Saturday, March 29, 2014

ကေသရာဇာ


***********
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေ့တစ်ထောင်ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။

ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။

ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇဝင်ထဲမှာ ဝင်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။

ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။

ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။

(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄

Credit : Helen Ayekyaw

No comments: