုခြင်းပါ ချကြတော့မှာပေါ့ . . . ဗျ . . .

အဲ လို ချကြတော့ ဘာဆက်ဖြစ်မှာတုန်းတော့ . . .

ဟ စကားကို ဆုံးအောင်နားထောင်မှပေါ့ကွ . . . ဗမာတွေက အဲလို အချင်းချင်း နောင်ဂျိန်ချကြမယ် . . . တခြား တိုင်းရင်းသားတွေက သန်းခေါင်စာရင်းပြီးရင် နောင်ဂျိန်ချကြတော့မယ် . . . လာမယ့် သင်္ကြန်ဆို သေနတ်ပစ်သံတွေနဲ့ နားဝင်ချိုတော့မှာကွ . . .

ဘယ်လိုဘယ်လို သေနတ်သံတွေက ဘယ်လို ဘယ်နေရာက ထွက်လာမှာတုန်း . . .

ဟ . . ရန်စောင်နေတဲ့ အုပ်စု ၂ စု ကို နောက်ကနေ သေနတ်တွေ တိတ်တိတ် ပေးလိုက်ရင် ပွဲက အရမ်းလှသွားပြီလေ . . အမုန်းဆွဲကြတော့မှာလေ . . .

အလိုတော် ရှင်က ဒီလိုနည်းနဲ့ အောင်ဆန်းစုကြည်ကို အပြတ်ရှင်းမယ်ပေါ့ ဟုတ်လား . . .

အာ . . . မိန်းမရာ ငါဒီလောက် အပါ့မလားကွ . . . ဒါ ၂၀၀၄ မဟုတ်တော့ဘူးကွ . . ဒီတစ်ခေါက် ငါတို့ ရွှေ့မယ့် အကွက်မှာ သူက ဇာတ်ပို့ကွ . . သူ သေ ပေးစရာ မလိုဘူးကွ . . သူ က အသက်ရှည်ရမှာ . . . သူ အသက်ရှည်လေလေ ငါတို့ အိုကေ လေလေ

ပဲကွ . . .

ဘယ်လို ဘယ်လို ကျုပ်တော့ နားရှုပ်သွားပြီ . . ရှင်းပါအုံးတော့ . . .

ဟား ဟား ဟား ဒီလိုကွ . . . လာမယ့် သကြံန်မှာ အဲသလို လူအုပ်စုလိုက် သတ်တာဖြတ်တာတွေ သေနတ်နဲ့ ပစ်တာတွေ ဖြစ်လာပြီဆိုရင် ကမ္ဘာက စောင့်ကြည့်နေတဲ့ အကောင်တွေက ငါတို့ကို ဘာပြောမယ်ထင်သလဲ . . . ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့

မတန်သေးဘူး လို့ပြောမှာပေါကွ . . .

အဲဒီတော့ . . .

အဲဒီတော့ကွာ သူတို့က အောင်ဆန်းစုကြည် တစ်ယောက်ထဲနဲ့ မြန်မာပြည်ကြီးကို မထိန်းနိုင်တော့ဘူး ၊ မြန်မာပြည်သူပြည်သားတွေက မရင့်ကျက်သေးဘူး ၊ ဒီမိုကရေစီ နဲ့ မတန်သေးဘူး ၊ မြန်မာပြည်မှာ အာဏာရှင်တစ်ယောက်တော့ လိုသေးတယ်လို့ မြင်လာမှာလေ

ကွ . . . ဟား ဟား . . . အရင် အာဏာရှင်ပုံစံ မဟုတ်ဘူးနော် . . ဒီမိုကရေစီကို အားပေးထောက်ခံရှေးရှုသော အာဏာကိုချုပ်ကိုင်ထားနိုင်သူ ဆူပူနေတဲ့ တိုင်းပြည်ကို ငြိမ်းချမ်းအောင် သေနတ် နဲ့ ထိန်းထားနိုင်သူ ပေါ့ကွ . . . နီရိုအာဏာရှင်ပေါ့ကွ . . .

ဟားဟား ဟားဟား . . .

ရှင်ကတော့ ဉာဏ်နီဉာဏ်နက်တွေ အတော်ထုတ်နိုင်တာကိုး . .

ဒီလိုရှုက်ရှက်ခတ်နေတဲ့ အချိန်မှာ ငါတို့က ဝင်ထိန်းရမယ် ဒီမိုကရေစီလမ်းကြောင်းကနေ မသွေဖည်သွားအောင် ဝင်ထိန်းရတယ်ပေါ့ . . ဒီတော့ လွှတ်တော်အထဲမှာ ငါတို့ ၂၅% ယူထားတာကို ယူသင့်တယ်လို့ ပြောကြတော့ မှာလေ . . ဟဲ ဟဲ . . နောက်ပြီး

ဘာသာရေး အမျိုးသားရေး ပါတီ ဆိုတာတွေ ပေါ်လာမယ်လေ . . .

ဘာသာရေး ပါတီ ပေါ်လာဖို့ ဖြစ်နိုင်ပါ့မလား တော့ . . .

အာကွာ မင်းကလဲ အ ရန်ကော . . . သီရိလင်္ကာက ဆရာတော်တွေ ပင့်ပြီး တရားဟောခိုင်းလိုက်တာနဲ့ ဘာသာရေး ပါတီတွေ တင်မက ဘူး ဘုန်းကြီးတွေ ပါ မဲပေးလို့ ရသွားပြီပေါကွ . . .

အော် ရှင်က ဘုန်းကြီးတွေကိုပါ လွှတ်တော်ထဲ ထည့်အုံးမှာလားတော့ ရှင့် အကြံက တယ်ပိုင်ပါလားတော့ . . .

ဟဲ ဟဲ ၂၀၁၅ မှာ အပြတ်အသတ်နိုင်မယ်ဆိုတဲ့ ဒီချုပ် မျက်ရည်လေး တစမ်းစမ်း နဲ့ ဖြစ်နေမှာ မြင်ယောင်မိပါသေး အ ဟေး ဟေး . . .

ဒါဆို ၂၀၁၅ မှာလည်း ရှင့် တပည့်တွေပဲ နိုင်အုံးမှာပေါ ဟုတ်လား . . .

ဟုတ်တာပေါ့ကွ . . ဒီလိုပဲ ဖြစ်ရမှာပေါ့ . . ဒါပေမယ့် အနိုင်ရမယ့်ပါတီက ကြံ့ဖွံ့တော့ မဟုတ်တော့ ဘူး . . ကြံ့ဖွံ့ကို ငါတို့ ဖြူတ်ချလိုက်တော့မှာ . . .

ဘယ်လို ဘယ်လိုတော် . . .

အော် ဒီလို ရှုပ်ရှက်ခတ်တွေ ဖြစ်နေတဲ့ အချိန်မှာ ငါတို့ ကြံ့ဖွံ့ကြီးက ထီးထီးကြီးညီညွတ်နေရင် မကောင်းဘူးလေ . . ဒီတော့ ကြံ့ဖွံ့ထဲမှာလည်း ကွဲပြဲပြီး ပါတီအသစ်တွေ ခွဲထောင်ကြတယ်ပေါ့ . . ဒီလိုနဲ့ ကြံ့ဖွံ့လည်း ပါတီသေးလေးဖြစ်သွားမယ်ပေါ့ . .

အော်ရှင်က အကြံတယ်ပိုင်ပါ့လား . . . ကြံ့ဖွံ့ငွေစာရင်းတွေ ရှင်းစရာမလိုတော့ဘူးပေါ့ . .

ဟား ဟား ဒီတစ်ခါတော့ ငါ့မိန်းမ က ပေါက်တာပဲ ဗျ . . . ဟုတ်တယ် . . ၂၀၁၅ မှာ တက်လာမယ့် အစိုးရက ညွန့်ပေါင်း အစိုးရပုံစံ ဖြစ်ရမယ် . . ဒီချုပ်ကိုလည်း သဘောထားကြီးစွာ ဆိုတဲ့ ပုံစံ နဲ့ ဝန်ကြီး တစ်နေရာ လောက်တော့ ပေးရမှာပေါ့ဗျ . . . ဟဲ ဟဲ

ပွဲကတော့ ရှင်းနေပြီ . . ဟို ဝီရသူ က ဒီပုံစံအတိုင်း ဆက်ပြောနေဖို့ပဲလိုတယ်ကွ . . .

ဒါနဲ့ အဲဒီ ဝီရသူက ရှင့် အကြံတွေ သိသွားပြီး ရှင့်ကို ဆန့်ကျင်လာရင်ကော ရှင်ဘယ်လိုလုပ်မလဲ . . .

ဟာကွာ . . မိန်းမကလဲ . . . ကျည်ဆန် တစ်တောင့်ပဲပေါ့ကွ . . ဝီရသူ တရားပွဲမှာေုံးကွဲတယ်ဆိုပြီးလုပ်ထားသေးတယ်လေ . . ကျည်ဆန်တစ်တောင့်ပဲပေါ့ . . ဝီရသူကို ဘာသာခြားတွေက လုပ်ကြံလိုက်ကြတယ်ပေါ့ . . ဒါပဲပေါ့ . . နောက်ပြီး

အခုလောက်ဆို မဘသ အဖွဲ့ထဲမှာ ဝီရသူကို နောက်မှာ ကျိတ်ပြီး ဝေဖန်နေတဲ့ အသံတွေ တိုးတိုးတိတ်တိတ် ထွက်နေကြပြီလေ . . . ဗမာတွေလေ မိန်းမရဲ့ ဗမာတွေလေ . . မကွဲတဲ့ အဖွဲ့ ရှိဖူးလို့လားကွ . . . နဲနဲလေးသာလွှတ်ပေးထားလိုက် ငါ့လက်

ဝင်ပါစရာမလိုဘူး . . ဝီရသူ က အချိန်တန်ရင် သူ့ဖာသာသူ ကုန်းဆင်းသွားမှ ကွ . . . အ ဟေး ဟေး . .

ရှင့် အကြံကတော့ အတော်လန်းတဲ့ အကြံပဲ ရှင့် . . လာပါ အုံး . . အာဘွား . . .

(နေပြည်တော် သတင်းရပ်ဝန်းသို့ ပေးပို့လာသော ပေးစာဖြစ်သည် ၊ အထက်ပါစာများသည် အယ်ဒီတာအဖွဲ့၏ အာဘော်မဟုတ် ရေးသားသူ၏ အာဘော်သက်သက် သာဖြစ်သည်)

ရှမ်းမြောက်ပိုင်းဘိန်းစိုက်ပျိုးထုတ်လုပ့်မှုတွင်ကြံ့ခိုင်ရေးအမတ်များပါဝင်နေဟုတအောင်းအဖွဲ့ အစည်းမှပြော


 
 
ကဲ--- ဘယ်လို ဆုံးဖြတ်ကြမလဲ အာဏာပိုင်များရှင်

လွှတ်တော်ထဲ ဘင်္ဂလီတွေရောက်လိုက်၊ ငါးစိမ်းသည်တွေရောက်လိုက်၊ ဂျပန်မျိုးဆက် လက်ဝါးစောင်းထက်တဲ့ သူတွေရောက်လိုက်နဲ့၊

အခုလည်း မရိုးရအောင် ဘိန်းဘုရင်တွေတောင် လွှတ်တော်ထဲ ရောက်ကုန်နေပါပြီ၊

ဘိန်းဘုရင် အဖြစ် သတ်မှတ်ခံထားရတဲ့ လွှတ်တော်အမတ်တွေကတော့ လက်ရှိ အာဏာရ ပါတီ လွှတ်တော်အမတ်များဖြစ်ကြသော

ကွတ်ခိုင်မြို့နယ် ကြံ့ဖွတ်လွှတ်တော်အမတ် ဦးတီခွန်မြတ် နဲ့

နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် (၂) မှ ကြံ့ဖွတ်လွှတ်တော်အမတ် ဦးဝင်းမောင် (ခေါ်) ပန်းသေး ကျော်မြင့် တို့ ဖြစ်ပါသတဲ့၊

ဦးခွန်တီမြတ် ဟာ ဆိုရင် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု့ အဖွဲ့ ၌ တိုင်းရင်းသားရေးရာ ကော်မတီ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေဆဲ ဖြစ်ကြောင်းပါတဲ့၊

ဘယ်လိုတွေ ဖုံးဖာဖိ ကြမတုန်း စောင့်ကြည့်နေပါမယ် ။ ။ ။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဦးဇင်းဝီရသူကိုယ်တိုင် ထောက်ခံ"

“၅၉(စ)နဲ့ ဦးဝီရသူ”
^^^^^^^^^^^
အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားလာကတည်းက ၅၉(စ)ကို ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ စောင့်ကြည့်လာခဲ့တာပါ။
၅၉(စ) နဲ့ ပတ်သက်တဲ့ မှတ်ချက်ကို ဦးပဉ္စင်းကပဲ အရင်ဦးဆုံး ပြည်သူတွေကို အသိပေးခဲ့တာပါ။
၅၉(စ) ကို အပြည့်အဝထောက်ခံလို့ လုံးဝ အပြင်မခံနိုင်တဲ့သူတွေရှိသလို ၅၉(စ) ကို ပြင်ဆင်ပါမှ အမေစု သမ္မတဖြစ်ခွင့်ရမှာ၊ နိုင်ငံတိုးတက်မှာ၊ ဒီမိုကရေစီ စံမီပြည့်ဝမှာကို ယုံကြည်လို့ ပြင်ချင် ဖျက်ချင်သူတွေလည်း ရှိပါတယ်။
၅၉(စ) ကို ထောက်ခံနေသူတွေ၊ အပြင်မခံနိုင်သူတွေဟာ အစိုးရလူတွေ၊ ပြည်ခိုင်ဖြိုးသြဇာခံတွေ၊ ဒီမိုကရေစီမလိုလားသူတွေ လုံးဝ မဟုတ်ကြပါဘူး။
တိုင်းပြည်မျက်နှာ၊ သာသနာတော်မျက်နှာ၊ ပြည်သူ့မျက်မှာ တစ်ခုတည်းကိုသာ ကြည့်ကြတဲ့ မျိုးချစ် ပြည်သူတွေသာဖြစ်ပါတယ်။
အဲဒီအထဲမှာ ဒေါ်စုကို ချစ်သူတွေလည်း ပါပါတယ်။ သူတို့က အမေစုကို မလိုလားတာမဟုတ်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြမည့်သူတွေကို မလိုလားတာပါ။
ဦးပဉ္စင်းလည်း အဲလိုပါပဲ။
အမေစုတစ်ယောက်တည်းအတွက်ဆို လက်ခံတယ်။ တရုတ် ကုလားတွေကို ဘယ်လိုကာထားမလဲ။ အဲလို ကာထားပေးမယ်ဆိုရင် အမေစုကို ခြွင်းချက်အဖြစ် လက်ခံပေးလို့ ရပါတယ်။
ဒါကြောင့် ၅၉(စ)အပြင်မခံနိုင်သူတွေကို အမေစု မလိုလားသူတွေလို့ မစွပ်စွဲသင့်ပါဘူး။ စွပ်စွဲရင် အပြစ်ကြီးပါတယ်။
သူတို့ကမှ တကယ့် နိုင်ငံရေးသမားစစ်စစ်ကြီးတွေပါ။ ဆန္ဒစွဲ ဒေါသစွဲ လုံးဝကင်းကြပါတယ်။ တိုင်းပြည် လူမျိုး သာသနာအတွက်ပဲ ကြည့်ကြသူများဖြစ်ပါတယ်။
ဦးပဉ္စင်းတစ်ဦးတည်းရဲ့ ဆန္ဒအရ အနာဂတ်သမ္မတဟာ ဦးသိန်းစိန်(သို့မဟုတ်) ဦးရွှေမန်းပဲ ဖြစ်သင့်တဲ့ အကြောင်း ရွေးချယ်ပြီးသားပါ။
နိုင်ငံရေးအရ အမေစုကို အားကိုးပြီးသားပါ။
အမျိုးသားရေးအရ ဦးသိန်းစိန်ကို အားကိုးနေရခြင်းဖြစ်ပါတယ်။
နိုင်ငံရေးထက် အမျိုးသားရေးက ပိုပြီး အရေးကြီးပါတယ်။
နိုင်ငံရေးသမားတွေဟာ အမျိုး ဘာသာ သာသနာအတွက် အာမခံချက်ပေးနိုင်သလား….?
အာမခံမပေးနိုင်ဘူးဆိုရင်တော့ အမျိုးသားရေး အားကိုးရတဲ့သူတွေကိုပဲ ရွေးချယ်ပါရစေ။
ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ အမျိုးပျောက်၊ နိုင်ငံပျောက်၊ သာသနာပျောက်တော့မည့် ထိုင်းတောင်ပိုင်းကို သတိရကြပါ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
1.3.2014 PM 2:30
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဦးဇင်းဝီရသူကိုယ်တိုင် ထောက်ခံ"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဧရာဝတီသတင်းဌာနတွင် "ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ဦးဝီရသူမိန့်ကြား" ခေါင်းစဉ်ဖြင့် ရေးသားထားမှုအတွက် ဦးဇင်းဝီရသူက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန်အတွက် ထောက်ခံမှုအပြည့်ရှိသည်ဟု ဦးဇင်း News Watch ဂျာနယ်သို့ ဖေဖော်ဝါရီ ၂၇ က မိန့်ကြားခဲ့သည်။
အဆိုပါသတင်းတွင် ဆရာတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်တို့ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံစဉ် ဦးဇင်းဝီရသူက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် ဦးဝီရသူက မိန့်ကြားခဲ့သည်ဟု ခေါင်းစဉ်တပ်ရေးသားထားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဦးဇင်းဝီရသူက "ဒီခေါင်းစဉ်ကိုတော့ မပြောပါဘူး။ ဦးဇင်းပြောတာက ၅၉(စ) ပြင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တိုင်းရင်းသားစစ်စစ်ဖြစ်သည့်အလျှောက် ခြွင်းချက်အနေနဲ့ ခွင့်ပြုသင့်တယ်လို့ပဲ ပြောခဲ့တယ်။ ဒီလိုခေါင်းစဉ်တပ်ရေးတာက သူတို့က ဦးဇင်းအပေါ်တစ်လျှောက်လုံး ထိုးနှက်တိုက်ခိုက်နေတာ ဦးဇင်းလည်း ခံနိုင်ရည်ရှိသလောက်ခံနေတာပဲ။ ဦးဝင်းတင်နဲ့တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်ရေး မဆွေးနွေးခဲ့ပါဘူး"ဟု မိန့်ကြားခဲ့သည်။
ဦးဝင်းတင်နှင့်တွေ့ဆုံတုန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးအား မဆွေးနွေးသကဲ့သို့ သမ္မတဖြစ်ရေး ခြွင်းချက်ထားသင့်သည့်အပြင်ဆိုနီယာဂန္ဓီကဲ့သို့ သမ္မတအား ချုပ်ကိုင်သူဖြစ်လျှင်လည်း တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုများ လုပ်နိုင်သည်ဟု အကြံပြုခဲ့ကြောင်း မိန့်ကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်က " ကျွန်တော့်ဆီမှာ အသံဖိုင်ရှိတယ်။ ဦးဝီရသူက ဒေါ်စုကို ချစ်ပါတယ်။ ဒေါ်စုသမ္မတဖြစ်ရေးကို လိုလားပါတယ်လို့ ပြောတယ်။ ဒါကြောင့် ဒေါ်စုကို ကန့်သတ်တဲ့ ၅၉(စ)ပြင်ဖို့ မကန့်ကွက်ပါဘူး။ ချစ်တဲ့လူတွေကို အားကိုးချင်ပါတယ်တဲ့။ အားကိုးလို့မရလို့ အားကိုးရမယ့်သူကို ရှာနေတာပါ ပြောပါတယ်။"ဟု News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ခေါင်းစဉ်တပ်ရေးသားမှုနှင့်ပတ်သက်၍ ဦးဇင်းဝီရသူက "မီဒီယာအတတ်ပညာကို ပြည်သူ့ဆီ အလုပ်အကျွေးပြုတဲ့နေရာမှာပဲ အသုံးချသင့်ပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးကြား သို့မဟုတ် ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုကြား သွေးခွဲတဲ့ဟာမျိုးတော့ အသုံးမချသင့်ဘူးလို့ ပြောချင်ပါတယ်။"ဟု မိန့်ကြားခဲ့သည်။
ကိုခက်