Friday, March 28, 2014

၂၀၁၅ မှာ ကြိုက်တဲ့နယ်က ပြိုင်တူရွေးဖို့ ဘူးလက်လှဆွေကို စိန်ခေါ်လိုက်ပါတယ်


==========================================

တပ်မတော်သားလူထွက်တချို့ ဗုံမဟုတ် ပတ်မဟုတ်တွေ အရည်မရအဖက်မရတာ
တွေ ဒီရက်ထဲ အပ်ကြောင်းထပ်အောင် ပြောလာတာတွေဟာ ဗျူဟာ၊နည်းဗျူဟာတွေ
ဆွဲပြီး ပြောနေသလားတောင် ဆရာဆောင်းတော့ ထင်မိသဗျ။

အလှည့်ကျစင်ရှေ့ထွက်ပြီး ဇာတ်ပွဲ တရားပွဲ ပြက္ခဒိန်ထဲ ရက်စွဲမထားသလို တစ်ယောက် တစ်လှည့် တစ်ယောက်တစ်မျိုး မပျက်၊ ပျက်အောင် နိုးဆွတဲ့စကားတွေ
ပွဲဆူတဲ့စကားတွေ ပြောနေသလိုရယ်လို့လဲ သုံးသပ်မိပါသဗျ။

လွှတ်တော်ထဲမှာ ဘူးလက်လှဆွေရယ်လို့ မကောင်းတဲ့နာမည်တစ်လုံးနဲ့ ကျော်ကြား
လာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးကလဲ သခွပ်ပင်က မင်းတကျည်ကျည်
ထားလုပ်သေးသဗျ။ ယပ်တောင်ကို ခေါင်းထိုးပြီးကချင်သေးသဗျ ။

အခုတစ်ပတ် hot News ဂျာနယ်မှာ အယ်ဒီတာ(သတင်း)က မေးလို့ ကိုယ်တော်မြတ်
ကြီးက ကိုယ့်ကို ကိုယ် ထင်တစ်လုံးနဲ့ ပြောသမျှ ဆိုသမျှတွေဟာ------

နိုင်ငံရေးသမားကောင်းမဟုတ်သေးဘူး ငါ့စကားနွားရပြောတဲ့သူ ပွဲခင်းထဲခဲပစ်သွင်း သူ ကိုယ်နဲ့မဆိုင်တဲ့ တခြားအဖွဲ့အစည်းကို မနာလိုတိုရှည်များသူ နိုင်ငံရေးသူငယ်နာ မကင်းသေးသူ ငါနဲ့ငါသာ နှိုင်းယှဉ်ရာမြင်သူ နိုင်ငံရေးအောက်လမ်းနည်း သုံးတတ်သူ ရယ်လို့ ဖွဲ့ထူးဂုဏ်ထူး တထွေကြီး တပ်ပေးလိုက်ဖို့သာကောင်းပါတော့ တယ်ဗျာ။
တိုင်းရင်းသားတွေကို တပ်မတော်မှာ ထိပ်တန်းရာထူးကြီးတွေ မပေးခဲ့တာလဲ ပြည်သူ
တွေကသိပြီးသားပါဗျ အဲဒါကြောင့်လဲ ဆရာဆောင်းတို့ ဗမာတွေကို လူမျိုးကြီးဝါဒ သမားတွေလို့ တိုင်းရင်းသားတွေဘက်က အထင်မြင်လွဲခဲ့တာတွေဟာ ပြည်သူ အချင်းချင်းကြောင့်မဟုတ်ဘူးဗျ ဘူးလက်ကြီးတို့တတွေ ရွှေညံတော် ဆူးရောက်ခဲ့ မှုကြောင့် ဗိုလ်ချူပ်အောင်ဆန်းမှာခဲ့တဲ့ တိုင်းရင်းသားတွေဟာ တိုင်းတပါးသား လက်အောက်ခံလဲ မဖြစ်စေရဘူး ဗမာ့လက်အောက်ခံလဲ မဖြစ်စေရဘူး ဆိုတဲ့ စကားနဲ့ ဖီလာဖြစ်အောင် လုပ်ခဲ့တဲ့ တရားခံက ဘူးလက်ကြီးတို့ပဲ မဟုတ်လားဗျ

၅၉(စ) က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတာဆိုရင် ဒါစွပ်စွဲတာပဲလို့ ဘူးလက်ကြီးက ဆိုပြန်တော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိတဲ့ သမ္မတ ဒု သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေဟာ ကလိမ်စေ့ငြင်းဆင် မာယာတစ်သိန်းအပလိန်း အနန္တ ၊ ညဏ်နီညဏ်နက် ညဏ်ကာလာစုံနဲ့ လက်ညိုးထောင် ခေါင်းညိတ်သမားတွေ
ခေါ်ပြီး ဆယ်စုနှစ်နဲ့ချီ လိမ်ဆင်ကြီး တွေလုပ်ခဲ့တာဟာ ရှက်တက်လျှင် ကိုယ့်မျက်နှာ
ကိုယ် ဓားနဲ့ လှီးပစ်ဖို့သာ ကောင်းပါရဲ့ဗျာ

ဘူးလက်ကြီးအပိုင်ဆုံးနေရာ မဲဆန္ဒနယ်မှာ NLD ဘက်က ဗိုလ်ချူပ်အောင်ဆန်းနဲ့
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံမပါဘဲ NLD တစ်ဦးအနေနဲ့ လှဉ်ပြိုင်ချင်နေကြပါတယ်

မဲမခိုးကြေး၊ ကြိုတင်မဲမသမာမှုမလုပ်ကြေး၊ ကြီးကြပ်သူများသမာသမတ်ကြကြေး ၊ ပြည်သူတွေကို ဘာသာရေးမှိုင်းမတိုက်ကြေး၊ အချိန်မတော်အိမ်တိုင်းစေ့ ငွေပေး မဲမ၀ယ်ကြေး၊ ရွာတွေ ကျူးတွေဆိုပြီး ဖျက် နောက် (ပဏာ) ၀င်ယူပြီး ဆရာဆောင်း တို့ ငွေတွေနဲ့ ရွာတည်အလှူလုပ်ပြိး မဲမယူကြေးကို သဘောတူထားရမယ်နော်
ဘူးလက်ကြီးဘက်ကတော့ သဘောတူမယ်ဆိုလျှင် NLD ဘက်က ကိုယ်စားလှယ် တစ်ယောက် လွှတ်ပေးပါလိမ့်မယ်။ ။
ဘူးလက်ကြီးကို မဲအကျောပေးရဦးမယ်ဆိုင်လျှင်လည်း ညှိပေါ့ဗျာ။ အင်မတန်လှတဲ့ ပြိုင်ပွဲလေး တစ်ခုကို သန့်သန့်စင်စင်ပြိုင်လိုက်ကြအောင်လား။
ဆရာဆောင်း(၈၈)
Admin By - Real Unity
(မြန်မာနိုင်ငံသားတိုင်း သိသင့်သောနိုင်ငံရေးအကြောင်းအရာများ)
သူရိယနေ၀န်းဂျာနယ်မှ ကောက်နုတ်ဖော်ပြသည်

No comments: