မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, March 1, 2014

နာဂ အမျိုးသားရေး သမိုင်းအကျဉ်း

နာဂ အမျိုးသားရေး သမိုင်းအကျဉ်း
အထက်တွင် ဖေါ်ပြသည့်သမိုင်းအရဆိုလျှင် ကျွန်တော်တို့ နာဂ မျိုးနွယ်စုသည်
ရှေးပဝေသဏီကပင် မေဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ပြီး ထိုမှ ခရစ်တော်မပေါ်ခင်
ထွက်လာ၍ မွန်ဂိုလီးယားကုန်းပြင်မြင့် တိဘက် တရုတ်ပြည် စသည်တို့တွင် နေထိုင်လာခဲ့ပြီး
တောတောင်အထပ်ထပ် မြစ်ရေအသွယ်သွယ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိ နာဂနယ်မြေသို့ရောက် ရှိလာခဲ့ခြင်းဖြစ်သည်၊
ဤနယ်မြေများတွင် ကနဦးရှိ မြေပိုင်ရှင်များကို တိုက်ထုတ်၍
နေလာခဲ့ခြင်းမဟုတ်။ မည်သူမျှမရှိသော၊ မည်သူမျှ မပိုင်ဆိုင်သော နယ်မြေအား လာရောက်နေထိုင်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ဤသို့ နှစ်ပေါင်း ထောင်ချီပြီး နေလာခဲ့သော သမိုင်းတလျှောက်တွင် နာဂလူမျိုးတို့သည် အခြားနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ဘူးသည် ဟူ၍သမိုင်းမရှိခဲ့ပေ၊ သက်ဦးဆံပိုင်ဘုရင်ဖြင့်သော်၎င်း၊ အာဏာရှင်စနစ် ဖြင့်သော်၎င်းအုပ်ချုပ်စိုးမိုးလာခဲ့ခြင်းမရှိပါ။ တနိုင်ငံလုံးကိုတပြိုင်တည်း အုပ်ချုပ်သောအစိုးရ ဟူ၍လည်းမရှိခဲ့ပါ၊
သို့ရာတွင် ကျေးရွာ တိုင်းသည် လွတ်လပ်သော ကျေးရွာများ ဖြစ်ကြပြီး ရွာသူကြီးများကသာအုပ်ချုပ်လာ ခဲ့သည်၊ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် အင်မတန်မြှင့်မားသောဒီမိုကရေစီ (pure democracy) စနစ်ပင်ဖြစ်သည်။ တဦးတယောက်၏အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ-တောတွင်း တနေရာ တွင်တန်ဖိုးရှိသောအရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း တဦးတယောက်က အမှတ်အသားပြုထားပါကမည်သူမျှ ထိုအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသားအသစ် ပြုလုပ်၍ မိမိပိုင်ဆိုင်ကြောင်းမပြု လုပ်ကြ။ လိမ်လည်မှုနှင့် ခိုး ရှားမှုနှင့်ခိုးမှုဟူ၍ရှားသည်။ ရွာသားများ အားလုံးက ရွာသူကြီးအား
နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများ ကိုရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်
ဖြေရှင်းခဲ့ကြသည်။
ကျွန်တော်တို့ နာဂတိုင်းပြည်တွင် များသောအားဖြင့် ကျေးရွာနယ်မြေသည် ရွာသူ
ရွာသားအားလုံးက ပိုင်ဆိုင်သဖြင့် တောင်ယာခုတ်ရန် မြေကွက်အား ဝယ်ရန်သော်၎င်း၊
တောင်းရန်သော်၎င်း၊မလိုအပ်ပေ၊ မိမိကြိုက်ရာနေရာတွင် တောရိုင်းကို ခုတ်ထွင်ရှင်းလင်း၍တောင်ယာလုပ်စားကြသည်၊ ထိုသို့ တစ်နှစ်လုပ်စားသည့် နောက်ပိုင်းတွင် ၎င်းမြေကွက်သည် ထိုသူ၏သားစဉ်မြေးဆက် ပိုင်ဆိုင်သောမြေကွက် ကိုယ်ပိုင် မြေကွက်ဖြစ်လာသည်၊ထိုမြေကွက်အား ရွာကမပိုင်တော့ချေ၊ ထိုမြေကွက်အတွက် မည်သူ့ကိုမျှလည်း အခွန်ပေးဆောင်ရန်မလိုပေ၊ ထို့ကြောင့် နာဂတိုင်းပြည်တွင်။ မြေသည် အစိုးရပိုင်မဟုတ်။ ရပ်ရွာပိုင်
(ဝါ) ကိုယ်ပိုင်မြေဖြစ်သည်၊ ဤသည်ကား နာဂလူမျိုးများ အနေဖြင့် အခြားနိုင်ငံသားများထက်ထူးခြားသော အခွင့်အရေးကို ခံစားခြင်းပင်ဖြစ်သည်၊ တခြားကမ္ဘာ့နိုင်ငံများတွင်များသောအားဖြင့် မြေသည်အစိုးရပိုင်ဖြစ်သဖြင့် မြေယာအတွက် လူတိုင်းက မြေခွန်ကိုအစိုးရအား ပေးဆောင်ရသည်၊ ထို့ပြင် နာဂလူမျိုးတို့သည် မည်သည့်လူမျိုးတို့၏အုပ်ချုပ်မှု၊ချုပ်ခြယ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် နေလာခဲ့ကြသည်။ ပြင်ပကမ္ဘာနှင့်လည်း ထိတွေ့
ဆက်သွယ်ခြင်းလုံးဝမရှိခဲ့ပါ၊
အေဒီ (AD)၁၃ ရာစု ခရစ်သက္ကရာဇ် ၁၂၂၈ အချိန်တွင် ယိုးဒယားနိုင်ငံဘက်မှ
တက်လာသော Ahom King ခေါ် ရှမ်းကြီးအဖွဲ့သည် နာဂတောင်တန်းကို ဖြတ်ကျော်
လာခဲ့သည်၊ဤသည်ကား အခြားတိုင်းတပါး လူမျိုးများသည် နာဂတိုင်းပြည်သို့ ပထမဦးဆုံးရောက်ရှိလာခြင်းပင်ဖြစ်သည်၊ ထို Ahom King အဖွဲ့သည် ယခု အာသန်ပြည်နယ်မြေပြန့်တွင် အခြေချနေထိုင်လာခဲ့ကြသည်၊ ထို Ahom King အဖွဲ့  နာဂတောင်တန်းကိုဖြတ်ကျော်လာသည့် အချိန်မှစ၍ နာဂနှင့် Ahom King များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ခဲ့ကြသည်၊ သို့သော် Ahom King ၏လက်အောက်သို့ကျရောက်ခဲ့ခြင်းမရှိပါ။ နောက်ပိုင်းတွင် Ahom King တပါးသည် နာဂအမျိုးသမီးတဦးကိုလက်ထပ်လိုက်သည်။ ထိုအချိန်မှစ၍ နာဂလူမျိုးများနှင့် နယ်စပ်စည်းအတိအကျသတ်မှတ်ကာ ကောင်းမွန်စွာ ဆက်ဆံနေထိုင်လာ ခဲ့ကြသည်။
အေဒီ (AD) ၁၇ ရာစုမှစ၍ အင်္ဂလိပ်လူမျိုးများသည် အိန္ဒိယနိုင်ငံကို သိမ်းပိုက်
ပြီး ကိုလိုနီပြု အုပ်ချုပ်လာခဲ့သည်၊ ထို့နောက် ၁၈၃၂ ခုနှစ်မှစတင်၍ နာဂနယ်မြေသို့
အင်္ဂလိပ်တို့ ကျူးကျော် ဝင်ရောက်လာခဲ့သည်။ နာဂလူမျိုးများသည် ထိုအင်္ဂလိပ် လူမျိုး
များနှင့်လည်း မကြာခဏ စစ်ဖြစ်ခဲ့ကြသည်။ဤသို့ မိမိတိုင်းပြည်ကို ကာကွယ်ရန် မဆုတ်မနစ်ဇွဲမလျော့ဘဲ အင်္ဂလိပ်နယ်ချဲ့များအား တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း (၄ဂ)နှစ် တိုင်ကြာခဲ့သည်၊ နောက်ဆုံး စစ်ပွဲမှာ ၁၈၇၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်တွင် ခွန်နူးမားကျေးရွာ၌ဖြစ်ခဲ့သည်၊ ထို့နောက် အင်္ဂလိပ်နယ်ချဲ့တို့မှ ငြိမ်းချမ်းစွာနေရန် ကမ်းလှမ်းလာသဖြင့် ၁၈၈ဝ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် နှုတ်အားဖြင့် ငြိမ်းချမ်းရေးအတွက် (Verbal agreement)
သဘောတူခဲ့သည်၊ အင်္ဂလိပ်တို့က နာဂတောင်တန်းတွင် စစ်အခြေခံစခန်း
(Military Base) ထားရန် တောင်းဆိုလာသဖြင့် နာဂလူမျိုးများ၏ နိုင်ငံရေးတွင်
အနှောက်အယှက်မပြုပါက စစ်အခြေခံစခန်း ထားနိုင်ကြောင်း ခွင့်ပြုခဲ့သည် ၊ အင်္ဂလိပ်တို့မှစာအရေးအသားဖြင့် စာချုပ်ချုပ်ဆိုရန် တောင်းဆိုခဲ့သော်လည်း။ နာဂခေါင်းဆောင်များမှလက်မခံသဖြင့် နှုတ်အားဖြင့်သာ သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့်အင်္ဂလိပ်တို့၏ ရာဇဝင်မှတ်တမ်းတွင်လည်း မည်သည့်နာဂလူမျိုးနှင့်မှ စာချုပ်စာတမ်း(Treaty) မပြုလုပ်ခဲ့ကြောင်း ရေးထားသည်ကို သူတို့၏ မှတ်တမ်းစာ (Aitchsa Treaties, engagement and Sanads) တွင် တွေ့ရသည်၊ ဤသို့ဖြင့် နာဂလူမျိုးတို့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ နှင့် မိမိ၏ အချုပ်အခြာအာဏာကို ဆုံးရှုံးလွှဲအပ်ခဲ့သည့်အညံ့ခံစာချုပ် မရှိခဲ့ပေ။
သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် နာဂတောင်တန်းတွင် သူတို့၏ စစ်အခြေ
စိုက်စခန်းချသည်မှ၍ သူတို့၏ အုပ်ချုပ်ရေးယန္တယား (Administration)ကို စတင်လာခဲ့သည်။ ဤသို့ဖြင့် ၁၈၈ဝ ခုနှစ်မှစ၍ ၁၉၄၇ ခုနှစ်အထိ နာဂနယ်မြေ လေးပုံတစ်ပုံကိုအင်္ဂလိပ်တို့က (၆၇) ခုနှစ်လုံးလုံး အုပ်ချုပ်ခဲ့သည်။ ကျန်သောနယ်မြေ လေးပုံသုံးပုံ (ဗမာပြည်ရှိ နာဂနယ်မြေများ အပါအဝင်) အား မအုပ်ချုပ်သောနယ်မြေ (Un-adminstered Area) (ဝါ) လွတ်လပ်သော နာဂ (Free Nag) ဟူ၍ ခေါ်တွင်ခဲ့သည်။

(၁) နာဂနိုင်ငံရေးစတင်လာပုံ

၁၉၁၄-ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်အစိုးရသည်
စစ်အတွင်းတွင် လုပ်အားပေးရန် နာဂလူမျိုး နှစ်ထောင်ကျော်အား ဥရောပတိုက်သို့
ခေါ်ဆောင်သွားခဲ့သည်။ ထိုသူတို့သည် ၁၉၁၇ ခုနှစ်တွင် မိမိနိုင်ငံသို့ ပြန်ရောက်လာ
ခဲ့ကြသည်။ ထိုသို့ တိုင်းတပါးသို့ သွားရောက်ခဲ့ကြသော နာဂများသည် ကမ္ဘာ့နိုင်ငံရေး၊
လူမှုရေးတို့ကို မြင်လာသဖြင့် နာဂလူမျိုးများတွင်လည်း နောင်ရေးအတွက် ပြောပိုင်ခွင့် ရှိသောအဖွဲ့အစည်းတခု ဖွဲ့စည်းရန်လိုကြောင်း သိလာကြရသဖြင့် ၁၉၁၈ ခုနှစ်တွင် နာဂကလပ်(Naga Club) ကို ဖွဲ့စည်းလာခဲ့သည်။
ထို့နောက် ၁၉၂၉ ခုနှစ်တွင်ဆီမွန် (simon) အမှူးပြုသော British Statutory Commission (or) ဆီမွန် ကော်မီရှင်သည် နာဂလန်း ကိုဟီးမားမြို့(Kohima)သို့ ရောက်ရှိလာခဲ့သည်။ ထိုကော်မရှင်သည် နာဂလူမျိုးများသည် သူတို့၏နောင်ရေးအတွက် မည်သို့ သဘောထားရှိသည်ကို လေ့လာရန် ရောက်ရှိလာခြင်းဖြစ်သည်။ထို့ကြောင့် နာဂလူမျိုးများသည် “နာဂကလပ်”အမည်ဖြင့် စာတမ်းတစ်စောင်(Memorandum) ရေးပြီး တင်သွင်းခဲ့သည်။ ထိုစာတမ်းသည် နာဂသမိုင်းတွင်ပထမဦးဆုံး အရေးအသားဖြင့် မှတ်တမ်းတင်ခဲ့သော စာဖြစ်သည်။ ဤစာတမ်းတွင် ရေးခဲ့သည်မှာ နာဂလူမျိုးများသည် ကုလားလူမျိုးများနှင့် သွေးသားအားဖြင့်သော်၎င်း၊ စာပေစကားနှင့် ယုံကြည်ကိုးကွယ်မှုသော်၎င်း၊ အစားအသောက် အနေအထိုင် ဓလေ့စရိုက်များအပါအဝင် လူမှုရေးရာ ယဉ်ကျေးမှုအားဖြင့်သော်၎င်း လုံးဝ ကွာခြားသည်။ ထို့ပြင်ရှေးပဝေသဏီမှစ၍ ကုလားလူမျိုးများနှင့် ဆွေမျိုးမိတ်သင်္ဂဟ မရှိခဲ့ပါ။ ထို့ကြောင့် နာဂတောင်တန်းအား အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြင်ဆင်သော စီမံကိန်းတွင် မပါဝင်စေဘဲ။ထိုစီမံကိန်း၏ အပြင်ဘက်တွင် ထားစေလိုကြောင်းနှင့် ဗြိတိသျှလူမျိုးများသည်အိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးပြီး မိမိနိုင်ငံသို့ ပြန်သွားပါက နာဂနိုင်ငံအား အိန္ဒိယ
လူမျိုးများ၏ လက်အောက်သို့ ပေးမသွားရန်။ နာဂလူမျိုးများသည် ဘိုးဘွားလက်ထက် အစဉ်အဆက်ကတည်းက လွတ်လပ်စွာ နေထိုင်လာခဲ့ကြသည့်အတိုင်း မိမိဖာသာမိမိတို့လွတ်လပ်စွာ နေထိုင်ရပ်တည် သွားလိုကြောင်း ရေးသားတင်သွင်းခဲ့သည်။ဆီမွန်ကော်မီရှင်သည် ထိုနာဂကလပ်၏ စာတမ်းကို ဗြိတိသျှလွတ်တော်သို့တင်ပြခဲ့သဖြင့် ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေအရ နာဂတောင်တန်းအား အိန္ဒိယပြည်မတွင်မပါဝင်စေဘဲ ခြွင်းချန်နယ်မြေ (Naga Hills Excluded Area) ဟု သတ်မှတ်ခဲ့သည်။

(၂) ဒုတိယကမြာစစ် နောက်ပိုင်း နာဂနိုင်ငံရေး၊
ဒုတိယကမ္ဘာစစ် အစပိုင်းတွင် နာဂလူမျိုးတို့သည် ဂျပန်များအား အကူအညီပေးခဲ့
သည်။ သို့ရာတွင် နာဂများ အပေါ် ဂျပန်များက ကြမ်းတမ်းရက်စက်စွာ ဆက်ဆံလာသောအခါ မဟာမိတ်တို့နှင့် ပေါင်းခဲ့သည်။ အမှန်မှာ ထိုသို့ ရက်စက် ကြမ်းကြုတ်သူများမှာဂျပန်များနှင့်ပါလာသော အိန္ဒိယစစ်သားများသာ ဖြစ်သည် ဟုဆိုသည်။
ဒုတိယကမ္ဘာစစ် မပြီးမှီ နာဂတောင်တန်းတွင်နောက်ဆုံးဗြိတိသျှ ခရိုင်ဝန်မင်းကြီး
သည် Sir Pawsay ဖြစ်သည်။ ထိုခရိုင်ဝန်သည် ၁၉၄၅ ခုနှစ် ဧပြီလတွင် (Naga Hills District Tribal Council-NHDTC) ကို ဖွဲ့စည်းခဲ့သည်။ ထို သို့ဖွဲ့စည်းပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ- အာသန်ပြည်နယ်အတွင်း နာဂတောင်တန်းသည် အထူးခရိုင်(Autonomous District) အဖြစ် ရပ်တည်နိုင်ရန်ဖြစ်သည်။ ဒုတိယကမ္ဘာ စစ်ပြီးစ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၂) ရက်နေ့တွင် ထို NHDTC အစည်းအဝေး ကျင်းပရန်
ဝေါ်ခါး (Wakha) မြို့တွင် နာဂခေါင်းဆောင်များ စုရုံးလာခဲ့ကြသည်။ ထိုသို့စုရုံး
တက်ရောက် လာခဲ့ကြသော နာဂခေါင်းဆောင်များသည်။ ထိုနေ့တွင်ပင် NHDTC အစား“နာဂအမျိုးသား ကောင်စီ-နအက (Naga Nation Council-NNC)” ကို ဖွဲ့စည်း၍နာဂနိုင်ငံ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိန်းရန်အတွက် မားမားမတ်မတ် ရပ်တည်လာခဲ့သည်။
ထိုသို့ နာဂအမျိုးသားကောင်စီ ဖွဲ့စည်းပြီးနောက် ဗြိတိသျှဝန်ကြီး ကော်မရှင်
(British Cabinet Commission) သည် အိန္ဒိယမြို့တော် နယူးဒေလီသို့
ရောက်ရှိလာခဲ့သည်။ ထိုအခါ နအက ခေါင်းဆောင်များသည် ၁၉၄၆ ခုနှစ် ဧပြီလ (၉)
ရက်နေ့တွင် စာတမ်းတစ်စောင်ရေးပြီး ထိုဝန်ကြီးကော်မရှင်ကို ပေးခဲ့သည်။ ထိုစာတွင်
ရေးခဲ့သည့် အဓိကအချက်မှာ “နာဂ၏ နောင်ရေးသည် ဗြိတိသျှအစိုးရ၏ အကြွင်းမဲ့
အာဏာနှင့် ဆုံးဖြတ်ခြင်းဖြင့် မချည်နှောင်ရာ၊ မဆွေးနွေး မတိုင်ပင်ဘဲ မည်သည့် တင်ပြချက်ကိုမှ လက်ခံမည်မဟုတ်” (The Naga future would not be bound by the arbitrary decision of the British Government. And any recommendation without consultation would not be accepted.)
ဟု ရေးသားခဲ့သည်၊
ထို့ပြင် ရှေ့စာမျက်နှာတွင် ဖေါ် ပြသည့်အတိုင်း ၁၉၄၆ ခုနှစ်တွင် Sir.Robert Reid နှင့် Sir. Rijinald Coupland တို့သည် မွန်ဂိုမျိုးနွယ်စုများ ဖြစ်ကြသော နာဂလူမျိုးများအပါအဝင် အိန္ဒိယ၏ အရှေ့ မြောက်ပိုင်းတွင်ရှိကြသော တောင်တန်းသားများနှင့်ဗမာပြည်ဘက်တွင် ခြွင်းချန်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့သော ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နှင့်ကရင်နီ စသည့် လူမျိုးများ အားလုံးအား ဗြိတိသျှ ဦးသျှောင် ကိုလိုနီ (British Crown Colony) အဖြစ်ဆက်လက်၍ ထားရှိရန် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်အား Cpupland Plan ဟုခေါ်တွင် ခဲ့သည်။အစီအစဉ်သည် မွန်ဂိုမျိုးနွယ်စုများအား အိန္ဒိယနှင့်ဗမာနိုင်ငံတို့တွင် မပါဝင်စေပဲ သီးသန့်နိုင်ငံ တည်ထောင်ပေးရန် ဖြစ်ခဲ့ဟန်ရှိသည်။ သို့သော်ထိုကောပ်ပလန် စီမံချက်ကိုလည်း နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များကလက်မခံပယ်ချခဲ့သည်။ ထို့ပြင် နာဂခေါင်းဆောင် ဦးဖီဇိုသည် Manipur, Assam, Maghalaya, Mizuramစသည့်နယ်မြေများသို့ လှည့်လည်၍ မိမိဖာသာလွတ်လပ်ရေး ကြေငြာကြရန် တိုက်တွန်းခဲ့သည်။ သို့သော် ထိုလူမျိုးများသည် ဦးဖီဇို၏အကြံပေးချက်ကို လက်မခံပဲ အိန္ဒိယပြည် ထောင်စုနှင့် ပေါင်းရန် လက်မှတ်ရေးထိုးခဲ့ကြသည်။တဘက်တွင်လည်း ချင်း၊ ကချင် နှင့် ရှမ်းတို့က ဗမာလူမျိုးများနှင့် ပေါင်းပြီး ပြည်ထောင်စုဗမာနိုင်ငံတော် တည်ထောင်ရန် ၁၉၄၇ ခုနှစ်ဖေဖေါ်ရီလတွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် ကော်ပလန်
စီမံချက်သည် အဖက်ဖက်မှ ပယ်ချလျက်သားဖြစ်ခဲ့သည်။
ထိုမျှမက ၁၉၄၇ ခုနှစ် မတ်လ (၂၇-၂၈) ရက်များတွင်လည်း နအကခေါင်းဆောင်များသည် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ (Sir.Clement Attlee)နှင့် Lord Simon, House of Lordd (၁၉၂၉-ခုနှစ်တွင်လာခဲ့သော ဆီမွန်
ကော်မရှင် အဖွဲ့ဝင်လူကြီးများ) ထံသို့ ထပ်မံ၍ Memorandum ရေးပြီး ၁၉၂၉ ခုနှစ်တွင်
ပေးခဲ့သောစာတမ်း မိတ္တူကော်ပီနှင့် အတူတွဲကာ ပေးခဲ့သည်။ ထိုစာတွင် နာဂလူမျိုးများအားအိန္ဒိယနိုင်ငံ.နိုင်ငံရေး ပင်လယ်ထဲသို့ ပစ်မသွားရန် နှင့် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံအားလွတ်လပ်ရေးပေး၍ ပြန်သွားသောအခါ နာဂများအား မိမိဖာသာ ဘိုးဘွားစဉ် ဆက်ကအစလွတ်လပ်စွာ နေထိုင်လာသည့် အတိုင်း နေနိုင်ရန် ချန်ထားခဲ့ပါရန် ပန်ကြားခဲ့ပြန်သည်။
အိန္ဒိယတိုက်ငယ် (Indian Sub-continent) တွင် ရှိကြသော လူမျိုးများက
အိန္ဒိယ ပြည်ထောင်စုတွင် ပါဝင်ရန် ၁၉၄၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသော်လည်း
နာဂလူမျိုးများက လက်မှတ်ရေးထိုးမှု မပြုခဲ့ပါ၊၊ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင်
အိန္ဒိယနိုင်ငံ၏ ဥပဒေပြုလွတ်တော် ကိုယ်စားလှယ်များ နာဂလန်းသို့ စေလွတ်ကာ မေလ(၁၉) ရက်နေ့မှစ၍ သုံးရက်တိုင် နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြသည်၊၊ ထိုအခါ အိန္ဒိယအစိုးရက နာဂအမျိုးသားများကို အိန္ဒိယပြည်ထောင်စုတွင်ပါဝင်စေလိုကြောင်း အိန္ဒိယအစိုးရ အနေဖြင့် အထူးပြည်နယ် (Autonomous State)သတ်မှတ်ပြီး နာဂများကို ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်ရုံးမှုများ ပြုခဲ့သော်လည်း နအက-ခေါင်းဆောင်များက လုံးဝ လက်မခံဘဲ ပယ်ချခဲ့သည်၊၊ အိန္ဒိယနိုင်ငံ လွတ်လပ်သော နိုင်ငံဖြစ်မလာခင် နာဂနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ်သည်ဟု ပြောခဲ့သည်၊၊
ထို့နောက်တွင် နအက ခေါင်းဆောင်များနှင့် ပြေလည်မှု ရရှိရန်အတွက် အိန္ဒိယ
အမျိုးသား ကွန်ဂရက် (Indian National Congress)သည် နာဂလန်းသို့
အာသန်ပြည်နယ်ဘုရင်ခံ(Governor-Arkbar Ali Hydari) ကို ၁၉၄၇ ခုနှစ်
ဇွန်လတွင် စေလွတ်၍ ထိုလ (၂၆) ရက်နေ့တွင် အချက်(၉) ချက်ပါ (9-Point Agreement)စာချုပ်ကို နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ချုပ်ဆိုစေခဲ့သည်၊၊ဤစာချူပ်ကို ဆယ်နှစ်စာချုပ် (Ten year agreement) ဟုလည်း ခေါ်တွင်ခဲ့သည်။ထိုစာချုပ်တွင် နအက-အား အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး-အပါအဝင်မြေပေါ်မြေအောက်-သယံဇာတ အားလုံးအပေါ် အာဏာပေးခဲ့ပြီး။ ၎င်းစာချုပ် သက်တမ်း(၁ဝ)နှစ် ပြည့်ပါက နာဂလူမျိုးများ အနေဖြင့် ထိုစာချုပ် သက်တမ်းတိုးရန် သော်၎င်း သို့မဟုတ်နာဂလူမျိုးများ၏ ရှေ့ရေးအတွက် အိန္ဒိယ အစိုးရနှင့် အခြားစာချူပ် အသစ်ချုပ်ဆိုရန်သော်၎င်း ရွေးချယ်ပိုင်ခွင့် ရှိသည်ဟု အသိအလင်း ရေးသားခဲ့သည်၊၊ ထို့ကြောင့် နာဂလူမျိုးများသည် ထိုစာချုပ်အရ ဆယ်နှစ်နောက်ပိုင်းတွင် နာဂနိုင်ငံသည် လွတ်လပ်သောနိုင်ငံအဖြစ်ရပ်တည်မည်ဟု ပြောလာသောအခါ အိန္ဒိယအစိုးရက ထိုစာချုပ်ကို အကောင်အထည်မဖေါ်တော့ဘဲ သူတို့ဖာသာ တစ်ဖက်သတ် ဖျက်သိမ်း ခဲ့သည်၊၊ ထိုစာချုပ် တရားမဝင်တော့
ကြောင်းကို ၁၉၄၉ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် အာသန်ပြည်နယ် ဝန်ကြီးချုပ်က နာဂကိုယ်စားလှယ်များအား တရားဝင်ပြောခဲ့သည်၊၊ ထို ကိုယ်စားလှယ်များသည် အချက် (၉)ချက်ပါစာချုပ်ကို အကောင်အထည်ဖေါ်ရန် တောင်းဆိုလာသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ခဲ့သည်။
အထက်ပါစာချုပ် လက်မှတ်ရေးထိုးသောနေ့ ညနေပိုင်းတွင်ပင် အာသန်ပြည်နယ်
ဘုရင်ခံ Akbar Hydari က နာဂများအား ခြိမ်းခြောက်ခဲ့သည်မှာ နာဂများအနေဖြင့်
အိန္ဒိယပြည်ထောင်စုထဲ ပါဝင်ရန် ငြင်းမြဲငြင်းနေပါက အိန္ဒိယအနေဖြင့် အင်အားသုံး၍
နာဂတိုင်းပြည်ကို သိမ်းယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်၊၊ ထို့ကြောင့် နအက-ခေါင်းဆောင်များသည် ဦးဖီဇို (Phizo) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီးကို နယူးဒေလီတွင် သွားရောက် တွေ့ဆုံကာ နာဂအရေးကို ဆွေးနွေး ခဲ့သည်၊၊ နာဂလူမျိုးသည် အိန္ဒိယလူမျိုးမဟုတ်ကြောင်း။ နာဂနယ်မြေကို အိန္ဒိယက မပိုင်ကြောင်း။ နာဂလူမျိုးများသည် ၁၉၄၇ ခုနှစ် သဂုတ်လ(၁၄)ရက်နေ့တွင် မိမိဖာသာ မိမိလွတ်လပ်ရေးကြေငြာမည်
ဖြစ်ကြောင်း။ ကျွန်တော် တို့နိုင်ငံအား တိုက်ခိုက်လာတိုင်း ကျွန်တော်တို့အမြဲတမ်း ခုခံတိုက်ခဲ့သည့်အတိုင်း အိန္ဒိ ယနိုင်ငံက ကျွန်တော်တို့ နိုင်ငံအား တိုက်ခိုက်လာပါက တယောက်တည်းကျန်သည်အထိ မိမိနိုင်ငံကို ကာကွယ်သွားမည် ဖြစ်ကြောင်း မဟတ္တမဂန္ဒီကြီးအားအသိအလင်း ပြောခဲ့သည်၊၊ ထိုအခါ မဟတ္တ မဂန္ဒီကြီးက “ကျွန်တော်တို့သည် ဗြိတိသျှလက်အောက်ခံအဖြစ် မနေချင်၍ ဗြိတိသျှများအခု ပြန်နေကြပြီဖြစ်သည်။ ထို့အတူနာဂလူမျိုးများသည်လည်း အိန္ဒိယ လက်အောက်ခံအဖြစ် မနေလိုပါက အိန္ဒိယနိုင်ငံ၏အပြင်ဘက်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင် ကြောင်း လွတ်လပ်ရေးကြေညာရန်သဂုတ်လ (၁၄) ရက်နေ့အထိ စောင့်နေရန် မလို ကြောင်း ယနေ့ပင် ကြေညာနိုင်ကြောင်း
ပြောခဲ့သည်၊၊ အိန္ဒိယ အနေဖြင့် နာဂလူမျိုးများအား အတင်းအကျပ်ပြုကာ အိန္ဒိယ
ပြည်ထောင်စုထဲသို့ သွတ်သွင်းမည် မဟုတ်ကြောင်း နာဂများသည် လွတ်လပ်သော
တိုင်းပြည်အဖြစ်ရပ်တည်ပိုင်ခွင့် ရှိကြောင်း ပြောခဲ့သည်၊” ထိုအခါ နာဂခေါင်းဆောင်များမှအာသန်ပြည်နယ် ဘုရင်ခံက အင်အားသုံးပြီး နာဂများအား အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းကို ပြန်ပြောပြရာ မဟတ္တမဂန္ဒိကြီးက “အိန္ဒိယအနေဖြင့်ဤသို့ပြုပိုင်ခွင့် မရှိကြောင်း အကယ်၍ အိန္ဒိယသည် ထိုသို့ အင်အားသုံးမည် ဆိုပါကနာဂတစ်ယောက်ကိုမျှ မသတ်မှီ ကျနော့်အား အရင်ပစ်သတ်ပါ”ဟု မိမိသည် အိန္ဒိယအစိုးရအားပြောမည် ဖြစ်ကြောင်း နာဂခေါင်းဆောင်များကို ကတိကဝတ်ပြုခဲ့သည်၊၊ ထိုသို့အပြန်အလှန် နားလည်မှု ယူပြီး နာဂလူမျိုးများသည် စီစဉ်ထားသည့်အတိုင်း ၁၉၄၇ ခုနှစ်သဂုတ်လ (၁၄)ရက်နေ့တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ဤသို့ဖြင့် မွန်ဂို မျိုးနွယ်စုထဲတွင်
နာဂလူမျိုး တမျိုးတည်းကသာ လွတ်လပ်ရေး ကြေငြာဖြစ်ခဲ့သည်၊၊ ထိုကြေငြာစာတမ်းကိုကုလသမဂ္ဂသို့၎င်း၊ ဗြိတိသျှအစိုးရအား၎င်း ချက်ချင်း သံကြိုးရိုက် ပေးပို့ခဲ့ည်၊၊ ထို့ပြင်ဗြိတိသျှ-အိန္ဒိယ အစိုးရအားလည်း တရားဝင် အကြောင်းကြားခဲ့သည်၊၊ နောက်တစ်နေ့သဂုတ်လ (၁၅)ရက်နေ့တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယနိုင်ငံအား လွတ်လပ်ရေး ပေးကြောင်း
ကြေငြာခဲ့သည်၊၊
တဖန် ယခုလက်ရှိ အိန္ဒိယပြည်နယ်အားလုံးသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို
လက်ခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၆) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်၊၊ထိုအခါ၌လည်း နာဂများသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေ ကို လက်မခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် နာဂအမျိုးသားကောင်စီမှ တင်ကြိုကြေငြာခဲ့သည်၊၊ ထိုကြေငြာချက်ကို ကမ္ဘာ့ကုလသမဂ္ဂသို့၎င်း နယူးဒေလီ မြို့ တော်တွင် အခြေစိုက်သည့် နိုင်ငံတကာ
သံရုံးအားလုံးသို့၎င်း ပေးပို့ခဲ့သည၊်၊ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုခဲ့သော ရက်အားအိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနေ့ (Republic Day) အဖြစ် သတ်မှတ်လာခဲ့သည်၊၊
ထို့ နောက် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် နာဂလူမျိုးများသည်
လွတ်လပ်ရေး ကြေငြာချက်ကို အတည်ပြုရန် လက်မပုံစံပေး (Plebiscite) ဆန္ဒခံယူပွဲ
ကျင်းပမည်ဖြစ်ကြောင်း နအက ဥကဌ ဦးဖီဇိုက အိန္ဒိယအစိုးရ သမ္မတအား တရားဝင်
အကြောင်းကြားခဲ့သည်၊၊ ထိုဆန္ဒခံယူပွဲသို့ အိန္ဒိယအစိုးရက လေ့လာသူများ စေလွတ်ပေးပါရန်လည်း ပန်ကြားခဲ့သည်၊၊ ထိုသို့ စီစဉ်ထားသည့် အတိုင်း ၁၉၅၁ ခုနှစ် မေလ (၁၆)ရက်နေ့တွင် နာဂအမျိုးသား ကောင်စီမှ ဦးဆောင်၍ ထိုဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်၊၊
ထိုဆန္ဒခံယူပွဲတွင် နာဂလူမျိုး ၉၉ရာခိုင်နှုန်းက နာဂလူမျိုးသည် လွတ်လပ်သောနိုင်ငံ
အဖြစ်သာ ရပ်တည်မည်ဖြစ်ကြောင်း လက်မပုံစံပေး၍ ဆိုင်းထိုး ခဲ့ကြသည်၊၊ ထိုဆန္ဒခံယူပွဲကျင်းပခြင်းအားဖြင့် နာဂပြည်သူလူထုက နာဂအမျိုးသားရေးတွင် ပြောပိုင် ဆိုပိုင် လုပ်ပိုင်ခွင့်(Mandate) ကို လည်း နာဂအမျိုးသားကောင်စီအား တညီတညွတ်တည်း ပေးခဲ့သည်၊၊
၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမ ဦးဆုံးသော
အထွေထွေ မဲရွေးကောက်ပွဲကို ကျင်းပခဲ့သည်၊၊ နာဂနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံ၏ အစိပ်အပိုင်း ဖြစ်သည်ဟူ၍ နာဂနိုင်ငံတွင် မဲပုံးလာထောင်ခဲ့သည်၊၊ သို့သော် နာဂ လူမျိုးတို့သည်အိန္ဒိယလူမျိုးမဟုတ်။ နာဂနိုင်ငံသည် အိန္ဒိယနိုင်ငံမဟုတ်ဟူ၍ နာဂလူမျိုးအားလုံးက တညီတညွတ်တည်းဖြင့် ထိုရွေးကောက်ပွဲကိုပယ်ချခဲ့သည်၊၊ ထို့ကြောင့် ယှဉ်ပြိုင်သူမရှိ။ မဲတပြားမှမရရှိဘဲ မဲပုံးများကို အလွတ်ပြန် သယ်ဆောင် သွားခဲ့ရသည်၊၊ ထို့နောက် ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကို ၁၉၅၇ ခုနှစ့် ကျင်းပသောအခါ နာဂ နိုင်ငံတွင် မဲပုံးထောင်ရန်ကိစ္စကိုပင် အိန္ဒိယခေါင်းဆောင်များသည် စိတ်မကူး ဝံ့ခဲ့ကြတော့ပေ။ သို့ရာတွင် ၁၉၆၄ ခုနှစ်တွင် သေနတ်ဖြင့်ခြိမ်းခြောက်ပြီး နာဂများအား မဲထည့်ခိုင်းစေခဲ့သည်မှစ၍နာဂနိုင်ငံတွင်
အိန္ဒိယအစိုးရ၏ မဲရွေးကောက်ပွဲ စတင် လာခဲ့သည်၊၊
၁၉၅၂ ခု နှစ် မတ်လ (၁၂) ရက်နေ့ တွင် ဦးဖီဇို အမှူးပြုသော နာဂကိုယ်စားလှယ်
အဖွဲ့သည် အိန္ဒိယမြို့တော် နယူးဒေလီတွင် အိန္ဒိယ ဝန်ကြီးချုပ် ဦးနေရူး နှင့် တွေ့ဆုံခဲ့သည်၊၊
ထိုအခါ ဦးနေရူးက သူ့စားပွဲကို လက်သီးဖြင့် ထုပြီး “ကောင်းကင်ပြိုကျပါစေ၊ အိန္ဒိယနိုင်ငံအစိတ်စိတ် အမွှာမွှာကွဲသွားပါစေ၊ သွေးဖြင့် အိန္ဒိယနိုင်ငံကြီး နီရဲသွားပါစေ၊ ကျွန်တော်ဂရုမစိုက်ဘူး။ ဤကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူဘဲလာလာ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်နာဂတွေကို ဘယ်တော့မှ လွတ်လပ်ရေး ပေးမှာမဟုတ်ဘူး”ဟူ၍ ကြိမ်းမောင်း အော်ဟစ်
ပြောဆိုခဲ့သည်၊၊ ထိုအခါ နာဂခေါင်းဆောင် ဦးဖီဇိုက ယဉ်ကျေးစွာဖြင့် ဦးနေရူးအား အသိပေးပြောခဲ့သည်မှာ။ “ဦးနေရူး ကျွန်တော်တို့ နာဂတွေက အိန္ဒိယဆီက လွတ်လပ်ရေး တောင်းနေတာမဟုတ်ဘူး။ အိန္ဒိယကလည်း နာဂတွေကိုဘာမှ ပေးစရာမရှိဘူး။ ခုကျွန်တော်တို့ အိန္ဒိယဝန်ကြီးချုပ်ဆီ လာရခြင်းဟာ ကျွန်တော်တို့  နှစ်နိုင်ငံ ကောင်းမွန်စွာ ဆက်ဆံရေးအတွက်လာခြင်းသာ ဖြစ်ပါတယ်” ဟူ၍ ဦးနေရူး၏ စော်ကားမော်ကား ပြောဆိုမှုကို ယဉ်ကျေးသိမ်မွေ့စွာ တုန့်ပြန်ခဲ့သည်၊၊ ထိုအခါ ဦးနေရူးက အယှက်ရပြီး နာဂခေါင်းဆောင်ကြီးများ ထပြန်သော
အခါ သူကိုယ်တိုင် တံခါးဖွင့်ပေးခဲ့သည် ဟုဆိုသည်၊၊ အိန္ဒိယလူမျိုးတို့၏ ထုံးစံမှာ မိမိထက်အဆင့်အတန်းနိမ့်သည်ဟု ထင်ရသူများ ထပြန်သောအခါ ထိုသို့ထ၍ တံခါးဖွင့်ပေး ခြင်းမရှိပါ၊၊

(၃) အိန္ဒိယ ကျူးကျော်လာမှု

၁၉၅၃ ခုနှစ် မတ်လ(၃ဝ)ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူး (Nehru)
နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု တို့သည် နာဂလန်းကိုဟီးမားမြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်၊၊ ထိုခေါင်းဆောင် နှစ်ဦးအား နာဂလန်း၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန်အတွက်စာတမ်းတင်သွင်းရန် နာဂခေါင်းဆောင်များက ပြင်ဆင်ခဲ့ကြသည်၊၊ ထို့ကြောင့် ထိုအစည်းအဝေးသို့ နာဂလူမျိုး တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်၊၊ သို့ရာတွင် အစည်းဝေးစသည့် အချိန့် အိန္ဒိယနိုင်တငံ အာသန်ပြည်နယ် ခရိုင်ဝန်က နာဂများအား ဝန်ကြီးချုပ် နှစ်ဦးနှင့်
Interview တွေ့ဆုံခြင်းကို၎င်း Memorandum စာတမ်းပေးသွင်းခြင်းကို၎င်း ခွင့်ပြုမည်မဟုတ်ကြောင်း ကြေငြာ

No comments: