Thursday, March 27, 2014

လေယာဉ် ပျောက်ဆုံးသွားသည့်နေရာတွင် အပျက်အစီး ၁၀၀ ကျော် တွေ့ရှိ


*******************************************************
အေအက်ဖ်ပီ
ကွာလာလမ်ပူ၊ မတ် ၂၆

မလေးပျောက်ဆုံးလေယာဉ်ကို ရှာဖွေစဉ် ရိုက်ကူးထားသည့် ဂြိုဟ်တု ဓာတ်ပုံများ၌ “လေယာဉ်အပိုင်းအစ များဟု ယူဆနိုင်ဖွယ်ရာ အရာဝတ္ထု ၁၂၂ခု”အား အိန္ဒိယသမုဒ္ဒရာအတွင်း တစ်နေရာ၌ တွေ့ရှိခဲ့ရသည်ဟု မလေးရှားမှ ထုတ်ဖော်ပြောကြားလိုက်သည်ဟု မတ်လ ၂၆ ရက်က အေအက်ဖ်ပီသတင်းတွင် ဖော်ပြထား သည်။
စတုရန်း ကီလိုမီတာ ၄၀၀ ကျယ်သည့် သမုဒ္ဒရာ နေရာတစ်ခုကို ရိုက်ကူးထားသည့် ပြင်သစ်မှ လေ ကြောင်းလိုင်းကာကွယ်ရေး နှင့် အာကာသအဖွဲ့၏ ဓာတ်ပုံများတွင် တွေ့ရှိခြင်းဖြစ်သည်ဟု မလေးရှားယာ ယီပို့ဆောင်ရေးဝန်ကြီး ဟစ်ခ်ျမူဒင်ဟူစိန်က ဆိုသည်။
သို့သော် ယင်းအပိုင်းအစများမှာ ဘိုရင်း ၇၇၇ လေယာဉ်မှအရာဝထ္ထုများ ဟုတ်မဟုတ်ကို ပြောကြားရန် မဖြစ်နိုင်သေးဟုလည်း ဟစ်ခ်ျမူဒင်ဟူစိန်က သတင်းထောက်များကို ပြောသည်။
“ဒါဟာ ရှာဖွေရေးလုပ်ငန်းစဉ်တွေကို ကူညီလမ်းပြပေးနိုင်တဲ့ အချက်အလက်သစ် တစ်ခုပါ”ဟု ၎င်းက ဆိုခဲ့သည်။
သြစတြေးလျ၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့၏ အစောပိုင်း ဂြိုဟ်တုဓာတ်ပုံများတွင်လည်း ပျောက်ဆုံးလေ ယာဉ် MH 370 နှင့် ဆက်စပ်နိုင်ချေရှိသည့် အရာဝတ္ထုများ မျောပါနေသည်ကို ဖော်ပြထားသည်။
ထို့အပြင် MH 370 ၏ ပျံသန်းမှုအချက် အလက်မှတ်တမ်းတင် သေတ္တာ(black box) အား အပြင်းအထန် ရှာဖွေလျက်ရှိသော ရှာဖွေရေးသမားများသည် ကြီးမားလှသော အတားအဆီးများစွာကို ရင်ဆိုင်နေရပြီး၊
ယင်းတို့ထဲတွင် ပင်လယ်အောက်မီးတောင်များမှအစ တောင်ထူထပ်သော ပင်လယ်ကြမ်းပြင်အဆုံး အတားအဆီးမျိုးစုံပါဝင်နေသည်ဟု ကျွမ်းကျင်သူများက မတ်လ ၂၅ ရက်၌ ပြောခဲ့ကြသည်။
၎င်းတို့သည် ကမ္ဘာကြီး၏ ဝေးလံခေါင်ဖျားသော နေရာများထဲမှတစ်ခုတွင် ရှာဖွေမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
နိုင်ငံခြောက်နိုင်ငံ၏ စစ်တပ်များ ပူးပေါင်းလုပ်ဆောင်နေကြသည့် နိုင်ငံတကာ ရှာဖွေရေးလုပ်ငန်းစဉ် အနေဖြင့် ကြမ်္မာဆိုး ၀င်ခဲ့ရသော MH 370 ၏ အပျက်အစီး အပိုင်းအစများကို ကျိန်းသေပေါက် ရှာဖွေ ရယူနိုင်လိမ့်မည်ဟူသော အာမခံချက် မျိုးတော့ ရှိမနေကြောင်းလည်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြ သည်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက် တောင်ဘက် မိုင်ပေါင်း ၁,၅၅၀ ခန့် အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှာဖွေရေးဇုန် တည်ရှိခြင်းဖြစ်သောကြောင့်၊ ထိုရှာဖွေရေးဇုန်မှာ မည်သည့်ဒေသနှင့်မျှ မနီးသော ဝေးလံ လှသောဒေသဖြစ်ကြောင်း သြစတြေး လျဝန်ကြီးချုပ် တိုနီအက်ဘော့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
နယူးဆောက်ဝေးတက်္ကသိုလ်မှ သမုဒ်္ဒ ရာ ဗေဒပညာရှင် အဲရစ်ဗင်ဆယ်ဘယ်လီ က လေယာဉ်ထိုးကျသွား ခဲ့နိုင်သော နေ ရာတစ်ဝိုက်ရှိ ကြမ်းတမ်းသောပင်လယ်ပြင် ရာသီဥတု အခြေအနေများရှိသဖြင့် သင်္ဘော သားများအကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသောဒေသဖြစ်သည်ဟု ဆိုသည်။

အမေရိကန်အခြေစိုက် မဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုများပေးသော ဆိုဖန်အုပ်စုက ဆိုးရွားသော ရာသီဥတုအခြေအနေများအောက်တွင် လေယာဉ်အပျက်အစီး အပိုင်းအစများကို ရှာဖွေရသည်မှာ ရှုပ်ပွနေ သော၊ အရောင်မျိုးစုံ ပြောင်းနေသော၊ မြင်ကွင်း အမျိုးမျိုး ပြောင်းလဲနေသော၊ ရွေ့လျားမှုကြောင့် ကားမူး သကဲ့သို့သော မအီမသာဝေဒနာမျိုးကို ဖြစ်စေနိုင်သော ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်းကို ရှာရသကဲ့ သို့ဖြစ်ကြောင်း တင်စား၍ ဥပမာပေးခဲ့သည်။
Credit : Mizzima
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
27-03-2014

No comments: