Thursday, March 20, 2014

တိုက်ကြီးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများကို မိဘပြည်သူများမှ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံးသတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း

 

တိုက်ကြီးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီး
ထွက်ပြေးတိမ်းရှောင်နေသူများကို မိဘပြည်သူများမှ တွေ့ရှိပါက
ရဲတပ်ဖွဲ့သို့ အမြန်ဆုံးသတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်
ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း

ရန်ကုန်၊ မတ် ၂၀

၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်ကူး
ကျေးရွာနေ ဦးအေးကိုနှင့်တစ်ရွာတည်းနေ အေးသွင်တို့ ခြံမြေကိစ္စဖြင့် စကားများရန်ဖြစ်နေစဉ် အေးသွင်နှင့်အတူပါလာသူ ဘိုဘို(ခ)
သိန်းစိုးဝင်း(စုံစမ်းဆဲ)မှ အသင့်ပါလာသောဓါးဖြင့် ဦးအေးကိုအား
ထိုးခဲ့၍ ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်းပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးသွင်နှင့် ဘိုဘို(ခ)သိန်းစိုးဝင်းတို့အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်မှ တိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း(ပ)၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများဖြစ်သော အေးသွင်၊ (၄၃)နှစ်၊ လယ်လုပ်၊ ဗမာ/ဗုဒ္ဓ၊ ၁၂/တကန(နိုင်)၀၉၅၁၉၂၊ (ဘ)ဦးပေါက်စ၊ ဆင်ကူးကျေးရွာ၊
တိုက်ကြီးမြို့နယ်နေသူနှင့် ဘိုဘို(ခ) သိန်းစိုးဝင်း၊ (၃၅)နှစ်၊ လယ်လုပ်၊ ဗမာ/ဗုဒ္ဓ၊ ၁၂/တကန(နိုင်)၁၁၃၆၈၀၊(ဘ)ဦးကျင်မောင်၊ဆင်ကူးကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူတို့(၂)ဦးမှာ အခင်းဖြစ်ပွားပြီးထွက်ပြေးတိမ်းရှောင်
နေသဖြင့် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှဆောင်ရွက်လျက်ရှိပါသည်။

၎င်းတို့(၂)ဦးအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများ
အနေဖြင့်လည်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများရရှိပါက
အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်းနံပါတ်-
- ၀၁ ၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၁ ၆၄၅၈၂၃ (မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၁၀ (တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၀၃ (တိုက်ကြီးမြို့မရဲစခန်း)

No comments: