Wednesday, March 19, 2014

ကျောင်းသားတပ်မတော်တံဆိပ်

အခုပုံမှာ ကြယ်လေးနဲ့ ဆွဲထားတဲ့ တံဆိပ်ကတော့ ကျောင်းသားတပ်မတော်မှာ ၂၅ နှစ် လုံးလုံး ခိုင်ခိုင်မာမာ ရပ်တည် တာဝန်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုတံဆိပ်ကလေးပါ။
ခွပ်ဒေါင်းပုံလေး ပါတဲ့ ကတ်ကလေးတွေကို ရှင်းပြရရင် အနီရောင်ကတ်ကလေးရဲ့ ဘယ်ဘက်မှာ အ၀ါတန်းလေး တခုနဲ့ ညာဘက်မှာ အ၀ါတန်းလေး လေးကြောင်းပါ ပါတယ်။ အဲဒါက ငါးနှစ်ထိ တာဝန်ထမ်းဆောင်တဲ့ အမှတ်အသားပါ။ အပြာလေးမှာ ဆို ဘယ်ညာ တဖက်စီမှာ ငါးကြောင်းစီ ပါပြီး ၁၀နှစ်တာဝန်ထမ်းဆောင် ခဲ့တဲ့ အမှတ်အသား။ အပေါ်က အ၀ါရောင်မှာ ဘယ်မှာ ငါးလိုင်း နဲ့ ညာမှာ ငါးလိုင်း ၂စု ဆယ်လိုင်း ဖြစ်တာကြောင့် ၁၅ နှစ် တာဝန်ထမ်းဆောင်သူတွေအတွက် ပါ။ အစိမ်းရောင်မှာတော့ ဘယ်မှာ ၁၀ကြောင်း ညာမှာ ၁၀ကြောင်းနဲ့ အနှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့သူတွေအတွက်ပေါ့။ အပေါ်ဆုံးက အနီအပြာအ၀ါအစိမ်း နဲ့ အသားရောင်လေးရောင်စုံငါးမျိုးပေါ်မှာ ကြယ်တလုံးစီပါတဲ့ ကတ်ကလေးကတော့ ၂၅ နှစ်တာဝန်ထမ်းဆောင်သူတွေကို ပေးတဲ့ အမှတ်အသားပါပဲ။


 ဘာတံဆိပ်ရင်ထိုးတွေလဲလို့ မေးကြတဲ့လူတွေအတွက် သေချာမေးမြန်းမှတ်သားလာတာကို ပြန်လည်ဝေမျှပေးတာပါရှင်။ ကျောင်းသားတပ်မတော် စတင်တည်ထောင်ခါစက သောင်းဂဏန်း ထိရှိပေမယ့် အခု ၂၅ နှစ် ကြယ်ပွင့်လေးထိ ရရှိထားသူ တနည်းအားဖြင့် ၂၅ နှစ်လုံးလုံး အေဘီမှာ ရပ်တည်တာဝန်ထမ်းဆောင်ခဲ့သူ ပေါင်း ကတော့ အယောက် ၄၀ လောက်ပဲ ရှိတော့တယ်လို့ ကျမ စုံစမ်းသိခဲ့ရပါတယ်။ အဲဒီ ၄၀ စလုံးလဲ ဒီညီလာခံကို တက်ရောက်မလာနိုင်ကြပါဘူး။ သူတို့ တပ်စခန်းအသီးသီးမှာ ဆက်လက် ချီးမြှင့်သွားမယ်လို့တော့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနှစ် ၂၀ နဲ့ ၁၅ နှစ်ဝန်းကျင်တွေ ကိုလဲ တွေ့ခဲ့ပေမယ့် ကျမ ဓါတ်ပုံရိုက်မယူလာခဲ့မိပါဘူးရှင်။


Kyi Kyi Khin's status

No comments: