Thursday, March 20, 2014

တပ့်မတော်(ရေ) စစ်ရေယာဉ်မှ တရားမ၀င် ယိုးဒယားဆီတင်လှေ(သံခွံ) တစ်စီးအား ဖမ်းဆီးရမိ





တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဗိုလ်မှူး စိုင်းမောင်မောင် ဦးစီး အမှတ်(၅၅၆)စစ်ရေယာဉ်သည် ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေစဉ် မြန်မာရေပိုင်နက်အတွင်းရှိ စူလာကျွန်း အနောက်မြောက်ဖက် မိုင် ၁၂၀ ခန့်အကွာ၌ မြန်မာ့ရေပြင်ပိုင်နက်အတွင်း ခိုးဝင်လာသည့် ယိုးဒယားစာတမ်းပါ စက်မကြီး CUMMINS INLINE KTA 19 – M3 (6) လုံးထိုး အမျိုးအစား မြင်းရေကောင် (၆၄၀)ခန့် အင်ဂျင်တပ်ဆင်ထားသည့် အလျား (၉၅)ပေ ၊ အနံ (၁၈) ပေ၊ ရေစူး (၁၀)ပေ အရွယ်ရှိ တရားမ၀င် ယိုးဒယားဆီတင်လှေ (သံခွံ)တစ်စီးအား ၂၀၁၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်၌ မြန်မာသင်္ဘောသား(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော ဆီတင်လှေ၊ပစ္စည်းနှင့် တရားခံများအား တရားစွဲဆိုနိုင်ရေးအတွက် တပ်မတော်(ရေ)မှ မြိတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ လွဲအပ်ထားပြီး မြိတ်မြို့မ ရဲစခန်းမှ တရားစွဲဆို ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Photo:
စစ်ရေယာဉ်(၅၅၆) ။
ဖမ်းဆီးမိသော စက်လှေအား မြိတ်မြို့ ဆိပ်ငယ်တံတားတွင် တွေ့ရစဉ်။

မောင်သပြေ(Myanmar Navy)
Credit: မြိတ်ပုလဲမြေ

No comments: