Wednesday, March 26, 2014

ကိုယ့် (မြန်မာ)


ကိုယ့် (မြန်မာ)
.......

ကိုယ့်ဘုန်း ကိုယ့်ကံ
ကိုယ့်ခြံ ကိုယ့်တံတိုင်း
ကိုယ့်သမိုင်း ကိုယ့်မြေ
ကိုယ့်ဆွေ ကိုယ့်မျိုး
ကိုယ့်အိုး ကိုယ့်အိမ်
ကိုယ့်သိမ် ကိုယ့်ကျောင်း
ကိုယ့်ပေါင်း ကိုယ့်သင်း
ကိုယ့်မှန်ကင်း နှင့်
ကိုယ့်မင်းကိုယ့်ချင်း
ကိုယ့်သွေးရင်းနှင့်
ကိုယ့်မင်း ချင်းညီ်
ကိုယ့် ဌာနီ နှင့်
ကိုယ့်ပြည် ကိုယ့် နန်း
ကိုယ့်ကြငှန်း နှင့်
ကိုယ့်စွမ်း ကိုယ့်စ
ကိုယ့်ဗီဇ နှင့်
ကိုယ့်လှကိုယ်ပြု
ကိုယ့် ယဉ် မှု နှင့်
ကိုယ့် မှု ကိုယ်ဖန်
ကိုယ့်နိုင်ငံနှင့်
ကိုယ့်ဟန် ကိုယ့်ပန် အောင်မှုစံ
ကိုယ့် မာန် ကိုယ် ကြံ မြန်မာ့ စံ ။ ။
...
  မောင်တင်မောင် (တောင်ကြီး)
  တော်လှန်ရေးနေ့ အမှတ်တရ 27 - 3 - 2014

No comments: