Thursday, March 27, 2014

တပ်မတော်နှင့်ပတ်သက်၍ လောကဗျူဟာ ကျမ်း တွင် ဖော်ပြထားသည်မှာ

မတ်လ ၂၇ရက်နေ့ကိုအချို့ကတပ်မတော်နေ့ဟုသုံးစွဲကြပါသည်၊ အချို့က တော်လှန်ရေးနေ့(တပ်မတော်နေ့) ဟုသုံးကြပါသည်။ တပ်မတော်နှင့်ပတ်သက်၍
လောကဗျူဟာ ကျမ်း တွင် ဖော်ပြထားသည်မှာ
“တိုင်းပြည်နဲ့ လူမျိုးရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်ရန် ပါဏာတိ ပါတာ ကံကို ခံယူကာ တာဝန်ယူ ပေးသောကြောင့် ကျေးဇူး တင်ထိုက်သော တပ်မတော်” ဟု ဖော်ပြထားပါသည်။ ၁၉၉၂ ခုနှစ်တွင် ကက (ကြည်း) မှ ထုတ်ဝေသော ဦး၊ ရေး၊ ထောက် ဆိုင်ရာ အရာရှိများ လက်စွဲ စာစောင်၊ စာမျက်နှာ (၇၉)၊ စာပိုဒ်ရေ (၈၈) တွင် ဖော်ပြ ထားသည်မှာ
(က) ပြည်သူ လူထု အပေါ် သစ္စာ စောင့်သိ ရိုသေပါ။
(ခ) ပြည်သူလူထု ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ် စောင့်ရှောက်ပါ။
(ဂ) ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ။ ရေလို/ လလို ကျင့်ပါ။

သို့သော် ယခုအခါတွင်...................... :):)
Members of the Burma National Army display their new national flag, 1943
Photo credit: photosofwar.net

No comments: