Thursday, March 27, 2014

သာသနာ့အလံအား ထဘီကဲ့သို့ ဝတ်ဆင်ခြင်း၏ နောက်ဆက်တွဲများ


အဖြူမနှင့်သူ့ယောက်ျားအားဒီနေ့ နေ့လည်တွင်လေကြောင်းခရီးဖြင့်ရန်ကုန်မြို့သို့ပို့ဆောင်လိုက်ကြောင်းသိရသည်။ဥပဒေအကြောင်းအရဘာမှအရေးမယူဘဲပို့ဆောင်တာကိုကန့်ကွက်ပါသည်။
ရဲများသေနပ်ပစ်ခတ်မှုကြောင့်ရခိုင်မိန်းကလေးငယ်တစ်ဦးစစ်တွေဆေးရုံကြီးသို့ရောက်ရှိကြောင်းသိရသည်။ယခုထိုမိန်းကလေးမှာသေနတ်ဒဏ်ရာကြောင့်အသက်ဆုံးရှုံးသွားပြီဖြစ်ကြောင်းကြားသိရပါသည်။
စစ်တွေမှာညမထွက်ရအမိန့်ကိုမနက်၆နာရီမှ ညနေ၆နာရီအထိတိုးမြှင့်သတ်မှတ်လုက်ပါသည်။စစ်တပ်မှတင်းကျပ်စွာလုံခြုံရေးယူထားကြောင်းသိရပါသည်_________--_______________________အနောက်တံခါး ဘီလူး
စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ Malteser မာတီဇာ(NGO)အား အရေးပေါ်ဆန္ဒထုတ်ဖော်ကြရန် ရုံးရှေ့တွင် စစ်တွေမြို့သားများ စုရုံးနေ
.....................................................
၂၆-၃-၂၀၁၄ ရက်၊ ညနေ ၉း၀၀ နာရီ

ဖြစ်စဉ်မှာ သန်းခေါင်စာရင်းသပိတ်တွင် စစ်တွေတစ်မြို့လုံး အိမ်တိုင်းစေ့၊ ရုံးတိုင်းစေ့(အစိုးရရုံးများမှအပ) သာသနာ့အလံတော်များဖြင့် တလူလူလွှင့်နေခဲ့ကြသည်။
Malteser မာတီဇာ(NGO)ရုံးတွင်လည်း တိုင်းရင်းသားဝန်ထမ်းများမှ သာသနာ့အလံတော် ၂ ခုကို လွှင့်တင်ထားခဲ့သည်။
ယင်းသာသနာ့အလံ ၂ ခုအား ယနေ့ညနေတွင် တာဝန်ခံလည်းမဟုတ်သည် နိုင်ငံခြားသူတစ်ဦးမှ လူအများရှေ့တွင်ပင် ဆွဲဖြုတ်ပြီး မြေကြီးပေါ်ပစ်ချခဲ့သည်ကို ရပ်ကွက်ထဲရှိ လူများမှ မျက်မြင်ဖြစ်သည့် နောက်ဆက်တွဲတွင် Malteser မာတီဇာ လည်း မာလကီးယားဖို့ လူထုဒေါသကို ထိပ်တိုက်ရင်ဆိုင်ရပေသည်။
လူထုမှ ကျေနပ်သည်အထိ အပြစ်ပေးကြလိမ့်မည်။ ယခုအခြေအနေ မီးတစ်ဖက် ရေတစ်ဖက်?။အရေးကြီးသတင်း
BY Marn Htan Myo ၏«ကွန်မင့်»
စစ်တွေ တွင် INGO မှ နိုင်ငံခြားသူ တစ်ယောက်က သာသနာ့အလံ ကို မဖွယ်မရာ ပြုမူ မှု မှ စပြီး ယနေ့ ထိ မလိုအားအပ်သော ပြသနာများကြောင့် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်၌ လုံခြုံရေးယူထားသော ရဲများက သေနတ်ဖောက်ပြီး လူစုခွဲရာတွင် အိမ်ထဲတွင်ရှိနေသော အသက် ၁၁ အရွယ်မငြိမ်းမ ၏ဝမ်းဗိုက်ထဲသို့ ကျဉ်ဆံဖောက်ထွက်ပြီး သူမ၏ အမေ ဒေါ်မအေးသိန်း မှာ ပေါင် တွင်းသို့ တစ်ချက် ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ရပ်ကွက်နေလူများမှ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်သော်လည်း မငြိမ်းမ အသက် ၁၁ နှစ် မှာ ဆေးရုံသို့ အရာက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
သေဆုံးသူ မငြိမ်းမ အသက် ၁၁ နှစ်
ပညာအရည်အချင်း ၅ တန်းကျောင်းသူ
အဘအမည် ဦးသိန်းမောင်
အမိအမည် ဒေါ်မအေးသိန်း_________________________စစ်တွေရှိ NGOs များမှ နိုင်ငံခြားသားများကို လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်း တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ အလံအား ထဘီသဖွယ် ၀တ်ကာ မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို ဒေသခံများက ၀ိုင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့် အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ညဥ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု သိရသည်။
ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။
“ ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့ ၀ိုင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မ၀င်ဘဲ အပြင်ကဘဲ ခဲတွေနဲ့ ပစ်နေကြပါတယ်” ဟု ဆိုသည်။
ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတ၀ိုက်တွင် ရဲများက လုံခြုံရေး ယူထားကြောင်း၊ အခြေအနေမှာ အထူးရှုပ်ထွေးနေကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက ပြောကြားသည်။
(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)
via: Angle Black Angle

No comments: