Monday, March 17, 2014

မောင်တောမြို့ အလယ်သံကျော်အုပ်စုတွင် လှေဖြင့်ဝင်လာသည့် ဘင်္ဂါလီနှစ်ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိ


Published on: March 17, 2014
Written by: သားရွှေဦး(ကစ္စပ)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်လုံခြုံရေးအား အထူးဂရုပြုနေချိန်တွင် မောင်တောမြို့ အလယ်သံကျော်၊ ကညင်တန်းကျေးရွာအုပ်စု ချောင်းအတွင်း မသင်္ကာဖွယ်လှေတစ်စင်းအား စစ်ဆေးရာ လှေဖြင့်ခိုးဝင်လာသည့် ဘင်္ဂါလီနှစ်ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လက်နက်များနှင့်အတူ ဘင်္ဂါလီနှစ်ဦးအား မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်၊ ကညင်တန်းကျေးရွာအုပ်စု၊ နှခေါင်းတိုကျေးရွာအနီးရှိ နတ်မြစ်ကမ်း၊ ချောင်းအတွင်း ရပ်ထားသောစက်လှေမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းနှင့် စက်လှေပေါ်မှ ဘင်္ဂါလီငါးဦးမှာ ထွက်ပြေးသွားပြီး ဘင်္ဂါလီတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ကာ ကုန်းပေါ်မှ သံသယရှိသူ ဘင်္ဂါလီတစ်ဦးအားလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နတ်မြစ်လုံခြုံရေးအား အထူးဂရုပြုစစ်ဆေးနေချိန်တွင် စက်လှေတစ်စင်းအား ရဲတပ်ရင်းမှ မသင်္ကာသဖြင့် သွားရောက်စစ်ဆေးရာ အမေရိကန်လုပ် ခြောက်လုံးပြူးတစ်လက်၊ ၎င်းကျည်ဆန် ၁၁ တောင့်နှင့် ဓားရှည် ခုနစ်လက်နှင့် လေးခွများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်း မောင်တောမြို့မရဲစခန်းမှ သိရသည်။
အဆိုပါ လက်နက်ဖမ်းဆီးရမိသည့် အမှုနှင့်ပတ်သက်၍ သံသယရှိသူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မောင်တောမြို့မရဲစခန်းမှ (ပ) ၅၂/၂၀၁၄ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
"ဒီမှာဖြစ်တဲ့မှုခင်းတိုင်းမှာ တရားခံတွေအများစု တိမ်းရှောင်နေနိုင်တာက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိနေလို့ဖြစ်တယ်။ နောက်ပြီး သူတို့ဘင်္ဂါလီလူမျိုးအချင်းချင်းကလည်း တရားခံတွေကို ဖွက်ထားတာတို့ ငါးဖမ်းလှေနဲ့ ၀င်နိုင်ထွက်နိုင်အောင် လုပ်နေတာဖြစ်တယ်။ ရုပ်ကလည်းဆင်တူတော့ ဘယ်သူဘယ်ဝါမှန်း အသေအချာမစိစစ်နိုင်တာလည်း ပါတယ်။ အခုလည်း လှေနဲ့ လုံခြုံရေးမရှိတဲ့အချိန် ကမ်းခြေရွာတွေကို လက်နက်နဲ့ဝင်နေတာကို ဖမ်းမိတာဖြစ်တယ်။ ဖမ်းမမိတဲ့ဖြစ်စဉ်တွေ လက်နက်တွေ ဘယ်လောက်ရှိလေမလဲ ဘယ်သူမှမသိနိုင်ဘူး"ဟု မောင်တောမြို့ခံတစ်ဦးက ဆိုသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် လုံထိန်းရဲတပ်ဖွဲ့များ ကင်းလှည့်နေစဉ် မောင်တောမြို့နယ်မြောက်ပိုင်း ရေတွင်းကျွန်းနှင့် ခြံပြင်ကျေးရွာချောင်းမှတစ်ဆင့် လှေဖြင့် ၀င်ရောက်လာသူများအား တွေ့ရှိသဖြင့် ရပ်တန့်ရန်ပြောရာ မရပ်တန့်၍ သေနတ်မိုးပေါ်ထောင်ပစ်ခတ်ရာ ယင်းလက်နက်ကိုင် ၅ ဦးအဖွဲ့မှာ ထွက်ပြေးသွားခဲ့ကြောင်း၊ တရားခံအား ဖမ်းဆီးရမိမှုမရှိခဲ့သော်လည်း လှေတစ်စင်းနှင့်အတူ သေနတ်ရှည်တစ်လက်၊ သေနတ်တိုတစ်လက်၊ ဓားရှည်တစ်ချောင်း၊ တူးရွင်း (တစ်ဖက်အချွန် တစ်ဖက်အပြား) တစ်ချောင်း၊ အသား၊ တိပ်ခွေ၊ သွပ်ကြိုးနှင့် အ၀တ်အထည်များ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments: