Thursday, March 27, 2014

တပ်မတော်နေ့ ဂုဏ်ပြု ရင်တွင်းစကား

(တပ်မတော်နေ့ ဂုဏ်ပြု ရင်တွင်းစကား)
တော်လှန်ရေးနေ့ (မတ်လ ၂၇-ရက်နေ့) ဆိုတာ သမိုင်းမှာ အထင်အရှား ရှိပါတယ်၊ မြန်မာ့တပ်မတော် (Burma Independence Army) ကနေ ဖက်ဆစ် ဂျပန်တွေကို စတင်တိုက်ထုတ်ခဲ့တဲ့နေ့ပါ၊ တကယ့် နေ့ထူးနေ့မြတ်တခုပါ၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးအတွက် ပြောင်မြောက်စွာ အသက် သွေး ချွေး တွေနဲ့ ရင်းပြီး တိုက်ထုတ်နိုင်ခဲ့ပြီး လွတ်လပ်ရေးရဲ့ ရှေ့ပြေးဖြစ်ခဲ့တဲ့ နေ့ဖြစ်လို့ ရဲဘော်သုံးကျိပ်ကနေ မွေးဖွားခဲ့တဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်ပြုသောအားဖြင့် တော်လှန်ရေးနေ့ (သို့) တပ်မတော်နေ့ လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့တာပါ၊
အံ့ကြဖို့ကောင်းတာက ဖျောက်ဖျက်ခြင်းနဲ့ ထိန်ချန်ခြင်းပဲ၊ အမှန်ကို အမှန်အတိုင်း မတင်ပြရဲတာ မဆလ လက်ထက်ကတည်းကပဲ၊ သတင်းစာကို ပြောင်းပြန်ကောက် (ဖတ်) မှ အချက်အလက်အမှန်ပေါ်မယ်ဆိုတာ အားလုံးအသိ ဖြစ်ခဲ့တယ်၊ ပိုဆိုးလာတာက ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ် (၄င်းတို့အခေါ် တပ်မတော်) က အာဏာသိမ်းပြီးနောက် ဖျောက်ဖြက်ပြစ်တာပဲ၊ တိုင်းပြည်ရဲ့ နံမည်ကနေစပြီး Burma ကို Myanmar ပြောင်း၊ လမ်းနံမည်တွေ၊ Institution တွေ အကုန်ပြောင်း သမိုင်းဖြောက်ဖို့ ကြိုးစားခဲ့ကြတာ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ၊ နောင်လာမဲ့မျိုးဆက်တွေ သမိုင်းမှန်ကို မသိရလေအောင် စံနစ်တကျ ဖျောက်ဖြက်ခဲ့တာ တော်တော်လေး ထင်ရှားတယ်၊
ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင် အဖ ဆိုတာကို တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ ဆိုပြီး သမိုင်းကောင်းခဲ့တဲ့ တပ်မတော်ပုံရိပ်ကိုပါ ဖျက်ဆီးခဲ့တာ အာဏာရှင်တွေပါ၊
အခုလည်းကြည့်၊ တော်လှန်ရေးနေ့ (သို့) တပ်မတော်နေ့ ဆိုတာထက် တော်လှန်ရေးနေ့ကို ဖျောက် (ထိမ်ချန်ထားပြီး) ခပ်တည်တည်နဲ့ တပ်မတော်နေ့ဆိုပြီး နိုင်ငံတော် အခမ်းအနားကြီးကို ကျင်းပနေတာ ၈၈ နောက်ပိုင်းမှာကတည်းကပဲ။
အို ... အဘယ့်သား အာဏာရှင် ... ဘာတွေကို ထပ်ပြီး ဖျောက်ဖြက်ပြစ်ဦးမှာလဲ၊ အခုဆိုရင် မြန်မာပြည်ကြီးဟာ တရုက်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တခု ဖြစ်မှန်းမသိ ဖြစ်အောင် လုပ်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေရဲ့ မျိုးချစ်စိတ်နဲ့ အရည်အချင်းတွေကို လေးစားစွာ အသိအမှတ်ပြုပါတယ်။
(တပ်မတော်နေ့ ဂုဏ်ပြု ရင်တွင်းစကား)

No comments: