မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, March 26, 2014

ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ဖို့ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ြjပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ဖို့ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
တပ်မတော်ဟာ ပြည်သူလူထု လိုလားတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
"ကျမတို့ တပ်မတော်ကို ပြည်သူလူထုကနေပြီးတော့ ကြည်ညိုတယ်၊ ချစ်ခင်တယ်၊ အားကိုးတဲ့ တပ်မတော်တစ်ခု ဖြစ်စေချင်တယ်၊ တကယ့်အဆင့်မီတဲ့ Professional Army ပေါ့ ဖြစ်စေချင်တယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စဟာ ရေရှည်မှာတော့ ဒါနိုင်ငံရေးကိစ္စဖြစ်တယ်၊ နိုင်ငံရေးအရ ရှေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ပေါ့၊ တပ်မတော်ဆိုတာ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်တယ်"
မနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ပြောကြားသွားတဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံရေးဆွဲတဲ့အထဲမှာ ပါခဲ့တဲ့အတွက် ထောက်ခံပြောဆိုတာဟာ မထူးဆန်းကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစကတည်းက ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအတောအတွင်း နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဒီကနေ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။
Source: RFA Burmese

No comments: