Monday, March 31, 2014

ဗြိတိသျှနိုင်ငံမှသိပ္ပံပညာရှင်များက ကမ္ဘာကို ၁၀နှစ်သာတွင်း ဒိုင်နိုဆောအကောင်များကို ကိုယ်ပွားပြုလုပ်သည့်နည်းပညာသုံးခြင်းဖြင့်ခေတ်ဟောင်းကိုပြန်ခေါ်လာတော့မှာ

ဗြိတိသျှနိုင်ငံမှသိပ္ပံပညာရှင်များက ကမ္ဘာကို ၁၀နှစ်သာတွင်း ဒိုင်နိုဆောအကောင်များကို ကိုယ်ပွားပြုလုပ်သည့်နည်းပညာသုံးခြင်းဖြင့်ခေတ်ဟောင်းကိုပြန်ခေါ်လာတော့မှာပါ။ -
Liverpool မြို့  John Moore University မှ သိပ္ပံပညာရှင်များက ဒိုင်နိုဆောအကောင်ကို ကိုယ်ပွားပြုလုပ်သည့်နည်းနဲ့ စမ်းသပ်ရာအောင်မြင်
ခဲ့ပါတယ်။ မတ်လ ၂၉ရက်နေ့ မှာ ထိုထဲမှသက်ဆိုင်ရာ
တစ်ဦးကအခုလို ဖြေကြားခဲ့ပါတယ်။

"ဒိုင်နိုဆောက Apatosarus (ခေါ်) Spot အမည်ကဆင်းသက်လာတာဖြစ်ပါတယ်။ အခုဆို University College of Veterinary Medicine မှာ Cloning လုပ်ထားတဲ့အကောင်ပေါက်ကလေးကိုကျွေးမွေးပြုစုထားပါတယ်။
သိပ္ပံပညာရှင်များက တူးဖော်ရရှိထားသော Apatosarus အရိုး၏ DNA မှရယူထားပြီး ထိုအရိုးကို သဘာဝသိပ္ပံပြတိုက်မှာထားရှိထားပါတယ်။ ထိုရယူထားသော DNA ကို သေချာသုံးသပ်ပြီး၊ သိပ္ပံပညာရှင်များက ငှက်ကုလားအုပ်သားအိပ်တွင်ဥသန္ဓေသယ်ခဲ့ပါတယ်။"
"ငှက်ကုလားအုပ်က ဒိုင်နိုဆောမျိုးဆက်နဲ
့တော်တော်ကြီးနီးစပ်တဲ့ သက်ရှိတစ်မျိုးပါ။" ဟုလည်း ဒေါက်တာ Gerrard Jones, သက်ရှိဆိုင်ရာပါမောက္ခကပြောခဲ့ပါတယ်။ "ထိုငှက်ကုလားအုပ်များရဲ့ဥအကာက Apatosaurus နဲ့ ဆင်တူနီးပါးဖြစ်နေပါတယ်။

အဲ့ဒါကြောင့်လည်း Cloning နည်းပညာနဲ့ သုံးရာမှာအောင်မြင်ခဲ့
တာဖြစ်ပါတယ်။"

ထို့ အပြင် ဓါတုဗေဒ ပါမောက္ခ ဖြစ်သူ ဒေါက်တာ Gemma Sheridan က "ကျွန်တော်ဒီလိုအကောင်တွေကို ဇာတ်ကားထဲမှာ
ဘဲဖြစ်နိုင်တယ်ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခုတော့ကျွန်တော်တို့ Lab ထဲမှာတင်ဖြစ်လာအောင်
လုပ်နိုင်ခဲ့ပါတယ်။ အဲ့အတွက်လည်းကျွန်တော်အလွန်ဝမ်းသာပါတယ်။"

Cloning နည်းပညာသုံးခြင်းဟာ ဘာသာရေးအရ အကျိုးမပေးပေမယ့် သဘာဝအရ မျိုးစပ်သစ်များပြုလုပ်ရာမှာအလွန်အသုံးဝင်ပါတယ်။
"သိပ္ပံပညာရှင်တွေက Jurassic ခေတ်ကြီးမှအကောင်တွေ
ကိုတစ်ဖန်ပြန်ခေါ်လာတော့မှပါ။ စောင့်တာကြည့်နေပေတော့" ဟု ဒေါက်တာ Sheridan ကပြောခဲ့ပါတယ်။ သူမရဲ့ဝါသာနအရနဲ့  ထိုကဲ့သို့ နည်းပညာသုံးတဲ့အခွင့်အရေးပေးရင် Dinosaur မျိုးစပ်တွေ အများကြီးထွက်လာတော့မှာဖြစ်ပါတယ်။

"၁၀နှစ်သာအတွင်းကျွန်မတို့ ကမ္ဘာကြီးမှာ ဒိုင်နိုဆောတွေပွားများလာအောင်လုပ်သွားနိုင်မှာပါ။" လို့ ထပ်မံပြောခဲ့ပါတယ်။ အခုဆိုထို DNA မှမွေးဖွားလာသော ဒိုင်နိုဆောပေါက်ကလေးက ပုံမှန်အခြေအနေအဆင့်တွင်ရှိနေပြီး.. သိပ္ပံပညာရှင်တွေကထိုအကောင်ကလေး စမ်းသပ်မှုတွေပြုလုပ်နေပါတယ်။
အောက်မှာပြထားတဲ့ပုံကလေးက Cloning နည်းပညာနဲ့ 
ပြုလုပ်ပြီးမွေးဖွားလာတဲ့ ဒိုင်နိုဆောပေါက်ကလေးပါ။

Mr. News

No comments: