Tuesday, March 25, 2014

ဒုသမ္မတအား ကျေးဇူးတင်....



ဒုသမ္မတအား ကျေးဇူးတင်....
ရန်ကုန်၊ မတ် (၂၄)။
ယမန်နေ့က ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ခဲ့သည့် ဒုတိယသမ္မတအား ဆေးရုံတက်ရောက် ကုသနေသူများက ကျေးဇူးတင်နေကြကြောင်း သိရသည်။
ရန်ကုန် လသာမြို့နယ်အတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သွားရောက် စစ်ဆေးကြည့်ရှုခဲ့ခြင်းကို ဆေးရုံတက်နေသူများက ကျေးဇူးတင်ခြင်းဖြစ်သည်။
အံ့မခန်း ကျေနပ်ဖွယ်ဖြစ်သည့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို နာရီပိုင်းမျှ ရရှိခဲ့သဖြင့် ဆေးရုံတက်နေသူများက ကျေနပ်ကြောင်း ပြောဆိုသည်။
"ဘက်ရှိ (bed sheet) တွေ ထုတ်ပေးတော့ ရောင်းတယ်ထင်လို့ မဝယ်ဘူးတောင် ပြောလိုက်သေးတယ်။ ဆေးရုံက ပေးတာ ခင်းရမယ်လို့ ပြောတော့ ပေသွားရင် ဆရာမတွေ အော်နေဦးမယ်ဆိုပြီး ကုတင်ပေါ်ခင်းပြီး လူနာကို ဘေးဆင်းထိုင်ခိုင်းထားတာ" ဟု ဦးဏှောက်နှင့် အာရုံကြော လာရောက်ကုသသူ လူနာ ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ဆိုသည်။
ဆေးရုံကြီးအတွင်းရှိ လူအသွားအလာ နည်းပါးသည့် စင်္ကြန်လမ်းများက အစ ကြမ်းတိုက်ထားသည့်အပြင် ယခင်က ပိတ်ထား၊ တဝက်တပျက်ဟထား သည့် တံခါးများလည်း ဖွင့်ထားသည့်အတွက် ကျေနပ်မိကြောင်း လူနာစောင့်များက ဆိုသည်။
"ဆေးရုံအဝင်ဝက တံခါးသေးသေးလေးကို နှစ်ဘက်ညှပ်ပိတ်ထားတဲ့ လ္ဘက်ရည်ကြိုက်တဲ့ အကိုကြီးနဲ့ ဆေးလိပ်ကြိုက်တဲ့ အကိုကြီးလဲ ဒီနေ့မရှိဘူး။ မမြင်ဖူးတာတွေ လျှောက်ကြည့်နေလို့ မိန်းမဆေးတိုက်ချိန်တောင် ကျော်သွားတယ်။" ဟု လူနာစောင့် မောင်သိန်းစိန်က ဆိုသည်။
အံ့သြဘနန်းဖြစ်နေသည့် သူများထဲတွင် ဆေးရုံဝန်ထမ်းများပါ အပါအဝင်ဖြစ်သည်။
"ဆေးရုံမှာ တာဝန်ကျတာကြာပြီ ဒီလို ဘက်ရှိတွေ ခေါင်းအုံးစွပ်တွေ ရှိတယ်ဆိုတာ သိတောင်မသိဘူး။ လှလို့ဆိုပြီး ကျမတို့တောင် ကုတင်တွေကြားမှာ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ် တင်လိုက်သေးတယ်။ အဟိ...။" ဟု လုပ်သက်ရင့် သူနာပြု မခင်ဝင့်ဝါက ပြောသည်။
ယခုကဲ့သို့ အမျိုးသားကျန်းမာရေးပြုစုစောင့်ရှောက်မှု အနေအထားကို မျက်ဝါးထင်ထင် မြင်တွေ့ရသဖြင့် အားရဝမ်းသာမိကြောင်း အပေါ်
"တနာရီပဲပြောင်းပြောင်း၊ တမိနစ်ပဲ ကောင်းကောင်း ဒါကောင်းတာပါပဲ။ ဒီကိစ္စ ကြိုကိုကြိုဆိုပါတယ်။ ကျနော်လဲ ဓါတ်ပုံရိုက်ထားတယ်။ ဖေ့စ်ဘွတ်ခ်တင်ဦးမှာ။ ခင်ဗျားလဲ သတင်းရေးပြီးရင် ကျနော့်ကို ရှဲဖို့ လင့်ခ်ပေးနော်။" ဟု လေဖျဉ်းရောဂါဖြင့် ဆေးရုံတက်ရောက်နေသူ ဦးရဲထွဋ်က မှတ်ချက်ပြုသည်။

Photo taken by - လူတဦး

No comments: