Tuesday, March 25, 2014

မငြိမ်းအေးသော" မီး "သတ်




မငြိမ်းအေးသော" မီး "သတ်
  --------------------------------
သူသည်
မြိတ်တစ်မြို့ လုံးကို ငြိမ်းသတ်နိုင်သော အင်အားနှင့် စွမ်းရည်ရှိသည်။အစဉ် အလာကြီးသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက်ဖူးသည် ရတုအဆက်ဆက် အောင်မြင်စွာ မျိုးဆက်သစ်
တို့ အားပခုံးပြောင်းတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည်။ဤသို့ ဂုဏ်ယူဖွယ်ကောင်းသည့် မီးသတ်ကြီးကိုDFB ဟု ပြောနေစရာပင်မလိုတော့ပါ အားလုံးသိသည်။သို့ သော် ပြောစရာရှိလာသည် အားလုံးမသိပေမယ့် အနီးနား ပတ်ဝန်းကျင်က သိသည် အနှောက်အယှက်ဖြစ်ရသည်။

DFBမင်္ဂလာခန်းမ ၏ အပေါ်ထပ်မှနေ့  ည မရွေး မာကျောက်ကစားဝိုင်းမှ ထွက်ပေါ်လာသည့် ဆူညံအသံများသည် အနီးနားရှိ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများအတွက် အနှောက်အယှက်ဖြစ်ရသည်။နားမခံနိုင်သူအချို့ က တိုင်ကြားသော်လည်း တိုင်ကြားသူကိုပင်ပြသနာ ပြန်ရှာခံရသည်။ဤကဲ့သို့  ဆတ်ဆတ်ထိမခံသည် မာကျောက်မီးသတ်ဖြစ်သည်။
ထိုမာကျောက် ကစားဝိုင်းသည် အဆင့်မြင့်သည် အစောင့်နှစ်ယောက်အား
နေ့ စဉ် ပုံမှန်တာဝန်ချထားသည် ADSL လိုင်းဖြင့် Wifiလွှင့်ထား၏။
အားလုံးကို ငြိမ်းသတ်သော မီးသတ်ကြီးသည် ယနေ့ 
အထိ နေည မရွေး ကာလသုံးပါးရွေး မင်္ဂလာခန်းမ အပေါ်ထပ်မှလောင်ကျွမ်းနေသည့် မာကျောက်ဝိုင်းများမှ ဆူညံသံများကို ငြိမ်းသတ်နိုင်ခြင်းမရှိပေ။

မင်္ဂလာခန်းမ ဖြစ်ပါသည်
မီးသတ်ကားထားသည့် ခန်းမဖြစ်ပါသည်။အများပိုင်ခန်းမ
ဖြစ်ပါသည်။လူတစ်စုပိုင်
မာကျောက်ခန်းမ မဟုတ်ပါ။
ရပ်ကွက်သိက္ခာကျပါသည်
အဖွဲ့ အစည်းသိက္ခာကျပါသည်

DFB ကို အတုယူပြီး မြိတ်တွင် တစ်ခြားရပ်ကွက်များက လူအင်အား မီးသတ်ကားအင်အားဖြင့် အားဖြည့်ဖွဲ့ စည်းသည်မှာ အလွန်ဂုဏ်ယူစရာကောင်း
ပါသည် သို့ 
သော် မာကျောက်ကစားဝိုင်းများကို လည်း အတုယူလာနိုင်ပါသည်။
သိစေချင်သည် DFB
စံပြ မီးသတ် ဖြစ်စေချင်သည်DFB

လောဘတို့ ဖြင့် လောင်ကျွမ်းနေသော မာကျောက်ဝိုင်းမှ မီးများအား ငြိမ်းစေချင်သည်
DFB။

No comments: